International Ligue1

မက်ဆီကို ဘယ်လောက်ချစ်ကြောက်ရိုသေရလဲဆိုတာ ထုတ်ပြောလိုက်တဲ့ အီမီ မာတီနက်ဇ်

အက်စတန် ဗီလာဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ စကားပြောနေတဲ့အချိန်ကျရင် တစ်ကိုယ်လုံး တုန်နေအောင် ချစ်ကြောက်ရိုသေရတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ဂိုးသမားက လီယွန်နယ် မက်ဆီ စကားပြောနေတဲ့အချိန်မှာ အာဂျင်တီးနားသမ္မတတောင်မှ တိတ်တိတ်လေး နေပြီး နားထောင်နေရတယ်လို့ ပြောကြားခဲ့ပြီး ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးရဲ့ ကိုပါအမေရိကဖလားအောင်ပွဲနေ့တုန်းက မိန့်ခွန်းကို အသေးစိတ်ပြောပြခဲ့ပါတယ်။

မက်ဆီနဲ့ အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ တောင်အမေရိကချန်ပီယံတွ ဖြစ်ခဲ့ကြတာဖြစ်ပြီး လီယွန်နယ် မက်ဆီအတွက်တော့ နိုင်ငံအတွက် ပထမဆုံး နိုင်ငံတကာဆုဖလားကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့မှာ မက်ဆီဟာ ပျော်လွန်းလို့ မျက်ရည်တွေ မထိန်းနိုင်ဖြစ်ခဲ့ပြီး အသင်းဖော်တွေအားလုံးကို မိန့်ခွန်းပြောကြားရာမှာ အီမီ မာတီနက်ဇ်က ၎င်းအပါအဝင် နားထောင်ရတဲ့လူတိုင်း ကြက်သီးထခဲ့ရတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

“ဒီကိုပါအမေရိကဖလားက သူ့အတွက် နောက်ဆုံးရနိုင်တဲ့ဖလားဖြစ်တော့မှာကြောင့် သူ့မှာ ရှိသမျှ အကုန်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ဘယ်လိုဖြစ်သွားလဲဆိုတော့ မက်ဆီ စကားပြောနေတာကို ကြည့်ပြီး တစ်ကိုယ်လုံးတုန်တောင် တုန်နေမိခဲ့ပါတယ်။ အားလုံး ပါးစပ်တွေပိတ်ထားကြတယ်”

“မက်ဆီ စကားပြောပြီဆိုရင် အားလုံးက အဲဒီလိုပါပဲ။ နည်းပြပဲဖြစ်ဖြစ်၊ အာဂျင်တီးနား သမ္မတပဲဖြစ်ဖြစ်၊ ရှိတဲ့လူမှန်သမျှ အကုန်ပါးစပ်တွေ ပိတ်နေကြတာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၁၆၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၈၆ ဂိုး သွင်းယူပေးခဲ့ပြီး အာဂျင်တီးနားရဲ့ ပွဲအများဆုံးကစားသမားဖြစ်သလို တသက်တာထိပ်တန်းဂိုးသွင်းရှင်အဖြစ်လည်း မှတ်တိုင် စိုက်ထူထားတာဖြစ်ပါတယ်။

မက်ဆီအတွက် ၂၀၂၁ ကိုပါအမေရိကဖလားဟာ ပထမဆုံး နိုင်ငံတကာအောင်မြင်မှု ဖြစ်ခဲ့ပြီး ယခုလမှာ အသက် ၃၅ နှစ် ပြည့်မြောက်တော့မယ့် ပီအက်စ်ဂျီကြယ်ပွင့်ဟာ ယခုနှစ်နှောင်းပိုင်း ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဆော်ဒီ အာရေဗျ၊ မက္ကဆီကို၊ ပိုလန်တို့နဲ့ ရင်ဆိုင်ရမယ့် အာဂျင်တီးနားအသင်းကို ဦးဆောင်သွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အက္စတန္ ဗီလာဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ဟာ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီ စကားေျပာေနတဲ့အခ်ိန္က်ရင္ တစ္ကိုယ္လုံး တုန္ေနေအာင္ ခ်စ္ေၾကာက္႐ိုေသရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဂ်င္တီးနားလက္ေ႐ြးစင္ဂိုးသမားက လီယြန္နယ္ မက္ဆီ စကားေျပာေနတဲ့အခ်ိန္မွာ အာဂ်င္တီးနားသမၼတေတာင္မွ တိတ္တိတ္ေလး ေနၿပီး နားေထာင္ေနရတယ္လို႔ ေျပာၾကားခဲ့ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ ကိုပါအေမရိကဖလားေအာင္ပြဲေန႔တုန္းက မိန႔္ခြန္းကို အေသးစိတ္ေျပာျပခဲ့ပါတယ္။

မက္ဆီနဲ႔ အာဂ်င္တီးနားအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေတာင္အေမရိကခ်န္ပီယံတြ ျဖစ္ခဲ့ၾကတာျဖစ္ၿပီး လီယြန္နယ္ မက္ဆီအတြက္ေတာ့ ႏိုင္ငံအတြက္ ပထမဆုံး ႏိုင္ငံတကာဆုဖလားကို ရယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီေန႔မွာ မက္ဆီဟာ ေပ်ာ္လြန္းလို႔ မ်က္ရည္ေတြ မထိန္းႏိုင္ျဖစ္ခဲ့ၿပီး အသင္းေဖာ္ေတြအားလုံးကို မိန႔္ခြန္းေျပာၾကားရာမွာ အီမီ မာတီနက္ဇ္က ၎အပါအဝင္ နားေထာင္ရတဲ့လူတိုင္း ၾကက္သီးထခဲ့ရတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

“ဒီကိုပါအေမရိကဖလားက သူ႔အတြက္ ေနာက္ဆုံးရႏိုင္တဲ့ဖလားျဖစ္ေတာ့မွာေၾကာင့္ သူ႔မွာ ရွိသမွ် အကုန္ေပးခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ ကြၽန္ေတာ္ဘယ္လိုျဖစ္သြားလဲဆိုေတာ့ မက္ဆီ စကားေျပာေနတာကို ၾကည့္ၿပီး တစ္ကိုယ္လုံးတုန္ေတာင္ တုန္ေနမိခဲ့ပါတယ္။ အားလုံး ပါးစပ္ေတြပိတ္ထားၾကတယ္”

“မက္ဆီ စကားေျပာၿပီဆိုရင္ အားလုံးက အဲဒီလိုပါပဲ။ နည္းျပပဲျဖစ္ျဖစ္၊ အာဂ်င္တီးနား သမၼတပဲျဖစ္ျဖစ္၊ ရွိတဲ့လူမွန္သမွ် အကုန္ပါးစပ္ေတြ ပိတ္ေနၾကတာပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းအတြက္ ၁၆၂ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၈၆ ဂိုး သြင္းယူေပးခဲ့ၿပီး အာဂ်င္တီးနားရဲ႕ ပြဲအမ်ားဆုံးကစားသမားျဖစ္သလို တသက္တာထိပ္တန္းဂိုးသြင္းရွင္အျဖစ္လည္း မွတ္တိုင္ စိုက္ထူထားတာျဖစ္ပါတယ္။

မက္ဆီအတြက္ ၂၀၂၁ ကိုပါအေမရိကဖလားဟာ ပထမဆုံး ႏိုင္ငံတကာေအာင္ျမင္မႈ ျဖစ္ခဲ့ၿပီး ယခုလမွာ အသက္ ၃၅ ႏွစ္ ျပည့္ေျမာက္ေတာ့မယ့္ ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ယခုႏွစ္ေႏွာင္းပိုင္း ကာတာကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မွာ ေဆာ္ဒီ အာေရဗ်၊ မကၠဆီကို၊ ပိုလန္တို႔နဲ႔ ရင္ဆိုင္ရမယ့္ အာဂ်င္တီးနားအသင္းကို ဦးေဆာင္သြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.