International Match Report

ဟန်ဂေရီရဲ့ ဂိုးပြတ်ချေမှုန်းခံလိုက်ရပြီး အိမ်ကွင်းမှာ အရှက်ထပ်ကွဲခဲ့ပြန်တဲ့ အင်္ဂလန်

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့ပွဲကို ဝုလ်ဗ်စ်တို့ရဲ့ မိုလီနူးမှာပဲ ဆက်ကစားခဲ့ပြီး ဂိုးသမား ရမ်းစ်ဒေးလ်၊ ဝေါ်လ်ကာ၊ စတုန်းစ်၊ ဂေးဟီ၊ ရီးစ် ဂျိမ်းစ်တို့နဲ့ ခံစစ်ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ကယ်လ်ဗင် ဖိလစ်၊ ဂါလာဂါနဲ့ ဘယ်လင်ဂမ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဘိုဝင်၊ ဟာရီကိန်းနဲ့ ဆာကာတို့ကို အသုံးပြုလာခဲ့ပါတယ်။

ဟန်ဂေရီတို့ကတော့ ဂိုးသမား ဒီဘုဆ်၊ ခံစစ်မှာ အော်ဘန်၊ အဒမ်လန်း၊ အက်တိလာ ဆာလိုင်းတို့ကို တွဲဖက်ပေးခဲ့ပြီး ကွင်းလယ်မှာတော့ ဇို့လ်စ် နာဂီ၊ စတိုင်လ်၊ ရှေဖာ၊ ဖီယိုလာတို့နဲ့ စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဆိုဘော့ဆ်လိုင်း၊ ဆယ်လိုင်းနဲ့ အထောင်တိုက်စစ်မှူး အဒမ် ဆာလိုင်းတို့ကို ပွဲထွက်စေခဲ့တာပါ။

ပွဲချိန် ၆ မိနစ်မှာ အင်္ဂလန်တို့ရဲ့ ဘယ်ခြမ်းတိုက်စစ်ကနေ လွတ်ထွက်သွားတဲ့ ဘယ်နောက်ခံလူ ရီးစ် ဂျိမ်းစ်က ဖြတ်တင်ပေးတာကို ဘိုဝင်က ညာခြမ်းကနေ ခေါင်းတိုက်ဖို့ ကြိုးစားရာမှာ ဟန်ဂေရီကွင်းလယ်လူ နာဂီရဲ့ ပခုံးကို မှန်ခဲ့တာကို ပင်နယ်တီ တောင်းဆိုခဲ့ကြပေမယ့် ဒိုင်လူကြီး ကလေမွန် တာပင်ကတော့ မှန်မှန်ကန်ကန်ပဲ ပယ်ချသွားခဲ့ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာတော့ ဖိကစားနေတဲ့ အင်္ဂလန်တို့ ခံစားသွားရပြီး ဘယ်ခြမ်းမှာ ရတဲ့ ဖရီးကစ်ကို ဆိုဘော့ဆ်လိုင်း ကန်တင်ပေးရာမှာ နောက်ခံလူ အဒမ်လန်းက ခေါင်းတိုက်ချပေးတာကို ဂိုးရှေ့မှာ လွတ်လွတ်ကျွတ်ကျွတ်ရသွားတဲ့ ဆယ်လိုင်းက အနီးကပ်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရမ်းစ်ဒေးလ် မကာကွယ်နိုင်ခဲ့လို့ ဟန်ဂေရီတို့ အဝေးကွင်းမှာ စတင်ဦးဆောင်သွားခဲ့တာပါ။

အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ကတော့ ဒီလိုမျိုး အနီးကပ်အလုံးတွေဆို အမြဲတမ်း ညံ့လေ့ရှိပြီး ထိပ်တန်းဂိုးသမားတွေဆိုရင် ကာကွယ်နိုင်တဲ့ ဘောလုံးမျိုးဖြစ်ခဲ့ချိန်မှာ ပွဲချိန် ၂၇ မိနစ်မှာလည်း ဆိုဘော့ဆ်လိုင်းက ဘယ်ခြမ်းမှာ ရတဲ့ ဖရီးကစ်ကိုပဲ သူ့ကို ကျော်ပြီး ကန်သွင်းခဲ့ရာမှာ ဂိုးထဲကို ရောက်သွားနိုင်ခဲ့ချိန်မှာ ရီးစ် ဂျိမ်းစ်က ဂိုးစည်းရှေ့ကနေ ရှင်းထုတ်နိုင်ခဲ့လို့သာ အင်္ဂလန်တို့ နောက်တစ်ဂိုးပေးရဖို့ ဝေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာ ထောင့်ကန်ဘောကနေ ဂျွန် စတုန်းစ်ရဲ့ အလွတ်ခေါင်းတိုက်ခွင့်ရခဲ့တာက ဂိုးသမား ဒီဘုဆ်ဆီပဲ ရောက်သွားခဲ့ပြီး ပွဲချိန် ၃၆ မိနစ်မှာတော့ ဟန်ဂေရီနောက်ခံလူ အော်ဘန်ရဲ့ ခေါင်းတိုက်ရှင်းထုတ်မှုက ဂိုးထဲ ဝင်လာခဲ့တာကို ဒီဘုဆ်ပဲ သတိရှိရှိနဲ့ အကောင်းဆုံး ကာကွယ်သွားခဲ့လို့ အင်္ဂလန်တို့ ဘဲဥကွဲဖို့ ခက်နေခဲ့တာပါ။

ပထမပိုင်းမှာ ဟန်ဂေရီတို့က အိမ်ရှင် အင်္ဂလန်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့လို့ ဒုတိယပိုင်း ပြန်အစမှာတော့ နည်းပြ ဆောက်ဂိတ် အနေနဲ့ ညာခြမ်းက ဘိုဝင်အစား စတာလင်ကို လဲကစားခဲ့ပြီး ပွဲချိန် ၅၃ မိနစ်မှာ ဟာရီကိန်းရဲ့ အမြော်အမြင်ရှိတဲ့ အဝေးဘော ပေးပို့မှုကို ဘယ်ခြမ်းက ဆာကာ လိုက်လံရယူခဲ့ပေမယ့် ဆွန်ဟောင်မင်လိုမျိုး အဖြစ်မရှိခဲ့တာကြောင့် ကပ္ပတိန်တစ်ယောက် ခေါင်းခါပြီး စိတ်ပျက်ခဲ့ရပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာတော့ ဟန်ဂေရီဘက်က ဆိုဘော့ဆ်လိုင်းနဲ့ စတိုင်လ်တို့အစား ဂက်ဇ်ဒက်နဲ့ အဒမ် နာဂီတို့ ဝင်ကစားခဲ့ကြသလို အင်္ဂလန်ဘက်ကတော့ မေဆန်မောင့်ကို ဂါလာဂါနေရာ ထည့်သွင်းခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာတော့ ဘယ်လင်ဂမ်အစား ဖိုဒန် ဝင်လာခဲ့သလို ဟန်ဂေရီဘက်ကတော့ အဒမ် ဆာလိုင်းအစား မာတင် အဒမ်ကို လူစားလဲသွားခဲ့ကြတာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ ဟန်ဂေရီတို့ ဒုတိယ ဦးဆောင်ဂိုး ထပ်ရခဲ့ပြီး သုံးစားမရတဲ့ ကယ်လ်ဗင် ဖိလစ်ရဲ့ ဘောလုံးအထိန်းသိမ်းကနေ လူစားဝင်တိုက်စစ်မှူး အဒမ်က ဖြတ်ယူပြီး ဘယ်ခြမ်းကို ချပေးရာမှာ အဆင်သင့် နေရာယူထားတဲ့ တွဲဖက်တိုက်စစ်မှူး ဆယ်လိုင်းက ဂိုးသမားနဲ့ နောက်တန်းကို အချိန်မပေးဘဲ အမြန်ကန်သွင်းခဲ့တာကြောင့် ရမ်းစ်ဒေးလ်ရဲ့ ခြေထောက်ဘေးက ဝင်သွားပြီး အင်္ဂလန်တို့ အရှုံးက ပိုကြီးလာခဲ့ပါတယ်။

နှစ်ဂိုးပေးခဲ့ရပြီးနောက်ပိုင်း အင်္ဂလန်တို့ ပိုဖိကစားခဲ့ပေမယ့် စတာလင်ပေးတာကို မန်စီးတီးအသင်းဖော် ဖိုဒန်ရဲ့ ကန်ချက်က တိုင်ဘေးထွက်သွားခဲ့သလို မေဆန်မောင့်ရဲ့ ဖြတ်တင်ဘောကိုလည်း ဟာရီကိန်း ခေါင်းတိုက်ချက်က ဘားထိရုံနဲ့ပဲ ကျေနပ်ခဲ့ရပြီးတဲ့နောက် ပွဲချိန် ၇၈ မိနစ်မှာတော့ ဆယ်လိုင်းအစား ခံစစ်တောင်ပံသမား နီဂိုကို ထည့်သွင်းပြီး ဟန်ဂေရီတို့ ထိန်းကစားလာခဲ့ပါတယ်။

ဒါပေမယ့် ဂိုးထပ်ရသွားတာကတော့ ခံစစ်ကစားနေတဲ့ ဟန်ဂေရီတို့ပဲ ဖြစ်ခဲ့ပြီး ပွဲချိန် မိနစ် ၈၀ မှာတော့ အဒမ် နာဂီ ညာခြမ်းက ဖြတ်တင်ပေးတာကနေ ပြန်ကျလာတဲ့ ဘောလုံးကို တိုက်စစ်မှူး အဒမ်က သူမကန်ဘဲ နောက်ကို ပြန်ခင်းပေးရာမှာ လိုက်တက်လာတဲ့ ကွင်းလယ်လူ ဇို့လ်စ် နာဂီက အပြင်းကန်သွင်းပြီး ဂိုးသမား ရမ်းစ်ဒေးလ် မဖမ်းနိုင်လောက်အောင် သေသပ်လွန်းခဲ့တာကြောင့် သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် ၈၂ မိနစ်မှာတော့ ဘူးလေးရာ ဖရုံဆင့်ဆိုသလို ရှုံးနေတုန်း ဘောလုံးလုရင်း ဟန်ဂေရီကွင်းလယ်လူ ဂက်ဇ်ဒက်ရဲ့ မျက်နှာကို ဘောလုံးမပါဘဲ ဝင်တိုက်တဲ့ နောက်ခံလူ ဂျွန်စတုန်းစ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် အင်္ဂလန်တို့ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး ပွဲချိန် ၈၅ မိနစ်မှာတော့ ဆာကာအစား ဗဟိုနောက်ခံလူ မက်ဂွိုင်းယားကို ထည့်သွင်းခဲ့ရပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ ဘောလုံးမနိုင်တဲ့ မေဆန်မောင့်ကြောင့် ဟန်ဂေရီတို့ ပြန်လုယူနိုင်ခဲ့ပြီး နီဂိုပေးတဲ့ ဘောလုံးကို တိုက်စစ်မှူး အဒမ်က ခေါင်းတိုက်ချပေးရာမှာ ကွင်းလယ်လူ အဒမ် နာဂီက အင်္ဂလန်နောက်ခံလူနှစ်ယောက်ကြားက အမြန်ခင်းပေးခဲ့တာကို ဂက်ဇ်ဒက်က ပြေးလိုက်ပြီး သူ့ကို တွန်းတဲ့ ဝေါ်လ်ကာရဲ့ ဖိအားကို တောင့်ခံပြီးမှ ထွက်ဆွဲတဲ့ ဂိုးသမား ရမ်းစ်ဒေးလ်ကို အသာကျော်ချပြီး သွင်းယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ နည်းစနစ်ပိုင်းအရရော ဗျူဟာပိုင်းအရပါ သုံးစားမရသလို ဒီထိုင်ခုံပေါ်မှာ ဆက်မရှိသင့်တော့တဲ့ နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်တို့ အိမ်ကွင်းမှာ လေးဂိုး-ဂိုးမရှိနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီး ၁၉၂၈ က စကော့တလန်ကို ငါးဂိုး-တစ်ဂိုးနဲ့ ရှုံးပြီးနောက်ပိုင်း အဆိုးရွားဆုံးစံချိန်ကို ထပ်မံရရှိခဲ့သလို လေးဂိုးအထိပေးပြီး တစ်ဂိုးမှ မသွင်းနိုင်ခဲ့တဲ့ ပထမဆုံး သိက္ခာကျစရာပွဲလည်းဖြစ်လာခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် နိုင်ပွဲရှင် ဟန်ဂေရီတို့အနေနဲ့ လေးပွဲကစား နှစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး၊ ရမှတ် ၇ မှတ်နဲ့ အုပ်စု ၃ ကို ပြန်လည်ဦးဆောင်နိုင်ခဲ့ချိန်မှာ အင်္ဂလန်တို့ကတော့ လေးပွဲမှာ နှစ်ပွဲသရေ နှစ်ပွဲရှုံးနဲ့ နိုင်ပွဲမရသေးဘဲ ရမှတ် ၂ မှတ်သာ ရရှိပြီး လာမယ့် ပွဲမှာသာ အီတလီကို သရေကျခဲ့ရင် နေးရှင်းလိဂ် A ကနေ B ကို တန်းဆင်းရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္အသင္းအေနနဲ႔ ဒီေန႔ပြဲကို ဝုလ္ဗ္စ္တို႔ရဲ႕ မိုလီႏူးမွာပဲ ဆက္ကစားခဲ့ၿပီး ဂိုးသမား ရမ္းစ္ေဒးလ္၊ ေဝၚလ္ကာ၊ စတုန္းစ္၊ ေဂးဟီ၊ ရီးစ္ ဂ်ိမ္းစ္တို႔နဲ႔ ခံစစ္ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ကယ္လ္ဗင္ ဖိလစ္၊ ဂါလာဂါနဲ႔ ဘယ္လင္ဂမ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဘိုဝင္၊ ဟာရီကိန္းနဲ႔ ဆာကာတို႔ကို အသုံးျပဳလာခဲ့ပါတယ္။

ဟန္ေဂရီတို႔ကေတာ့ ဂိုးသမား ဒီဘုဆ္၊ ခံစစ္မွာ ေအာ္ဘန္၊ အဒမ္လန္း၊ အက္တိလာ ဆာလိုင္းတို႔ကို တြဲဖက္ေပးခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဇို႔လ္စ္ နာဂီ၊ စတိုင္လ္၊ ေရွဖာ၊ ဖီယိုလာတို႔နဲ႔ စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ဆိုေဘာ့ဆ္လိုင္း၊ ဆယ္လိုင္းနဲ႔ အေထာင္တိုက္စစ္မႉး အဒမ္ ဆာလိုင္းတို႔ကို ပြဲထြက္ေစခဲ့တာပါ။

ပြဲခ်ိန္ ၆ မိနစ္မွာ အဂၤလန္တို႔ရဲ႕ ဘယ္ျခမ္းတိုက္စစ္ကေန လြတ္ထြက္သြားတဲ့ ဘယ္ေနာက္ခံလူ ရီးစ္ ဂ်ိမ္းစ္က ျဖတ္တင္ေပးတာကို ဘိုဝင္က ညာျခမ္းကေန ေခါင္းတိုက္ဖို႔ ႀကိဳးစားရာမွာ ဟန္ေဂရီကြင္းလယ္လူ နာဂီရဲ႕ ပခုံးကို မွန္ခဲ့တာကို ပင္နယ္တီ ေတာင္းဆိုခဲ့ၾကေပမယ့္ ဒိုင္လူႀကီး ကေလမြန္ တာပင္ကေတာ့ မွန္မွန္ကန္ကန္ပဲ ပယ္ခ်သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ ဖိကစားေနတဲ့ အဂၤလန္တို႔ ခံစားသြားရၿပီး ဘယ္ျခမ္းမွာ ရတဲ့ ဖရီးကစ္ကို ဆိုေဘာ့ဆ္လိုင္း ကန္တင္ေပးရာမွာ ေနာက္ခံလူ အဒမ္လန္းက ေခါင္းတိုက္ခ်ေပးတာကို ဂိုးေရွ႕မွာ လြတ္လြတ္ကြၽတ္ကြၽတ္ရသြားတဲ့ ဆယ္လိုင္းက အနီးကပ္ကန္သြင္းခဲ့ရာမွာ ဂိုးသမား ရမ္းစ္ေဒးလ္ မကာကြယ္ႏိုင္ခဲ့လို႔ ဟန္ေဂရီတို႔ အေဝးကြင္းမွာ စတင္ဦးေဆာင္သြားခဲ့တာပါ။

အာဆင္နယ္ဂိုးသမား ရမ္းစ္ေဒးလ္ကေတာ့ ဒီလိုမ်ိဳး အနီးကပ္အလုံးေတြဆို အၿမဲတမ္း ညံ့ေလ့ရွိၿပီး ထိပ္တန္းဂိုးသမားေတြဆိုရင္ ကာကြယ္ႏိုင္တဲ့ ေဘာလုံးမ်ိဳးျဖစ္ခဲ့ခ်ိန္မွာ ပြဲခ်ိန္ ၂၇ မိနစ္မွာလည္း ဆိုေဘာ့ဆ္လိုင္းက ဘယ္ျခမ္းမွာ ရတဲ့ ဖရီးကစ္ကိုပဲ သူ႔ကို ေက်ာ္ၿပီး ကန္သြင္းခဲ့ရာမွာ ဂိုးထဲကို ေရာက္သြားႏိုင္ခဲ့ခ်ိန္မွာ ရီးစ္ ဂ်ိမ္းစ္က ဂိုးစည္းေရွ႕ကေန ရွင္းထုတ္ႏိုင္ခဲ့လို႔သာ အဂၤလန္တို႔ ေနာက္တစ္ဂိုးေပးရဖို႔ ေဝးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၉ မိနစ္မွာ ေထာင့္ကန္ေဘာကေန ဂြၽန္ စတုန္းစ္ရဲ႕ အလြတ္ေခါင္းတိုက္ခြင့္ရခဲ့တာက ဂိုးသမား ဒီဘုဆ္ဆီပဲ ေရာက္သြားခဲ့ၿပီး ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ ဟန္ေဂရီေနာက္ခံလူ ေအာ္ဘန္ရဲ႕ ေခါင္းတိုက္ရွင္းထုတ္မႈက ဂိုးထဲ ဝင္လာခဲ့တာကို ဒီဘုဆ္ပဲ သတိရွိရွိနဲ႔ အေကာင္းဆုံး ကာကြယ္သြားခဲ့လို႔ အဂၤလန္တို႔ ဘဲဥကြဲဖို႔ ခက္ေနခဲ့တာပါ။

ပထမပိုင္းမွာ ဟန္ေဂရီတို႔က အိမ္ရွင္ အဂၤလန္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့လို႔ ဒုတိယပိုင္း ျပန္အစမွာေတာ့ နည္းျပ ေဆာက္ဂိတ္ အေနနဲ႔ ညာျခမ္းက ဘိုဝင္အစား စတာလင္ကို လဲကစားခဲ့ၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာ ဟာရီကိန္းရဲ႕ အေျမာ္အျမင္ရွိတဲ့ အေဝးေဘာ ေပးပို႔မႈကို ဘယ္ျခမ္းက ဆာကာ လိုက္လံရယူခဲ့ေပမယ့္ ဆြန္ေဟာင္မင္လိုမ်ိဳး အျဖစ္မရွိခဲ့တာေၾကာင့္ ကပၸတိန္တစ္ေယာက္ ေခါင္းခါၿပီး စိတ္ပ်က္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ဟန္ေဂရီဘက္က ဆိုေဘာ့ဆ္လိုင္းနဲ႔ စတိုင္လ္တို႔အစား ဂက္ဇ္ဒက္နဲ႔ အဒမ္ နာဂီတို႔ ဝင္ကစားခဲ့ၾကသလို အဂၤလန္ဘက္ကေတာ့ ေမဆန္ေမာင့္ကို ဂါလာဂါေနရာ ထည့္သြင္းခဲ့ၿပီး ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ဘယ္လင္ဂမ္အစား ဖိုဒန္ ဝင္လာခဲ့သလို ဟန္ေဂရီဘက္ကေတာ့ အဒမ္ ဆာလိုင္းအစား မာတင္ အဒမ္ကို လူစားလဲသြားခဲ့ၾကတာပါ။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ဟန္ေဂရီတို႔ ဒုတိယ ဦးေဆာင္ဂိုး ထပ္ရခဲ့ၿပီး သုံးစားမရတဲ့ ကယ္လ္ဗင္ ဖိလစ္ရဲ႕ ေဘာလုံးအထိန္းသိမ္းကေန လူစားဝင္တိုက္စစ္မႉး အဒမ္က ျဖတ္ယူၿပီး ဘယ္ျခမ္းကို ခ်ေပးရာမွာ အဆင္သင့္ ေနရာယူထားတဲ့ တြဲဖက္တိုက္စစ္မႉး ဆယ္လိုင္းက ဂိုးသမားနဲ႔ ေနာက္တန္းကို အခ်ိန္မေပးဘဲ အျမန္ကန္သြင္းခဲ့တာေၾကာင့္ ရမ္းစ္ေဒးလ္ရဲ႕ ေျခေထာက္ေဘးက ဝင္သြားၿပီး အဂၤလန္တို႔ အရႈံးက ပိုႀကီးလာခဲ့ပါတယ္။

ႏွစ္ဂိုးေပးခဲ့ရၿပီးေနာက္ပိုင္း အဂၤလန္တို႔ ပိုဖိကစားခဲ့ေပမယ့္ စတာလင္ေပးတာကို မန္စီးတီးအသင္းေဖာ္ ဖိုဒန္ရဲ႕ ကန္ခ်က္က တိုင္ေဘးထြက္သြားခဲ့သလို ေမဆန္ေမာင့္ရဲ႕ ျဖတ္တင္ေဘာကိုလည္း ဟာရီကိန္း ေခါင္းတိုက္ခ်က္က ဘားထိ႐ုံနဲ႔ပဲ ေက်နပ္ခဲ့ရၿပီးတဲ့ေနာက္ ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ဆယ္လိုင္းအစား ခံစစ္ေတာင္ပံသမား နီဂိုကို ထည့္သြင္းၿပီး ဟန္ေဂရီတို႔ ထိန္းကစားလာခဲ့ပါတယ္။

ဒါေပမယ့္ ဂိုးထပ္ရသြားတာကေတာ့ ခံစစ္ကစားေနတဲ့ ဟန္ေဂရီတို႔ပဲ ျဖစ္ခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ အဒမ္ နာဂီ ညာျခမ္းက ျဖတ္တင္ေပးတာကေန ျပန္က်လာတဲ့ ေဘာလုံးကို တိုက္စစ္မႉး အဒမ္က သူမကန္ဘဲ ေနာက္ကို ျပန္ခင္းေပးရာမွာ လိုက္တက္လာတဲ့ ကြင္းလယ္လူ ဇို႔လ္စ္ နာဂီက အျပင္းကန္သြင္းၿပီး ဂိုးသမား ရမ္းစ္ေဒးလ္ မဖမ္းႏိုင္ေလာက္ေအာင္ ေသသပ္လြန္းခဲ့တာေၾကာင့္ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ဘူးေလးရာ ဖ႐ုံဆင့္ဆိုသလို ရႈံးေနတုန္း ေဘာလုံးလုရင္း ဟန္ေဂရီကြင္းလယ္လူ ဂက္ဇ္ဒက္ရဲ႕ မ်က္ႏွာကို ေဘာလုံးမပါဘဲ ဝင္တိုက္တဲ့ ေနာက္ခံလူ ဂြၽန္စတုန္းစ္ ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ အဂၤလန္တို႔ တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရၿပီး ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ဆာကာအစား ဗဟိုေနာက္ခံလူ မက္ဂြိဳင္းယားကို ထည့္သြင္းခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ ေဘာလုံးမႏိုင္တဲ့ ေမဆန္ေမာင့္ေၾကာင့္ ဟန္ေဂရီတို႔ ျပန္လုယူႏိုင္ခဲ့ၿပီး နီဂိုေပးတဲ့ ေဘာလုံးကို တိုက္စစ္မႉး အဒမ္က ေခါင္းတိုက္ခ်ေပးရာမွာ ကြင္းလယ္လူ အဒမ္ နာဂီက အဂၤလန္ေနာက္ခံလူႏွစ္ေယာက္ၾကားက အျမန္ခင္းေပးခဲ့တာကို ဂက္ဇ္ဒက္က ေျပးလိုက္ၿပီး သူ႔ကို တြန္းတဲ့ ေဝၚလ္ကာရဲ႕ ဖိအားကို ေတာင့္ခံၿပီးမွ ထြက္ဆြဲတဲ့ ဂိုးသမား ရမ္းစ္ေဒးလ္ကို အသာေက်ာ္ခ်ၿပီး သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ နည္းစနစ္ပိုင္းအရေရာ ဗ်ဴဟာပိုင္းအရပါ သုံးစားမရသလို ဒီထိုင္ခုံေပၚမွာ ဆက္မရွိသင့္ေတာ့တဲ့ နည္းျပ ေဆာက္ဂိတ္ရဲ႕ အဂၤလန္တို႔ အိမ္ကြင္းမွာ ေလးဂိုး-ဂိုးမရွိနဲ႔ အရွက္တကြဲ ရႈံးနိမ့္ခဲ့ရၿပီး ၁၉၂၈ က စေကာ့တလန္ကို ငါးဂိုး-တစ္ဂိုးနဲ႔ ရႈံးၿပီးေနာက္ပိုင္း အဆိုး႐ြားဆုံးစံခ်ိန္ကို ထပ္မံရရွိခဲ့သလို ေလးဂိုးအထိေပးၿပီး တစ္ဂိုးမွ မသြင္းႏိုင္ခဲ့တဲ့ ပထမဆုံး သိကၡာက်စရာပြဲလည္းျဖစ္လာခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ႏိုင္ပြဲရွင္ ဟန္ေဂရီတို႔အေနနဲ႔ ေလးပြဲကစား ႏွစ္ပြဲႏိုင္ တစ္ပြဲသေရ တစ္ပြဲရႈံး၊ ရမွတ္ ၇ မွတ္နဲ႔ အုပ္စု ၃ ကို ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ခ်ိန္မွာ အဂၤလန္တို႔ကေတာ့ ေလးပြဲမွာ ႏွစ္ပြဲသေရ ႏွစ္ပြဲရႈံးနဲ႔ ႏိုင္ပြဲမရေသးဘဲ ရမွတ္ ၂ မွတ္သာ ရရွိၿပီး လာမယ့္ ပြဲမွာသာ အီတလီကို သေရက်ခဲ့ရင္ ေနးရွင္းလိဂ္ A ကေန B ကို တန္းဆင္းရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.