Premier League

အာဆင်နယ်ကို ငြင်းဖို့ ဂျေဆူးကို တိုက်တွန်းလိုက်တဲ့ လီဗာပူးလ်ကြယ်ပွင့်ဟောင်း

ယခုနွေရာသီမှာ အသင်းအများအပြားက ခေါ်ယူချင်နေတဲ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးကို အာဆင်နယ်ကို ငြင်းပယ်ဖို့ တောင်းဆိုခြင်းခံခဲ့ရပြီး လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးအသင်းဆီကို ပြောင်းရွေ့ဖို့ ပြောကြားခြင်းခံခဲ့ရပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးရဲ့ အစ်တီဟတ်က အနာဂတ်ဟာ မရေမရာဖြစ်နေတာကြောင့် ကောလာဟလတွေ မျိုးစုံ ထွက်ပေါ်နေပြီး အာလင်း ဟာလန်းနဲ့ ယူလီယန် အဲဗားရက်ဇ်တို့ဟာ လာမယ့်ရာသီ မန်စီးတီးလူစာရင်းထဲ ပါဝင်လာတော့မှာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ၂ သင်းစလုံးဟာ အစ်တီဟတ်ကို စွန့်ခွာဖွယ်ရှိနေတဲ့ ဂျေဆူးကို ယခုနွေရာသီမှာ အရခေါ်ယူဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ ၄၁ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ ကြယ်ပွင့်တိုက်စစ်မှူးကို လာမယ့်နှစ်နွေရာသီမှာ အလွတ်နဲ့ ဆုံးရှုံးရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဂါဘရီယယ်လ် ဂျေဆူးရဲ့ အပြောင်းအရွှေ့အကြောင်း စကားပြောဆိုရာမှာ လီဗာပူးလ်တိုက်စစ်မှူးဟောင်း စတန် ကော်လီမိုးက “ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတယ်ဆိုတဲ့ ကောလာဟလတွေထွက်နေပြီး အာဆင်နယ်က ဒီနွေရာသီမှာ သူ့အတွက် ပြိုင်ပွဲဝင်နေတဲ့ တစ်ခုတည်းသော အသင်းလို့ ကျွန်တော် မထင်ပါဘူး”

“အာဆင်နယ်က သူ့ကို ရသွားပြီပဲ ထားပါတော့။ ကျွန်တော့်ရဲ့ အာဆင်နယ်နဲ့ပတ်သက်ပြီး အထွေထွေ စိုးရိမ်ပူပင်မှုတွေက ဂျေဆူးရဲ့ အကောင်းဆုံးပုံစံကို အာတီတာက ရအောင် လုပ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်နိုင်လား။ သူက သူ့ရဲ့ အလားအလာအတိုင်း ပြည့်မြောက်အောင် လုပ်ပေးနိုင်တဲ့ နည်းပြဖြစ်နိုင်လား။ ဂွါဒီယိုလာတောင် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်ကတော့ သူလုပ်နိုင်လို့ မထင်ပါဘူး။ ဒါပေမယ့် သူ ချဲလ်ဆီးကို သွားမယ်ဆိုရင် သူက အလားအလာရှိပေမယ့် မဖြစ်လာတဲ့ လူကာကူးလို ကစားသမားဖြစ်မှာမဟုတ်ပါဘူး။ ချဲလ်ဆီးမှာ သူတို့တွေက အခွင့်အရေးတွေ အများကြီးဖန်တီးတယ်”

“သူတို့တွေက ပင်နယ်တီဧရိယာထဲကို ဘောလုံးကို ပေးပို့မယ်။ ဂျေဆူးက ပင်နယ်တီဧရိယာထဲက မြေခွေးတစ်ကောင်ဖြစ်လာနိုင်ပါတယ်။ ကျွန်တော် မကြာခဏ သူတို့တွေ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ဂျေဆူးသာ ပင်နယ်တီဧရိယာထဲမှာ တကယ်ကောင်းမွန်တဲ့အလုပ်အချို့ကို အာရုံစိုက်နိုင်ရင် သူက အဲဒီလို လူမျိုး ဖြစ်လာပါလိမ့်မယ်။ အာဆင်နယ်မှာဆိုရင် သူတို့မှာ လူသစ်ဖြစ်နေသေးတဲ့ စမစ် ရိုးနဲ့ ဆာကာတို့လို ကစားသမား ၂ ဦးရှိပြီး သူတို့တွေက နောက်ထပ် ၂ နှစ်လောက်အထိ အာဆင်နယ်ရှပ်ကို ဝတ်ဆင်နေဦးမလားဆိုတာ ကျွန်တော်တို့ သေချာမသိနိုင်ပါဘူး။ အဲဒီတော့ ကျွန်တော်သာ ဂျေဆူးဆိုရင် စတမ်းဖို့ဒ် ဘရစ်ချ်ကိုပဲ သွားမှာပါ”

“မေဆန် မောင့်၊ ခိုင် ဟာဗတ်ဇ်နဲ့ တီမို ဗာနာသာ ဆက်နေမယ်ဆိုရင် သူက ကျွန်တော့်အတွက် ဂိုးတွေ လက်တင်သွင်းနိုင်အောင် လုပ်ပေးလိမ့်မယ်လို့ ကျွန်တော် တွေးမှာပါ။ ကျွန်တော့်အနေနဲ့ သွင်းဂိုး ၂၅ ဂိုးအထိ သွင်းယူနိုင်ပြီး လာမယ့်ရာသီမှာ သူတို့ရဲ့ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားဖြစ်လာပါလိမ့်မယ်။ သူ မလုပ်နိုင်မယ့်အရာက အာဆင်နယ်ကို လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်ပါ။ ဘာလို့လဲဆိုတော့ သူတို့အတွက်က အဆုံးသတ်ပေးမယ့်သူပဲ လိုအပ်နေတာမဟုတ်တာကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ယခုေႏြရာသီမွာ အသင္းအမ်ားအျပားက ေခၚယူခ်င္ေနတဲ့ မန္ခ်က္စတာစီးတီး တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးကို အာဆင္နယ္ကို ျငင္းပယ္ဖို႔ ေတာင္းဆိုျခင္းခံခဲ့ရၿပီး လန္ဒန္ၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းဆီကို ေျပာင္းေ႐ြ႕ဖို႔ ေျပာၾကားျခင္းခံခဲ့ရပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးရဲ႕ အစ္တီဟတ္က အနာဂတ္ဟာ မေရမရာျဖစ္ေနတာေၾကာင့္ ေကာလာဟလေတြ မ်ိဳးစုံ ထြက္ေပၚေနၿပီး အာလင္း ဟာလန္းနဲ႔ ယူလီယန္ အဲဗားရက္ဇ္တို႔ဟာ လာမယ့္ရာသီ မန္စီးတီးလူစာရင္းထဲ ပါဝင္လာေတာ့မွာျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔ ၂ သင္းစလုံးဟာ အစ္တီဟတ္ကို စြန႔္ခြာဖြယ္ရွိေနတဲ့ ေဂ်ဆူးကို ယခုေႏြရာသီမွာ အရေခၚယူဖို႔အတြက္ ႀကိဳးပမ္းေနတာျဖစ္ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီ ၄၁ ပြဲမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ၁၂ လသာ က်န္ရွိေတာ့တာေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံေတြဟာ ၾကယ္ပြင့္တိုက္စစ္မႉးကို လာမယ့္ႏွစ္ေႏြရာသီမွာ အလြတ္နဲ႔ ဆုံးရႈံးရႏိုင္တဲ့ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဂါဘရီယယ္လ္ ေဂ်ဆူးရဲ႕ အေျပာင္းအေ႐ႊ႕အေၾကာင္း စကားေျပာဆိုရာမွာ လီဗာပူးလ္တိုက္စစ္မႉးေဟာင္း စတန္ ေကာ္လီမိုးက “ခ်ဲလ္ဆီးအသင္းက စိတ္ဝင္စားေနတယ္ဆိုတဲ့ ေကာလာဟလေတြထြက္ေနၿပီး အာဆင္နယ္က ဒီေႏြရာသီမွာ သူ႔အတြက္ ၿပိဳင္ပြဲဝင္ေနတဲ့ တစ္ခုတည္းေသာ အသင္းလို႔ ကြၽန္ေတာ္ မထင္ပါဘူး”

“အာဆင္နယ္က သူ႔ကို ရသြားၿပီပဲ ထားပါေတာ့။ ကြၽန္ေတာ့္ရဲ႕ အာဆင္နယ္နဲ႔ပတ္သက္ၿပီး အေထြေထြ စိုးရိမ္ပူပင္မႈေတြက ေဂ်ဆူးရဲ႕ အေကာင္းဆုံးပုံစံကို အာတီတာက ရေအာင္ လုပ္ႏိုင္မယ္လို႔ ကြၽန္ေတာ္တို႔ ယုံၾကည္ႏိုင္လား။ သူက သူ႔ရဲ႕ အလားအလာအတိုင္း ျပည့္ေျမာက္ေအာင္ လုပ္ေပးႏိုင္တဲ့ နည္းျပျဖစ္ႏိုင္လား။ ဂြါဒီယိုလာေတာင္ မလုပ္ႏိုင္ဘူးဆိုရင္ ကြၽန္ေတာ္ကေတာ့ သူလုပ္ႏိုင္လို႔ မထင္ပါဘူး။ ဒါေပမယ့္ သူ ခ်ဲလ္ဆီးကို သြားမယ္ဆိုရင္ သူက အလားအလာရွိေပမယ့္ မျဖစ္လာတဲ့ လူကာကူးလို ကစားသမားျဖစ္မွာမဟုတ္ပါဘူး။ ခ်ဲလ္ဆီးမွာ သူတို႔ေတြက အခြင့္အေရးေတြ အမ်ားႀကီးဖန္တီးတယ္”

“သူတို႔ေတြက ပင္နယ္တီဧရိယာထဲကို ေဘာလုံးကို ေပးပို႔မယ္။ ေဂ်ဆူးက ပင္နယ္တီဧရိယာထဲက ေျမေခြးတစ္ေကာင္ျဖစ္လာႏိုင္ပါတယ္။ ကြၽန္ေတာ္ မၾကာခဏ သူတို႔ေတြ လိုအပ္တယ္လို႔ ေျပာခဲ့ပါတယ္။ ေဂ်ဆူးသာ ပင္နယ္တီဧရိယာထဲမွာ တကယ္ေကာင္းမြန္တဲ့အလုပ္အခ်ိဳ႕ကို အာ႐ုံစိုက္ႏိုင္ရင္ သူက အဲဒီလို လူမ်ိဳး ျဖစ္လာပါလိမ့္မယ္။ အာဆင္နယ္မွာဆိုရင္ သူတို႔မွာ လူသစ္ျဖစ္ေနေသးတဲ့ စမစ္ ႐ိုးနဲ႔ ဆာကာတို႔လို ကစားသမား ၂ ဦးရွိၿပီး သူတို႔ေတြက ေနာက္ထပ္ ၂ ႏွစ္ေလာက္အထိ အာဆင္နယ္ရွပ္ကို ဝတ္ဆင္ေနဦးမလားဆိုတာ ကြၽန္ေတာ္တို႔ ေသခ်ာမသိႏိုင္ပါဘူး။ အဲဒီေတာ့ ကြၽန္ေတာ္သာ ေဂ်ဆူးဆိုရင္ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကိုပဲ သြားမွာပါ”

“ေမဆန္ ေမာင့္၊ ခိုင္ ဟာဗတ္ဇ္နဲ႔ တီမို ဗာနာသာ ဆက္ေနမယ္ဆိုရင္ သူက ကြၽန္ေတာ့္အတြက္ ဂိုးေတြ လက္တင္သြင္းႏိုင္ေအာင္ လုပ္ေပးလိမ့္မယ္လို႔ ကြၽန္ေတာ္ ေတြးမွာပါ။ ကြၽန္ေတာ့္အေနနဲ႔ သြင္းဂိုး ၂၅ ဂိုးအထိ သြင္းယူႏိုင္ၿပီး လာမယ့္ရာသီမွာ သူတို႔ရဲ႕ ပုံမွန္ပြဲထြက္ခြင့္ရကစားသမားျဖစ္လာပါလိမ့္မယ္။ သူ မလုပ္ႏိုင္မယ့္အရာက အာဆင္နယ္ကို လာမယ့္ရာသီအတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔အတြက္က အဆုံးသတ္ေပးမယ့္သူပဲ လိုအပ္ေနတာမဟုတ္တာေၾကာင့္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.