International Match Report

ဩစတြီးယားကို အနိုင်ယူပြီး အသင်းကြီးတွေရှေ့က ဆီမီးတက်ဖို့ တာစူတဲ့ ဒိန်းမတ်

ဒိန်းမတ်အသင်းအနေနဲ့ ဒီနေ့မှာ အိမ်ကွင်းကစားခဲ့ရပြီး ဂိုးသမား ရှမိုက်ကယ်၊ ခံစစ်မှာ ဘွိုင်းလ်စ်ဆန်၊ ခရစ္စတင်ဆန်နဲ့ အန်ဒါဆန်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ မေလီ၊ ယန်ဆန်၊ ဟွိုင်ဘယာ့ဂ်နဲ့ ရက်စ်မတ်စ် ခရစ္စတင်ဆန်တို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ ကော်နယ်လီးယပ်စ်၊ ဗင်းဒ်နဲ့ စကော့ဗ် အော်လ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဩစတြီးယားတို့ကတော့ သူတို့အသင်းကို မလိုအပ်ဘဲ အပြောင်းအလဲလုပ်တာလား လူချွေတာတာလားတော့ မသိဘဲ နည်းပြ ရန်းနစ်ခ်အနေနဲ့ ပွဲတိုင်းမှာ တော်တော်လေး ကွာခြားချက်ကြီးမားတဲ့ လူစာရင်းတွေကို ချပြနေသလို ဒီနေ့ပွဲမှာ ဂိုးသမား လင်ဒါ၊ ခံစစ်မှာ ဒန်ဆို၊ ဗင်းမား၊ ထရော်နာ၊ ထရင်းမဲလ်တို့ကို သုံးခဲ့ပြီး ကွင်းလယ်မှာ ဆာဘစ်ဇာ၊ ဆိုင်ဗဲလ်၊ ရှလေဂါနဲ့ လာဇာရိုတို့ကို သုံးခဲ့သလို တိုက်စစ်မှာ ဗိုင်းမန်းနဲ့ ကာလိုင်ဂျစ်တို့ကို သုံးခဲ့တာပါ။

အိမ်ကွင်းမှာ ဒိန်းမတ်တို့ အသာစီးနဲ့ ကစားနိုင်ခဲ့ကြပြီး အာနော်တိုဗစ်ချ်၊ အလာဘာ၊ လိုင်မာ၊ လိုင်နာ၊ ပန့်ဇ်တို့လို ကစားသမားကောင်းတွေကို ချန်လှပ်ထားခဲ့ချိန်မှာ ရန်းနစ်ခ်ရဲ့ ဩစတြီးယားတို့ ယှဉ်ကစားဖို့ ခက်ခဲ့ပြီး ကောင်တာတွေနဲ့ ထိုးဖောက်ခဲ့ရပေမယ့် အိမ်ရှင်ခံစစ်က လျော့လျဲနေခဲ့လို့ ဂိုးသမား ရှမိုက်ကယ်ကတော့ အလုပ်များခဲ့ရပါသေးတယ်။

ဒိန်းမတ်တို့ အခွင့်အရေးတွေကို ဖြုန်းတီးတာ များခဲ့သလို အဝေးကန်ချက်နဲ့ ဖြတ်တင်ဘောတွေကို အသုံးမချနိုင်မှုက သူတို့ကို ဂိုးရဖို့အတွက် စောင့်ဆိုင်းစေခဲ့ရပြီး ဒီနေ့ပွဲမှာ နည်းပြ ကက်စ်ပါ ဟယူးလ်မန်းဒ်က ကွင်းလယ်ဖန်တီးရှင် အဲရစ်ဆန်ကို အနားပေးထားခဲ့တာကလည်း သူတို့အနေနဲ့ တောင်ပံတွေကို ပိုမိုအားပြုဖို့ ဖြစ်လာခဲ့တာပါ။

ပွဲချိန် ၂၁ မိနစ်မှာတော့ ဒိန်းမတ်တို့တွေ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ခံစစ်ကနေ Diagonal Long Pass တင်ပေးလိုက်တာကို ဖျက်ထုတ်ဖို့ ပျက်ကွက်တဲ့ ဩစတြီးယားနောက်ခံလူ ဒန်ဆိုနဲ့ ထရင်မဲလ်တို့ရဲ့ကြားကနေ ရယူသွားတဲ့ မေလီက ဧရိယာထဲကို Cut Back ပြန်လုပ်ပေးရာမှာ တိုက်စစ်မှူး ဗင်းဒ်က တိတိကျကျ ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဩစတြီးယားနောက်ခံလူ ဒန်ဆိုကတော့ ရန်းနစ်ခ် ကိုင်တွယ်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံလူတွေထဲက ဖီးလ် ဂျုံးစ်၊ မက်ဂွိုင်းယားနဲ့ ဝန်ဘစ်ဆာကာတို့ ပေါင်းထားတဲ့ အမှားမျိုးတွေကို ကျူးလွန်နေခဲ့ပြီး ခေါင်းတိုက်ဖျက်ထုတ်မှုတွေကို လုပ်ရော လုပ်တတ်ရဲ့လားလို့တောင် မေးရမလိုဖြစ်နေခဲ့ချိန်မှာ အသင်းရဲ့ ပေးဂိုးတွေကို သူ့ဆီက ခွင့်ပြုဖို့ ဖြစ်လာခဲ့တာပါ။

ပွဲချိန် ၃၇ မိနစ်မှာတော့ ဒန်ဆိုရဲ့ ခေါင်းတိုက်ပြီး မထိတဲ့ အမှားကနေ ဒိန်းမတ်တို့ ဘောလုံးပြန်ရသွားခဲ့ပြီး ကော်နယ်လီးယပ်စ်နဲ့ ဗင်းဒ်တို့ရဲ့ ဆက်တိုက် အမြန်ပေးပို့မှုကနေ ဩစတြီးယားခံစစ်ကြောင်းကို ကျော်ဖြတ်သွားခဲ့တဲ့ စကော့ဗ် အော်လ်ဆန်က ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ဘယ်ဘက်ကို အနိမ့်ဘော ကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဒိန်းမတ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့လို့ ဒုတိယပိုင်းအစမှာ ရန်းနစ်ခ်အနေနဲ့ ရှလေဂါ၊ ဗင်းမား၊ လာဇာရိုတို့နေရာတွေမှာ လိုင်မာ၊ အိုနီဆီဝိုနဲ့ လိုင်နာတို့ကို ထည့်သွင်းသွားခဲ့ပြီး ဒိန်းမတ်ဘက်ကတော့ ဂိုးသွင်းရှင် အော်လ်ဆန်နဲ့ တိုက်စစ်မှူး ကော်နယ်လီးယပ်စ်တို့ နေရာတွေမှာ ဘီလင်းနဲ့ ဘရိတ်သ်ဝိတ်တို့ကို ထည့်သွင်းသွားခဲ့တာပါ။

ဒါပေမယ့် ဒုတိယပိုင်းမှာလည်း ဩစတြီးယားတို့ အလုပ်မဖြစ်သလို အညံ့ဆုံးကစားသမား ဒန်ဆိုကိုလည်း မလဲခဲ့လို့ ဒိန်းမတ်တို့ရဲ့ ဖိအားမှာပဲ ရုန်းကန်နေခဲ့ရပြီး ကာလိုင်ဂျစ်နဲ့ ဗိုင်းမန်းတို့အစား အာနော်တိုဗစ်ချ်နဲ့ ဂရီဂေါ်ရစ်ချ်တို့ကို ထည့်သွင်းခဲ့ပေမယ့် ဂိုးပြန်ရဖို့တော့ မတတ်နိုင်ခဲ့သလို အိမ်ရှင်ဘက်ကလည်း အဲရစ်ဆန်၊ နယ်လ်ဆန်တို့ကို ထည့်ပြီး ထိန်းကစားသွားခဲ့တာကြောင့် ပွဲအပြီးမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ဒီနေ့ပွဲကို အနိုင်ရရှိခဲ့တဲ့ ဒိန်းမတ်တို့အနေနဲ့ နေးရှင်းလိဂ်(A) အုပ်စု ၁ မှာ လေးပွဲကစား သုံးပွဲနိုင် တစ်ပွဲရှုံး၊ ရမှတ် ၉ မှတ်နဲ့ အုပ်စုကို ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ကြပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးသွားခဲ့တဲ့ ဩစတြီးယားတို့ကတော့ ခရိုအေးရှားတို့ရဲ့အောက် အဆင့် ၃ နေရာကို ဆင်းပေးခဲ့ရကြောင်းလည်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒိန္းမတ္အသင္းအေနနဲ႔ ဒီေန႔မွာ အိမ္ကြင္းကစားခဲ့ရၿပီး ဂိုးသမား ရွမိုက္ကယ္၊ ခံစစ္မွာ ဘြိဳင္းလ္စ္ဆန္၊ ခရစၥတင္ဆန္နဲ႔ အန္ဒါဆန္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေမလီ၊ ယန္ဆန္၊ ဟြိဳင္ဘယာ့ဂ္နဲ႔ ရက္စ္မတ္စ္ ခရစၥတင္ဆန္တို႔ကို အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ ေကာ္နယ္လီးယပ္စ္၊ ဗင္းဒ္နဲ႔ စေကာ့ဗ္ ေအာ္လ္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဩစႀတီးယားတို႔ကေတာ့ သူတို႔အသင္းကို မလိုအပ္ဘဲ အေျပာင္းအလဲလုပ္တာလား လူေခြၽတာတာလားေတာ့ မသိဘဲ နည္းျပ ရန္းနစ္ခ္အေနနဲ႔ ပြဲတိုင္းမွာ ေတာ္ေတာ္ေလး ကြာျခားခ်က္ႀကီးမားတဲ့ လူစာရင္းေတြကို ခ်ျပေနသလို ဒီေန႔ပြဲမွာ ဂိုးသမား လင္ဒါ၊ ခံစစ္မွာ ဒန္ဆို၊ ဗင္းမား၊ ထေရာ္နာ၊ ထရင္းမဲလ္တို႔ကို သုံးခဲ့ၿပီး ကြင္းလယ္မွာ ဆာဘစ္ဇာ၊ ဆိုင္ဗဲလ္၊ ရွေလဂါနဲ႔ လာဇာ႐ိုတို႔ကို သုံးခဲ့သလို တိုက္စစ္မွာ ဗိုင္းမန္းနဲ႔ ကာလိုင္ဂ်စ္တို႔ကို သုံးခဲ့တာပါ။

အိမ္ကြင္းမွာ ဒိန္းမတ္တို႔ အသာစီးနဲ႔ ကစားႏိုင္ခဲ့ၾကၿပီး အာေနာ္တိုဗစ္ခ်္၊ အလာဘာ၊ လိုင္မာ၊ လိုင္နာ၊ ပန႔္ဇ္တို႔လို ကစားသမားေကာင္းေတြကို ခ်န္လွပ္ထားခဲ့ခ်ိန္မွာ ရန္းနစ္ခ္ရဲ႕ ဩစႀတီးယားတို႔ ယွဥ္ကစားဖို႔ ခက္ခဲ့ၿပီး ေကာင္တာေတြနဲ႔ ထိုးေဖာက္ခဲ့ရေပမယ့္ အိမ္ရွင္ခံစစ္က ေလ်ာ့လ်ဲေနခဲ့လို႔ ဂိုးသမား ရွမိုက္ကယ္ကေတာ့ အလုပ္မ်ားခဲ့ရပါေသးတယ္။

ဒိန္းမတ္တို႔ အခြင့္အေရးေတြကို ျဖဳန္းတီးတာ မ်ားခဲ့သလို အေဝးကန္ခ်က္နဲ႔ ျဖတ္တင္ေဘာေတြကို အသုံးမခ်ႏိုင္မႈက သူတို႔ကို ဂိုးရဖို႔အတြက္ ေစာင့္ဆိုင္းေစခဲ့ရၿပီး ဒီေန႔ပြဲမွာ နည္းျပ ကက္စ္ပါ ဟယူးလ္မန္းဒ္က ကြင္းလယ္ဖန္တီးရွင္ အဲရစ္ဆန္ကို အနားေပးထားခဲ့တာကလည္း သူတို႔အေနနဲ႔ ေတာင္ပံေတြကို ပိုမိုအားျပဳဖို႔ ျဖစ္လာခဲ့တာပါ။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ဒိန္းမတ္တို႔ေတြ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၾကၿပီး ခံစစ္ကေန Diagonal Long Pass တင္ေပးလိုက္တာကို ဖ်က္ထုတ္ဖို႔ ပ်က္ကြက္တဲ့ ဩစႀတီးယားေနာက္ခံလူ ဒန္ဆိုနဲ႔ ထရင္မဲလ္တို႔ရဲ႕ၾကားကေန ရယူသြားတဲ့ ေမလီက ဧရိယာထဲကို Cut Back ျပန္လုပ္ေပးရာမွာ တိုက္စစ္မႉး ဗင္းဒ္က တိတိက်က် ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဩစႀတီးယားေနာက္ခံလူ ဒန္ဆိုကေတာ့ ရန္းနစ္ခ္ ကိုင္တြယ္ခဲ့ဖူးတဲ့ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေတြထဲက ဖီးလ္ ဂ်ဳံးစ္၊ မက္ဂြိဳင္းယားနဲ႔ ဝန္ဘစ္ဆာကာတို႔ ေပါင္းထားတဲ့ အမွားမ်ိဳးေတြကို က်ဴးလြန္ေနခဲ့ၿပီး ေခါင္းတိုက္ဖ်က္ထုတ္မႈေတြကို လုပ္ေရာ လုပ္တတ္ရဲ႕လားလို႔ေတာင္ ေမးရမလိုျဖစ္ေနခဲ့ခ်ိန္မွာ အသင္းရဲ႕ ေပးဂိုးေတြကို သူ႔ဆီက ခြင့္ျပဳဖို႔ ျဖစ္လာခဲ့တာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ဒန္ဆိုရဲ႕ ေခါင္းတိုက္ၿပီး မထိတဲ့ အမွားကေန ဒိန္းမတ္တို႔ ေဘာလုံးျပန္ရသြားခဲ့ၿပီး ေကာ္နယ္လီးယပ္စ္နဲ႔ ဗင္းဒ္တို႔ရဲ႕ ဆက္တိုက္ အျမန္ေပးပို႔မႈကေန ဩစႀတီးယားခံစစ္ေၾကာင္းကို ေက်ာ္ျဖတ္သြားခဲ့တဲ့ စေကာ့ဗ္ ေအာ္လ္ဆန္က ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ဘယ္ဘက္ကို အနိမ့္ေဘာ ကန္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ဒိန္းမတ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့လို႔ ဒုတိယပိုင္းအစမွာ ရန္းနစ္ခ္အေနနဲ႔ ရွေလဂါ၊ ဗင္းမား၊ လာဇာ႐ိုတို႔ေနရာေတြမွာ လိုင္မာ၊ အိုနီဆီဝိုနဲ႔ လိုင္နာတို႔ကို ထည့္သြင္းသြားခဲ့ၿပီး ဒိန္းမတ္ဘက္ကေတာ့ ဂိုးသြင္းရွင္ ေအာ္လ္ဆန္နဲ႔ တိုက္စစ္မႉး ေကာ္နယ္လီးယပ္စ္တို႔ ေနရာေတြမွာ ဘီလင္းနဲ႔ ဘရိတ္သ္ဝိတ္တို႔ကို ထည့္သြင္းသြားခဲ့တာပါ။

ဒါေပမယ့္ ဒုတိယပိုင္းမွာလည္း ဩစႀတီးယားတို႔ အလုပ္မျဖစ္သလို အညံ့ဆုံးကစားသမား ဒန္ဆိုကိုလည္း မလဲခဲ့လို႔ ဒိန္းမတ္တို႔ရဲ႕ ဖိအားမွာပဲ ႐ုန္းကန္ေနခဲ့ရၿပီး ကာလိုင္ဂ်စ္နဲ႔ ဗိုင္းမန္းတို႔အစား အာေနာ္တိုဗစ္ခ်္နဲ႔ ဂရီေဂၚရစ္ခ်္တို႔ကို ထည့္သြင္းခဲ့ေပမယ့္ ဂိုးျပန္ရဖို႔ေတာ့ မတတ္ႏိုင္ခဲ့သလို အိမ္ရွင္ဘက္ကလည္း အဲရစ္ဆန္၊ နယ္လ္ဆန္တို႔ကို ထည့္ၿပီး ထိန္းကစားသြားခဲ့တာေၾကာင့္ ပြဲအၿပီးမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ရလဒ္ထြက္ေပၚခဲ့ပါတယ္။

ဒီေန႔ပြဲကို အႏိုင္ရရွိခဲ့တဲ့ ဒိန္းမတ္တို႔အေနနဲ႔ ေနးရွင္းလိဂ္(A) အုပ္စု ၁ မွာ ေလးပြဲကစား သုံးပြဲႏိုင္ တစ္ပြဲရႈံး၊ ရမွတ္ ၉ မွတ္နဲ႔ အုပ္စုကို ထိပ္ဆုံးက ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး တစ္ပြဲႏိုင္၊ တစ္ပြဲသေရ၊ ႏွစ္ပြဲရႈံးသြားခဲ့တဲ့ ဩစႀတီးယားတို႔ကေတာ့ ခ႐ိုေအးရွားတို႔ရဲ႕ေအာက္ အဆင့္ ၃ ေနရာကို ဆင္းေပးခဲ့ရေၾကာင္းလည္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.