International

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ စံချိန်ကို ရိုက်ချိုးခဲ့တဲ့ ဟာရီ ကိန်း

ဟာရီ ကိန်းဟာ နိုင်ငံတကာပွဲစဉ် ၇၁ ပွဲမြောက်မှာ သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့ပြီးနောက် လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ မြူးနစ်မှာ ဂျာမနီနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဟာရီ ကိန်းရဲ့ နောက်ကျ ပင်နယ်တီ ချေပဂိုးကြောင့် သရေ ၁ မှတ် ရယူနိုင်ခဲ့ပြီး ဒုတိယပိုင်း ပွဲကစားချိန်အများစုကို နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူးဟာ ဝိန်း ရူနီပြီးရင် သွင်းဂိုး ၅၀ ပြည့်မြောက်တဲ့ ဒုတိယမြောက် အင်္ဂလန်ကစာသးမားဖြစ်လာခဲ့ပြီဖြစ်ပြီး ဘောလုံးသမိုင်းမှာဆိုရင်လည်း ၇၂ ဦးမြောက် ကစားသမားဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဟာရီ ကိန်းဟာ နိုင်ငံတကာသွင်းဂိုး ၅၀ ပြည့်မြောက်တဲ့နေရာမှာ ၁၁၄ ပွဲအထိ ကစားဖို့ လိုအပ်ခဲ့တဲ့ ရော်နယ်လ်ဒိုနဲ့ ၁၀၇ ပွဲ ကစားဖို့ လိုအပ်ခဲ့တဲ့ လီယွန်နယ် မက်ဆီတို့ထက် ပိုပြီး လျင်လျင်မြန်မြန်နဲ့ သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ လူမှုကွန်ရက်ပေါ်မှာ အင်္ဂလန်အသင်းခေါင်းဆောင်ကို ချီးကျူး ဂုဏ်ပြုသံတွေ များစွာရှိခဲ့ပြီး အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ဂယ်ရီ လိုင်နီကာက ဟာရီ ကိန်းကို ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

“ဟာရီ ကိန်းအတွက် သွင်းဂိုး ၅၀ ပြည့်ပါပြီ။ အံ့မခန်းအောင်မြင်မှုပါ။ အင်္ဂလန်အသင်းက တစ်စုံတရာကို လုပ်ဖို့ ကြိုးစားတဲ့အခါမှာ အများကြီး ပိုကောင်းအောင် ကစားနိုင်တယ်။ အရမ်း သတိထားပြီး ကစားဖို့အတွက် အရည်အချင်းအရမ်းရှိပြီး အဲဒါက သူတို့ ကောင်းကောင်းလုပ်နိုင်တဲ့အရာကို မလုပ်နိုင်စေပါဘူး”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဟာရီ ကိန်က ပွဲအပြီးမှာ ၎င်းရဲ့ သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့တဲ့အပေါ်မှာ စိတ်လှုပ်ရှားမှုကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“တကယ်ကို ကောင်းတဲ့ခံစားချက်ပါ။ ကျွန်တော် ပွဲစဉ်အစောပိုင်းမှာ အခွင့်အရေးတွေ အများကြီးရခဲ့တယ်။ ပထမတစ်ကြိမ်က ဂိုးဘားတန်းပေါ် ကျော်သွားပြီး နောက်တစ်ကြိမ်မှာ နျူအာက ကောင်းမွန်တဲ့ ကာကွယ်မှုကို ပြုလုပ်ခဲ့ပါတယ်။ လုပ်တိုင်းမဖြစ်တဲ့ နေ့တွေထဲက တစ်ရက်ပဲလို့ ကျွန်တော် တွေးမိခဲ့ပေမယ့် ကျွန်တော်တို့ ဆက်ကြိုးစားပြီး နောက်ဆုံး နာရီဝက်မှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံးဘောလုံးကစားပုံအတိုင်း ကစားခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”

“ရုပ်ပိုင်းဆိုင်ရာအရဆိုရင် ကျွန်တော်တို့က တကယ်ကို အားကောင်းခဲ့ပြီး ဂိုးရရှိဖို့ အခြေအနေကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးရှေ့မှာ ဂိုးတွေ မရခဲ့တာကတော့ နှမြောစရာပါပဲ။ ကျွန်တော် ဂိုးတွေသွင်းရတာကို နှစ်သက်တယ်။ ကျွန်တော် အမြဲတမ်း ဂိုးတွေသွင်းရတာ နှစ်သက်ခဲ့ပြီး အထူးသဖြင့် ကျွန်တော့်နိုင်ငံအတွက်ပေ့ါ။ ကျွန်တော် အသင်းကို ကူညီနိုင်တဲ့အခါတိုင်း အဲဒါက အရေးအကြီးဆုံးအရာပါ။ ဒီည ရလဒ်နဲ့အတူ ပြန်လာနိုင်ခဲ့တာ ကောင်းမွန်ပြီး ဒီနေရာက လာကစားဖို့ လွယ်ကူတဲ့နေရာမဟုတ်ပါဘူး။ အခု ကျွန်တော်တို့ အိမ်ကွင်းမှာ ၂ ပွဲ ကစားပြီး နိုင်ပွဲ၂ ပွဲရအောင် ကြိုးပမ်းသွားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဟာရီ ကိန်းဟာ လက်ရှိမှာတော့ အင်္ဂလန်ရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင် ဝိန်း ရူနီ(၅၃ ဂိုး)ရဲ့ နောက် ၃ ဂိုးအကွာကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သိပ်မကြာခင် အချိန်အတွင်း မန်ချက်စတာယူနိုက်တက်ဂန္တဝင်ရဲ့ စံချိန်ကို လိုက်မီနိုင်တော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဟာရီ ကိန္းဟာ ႏိုင္ငံတကာပြဲစဥ္ ၇၁ ပြဲေျမာက္မွာ သြင္းဂိုး ၅၀ ျပည့္ေျမာက္ခဲ့ၿပီးေနာက္ လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ရဲ႕ စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ခဲ့ပါတယ္။

အဂၤလန္အသင္းဟာ ျမဴးနစ္မွာ ဂ်ာမနီနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ဟာရီ ကိန္းရဲ႕ ေနာက္က် ပင္နယ္တီ ေခ်ပဂိုးေၾကာင့္ သေရ ၁ မွတ္ ရယူႏိုင္ခဲ့ၿပီး ဒုတိယပိုင္း ပြဲကစားခ်ိန္အမ်ားစုကို ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉးဟာ ဝိန္း ႐ူနီၿပီးရင္ သြင္းဂိုး ၅၀ ျပည့္ေျမာက္တဲ့ ဒုတိယေျမာက္ အဂၤလန္ကစာသးမားျဖစ္လာခဲ့ၿပီျဖစ္ၿပီး ေဘာလုံးသမိုင္းမွာဆိုရင္လည္း ၇၂ ဦးေျမာက္ ကစားသမားျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ဟာရီ ကိန္းဟာ ႏိုင္ငံတကာသြင္းဂိုး ၅၀ ျပည့္ေျမာက္တဲ့ေနရာမွာ ၁၁၄ ပြဲအထိ ကစားဖို႔ လိုအပ္ခဲ့တဲ့ ေရာ္နယ္လ္ဒိုနဲ႔ ၁၀၇ ပြဲ ကစားဖို႔ လိုအပ္ခဲ့တဲ့ လီယြန္နယ္ မက္ဆီတို႔ထက္ ပိုၿပီး လ်င္လ်င္ျမန္ျမန္နဲ႔ သြင္းဂိုး ၅၀ ျပည့္ေျမာက္ခဲ့တာျဖစ္ပါတယ္။ ပြဲအၿပီးမွာ လူမႈကြန္ရက္ေပၚမွာ အဂၤလန္အသင္းေခါင္းေဆာင္ကို ခ်ီးက်ဴး ဂုဏ္ျပဳသံေတြ မ်ားစြာရွိခဲ့ၿပီး အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး ဂယ္ရီ လိုင္နီကာက ဟာရီ ကိန္းကို ခ်ီးက်ဴး ေျပာဆိုသြားခဲ့ပါတယ္။

“ဟာရီ ကိန္းအတြက္ သြင္းဂိုး ၅၀ ျပည့္ပါၿပီ။ အံ့မခန္းေအာင္ျမင္မႈပါ။ အဂၤလန္အသင္းက တစ္စုံတရာကို လုပ္ဖို႔ ႀကိဳးစားတဲ့အခါမွာ အမ်ားႀကီး ပိုေကာင္းေအာင္ ကစားႏိုင္တယ္။ အရမ္း သတိထားၿပီး ကစားဖို႔အတြက္ အရည္အခ်င္းအရမ္းရွိၿပီး အဲဒါက သူတို႔ ေကာင္းေကာင္းလုပ္ႏိုင္တဲ့အရာကို မလုပ္ႏိုင္ေစပါဘူး”လို႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ဟာရီ ကိန္က ပြဲအၿပီးမွာ ၎ရဲ႕ သြင္းဂိုး ၅၀ ျပည့္ေျမာက္ခဲ့တဲ့အေပၚမွာ စိတ္လႈပ္ရွားမႈကို ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

“တကယ္ကို ေကာင္းတဲ့ခံစားခ်က္ပါ။ ကြၽန္ေတာ္ ပြဲစဥ္အေစာပိုင္းမွာ အခြင့္အေရးေတြ အမ်ားႀကီးရခဲ့တယ္။ ပထမတစ္ႀကိမ္က ဂိုးဘားတန္းေပၚ ေက်ာ္သြားၿပီး ေနာက္တစ္ႀကိမ္မွာ န်ဴအာက ေကာင္းမြန္တဲ့ ကာကြယ္မႈကို ျပဳလုပ္ခဲ့ပါတယ္။ လုပ္တိုင္းမျဖစ္တဲ့ ေန႔ေတြထဲက တစ္ရက္ပဲလို႔ ကြၽန္ေတာ္ ေတြးမိခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ ဆက္ႀကိဳးစားၿပီး ေနာက္ဆုံး နာရီဝက္မွာ ကြၽန္ေတာ္တို႔ရဲ႕ အေကာင္းဆုံးေဘာလုံးကစားပုံအတိုင္း ကစားခဲ့တာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္”

“႐ုပ္ပိုင္းဆိုင္ရာအရဆိုရင္ ကြၽန္ေတာ္တို႔က တကယ္ကို အားေကာင္းခဲ့ၿပီး ဂိုးရရွိဖို႔ အေျခအေနေကာင္းခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ဂိုးေရွ႕မွာ ဂိုးေတြ မရခဲ့တာကေတာ့ ႏွေျမာစရာပါပဲ။ ကြၽန္ေတာ္ ဂိုးေတြသြင္းရတာကို ႏွစ္သက္တယ္။ ကြၽန္ေတာ္ အၿမဲတမ္း ဂိုးေတြသြင္းရတာ ႏွစ္သက္ခဲ့ၿပီး အထူးသျဖင့္ ကြၽန္ေတာ့္ႏိုင္ငံအတြက္ေပ့ါ။ ကြၽန္ေတာ္ အသင္းကို ကူညီႏိုင္တဲ့အခါတိုင္း အဲဒါက အေရးအႀကီးဆုံးအရာပါ။ ဒီည ရလဒ္နဲ႔အတူ ျပန္လာႏိုင္ခဲ့တာ ေကာင္းမြန္ၿပီး ဒီေနရာက လာကစားဖို႔ လြယ္ကူတဲ့ေနရာမဟုတ္ပါဘူး။ အခု ကြၽန္ေတာ္တို႔ အိမ္ကြင္းမွာ ၂ ပြဲ ကစားၿပီး ႏိုင္ပြဲ၂ ပြဲရေအာင္ ႀကိဳးပမ္းသြားရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာရီ ကိန္းဟာ လက္ရွိမွာေတာ့ အဂၤလန္ရဲ႕ တသက္တာထိပ္တန္းဂိုးသြင္းရွင္ ဝိန္း ႐ူနီ(၅၃ ဂိုး)ရဲ႕ ေနာက္ ၃ ဂိုးအကြာကို ေရာက္ရွိလာခဲ့ၿပီျဖစ္ၿပီး သိပ္မၾကာခင္ အခ်ိန္အတြင္း မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ရဲ႕ စံခ်ိန္ကို လိုက္မီႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.