Premier League

ဘလွန်ဒေါဆုအတွက် ပြိုင်ဘက်တွေကို သတိပေးပြောဆိုလိုက်တဲ့ ဆာလား

လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ ဘလွန်ဒေါဆုကို ရရှိဖို့ ကြိုးပမ်းနေတာကြောင့် ခံစစ်မှူးတွေကို ဆက်လက်ပြီး ကြောက်ရွံ့နေအောင် လုပ်သွားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းမှာ အထင်ကြီးဖွယ်ရာသီအများအပြား ပိုင်ဆိုင်ခဲ့ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ နောက်ထပ် ဥရောပဖလားဗိုလ်လုပွဲ ၂ ကြိမ်အထိ တက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပေမယ့်လည်း ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးမားဆုံးတစ်ဦးချင်းဆုဖြစ်တဲ့ ဘလွန်ဒေါဆုနဲ့ ဝေးကွာနေဆဲဖြစ်ပါတယ်။

မိုဟာမက် ဆာလားဟာ PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုနဲ့ အားကစားကလောင်ရှင်များအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတွေကို ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီအတွက် ရရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့လက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ယခုနှစ် ဘလွန်ဒေါဆုကို ရရှိဖွယ်မရှိဘဲ ကာရင် ဘင်ဇီးမားက ဆုရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဘလွန်ဒေါဆုအတွက် မဲပေးရာမှာ ဆာလားဟာ အဆင့် ၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး အများစုကတော့ အီဂျစ်တိုက်စစ်မှူးအပေါ် မလေးမစားပြုမူမှုအဖြစ် ရှုမြင်ခဲ့ကြတာ ဖြစ်ပါတယ်။ လီဗာပူးလ်တိုက်စစ်မှူးက ပြီးခဲ့တဲ့နှစ် ဘလွန်ဒေါဆုအတွက် ရပ်တည်မှုကြောင့် တုန်လှုပ်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပြီး ဂုဏ်သိက္ခာအကြီးမားဆုံး တစ်ဦးချင်းဆုတံဆိပ်ကို ရရှိဖို့အတွက် ဆက်လက်ပြီး အောင်မြင်မှု ရရှိအောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားအဖြစ် အသိအမှတ်ပြုခံချင်ပါတယ်။ ဘလွန်ဒေါက ကျွန်တော့်ရဲ့ ပန်းတိုင်တွေထဲမှာ ရှေ့ဆုံးက ရှိနေပါတယ်။ ကျွန်တော် ဘလွန်ဒေါဆုရရှိဖူးတဲ့ တစ်ဦးတည်းသော အာဖရိကန်ကစားသမား ဂျော့ဂျ် ဝေ့နဲ့အတူ ဆုရရှိတဲ့ အာဖရိကန်ကစားသမားဖြစ်ချင်ပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက ကျွန်တော့်ရဲ့ အဆင့်ရပ်တည်ချက်ကြောင့် အံ့အားသင့်တုန်လှုပ်မိခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ဒီနှစ်အတွက်တော့ ဗိုလ်လုပွဲမှာ ကျွန်တော် ပွဲကောင်းတစ်ပွဲ ကစားခဲ့တယ်ဆိုရင်တောင်မှ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့မှုက အားနည်းချက်ဖြစ်ခဲ့ပါတယ်”

“ဒါပေမယ့် အဲဒါက ကျွန်တော် လပေါင်းများစွာ အောင်မြင်ခဲ့တဲ့အရာအားလုံးကို ပယ်ဖျက်မပစ်နိုင်ပါဘူး။ တကယ်လို့ ကျွန်တော် ၂၀၂၂ ခုနှစ်အတွက် ဘလွန်ဒေါဆုကို မရရှိခဲ့ဘူးဆိုရင်လည်း လာမယ့်နှစ်အတွက် ဆုရရှိမယ့်သူက ကျွန်တော်ဖြစ်နိုင်အောင် အရာအားလုံးကို လုပ်ဆောင်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

မိုဟာမက် ဆာလားဟာ ၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းကနေ ပေါင် ၃၄ သန်းနဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့လာပြီးကတည်းက ပရီးမီးယားလိဂ်နောက်ခံကစားသမားတွေကို အနိုင်ယူနိုင်ခဲ့တဲ့ ထိပ်တန်း အလိမ်အခေါက်ကျွမ်းကျင်သူနဲ့ အဆုံးသတ်သူ ဖြစ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေကို သူတို့ကိုယ်ကို သူတို့ ‘သေစမ်း၊ သူနဲ့ ထပ်တွေ့ပြန်ပြီကွာ’လို့ ပြောစေချင်ပါတယ်။ ကျွန်တော့်ရဲ့ပန်းတိုင်က သူ ပြန်ဆယ်ယူဖို့ အချိန်မရရှိစေဖို့ပါ။ မိနစ် ၉၀ စလုံး အချိန်တိုင်းမှာ သူ ခြိမ်းခြောက်မှုတွေကို ခံစားစေရမယ်”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ ဆာလားဟာ ဘလြန္ေဒါဆုကို ရရွိဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ ခံစစ္မႉးေတြကို ဆက္လက္ၿပီး ေၾကာက္႐ြံ႕ေနေအာင္ လုပ္သြားခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အီဂ်စ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ လီဗာပူးလ္အသင္းမွာ အထင္ႀကီးဖြယ္ရာသီအမ်ားအျပား ပိုင္ဆိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ ေနာက္ထပ္ ဥေရာပဖလားဗိုလ္လုပြဲ ၂ ႀကိမ္အထိ တက္ေရာက္ႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့ေပမယ့္လည္း ကမာၻ႔ေဘာလုံးေလာကရဲ႕ အႀကီးမားဆုံးတစ္ဦးခ်င္းဆုျဖစ္တဲ့ ဘလြန္ေဒါဆုနဲ႔ ေဝးကြာေနဆဲျဖစ္ပါတယ္။

မိုဟာမက္ ဆာလားဟာ PFA ရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုနဲ႔ အားကစားကေလာင္ရွင္မ်ားအသင္းရဲ႕ တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆုေတြကို ၿပီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီအတြက္ ရရွိခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့လက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ယခုႏွစ္ ဘလြန္ေဒါဆုကို ရရွိဖြယ္မရွိဘဲ ကာရင္ ဘင္ဇီးမားက ဆုရရွိဖို႔ ေရပန္းအစားဆုံး ျဖစ္ေနတာျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္ ဘလြန္ေဒါဆုအတြက္ မဲေပးရာမွာ ဆာလားဟာ အဆင့္ ၇ ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ၿပီး အမ်ားစုကေတာ့ အီဂ်စ္တိုက္စစ္မႉးအေပၚ မေလးမစားျပဳမူမႈအျဖစ္ ရႈျမင္ခဲ့ၾကတာ ျဖစ္ပါတယ္။ လီဗာပူးလ္တိုက္စစ္မႉးက ၿပီးခဲ့တဲ့ႏွစ္ ဘလြန္ေဒါဆုအတြက္ ရပ္တည္မႈေၾကာင့္ တုန္လႈပ္ခဲ့ရတယ္လို႔ ဝန္ခံခဲ့ၿပီး ဂုဏ္သိကၡာအႀကီးမားဆုံး တစ္ဦးခ်င္းဆုတံဆိပ္ကို ရရွိဖို႔အတြက္ ဆက္လက္ၿပီး ေအာင္ျမင္မႈ ရရွိေအာင္ လုပ္ေဆာင္သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ ကမာၻေပၚက အေကာင္းဆုံးကစားသမားအျဖစ္ အသိအမွတ္ျပဳခံခ်င္ပါတယ္။ ဘလြန္ေဒါက ကြၽန္ေတာ့္ရဲ႕ ပန္းတိုင္ေတြထဲမွာ ေရွ႕ဆုံးက ရွိေနပါတယ္။ ကြၽန္ေတာ္ ဘလြန္ေဒါဆုရရွိဖူးတဲ့ တစ္ဦးတည္းေသာ အာဖရိကန္ကစားသမား ေဂ်ာ့ဂ်္ ေဝ့နဲ႔အတူ ဆုရရွိတဲ့ အာဖရိကန္ကစားသမားျဖစ္ခ်င္ပါတယ္။ ၂၀၂၁ ခုႏွစ္တုန္းက ကြၽန္ေတာ့္ရဲ႕ အဆင့္ရပ္တည္ခ်က္ေၾကာင့္ အံ့အားသင့္တုန္လႈပ္မိခဲ့တယ္ဆိုတာ အမွန္ပါပဲ။ ဒီႏွစ္အတြက္ေတာ့ ဗိုလ္လုပြဲမွာ ကြၽန္ေတာ္ ပြဲေကာင္းတစ္ပြဲ ကစားခဲ့တယ္ဆိုရင္ေတာင္မွ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ခဲ့မႈက အားနည္းခ်က္ျဖစ္ခဲ့ပါတယ္”

“ဒါေပမယ့္ အဲဒါက ကြၽန္ေတာ္ လေပါင္းမ်ားစြာ ေအာင္ျမင္ခဲ့တဲ့အရာအားလုံးကို ပယ္ဖ်က္မပစ္ႏိုင္ပါဘူး။ တကယ္လို႔ ကြၽန္ေတာ္ ၂၀၂၂ ခုႏွစ္အတြက္ ဘလြန္ေဒါဆုကို မရရွိခဲ့ဘူးဆိုရင္လည္း လာမယ့္ႏွစ္အတြက္ ဆုရရွိမယ့္သူက ကြၽန္ေတာ္ျဖစ္ႏိုင္ေအာင္ အရာအားလုံးကို လုပ္ေဆာင္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

မိုဟာမက္ ဆာလားဟာ ၂၀၁၇ ခုႏွစ္မွာ ႐ိုးမားအသင္းကေန ေပါင္ ၃၄ သန္းနဲ႔ ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ပရီးမီးယားလိဂ္ေနာက္ခံကစားသမားေတြကို အႏိုင္ယူႏိုင္ခဲ့တဲ့ ထိပ္တန္း အလိမ္အေခါက္ကြၽမ္းက်င္သူနဲ႔ အဆုံးသတ္သူ ျဖစ္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္ရဲ႕ ၿပိဳင္ဘက္ေတြကို သူတို႔ကိုယ္ကို သူတို႔ ‘ေသစမ္း၊ သူနဲ႔ ထပ္ေတြ႕ျပန္ၿပီကြာ’လို႔ ေျပာေစခ်င္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ပန္းတိုင္က သူ ျပန္ဆယ္ယူဖို႔ အခ်ိန္မရရွိေစဖို႔ပါ။ မိနစ္ ၉၀ စလုံး အခ်ိန္တိုင္းမွာ သူ ၿခိမ္းေျခာက္မႈေတြကို ခံစားေစရမယ္”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.