International Match Report

အိမ်ကွင်းမှာ ဂိုးမိုးရွာခဲ့သလို အီတလီကို ဂိုးပြတ်ဝုန်းပြီး နိုင်ပွဲစတင်ရယူတဲ့ ဂျာမနီ

ဂျာမနီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နွိုင်ယာ၊ ခံစစ်မှာ ကလိုစ်တာမန်း၊ ဆူးလား၊ ရူဒီဂါနဲ့ ရောင်းမ်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဂွန်ဒိုးဝမ်၊ ကင်းမစ်ချ်နဲ့ မူလာတို့ကို တြိဂံထားခဲ့သလို တိုက်စစ်မှာတော့ ဆာနေး၊ ဟော့ဖ်မန်းနဲ့ တီမို ဗာနာတို့ကို အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။

အီတလီတို့ကတော့ အသင်းသစ်တစ်သင်းကို ပြန်လည်တည်ဆောက်နေရပြီး ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ ဘက်စ်တိုနီ၊ မန်ချီနီ၊ ကာလာဘရီယာ၊ စပင်နက်ဇိုလာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘာရဲလား၊ ခရစ္စတန်တေနဲ့ ဖရက်တေစီတို့ကို အထိုင်ချလာခဲ့သလို တိုက်စစ်မှာတော့ ဂနွန်တို၊ ရက်စ်ပါဒိုရီနဲ့ ပိုလီတာနိုတို့ကို ပွဲထွက်ကစားစေခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာ ဂျာမန်တောင်ပံသမား ဆာနေးရဲ့ တန်ပြန်တိုက်စစ်ကနေ ကန်ချက်က တိုင်ဘေးက ထွက်သွားခဲ့သလို ပွဲချိန် ၈ မိနစ်မှာတော့ ညာခြမ်းကနေ ပိုလီတာနို ဖြတ်တင်ပေးတာကို အီတာလျံတိုက်စစ်မှူး ရက်စ်ပါဒိုရီရဲ့ ပိတ်သွင်းမှုကို ဂိုးသမား နွိုင်ယာ ကာကွယ်သွားနိုင်ပြီး နောက်က လိုက်လာတဲ့ ဂနွန်တိုရဲ့ ပိတ်သွင်းမှုကတော့ လူကျွံနေခဲ့ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာ အိမ်ရှင် ဂျာမနီတို့ စတင်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဆူးလား တင်ပေးလိုက်တာကို တီမို ဗာနာက ရယူပြီး ဘယ်ခြမ်းကို ချပေးရာမှာ နောက်ခံလူ ရောင်းမ်က ဖြတ်တင်ပေးခဲ့တာကို အီတလီခံစစ်ကြားကနေ ကျလာခဲ့ချိန်မှာ ဧရိယာထဲကို ဝင်ရောက်လာတဲ့ ကင်းမစ်ချ်က ပိတ်သွင်းနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဘောလုံးကိုင်ကစားတဲ့ ဂျာမန်တွေနဲ့ တန်ပြန်တိုက်စစ်ကစားတဲ့ အီတာလျံတွေ ဗျူဟာပြိုင်ပွဲအဖြစ် နှစ်ဖက်အပြန်အလှန် တိုက်စစ်ဆင်ခဲ့ကြပေမယ့် ဂိုးမရခဲ့ကြဘဲ အီတလီတိုက်စစ်က ဖြုန်းတီးမှုတွေပဲ များခဲ့ချိန်မှာ ဂျာမနီတိုက်စစ်ရဲ့ ထိုးဖောက်ကန်သွင်းမှုတွေကိုတော့ ဂိုးသမား ဒွန်နာရမ်မာ လက်စွမ်းပြပြီး ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာတော့ ဖြတ်တင်ဘောကို ပြိုင်လုရင်း ဟော့ဖ်မန်းကို ဘောလုံးမပါဘဲ နောက်ကနေ ဖိတွန်းချတဲ့ ဘက်စ်တိုနီကြောင့် အီတလီတို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ ပွဲချိန် ၄၅+၄ မိနစ်မှာ ဂွန်ဒိုးဝမ်က ညာဘက်ကို ဒိုက်ပစ်တဲ့ ဒွန်နာရမ်မာရဲ့ ဂိုးအလယ်တည့်တည့်ကို ကန်ပြီး ဂျာမနီတို့အတွက် ပထမပိုင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်စေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စအပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ ဂျာမနီတို့ပဲ တတိယ ဦးဆောင်ဂိုး ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်နောက်ခံလူ ရောင်းမ်ရဲ့ ဖြတ်တင်ဘောကို အီတလီခံစစ်က ရှင်းထုတ်လို့ ပြန်ထွက်လာရာမှာ ကွင်းလယ်တိုက်စစ်မှာ နေရာယူထားတဲ့ မူလာက Volley ကန်ချက်နဲ့ မြေထောက်သွင်းယူနိုင်ခဲ့တာကြောင့် ဒွန်နာရမ်မာ မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ အီတလီဘက်က ဘာရဲလား ချေပဂိုးသွင်းပေမယ့် လူကျွံနေခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရသလို ပွဲချိန် မိနစ် ၆၀ မှာတော့ ညာခြမ်းက ချိုးပေးတာကို ဆာနေး မယူဘဲ ဟပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး တီမို ဗာနာ ကန်သွင်းရာမှာ ဂိုးသမားတည့်တည့်ပဲ ရောက်သွားခဲ့တာကြောင့် ဂျာမနီတို့ စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ စတုတ္ထ ဦးဆောင်ဂိုးကို ဂျာမနီတို့ပဲ ဆက်လက်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အီတလီခံစစ်ကြားကနေ မူလာရဲ့ အကွက်မြင်တဲ့ ပေးပို့မှုကို ပြေးထွက်ရယူခဲ့တဲ့ လူစားဝင်ကစားသမား ဂနာဘရီက မကန်ဘဲ အတွင်းကို ပြန်ချိုးပေးရာမှာ နောက်က လိုက်လာတဲ့ တစ်ချိန်လုံး လွဲချော်နေသူကြီး တီမို ဗာနာက လျှောထိုးပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

တစ်မိနစ်အကြာ ပွဲချိန် ၆၉ မိနစ်မှာလည်း ဂျာမနီတို့အတွက် ဂိုးလာဘ်ပွင့်သွားတဲ့ တီမို ဗာနာကပဲ နောက်တစ်ဂိုး ထပ်မံရယူပေးခဲ့ပြီး ဒီဂိုးကိုတော့ ပျာနေပြီဖြစ်တဲ့ အီတလီခံစစ်ကြားမှာ ဂိုးသမား ဒွန်နာရမ်မာ လူပေးမှားတာကနေ ဂနာဘရီကပဲ လုယူပေးခဲ့လို့ စဉ်ထွက်လာတဲ့ ဘောလုံးကို ချဲလ်ဆီးတိုက်စစ်မှူးက ဘယ်ခြေနဲ့ အသာအယာ ပိတ်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၇၈ မိနစ်မှာတော့ ဧည့်သည် အီတလီတွေ သိက္ခာဆည်ဂိုးကို ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး လူစားဝင်နောက်ခံလူ ဒီမာကိုရဲ့ အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းမှုကို ဂိုးသမား နွိုင်ယာ မဖမ်းနိုင်ဘဲ အန်ထွက်လာခဲ့တာကို ပြေးဝင်လာခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂနွန်တိုက သူ့ရဲ့ ပထမဆုံး လက်ရွေးစင်ဂိုးအဖြစ် ရယူခဲ့သလို အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ်ပါ အသက် ၁၈ နှစ်နဲ့ ၂၂၂ ရက် အရွယ်မှာ မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုနဲ့ မိနစ် ၉၀ ပြည့်ချိန်မှာ ငါးဂိုး-တစ်ဂိုးနဲ့ ပွဲပြီးတော့မယ်လို့ ထင်နေတုန်းမှာပဲ အီတလီတို့ ဒုတိယ ချေပဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဒီမာကိုရဲ့ ညာထောင့်ကန်ဘောကနေ နောက်ခံလူ ဘက်စ်တိုနီက သူ့ရဲ့ ပင်နယ်တီ ပေးထားရတဲ့ အမှားကို ပြန်လည်ချေဖျက်တဲ့အနေနဲ့ မာကင်ယူထားတဲ့ ဂျိုနသန်တားကို ခွာထွက်ပြီး အနီးတိုင်ဘေးကနေ ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ငါးဂိုး-နှစ်ဂိုးနဲ့ ပွဲပြီးဆုံးခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် ဂျာမနီတို့ နေးရှင်းလိဂ်မှာ သုံးပွဲဆက်တိုက် သရေကျခဲ့ရာကနေ ပထမဆုံးနိုင်ပွဲကို ဂိုးမိုးရွာပြီး ရှာဖွေနိုင်ခဲ့ကြချိန်မှာ အုပ်စု ၃ ရဲ့ ဒုတိယနေရာကို ရမှတ် ၆ မှတ်နဲ့ ပြန်လည်ရယူနိုင်ခဲ့ကြပြီး အီတလီတို့ကတော့ ၄ ပွဲကစားအပြီးမှာ ၁ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး၊ ရမှတ် ၅ မှတ်နဲ့ တတိယအဖြစ် ရပ်တည်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ာမနီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ႏြိဳင္ယာ၊ ခံစစ္မွာ ကလိုစ္တာမန္း၊ ဆူးလား၊ ႐ူဒီဂါနဲ႔ ေရာင္းမ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂြန္ဒိုးဝမ္၊ ကင္းမစ္ခ်္နဲ႔ မူလာတို႔ကို ႀတိဂံထားခဲ့သလို တိုက္စစ္မွာေတာ့ ဆာေနး၊ ေဟာ့ဖ္မန္းနဲ႔ တီမို ဗာနာတို႔ကို အသုံးျပဳလာခဲ့တာ ျဖစ္ပါတယ္။

အီတလီတို႔ကေတာ့ အသင္းသစ္တစ္သင္းကို ျပန္လည္တည္ေဆာက္ေနရၿပီး ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ ဘက္စ္တိုနီ၊ မန္ခ်ီနီ၊ ကာလာဘရီယာ၊ စပင္နက္ဇိုလာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘာရဲလား၊ ခရစၥတန္ေတနဲ႔ ဖရက္ေတစီတို႔ကို အထိုင္ခ်လာခဲ့သလို တိုက္စစ္မွာေတာ့ ဂႏြန္တို၊ ရက္စ္ပါဒိုရီနဲ႔ ပိုလီတာႏိုတို႔ကို ပြဲထြက္ကစားေစခဲ့တာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာ ဂ်ာမန္ေတာင္ပံသမား ဆာေနးရဲ႕ တန္ျပန္တိုက္စစ္ကေန ကန္ခ်က္က တိုင္ေဘးက ထြက္သြားခဲ့သလို ပြဲခ်ိန္ ၈ မိနစ္မွာေတာ့ ညာျခမ္းကေန ပိုလီတာႏို ျဖတ္တင္ေပးတာကို အီတာလ်ံတိုက္စစ္မႉး ရက္စ္ပါဒိုရီရဲ႕ ပိတ္သြင္းမႈကို ဂိုးသမား ႏြိဳင္ယာ ကာကြယ္သြားႏိုင္ၿပီး ေနာက္က လိုက္လာတဲ့ ဂႏြန္တိုရဲ႕ ပိတ္သြင္းမႈကေတာ့ လူကြၽံေနခဲ့ပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာ အိမ္ရွင္ ဂ်ာမနီတို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဆူးလား တင္ေပးလိုက္တာကို တီမို ဗာနာက ရယူၿပီး ဘယ္ျခမ္းကို ခ်ေပးရာမွာ ေနာက္ခံလူ ေရာင္းမ္က ျဖတ္တင္ေပးခဲ့တာကို အီတလီခံစစ္ၾကားကေန က်လာခဲ့ခ်ိန္မွာ ဧရိယာထဲကို ဝင္ေရာက္လာတဲ့ ကင္းမစ္ခ်္က ပိတ္သြင္းႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ေဘာလုံးကိုင္ကစားတဲ့ ဂ်ာမန္ေတြနဲ႔ တန္ျပန္တိုက္စစ္ကစားတဲ့ အီတာလ်ံေတြ ဗ်ဴဟာၿပိဳင္ပြဲအျဖစ္ ႏွစ္ဖက္အျပန္အလွန္ တိုက္စစ္ဆင္ခဲ့ၾကေပမယ့္ ဂိုးမရခဲ့ၾကဘဲ အီတလီတိုက္စစ္က ျဖဳန္းတီးမႈေတြပဲ မ်ားခဲ့ခ်ိန္မွာ ဂ်ာမနီတိုက္စစ္ရဲ႕ ထိုးေဖာက္ကန္သြင္းမႈေတြကိုေတာ့ ဂိုးသမား ဒြန္နာရမ္မာ လက္စြမ္းျပၿပီး ကာကြယ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုမွာေတာ့ ျဖတ္တင္ေဘာကို ၿပိဳင္လုရင္း ေဟာ့ဖ္မန္းကို ေဘာလုံးမပါဘဲ ေနာက္ကေန ဖိတြန္းခ်တဲ့ ဘက္စ္တိုနီေၾကာင့္ အီတလီတို႔ ပင္နယ္တီ ေပးခဲ့ရၿပီး ဒီအခြင့္အေရးကိုေတာ့ ပြဲခ်ိန္ ၄၅+၄ မိနစ္မွာ ဂြန္ဒိုးဝမ္က ညာဘက္ကို ဒိုက္ပစ္တဲ့ ဒြန္နာရမ္မာရဲ႕ ဂိုးအလယ္တည့္တည့္ကို ကန္ၿပီး ဂ်ာမနီတို႔အတြက္ ပထမပိုင္းကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေစခဲ့တာပါ။

ဒုတိယပိုင္း ျပန္စအၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ဂ်ာမနီတို႔ပဲ တတိယ ဦးေဆာင္ဂိုး ထပ္မံရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ေနာက္ခံလူ ေရာင္းမ္ရဲ႕ ျဖတ္တင္ေဘာကို အီတလီခံစစ္က ရွင္းထုတ္လို႔ ျပန္ထြက္လာရာမွာ ကြင္းလယ္တိုက္စစ္မွာ ေနရာယူထားတဲ့ မူလာက Volley ကန္ခ်က္နဲ႔ ေျမေထာက္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ဒြန္နာရမ္မာ မကာကြယ္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ အီတလီဘက္က ဘာရဲလား ေခ်ပဂိုးသြင္းေပမယ့္ လူကြၽံေနခဲ့တာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရသလို ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ညာျခမ္းက ခ်ိဳးေပးတာကို ဆာေနး မယူဘဲ ဟေပးလိုက္တဲ့ ေဘာလုံးကို တိုက္စစ္မႉး တီမို ဗာနာ ကန္သြင္းရာမွာ ဂိုးသမားတည့္တည့္ပဲ ေရာက္သြားခဲ့တာေၾကာင့္ ဂ်ာမနီတို႔ စိတ္ပ်က္စရာျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ စတုတၳ ဦးေဆာင္ဂိုးကို ဂ်ာမနီတို႔ပဲ ဆက္လက္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အီတလီခံစစ္ၾကားကေန မူလာရဲ႕ အကြက္ျမင္တဲ့ ေပးပို႔မႈကို ေျပးထြက္ရယူခဲ့တဲ့ လူစားဝင္ကစားသမား ဂနာဘရီက မကန္ဘဲ အတြင္းကို ျပန္ခ်ိဳးေပးရာမွာ ေနာက္က လိုက္လာတဲ့ တစ္ခ်ိန္လုံး လြဲေခ်ာ္ေနသူႀကီး တီမို ဗာနာက ေလွ်ာထိုးပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

တစ္မိနစ္အၾကာ ပြဲခ်ိန္ ၆၉ မိနစ္မွာလည္း ဂ်ာမနီတို႔အတြက္ ဂိုးလာဘ္ပြင့္သြားတဲ့ တီမို ဗာနာကပဲ ေနာက္တစ္ဂိုး ထပ္မံရယူေပးခဲ့ၿပီး ဒီဂိုးကိုေတာ့ ပ်ာေနၿပီျဖစ္တဲ့ အီတလီခံစစ္ၾကားမွာ ဂိုးသမား ဒြန္နာရမ္မာ လူေပးမွားတာကေန ဂနာဘရီကပဲ လုယူေပးခဲ့လို႔ စဥ္ထြက္လာတဲ့ ေဘာလုံးကို ခ်ဲလ္ဆီးတိုက္စစ္မႉးက ဘယ္ေျခနဲ႔ အသာအယာ ပိတ္သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ဧည့္သည္ အီတလီေတြ သိကၡာဆည္ဂိုးကို ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး လူစားဝင္ေနာက္ခံလူ ဒီမာကိုရဲ႕ အနိမ့္ေဘာ ေထာင့္ျဖတ္ကန္သြင္းမႈကို ဂိုးသမား ႏြိဳင္ယာ မဖမ္းႏိုင္ဘဲ အန္ထြက္လာခဲ့တာကို ေျပးဝင္လာခဲ့တဲ့ လူငယ္တိုက္စစ္မႉး ဂႏြန္တိုက သူ႔ရဲ႕ ပထမဆုံး လက္ေ႐ြးစင္ဂိုးအျဖစ္ ရယူခဲ့သလို အသက္အငယ္ဆုံး ဂိုးသြင္းရွင္အျဖစ္ပါ အသက္ ၁၈ ႏွစ္နဲ႔ ၂၂၂ ရက္ အ႐ြယ္မွာ မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။

ဒီလိုနဲ႔ မိနစ္ ၉၀ ျပည့္ခ်ိန္မွာ ငါးဂိုး-တစ္ဂိုးနဲ႔ ပြဲၿပီးေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ အီတလီတို႔ ဒုတိယ ေခ်ပဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဒီမာကိုရဲ႕ ညာေထာင့္ကန္ေဘာကေန ေနာက္ခံလူ ဘက္စ္တိုနီက သူ႔ရဲ႕ ပင္နယ္တီ ေပးထားရတဲ့ အမွားကို ျပန္လည္ေခ်ဖ်က္တဲ့အေနနဲ႔ မာကင္ယူထားတဲ့ ဂ်ိဳနသန္တားကို ခြာထြက္ၿပီး အနီးတိုင္ေဘးကေန ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ငါးဂိုး-ႏွစ္ဂိုးနဲ႔ ပြဲၿပီးဆုံးခဲ့တာပါ။

ဒီပြဲရလဒ္ေၾကာင့္ ဂ်ာမနီတို႔ ေနးရွင္းလိဂ္မွာ သုံးပြဲဆက္တိုက္ သေရက်ခဲ့ရာကေန ပထမဆုံးႏိုင္ပြဲကို ဂိုးမိုး႐ြာၿပီး ရွာေဖြႏိုင္ခဲ့ၾကခ်ိန္မွာ အုပ္စု ၃ ရဲ႕ ဒုတိယေနရာကို ရမွတ္ ၆ မွတ္နဲ႔ ျပန္လည္ရယူႏိုင္ခဲ့ၾကၿပီး အီတလီတို႔ကေတာ့ ၄ ပြဲကစားအၿပီးမွာ ၁ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံး၊ ရမွတ္ ၅ မွတ္နဲ႔ တတိယအျဖစ္ ရပ္တည္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.