Premier League

ရော်နယ်လ်ဒို ဘယ်လောက်ကောင်းလဲဆိုတာ ကိန်းဂဏန်းတွေက စကားပြောနေတယ်လို့ ပြောခဲ့တဲ့ ဒါလော့တ်

မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမား ဒါလော့တ်က ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်မှာ နောက်ထပ် နှစ်ပေါင်းများစွာ ဆက်နေရှိနေလိမ့်မယ်လို့ မျှော်လင့်နေပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ နောက်ထပ် ရာသီအနည်းငယ်အထိ ဆက်ကစားနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုက ယခုနှစ် အစောပိုင်းတုန်းက အသက် ၄၀ ကျော်အရွယ်အထိ ကစားနိုင်လိမ့်မယ်လို့ ဆုတောင်းမိတယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး အဲဒီအတိုင်းသာ တကယ်ဖြစ်လာခဲ့ရင် ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးကို လာမယ့်ရာသီကုန်ပြီးနောက် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ကစားတာ မြင်တွေ့ကောင်း မြင်တွေ့ရနိုင်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းကို ဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့ပြီးဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ ၂၀၂၁-၂၀၂၂ ရာသီမှာ ပြိုင်ပွဲစုံ ၂၄ ဂိုးနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါလော့တ်က မန်ချက်စတာယူနိုက်တက်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ ၎င်းရဲ့ လက်ရွေးစင်အသင်းဖော်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

“ကိန်းဂဏန်းအချက်အလက်တွေက သူတို့ဘာသာ စကားပြောနိုင်တယ်လို့ ကျွန်တော် ထင်တယ်။ သူက ကျွန်တော် သူ့ကို ခေါ်နေကျအတိုင်းပဲ စက်ယန္တရားကြီးတစ်ခုပါ။ ကွင်းတွင်း၊ ကွင်းပြင်ပမှာ သူ အလုပ်လုပ်တဲ့ပုံစံ၊ ဒီလိုမျိုး စွမ်းဆောင်နိုင်ဖို့၊ ကျွန်တော်တို့ကို ဒီလို သွင်းဂိုးတွေနဲ့ ဒီလို စွမ်းဆောင်ရည်တွေ ပေးနိုင်ဖို့ နေ့စဉ်နေ့တိုင်း သူ့ကိုယ်သူ မောင်းနှင်နေတဲ့ပုံစံက လူသားစစ်စစ်တွေ လုပ်လို့ရနိုင်တဲ့အရာမျိုးမဟုတ်ပါဘူး”

“အဲဒါက ဒီအသင်းအတွက်၊ ပရိသတ်တွေအတွက် အပေါင်းလက္ခဏာလို့ ကျွန်တော် ထင်ပြီး ကျွန်တော်တို့ သူနဲ့ နောက်ထပ် နှစ်ပေါင်းများစွာ ရှိနေနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ သူ ဒီမှာ တသက်လုံးနေသွားမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိပေမယ့် သူ နောက်ထပ် နှစ်အနည်းငယ်လောက်အထိ ထပ်ပြီး ဘောလုံးကစားနိုင်လိမ့်မယ်ဆိုတာ သေချာပါတယ်။ သူ့မှာ နောက်ဆုံး ခွန်အားရှိသေးတဲ့အချိန်အထိ ကစားနိုင်ဖို့ သူ လုပ်နိုင်တာ အားလုံး လုပ်သွားမယ့်သူဆိုတာ ကျွန်တော် သေချာပါတယ်။ ဒါပေမယ့် အဲဒါက သူ့သဘောပါ။ ကျွန်တော်တို့က သူ ဒီမှာ ရှိနေချိန်မှာ သူကစားတာကြည့်ရင် ပျော်ရွှင်ခံစားဖို့ပဲ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို အံ့အားသင့်ဖွယ် တကျော့ပြန် ပြန်လည်ပြောင်းရွှေ့လာပြီးနောက် စိတ်ပျက်ဖွယ် ရာသီတစ်ခုကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက အဆင့် ၆ နေရာမှာသာ ရာသီပြီးဆုံးနိုင်ခဲ့တာကြောင့် ယခုလာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့် ရရှိတော့မှာမဟုတ်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုက မန်ချက်စတာယူနိုက်တက်အသင်းအပေါ် ယုံကြည်မှု ရှိနေဆဲဖြစ်ပြီး နည်းပြသစ် အဲရစ် တန်ဟက်ဂ်နဲ့ လက်တွဲအလုပ်လုပ်သွားချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္ ေနာက္ခံကစားသမား ဒါေလာ့တ္က ေပၚတူဂီလက္ေ႐ြးစင္အသင္းေဖာ္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္မွာ ေနာက္ထပ္ ႏွစ္ေပါင္းမ်ားစြာ ဆက္ေနရွိေနလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ ေနာက္ထပ္ ရာသီအနည္းငယ္အထိ ဆက္ကစားႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုက ယခုႏွစ္ အေစာပိုင္းတုန္းက အသက္ ၄၀ ေက်ာ္အ႐ြယ္အထိ ကစားႏိုင္လိမ့္မယ္လို႔ ဆုေတာင္းမိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး အဲဒီအတိုင္းသာ တကယ္ျဖစ္လာခဲ့ရင္ ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးကို လာမယ့္ရာသီကုန္ၿပီးေနာက္ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမွာ ကစားတာ ျမင္ေတြ႕ေကာင္း ျမင္ေတြ႕ရႏိုင္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ယခုႏွစ္ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းကို ဝင္ခြင့္ရရွိေအာင္ ကူညီေပးခဲ့ၿပီးျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းဟာ ၂၀၂၁-၂၀၂၂ ရာသီမွာ ၿပိဳင္ပြဲစုံ ၂၄ ဂိုးနဲ႔ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေလာ့တ္က မန္ခ်က္စတာယူႏိုက္တက္ရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္နဲ႔ အင္တာဗ်ဴးမွာ ၎ရဲ႕ လက္ေ႐ြးစင္အသင္းေဖာ္ကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။

“ကိန္းဂဏန္းအခ်က္အလက္ေတြက သူတို႔ဘာသာ စကားေျပာႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူက ကြၽန္ေတာ္ သူ႔ကို ေခၚေနက်အတိုင္းပဲ စက္ယႏၲရားႀကီးတစ္ခုပါ။ ကြင္းတြင္း၊ ကြင္းျပင္ပမွာ သူ အလုပ္လုပ္တဲ့ပုံစံ၊ ဒီလိုမ်ိဳး စြမ္းေဆာင္ႏိုင္ဖို႔၊ ကြၽန္ေတာ္တို႔ကို ဒီလို သြင္းဂိုးေတြနဲ႔ ဒီလို စြမ္းေဆာင္ရည္ေတြ ေပးႏိုင္ဖို႔ ေန႔စဥ္ေန႔တိုင္း သူ႔ကိုယ္သူ ေမာင္းႏွင္ေနတဲ့ပုံစံက လူသားစစ္စစ္ေတြ လုပ္လို႔ရႏိုင္တဲ့အရာမ်ိဳးမဟုတ္ပါဘူး”

“အဲဒါက ဒီအသင္းအတြက္၊ ပရိသတ္ေတြအတြက္ အေပါင္းလကၡဏာလို႔ ကြၽန္ေတာ္ ထင္ၿပီး ကြၽန္ေတာ္တို႔ သူနဲ႔ ေနာက္ထပ္ ႏွစ္ေပါင္းမ်ားစြာ ရွိေနႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ သူ ဒီမွာ တသက္လုံးေနသြားမွာမဟုတ္ဘူးဆိုတာ ကြၽန္ေတာ္ သိေပမယ့္ သူ ေနာက္ထပ္ ႏွစ္အနည္းငယ္ေလာက္အထိ ထပ္ၿပီး ေဘာလုံးကစားႏိုင္လိမ့္မယ္ဆိုတာ ေသခ်ာပါတယ္။ သူ႔မွာ ေနာက္ဆုံး ခြန္အားရွိေသးတဲ့အခ်ိန္အထိ ကစားႏိုင္ဖို႔ သူ လုပ္ႏိုင္တာ အားလုံး လုပ္သြားမယ့္သူဆိုတာ ကြၽန္ေတာ္ ေသခ်ာပါတယ္။ ဒါေပမယ့္ အဲဒါက သူ႔သေဘာပါ။ ကြၽန္ေတာ္တို႔က သူ ဒီမွာ ရွိေနခ်ိန္မွာ သူကစားတာၾကည့္ရင္ ေပ်ာ္႐ႊင္ခံစားဖို႔ပဲ လိုအပ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို အံ့အားသင့္ဖြယ္ တေက်ာ့ျပန္ ျပန္လည္ေျပာင္းေ႐ႊ႕လာၿပီးေနာက္ စိတ္ပ်က္ဖြယ္ ရာသီတစ္ခုကို ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းက အဆင့္ ၆ ေနရာမွာသာ ရာသီၿပီးဆုံးႏိုင္ခဲ့တာေၾကာင့္ ယခုလာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ကစားခြင့္ ရရွိေတာ့မွာမဟုတ္တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုက မန္ခ်က္စတာယူႏိုက္တက္အသင္းအေပၚ ယုံၾကည္မႈ ရွိေနဆဲျဖစ္ၿပီး နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္နဲ႔ လက္တြဲအလုပ္လုပ္သြားခ်င္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.