International Match Report

ပြီးခဲ့တဲ့ ရှုံးပွဲအတွက် ပိုလန်ကို ခြောက်ဂိုးနဲ့ ပေါက်ကွဲပြလိုက်တဲ့ သရဲနီ ဘယ်လ်ဂျီယမ်

ဘယ်လ်ဂျီယမ်အသင်းအနေနဲ့ ဒီနေ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ဂိုးသမား မစ်နိုလက်ကိုပဲ ဆက်သုံးခဲ့ပြီး ခံစစ်မှာတော့ အယ်လ်ဒါဗီရယ်လ်၊ ဗာတွန်ဂန်နဲ့ ဒန်ဒွန့်ကာတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ကာရက်စ်ကို၊ ဝစ်ဆယ်လ်၊ တီးလီးမန်းစ်နဲ့ ကက်စတာညာတို့ကို လူစုံထုတ်ခဲ့ပြီး တိုက်စစ်မှာတော့ ဒီဘရိုင်းနား၊ ဟာဇက်နဲ့ ဘက်ရွှာယီတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပိုလန်တို့ကတော့ ဂိုးသမား ဒရွန်ဂေါ့ဗ်စကီး၊ ခံစစ်မှာ ဘက်ဒ်နာရက်ခ်၊ ဂလစ်ခ်၊ ဂမ်နီနဲ့ ပုဟာ့ချ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ခရာဟိုဗီယက်ခ်၊ ဇူကော့ဗ်စကီးနဲ့ ဇီလင်စကီးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ လီဗန်ဒေါ့ဗ်စကီး၊ ဆီမန့်စကီးနဲ့ ကာမင်စကီးတို့ကို ကစားစေခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာ ဒီဘရိုင်းနား လူကြားထဲက ထိုးပေးတဲ့ ဘောလုံးကို ဧရိယာထဲမှာ အဆင်သင့်ရှိနေတဲ့ ဘက်ရွှာယီက ကန်သွင်းခဲ့ရာမှာ ဂိုးသမားကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဘယ်ဘက်တိုင်နဲ့ ထိထွက်ခဲ့ပြီး ဒီကနေ ပြန်ထွက်လာတာကို ဟာဇက်က ဆက်တိုက်ပိတ်သွင်းခဲ့ပေမယ့် ညာဘက်တိုင်ဘေးက လွဲချော်သွားခဲ့လို့ ဘယ်လ်ဂျီယမ်တို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။

တိုက်စစ်ပိုင်းမှာ အားကိုးလို့ မရဘဲ ခြေကျနေတဲ့ ဟာဇက်နဲ့ အားနေရင် လူကျွံဖို့ ချောင်းနေတဲ့ ဘက်ရွှာယီတို့ကတော့ ဒီနေ့ပွဲရဲ့ လူရွှင်တော်တွေ ဖြစ်နေခဲ့ကြပြီး ဘယ်ခြမ်းက ကာရက်စ်ကိုကလည်း ပုံမှန်ခြေ ပြန်မရသေးတဲ့အတွက် အသင်းရဲ့ တိုက်စစ်က ကွင်းလယ်နဲ့ ဒီဘရိုင်းနားကိုပဲ မှီခိုနေခဲ့ရသလို နည်းပြ ရောဘတ်တို မာတီနက်ဇ်ရဲ့ လူထုတ်ပုံကလည်း ဟန်ချက်သိပ်မညီဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၂၈ မိနစ်မှာ ဧည့်သည် ပိုလန်တို့ အဖွင့်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘယ်လ်ဂျီယမ်ခံစစ်တန်းကြားကနေ ဆီမန့်စကီး ထိုးပေးလိုက်တဲ့ ဘောလုံးကို ရှေ့ပြန်မတက်ဘဲ နောက်ကျကျန်နေတဲ့ ကာရက်စ်ကိုကြောင့် လူမကျွံခဲ့တဲ့ လီဗန်ဒေါ့ဗ်စကီးက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ သွေးအေးအေးနဲ့ ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာမှ ဘယ်လ်ဂျီယမ်တို့ ပြန်လည်ချေပနိုင်ခဲ့ကြပြီး ဒီဘရိုင်းနား ဧရိယာထဲမှာ ထောင့်ကျဉ်းကန်သွင်းမှု ပြန်ထွက်လာတာကို ညာတောင်ပံက ကက်စတာညာက ပြန်ရယူပြီး နောက်ပြန်ချပေးခဲ့တာကို ကွင်းလယ်လူ ဝစ်ဆယ်လ်က ဧရိယာထိပ်ကနေ အပြင်းကန်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ချေပဂိုးနဲ့အတူ စိတ်ဓာတ်တက်သွားခဲ့တဲ့ ဘယ်လ်ဂျီယမ်တို့ တိုက်စစ်ပိုကစားလာခဲ့ပြီး ဒန်ဒွန့်ကာရဲ့ ခေါင်းတိုက်ချက်ကို ပိုလန်ဂိုးသမား ဒရွန်ဂေါ့ဗ်စကီး ကာကွယ်ခဲ့ရသလို ကက်စတာညာရဲ့ ထောင့်ဖြတ် အနိမ့်ဘော Grass Cutter ကန်ချက်က အဝေးတိုင်ဘေးက ကပ်ထွက်သွားခဲ့ပြီး ဧည့်သည်တွေအတွက်တော့ တုန်လှုပ်ချောက်ချားစရာဖြစ်လာခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ ဘယ်လ်ဂျီယမ်တို့ နောက်ကနေ ဦးဆောင်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ် Pressing ကနေ အယ်လ်ဒါဗီရယ်လ် လုယူပေးတဲ့ ဘောလုံးကို ဟာဇက်က အလ‌ယ်ကြောကနေ ဆွဲပြေးလာပြီး ဧရိယာထဲကို ချပေးရာမှာ ဘယ်ခြမ်းကနေ ပြေးဝင်လာတဲ့ ဒီဘရိုင်းနားက ဂိုးသမားပိတ်ထားတာကို ကျော်ပြီး အဝေးတိုင်ဘက်ကို ကန်သွင်းယူနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ပွဲချိန် ၆၆ မိနစ်မှာတော့ ဘောလုံးပေးရုံအပြင် အလုပ်သိပ်မဖြစ်တဲ့ ဟာဇက်အစား ထရော့ဆတ် ဝင်လာတာကြောင့် ဘယ်လ်ဂျီယမ်တိုက်စစ်က ပိုသွက်လာခဲ့ပေမယ့် ဒီအချိန်လောက်မှာ အသုံးမကျဘူးလို့ ဆိုနိုင်ပြီဖြစ်တဲ့ ကာရက်စ်ကိုနဲ့ ရှေ့က ဘက်ရွှာယီတို့ကတော့ အသင်းတိုက်စစ်ကို ဟန်ချက်ပျက်အောင်ပဲ ပြုလုပ်နေခဲ့လို့ ဂိုးရဖို့ ထပ်စောင့်ခဲ့ရပေမယ့် ပိုလန်ခံစစ်ကိုတော့ တော်တော်လေး ဖိအားပေးနိုင်ခဲ့ကြပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပိုလန်ခံစစ် ပြိုလဲသွားခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာ ဘယ်လ်ဂျီယမ်တို့ တတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘက်ဒ်နာရက်ခ်နဲ့ တစ်ဦးချင်း ယှဉ်လုပြီး ဘောလုံးရသွားတဲ့ ဘက်ရွှာယီက ညာခြမ်းကို ချပေးခဲ့ရာမှာ လူစားဝင်ကစားသမား ထရော့ဆတ်က တောင်ပံကနေ တောက်လျှောက်ဆွဲပြေးပြီး ညာခြေနဲ့ တစ်ချက်ခေါက်ပြီး ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် မိနစ် ၈၀ မှာတော့ ထရော့ဆတ်ကပဲ လှပတဲ့ သွင်းဂိုးနဲ့ ဘယ်လ်ဂျီယမ်တို့အတွက် စတုတ္ထဂိုးကို ရယူပေးနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ဘက် ထောင့်ကန်ဘော ရခဲ့တာကနေ အတိုပေးပြီး ကာရက်စ်ကိုဆီက ပြန်ရတဲ့ ဘောလုံးကို အဝေးတိုင် အပေါ်ထောင့်ဆီ Curl Ball ကန်သွင်းယူခဲ့ရာမှာ ကွန်ပါချွန်နဲ့ ထောက်တိုင်းထားသလို တိတိကျကျ ဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာ ဘယ်လ်ဂျီယမ်တို့အတွက် ပဉ္စမမြောက်ဂိုး ထပ်ရခဲ့ပြီး ဒီဂိုးကိုတော့ စိတ်ဓာတ်ကျပြီး ခြေမသယ်ချင်အောင်ဖြစ်သွားတဲ့ ပိုလန်ကွင်းလယ်ရဲ့ နေရာမကျပုံကို အခွင့်အကောင်းယူပြီး တီးလီးမန်းစ် အလယ်ကို ထည့်ပေးတဲ့ ဘောလုံးကို နောက်က တက်လာခဲ့တဲ့ ခံစစ်သမား ဒန်ဒွန့်ကာက အဝေးကနေ ကန်သွင်းယူခဲ့ရာမှာ အားသိပ်မပါပေမယ့် ဂိုးသမား ဒရွန်ဂေါ့ဗ်စကီး ညံ့ခဲ့လို့ ဂိုးထပ်ပေးခဲ့ရတာပါ။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ဘယ်လ်ဂျီယမ်တို့အတွက် ဂိုးဒါဇင်ဝက် ပြည့်မြောက်ခဲ့ပြီး ညာခြမ်းက လူစားဝင် အတွဲအဖက်ဖြစ်တဲ့ သော်ဂန် ဟာဇက်က ခံစစ်တန်းကြားကနေ No Look Pass နဲ့ ဆန့်ကျင်ဘက်ကို ထိုးပေးခဲ့တာကို ဘက်ရွှာယီနေရာ လူစားဝင်လာတဲ့ လူငယ်တိုက်စစ်မှူး အိုပင်ဒါက ပြေးအုပ်တဲ့ ဂိုးသမားပေါ်ကနေ Chipping ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဘယ်လ်ဂျီယမ်တို့ အိမ်ကွင်းမှာ ခြောက်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ နယ်သာလန်တို့အပေါ် လေးဂိုးပြတ် ရှုံးပွဲအတွက် ပေါက်ကွဲနိုင်ခဲ့ချိန်မှာ ပိုလန်တို့ကတော့ အချိန်အခါမသိဘဲ အိမ်လည်ရောက်လာခဲ့ပြီး အိမ်ရှင် သရဲနီတွေရဲ့ ဒေါသကို ခံလိုက်ရတဲ့ ဧည့်သည်တွေပဲ ဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘယ္လ္ဂ်ီယမ္အသင္းအေနနဲ႔ ဒီေန႔ ေနးရွင္းလိဂ္ပြဲစဥ္မွာ ဂိုးသမား မစ္ႏိုလက္ကိုပဲ ဆက္သုံးခဲ့ၿပီး ခံစစ္မွာေတာ့ အယ္လ္ဒါဗီရယ္လ္၊ ဗာတြန္ဂန္နဲ႔ ဒန္ဒြန႔္ကာတို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ကာရက္စ္ကို၊ ဝစ္ဆယ္လ္၊ တီးလီးမန္းစ္နဲ႔ ကက္စတာညာတို႔ကို လူစုံထုတ္ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဒီဘ႐ိုင္းနား၊ ဟာဇက္နဲ႔ ဘက္႐ႊာယီတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ပိုလန္တို႔ကေတာ့ ဂိုးသမား ဒ႐ြန္ေဂါ့ဗ္စကီး၊ ခံစစ္မွာ ဘက္ဒ္နာရက္ခ္၊ ဂလစ္ခ္၊ ဂမ္နီနဲ႔ ပုဟာ့ခ်္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခရာဟိုဗီယက္ခ္၊ ဇူေကာ့ဗ္စကီးနဲ႔ ဇီလင္စကီးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ လီဗန္ေဒါ့ဗ္စကီး၊ ဆီမန႔္စကီးနဲ႔ ကာမင္စကီးတို႔ကို ကစားေစခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာ ဒီဘ႐ိုင္းနား လူၾကားထဲက ထိုးေပးတဲ့ ေဘာလုံးကို ဧရိယာထဲမွာ အဆင္သင့္ရွိေနတဲ့ ဘက္႐ႊာယီက ကန္သြင္းခဲ့ရာမွာ ဂိုးသမားကို ေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္ ဘယ္ဘက္တိုင္နဲ႔ ထိထြက္ခဲ့ၿပီး ဒီကေန ျပန္ထြက္လာတာကို ဟာဇက္က ဆက္တိုက္ပိတ္သြင္းခဲ့ေပမယ့္ ညာဘက္တိုင္ေဘးက လြဲေခ်ာ္သြားခဲ့လို႔ ဘယ္လ္ဂ်ီယမ္တို႔ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရတာျဖစ္ပါတယ္။

တိုက္စစ္ပိုင္းမွာ အားကိုးလို႔ မရဘဲ ေျခက်ေနတဲ့ ဟာဇက္နဲ႔ အားေနရင္ လူကြၽံဖို႔ ေခ်ာင္းေနတဲ့ ဘက္႐ႊာယီတို႔ကေတာ့ ဒီေန႔ပြဲရဲ႕ လူ႐ႊင္ေတာ္ေတြ ျဖစ္ေနခဲ့ၾကၿပီး ဘယ္ျခမ္းက ကာရက္စ္ကိုကလည္း ပုံမွန္ေျခ ျပန္မရေသးတဲ့အတြက္ အသင္းရဲ႕ တိုက္စစ္က ကြင္းလယ္နဲ႔ ဒီဘ႐ိုင္းနားကိုပဲ မွီခိုေနခဲ့ရသလို နည္းျပ ေရာဘတ္တို မာတီနက္ဇ္ရဲ႕ လူထုတ္ပုံကလည္း ဟန္ခ်က္သိပ္မညီဘဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂၈ မိနစ္မွာ ဧည့္သည္ ပိုလန္တို႔ အဖြင့္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဘယ္လ္ဂ်ီယမ္ခံစစ္တန္းၾကားကေန ဆီမန႔္စကီး ထိုးေပးလိုက္တဲ့ ေဘာလုံးကို ေရွ႕ျပန္မတက္ဘဲ ေနာက္က်က်န္ေနတဲ့ ကာရက္စ္ကိုေၾကာင့္ လူမကြၽံခဲ့တဲ့ လီဗန္ေဒါ့ဗ္စကီးက ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ေသြးေအးေအးနဲ႔ ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာမွ ဘယ္လ္ဂ်ီယမ္တို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၾကၿပီး ဒီဘ႐ိုင္းနား ဧရိယာထဲမွာ ေထာင့္က်ဥ္းကန္သြင္းမႈ ျပန္ထြက္လာတာကို ညာေတာင္ပံက ကက္စတာညာက ျပန္ရယူၿပီး ေနာက္ျပန္ခ်ေပးခဲ့တာကို ကြင္းလယ္လူ ဝစ္ဆယ္လ္က ဧရိယာထိပ္ကေန အျပင္းကန္သြင္းယူႏိုင္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီသေရျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ေခ်ပဂိုးနဲ႔အတူ စိတ္ဓာတ္တက္သြားခဲ့တဲ့ ဘယ္လ္ဂ်ီယမ္တို႔ တိုက္စစ္ပိုကစားလာခဲ့ၿပီး ဒန္ဒြန႔္ကာရဲ႕ ေခါင္းတိုက္ခ်က္ကို ပိုလန္ဂိုးသမား ဒ႐ြန္ေဂါ့ဗ္စကီး ကာကြယ္ခဲ့ရသလို ကက္စတာညာရဲ႕ ေထာင့္ျဖတ္ အနိမ့္ေဘာ Grass Cutter ကန္ခ်က္က အေဝးတိုင္ေဘးက ကပ္ထြက္သြားခဲ့ၿပီး ဧည့္သည္ေတြအတြက္ေတာ့ တုန္လႈပ္ေခ်ာက္ခ်ားစရာျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ဘယ္လ္ဂ်ီယမ္တို႔ ေနာက္ကေန ဦးေဆာင္ဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ Pressing ကေန အယ္လ္ဒါဗီရယ္လ္ လုယူေပးတဲ့ ေဘာလုံးကို ဟာဇက္က အလ‌ယ္ေၾကာကေန ဆြဲေျပးလာၿပီး ဧရိယာထဲကို ခ်ေပးရာမွာ ဘယ္ျခမ္းကေန ေျပးဝင္လာတဲ့ ဒီဘ႐ိုင္းနားက ဂိုးသမားပိတ္ထားတာကို ေက်ာ္ၿပီး အေဝးတိုင္ဘက္ကို ကန္သြင္းယူႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ေဘာလုံးေပး႐ုံအျပင္ အလုပ္သိပ္မျဖစ္တဲ့ ဟာဇက္အစား ထေရာ့ဆတ္ ဝင္လာတာေၾကာင့္ ဘယ္လ္ဂ်ီယမ္တိုက္စစ္က ပိုသြက္လာခဲ့ေပမယ့္ ဒီအခ်ိန္ေလာက္မွာ အသုံးမက်ဘူးလို႔ ဆိုႏိုင္ၿပီျဖစ္တဲ့ ကာရက္စ္ကိုနဲ႔ ေရွ႕က ဘက္႐ႊာယီတို႔ကေတာ့ အသင္းတိုက္စစ္ကို ဟန္ခ်က္ပ်က္ေအာင္ပဲ ျပဳလုပ္ေနခဲ့လို႔ ဂိုးရဖို႔ ထပ္ေစာင့္ခဲ့ရေပမယ့္ ပိုလန္ခံစစ္ကိုေတာ့ ေတာ္ေတာ္ေလး ဖိအားေပးႏိုင္ခဲ့ၾကပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ပိုလန္ခံစစ္ ၿပိဳလဲသြားခဲ့ၿပီး ပြဲခ်ိန္ ၇၃ မိနစ္မွာ ဘယ္လ္ဂ်ီယမ္တို႔ တတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘက္ဒ္နာရက္ခ္နဲ႔ တစ္ဦးခ်င္း ယွဥ္လုၿပီး ေဘာလုံးရသြားတဲ့ ဘက္႐ႊာယီက ညာျခမ္းကို ခ်ေပးခဲ့ရာမွာ လူစားဝင္ကစားသမား ထေရာ့ဆတ္က ေတာင္ပံကေန ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ညာေျခနဲ႔ တစ္ခ်က္ေခါက္ၿပီး ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ထေရာ့ဆတ္ကပဲ လွပတဲ့ သြင္းဂိုးနဲ႔ ဘယ္လ္ဂ်ီယမ္တို႔အတြက္ စတုတၳဂိုးကို ရယူေပးႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ဘက္ ေထာင့္ကန္ေဘာ ရခဲ့တာကေန အတိုေပးၿပီး ကာရက္စ္ကိုဆီက ျပန္ရတဲ့ ေဘာလုံးကို အေဝးတိုင္ အေပၚေထာင့္ဆီ Curl Ball ကန္သြင္းယူခဲ့ရာမွာ ကြန္ပါခြၽန္နဲ႔ ေထာက္တိုင္းထားသလို တိတိက်က် ဝင္သြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာ ဘယ္လ္ဂ်ီယမ္တို႔အတြက္ ပၪၥမေျမာက္ဂိုး ထပ္ရခဲ့ၿပီး ဒီဂိုးကိုေတာ့ စိတ္ဓာတ္က်ၿပီး ေျခမသယ္ခ်င္ေအာင္ျဖစ္သြားတဲ့ ပိုလန္ကြင္းလယ္ရဲ႕ ေနရာမက်ပုံကို အခြင့္အေကာင္းယူၿပီး တီးလီးမန္းစ္ အလယ္ကို ထည့္ေပးတဲ့ ေဘာလုံးကို ေနာက္က တက္လာခဲ့တဲ့ ခံစစ္သမား ဒန္ဒြန႔္ကာက အေဝးကေန ကန္သြင္းယူခဲ့ရာမွာ အားသိပ္မပါေပမယ့္ ဂိုးသမား ဒ႐ြန္ေဂါ့ဗ္စကီး ညံ့ခဲ့လို႔ ဂိုးထပ္ေပးခဲ့ရတာပါ။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ဘယ္လ္ဂ်ီယမ္တို႔အတြက္ ဂိုးဒါဇင္ဝက္ ျပည့္ေျမာက္ခဲ့ၿပီး ညာျခမ္းက လူစားဝင္ အတြဲအဖက္ျဖစ္တဲ့ ေသာ္ဂန္ ဟာဇက္က ခံစစ္တန္းၾကားကေန No Look Pass နဲ႔ ဆန႔္က်င္ဘက္ကို ထိုးေပးခဲ့တာကို ဘက္႐ႊာယီေနရာ လူစားဝင္လာတဲ့ လူငယ္တိုက္စစ္မႉး အိုပင္ဒါက ေျပးအုပ္တဲ့ ဂိုးသမားေပၚကေန Chipping ကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘယ္လ္ဂ်ီယမ္တို႔ အိမ္ကြင္းမွာ ေျခာက္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ နယ္သာလန္တို႔အေပၚ ေလးဂိုးျပတ္ ရႈံးပြဲအတြက္ ေပါက္ကြဲႏိုင္ခဲ့ခ်ိန္မွာ ပိုလန္တို႔ကေတာ့ အခ်ိန္အခါမသိဘဲ အိမ္လည္ေရာက္လာခဲ့ၿပီး အိမ္ရွင္ သရဲနီေတြရဲ႕ ေဒါသကို ခံလိုက္ရတဲ့ ဧည့္သည္ေတြပဲ ျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.