International Match Report

ကရာမာရစ်ချ်ကြောင့် ပြင်သစ်ဆီက သရေတစ်မှတ် ခွဲယူနိုင်ခဲ့တဲ့ ခရိုအေးရှား

အိမ်ကွင်းမှာ နှစ်ပွဲဆက်တိုက် ကစားခဲ့ရတဲ့ ခရိုအေးရှားအသင်းအနေနဲ့ ဒီနေ့မှာ အဓိက ကစားသမားတွေကို ပြန်သုံးခဲ့ပြီး ဂိုးသမား လီဗာကိုဗစ်ချ်၊ ခံစစ်မှာ ဗီဒါ၊ အာလစ်ချ်၊ ယူရာနိုဗစ်ချ်နဲ့ ဘာရီရှစ်ချ်တို့ကို ပွဲထုတ်လာခဲ့သလို ကွင်းလယ်မှာ မိုဒရစ်ချ်၊ ဘရိုဇိုဗစ်ချ်၊ ကိုဗာချစ်ချ်၊ မေယာနဲ့ ဘရက်ကာလိုတို့ကို ပြန်သုံးခဲ့ပြီး တိုက်စစ်မှာတော့ ဘူဒီမီယာကို အထောင်ထားပြီး ကစားလာခဲ့ပါတယ်။

ပြင်သစ်အသင်းကတော့ ဂိုးသမား မေညွန်၊ ခံစစ်မှာ ကင်ပမ်ဘီ၊ ဆာလီဘာ၊ ပါဗတ်နဲ့ ဒီညာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂန်ဒူဇီ၊ ချွာမင်နီ၊ အန်ကွန်ကူး၊ ရာဗျိုနဲ့ မူဆာ ဒီယာဘီတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဘင်ယက်ဒါ ဝင်ကစားခဲ့ပြီး ဒိန်းမတ်နဲ့ပွဲက ကစားသမားဆိုလို့ ချွာမင်နီ တစ်ဦးတည်းသာ ပြန်ပါလာခဲ့သလို ၁၀ ယောက်အထိ အပြောင်းအလဲလုပ်လာခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာ ထောင့်ကန်ဘောကနေ မိုဒရစ်ချ် တင်ပေးတာကို မေယာ ကန်ပေမယ့် ဘေးထွက်သွားခဲ့သလို ပွဲချိန် ၁၈ မိနစ်မှာ ဒီညာရဲ့ နောက်ကျန်နေမှုကြောင့် ပျက်သွားတဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ ဘူဒီမီယာရဲ့ လူမပေးဘဲ တစ်ကိုယ်ကောင်းဆန်ခဲ့တဲ့ ကန်ချက်ကို ပြင်သစ်ခံစစ်က ကပ္ပတိန် ကင်ပမ်ဘီနဲ့ ဂိုးသမား မေညွန်တို့ ပူးပေါင်းပိတ်ဆို့သွားခဲ့လို့ ခရိုအေးရှားတို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရပါတယ်။

ခရိုအေးရှားကတော့ တိုက်စစ်မှာ နာမည်ကြီးတွေ တစ်ဦးမှ မကျန်တော့ဘဲ မျိုးဆက်ပြတ်နေခဲ့သလို ကွင်းလယ်မှာလည်း မိုဒရစ်ချ်သာ နားသွားရင် ဘရိုဇိုဗစ်ချ်နဲ့ ကိုဗာချစ်ချ်တို့ ဦးဆောင်နိုင်ဖို့ ခက်နေပြီး မျိုးဆက်သစ်လို့ ဆိုလို့ရတဲ့ မေယာကတော့ မဆိုးခဲ့ဘူးလို့ ဆိုရမှာဖြစ်သလို ရီးရဲလ် မက်ဒရစ်နဲ့ သတင်းထွက်နေတဲ့ ဒီရင်းနေးကွင်းလယ်လူကိုသာ သူတို့တွေ မျှော်လင့်နိုင်ဖို့ ရှိနေခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာတော့ ပြင်သစ်အတွက် အန်ကွန်ကူးက အဖွင့်ဂိုး သွင်းယူနိုင်ပြီလို့ ထင်ခဲ့ပေမယ့် လူကျွံနေခဲ့သလို ဂန်ဒူဇီနဲ့ ချွာမင်နီတို့ရဲ့ ကွင်းလယ်ကတော့ လုပ်အားနှုန်းအပြင် ကစားကွက် ပုံဖော်မှုတွေမှာ နုလွန်းသေးတာကြောင့် နိုင်ငံတကာ အတွေ့အကြုံ အားနည်းတဲ့ ဒီယာဘီ၊ အန်ကွန်ကူးတို့နဲ့ ပေါင်းလိုက်ရင် သူတို့တွေရဲ့အဆင့်က ဒီနေ့မှာ B အသင်းလို့သာ အတိအကျ ဆိုရဖို့ ရှိနေခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းလက်ကျန်ပွဲချိန်တွေမှာတော့ ပြင်သစ်ကွင်းလယ်က ဒီယာဘီနဲ့ ချွာမင်နီတို့ရဲ့ ကန်ချက်တွေကို ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်ချ် အမှားအယွင်းမရှိ ကာကွယ်ပုတ်ထုတ်သွားနိုင်ခဲ့တာကြောင့် ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဧည့်သည် ပြင်သစ်တို့ရဲ့ ထိုးဖောက်မှုတွေက ပိုပြီး အားကောင်းလာခဲ့ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ ပြင်သစ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တိုက်စစ်ဆင်လာခဲ့တဲ့ ရာဗျို ပေးတာကို ဘင်ယက်ဒါက တစ်ချက်ထိန်းပြီး ခရိုအေးရှားခံစစ်ကြားထဲက ခင်းပေးခဲ့ရာမှာ ရာဗျိုကပဲ ဂိုးသမား လီဗာကိုဗစ်ချ်နဲ့အတွေ့မှာ ပါးပါးနပ်နပ် အပေါ်ထောင့်ထဲ ကန်သွင်းယူနိုင်ခဲ့တာပါ။

ခရိုအေးရှားကတော့ လက်ရှိလက်ရွေးစင်လက်ထောက်နည်းပြ မန်ဂျူကစ်ချ် နားသွားကတည်းက သူတို့ရဲ့ အထောင်တိုက်စစ်မှာ အဆင့်အတန်း ရှိတဲ့ တိုက်စစ်မှူးမျိုး မရှိတော့ဘဲ ဂိုးသွင်းအားရှိသူတွေဖြစ်တဲ့ အေစီမီလန်ရဲ့ အန်တေ ရီဘစ်ချ်နဲ့ စပါးစ်ရောက် အီဗန် ပါရီရှစ်ချ်တို့ကလည်း အသင်းနဲ့ မပူးပေါင်းနိုင်ခဲ့ချိန်မှာ ဘရက်ကာလို၊ ဘူဒီမီယာနဲ့ ကရာမာရစ်ချ်တို့လို သာမန်ကစားသမားတွေနဲ့ အလုပ်မဖြစ်နိုင်တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပြင်သစ်ဘက်က ဘင်ယက်ဒါ၊ ချွာမင်နီနဲ့ ဒီယာဘီတို့အစား ဂရစ်ဇ်မန်း၊ ကာမာရာနဲ့ ကလော့စ်တို့ ဝင်ကစားပြီး ခရိုအေးရှားဘက်ကတော့ ဘရက်ကာလို၊ မေယာ၊ ဘူဒီမီယာ၊ ကိုဗာချစ်ချ်နဲ့ မိုဒရစ်ချ်တို့နေရာတွေမှာ အော်ရှစ်ချ်၊ ပါရှာလစ်ချ်၊ ကရာမာရစ်ချ်၊ ဗလာရှစ်ချ်နဲ့ ဆူချစ်ချ်တို့ ဝင်ကစားလာခဲ့ကြတာပါ။

ပွဲချိန် မိနစ် ၇၀ မှာ ကိုဗာချစ်ရဲ့ ကွင်းလယ်က တစ်ကိုယ်တော်အစွမ်းနဲ့ ကန်ချက်ကို ပြင်သစ်ဂိုးသမား မေညွန် ပုတ်ထုတ်ကာကွယ်ခဲ့ရပြီး ပွဲချိန် ၇၆ မိနစ်မှာ ခရိုအေးရှားတို့ လူပေးမှားရာက အန်ကွန်ကူး ဖြတ်ယူပေးတဲ့ ဘောလုံးကို ဂရစ်ဇ်မန်း ကန်သွင်းချက်က ဂိုးသမား လီဗာကိုဗစ်ချ်ကို မကျော်သလို နောက်တစ်ကြိမ် ကန်တာကလည်း လက်ထဲကို ကြည်ကြည်ဖြူဖြူ ထည့်ပေးလိုက်သလိုတောင် ဖြစ်သွားခဲ့ရပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ ခရိုအေးရှားတို့ ချေပဂိုး ပြန်ရခဲ့ပြီး ဧရိယာထဲမှာ ဘောလုံးထိန်းသိမ်းရယူတဲ့ ကရာမာရစ်ချ်ကို နောက်ကနေ ဝင်တိုက်တဲ့ လူစားဝင်ပြင်သစ်ကစားသမား ကလော့စ်ကြောင့် ပင်နယ်တီရခဲ့တာကို ကရာမာရစ်ချ်ကပဲ ကိုယ်တိုင်ကန်သွင်းယူခဲ့ပြီး ဂိုးသမား မေညွန်ကို ဟန်ချက်ပျက်အောင် လှည့်စားကန်သွင်းနိုင်ခဲ့လို့ တစ်ဂိုးစီသရေ ပြန်ဖြစ်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ခရိုအေးရှားဘက်က အော်ရှစ်ချ်နဲ့ ပြင်သစ်ဘက်က ဂရစ်ဇ်မန်းတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ဘယ်ဘက်ကမှ ဂိုးထပ်မရဘဲ တစ်ဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့သလို ဥရောပ ဘောလုံးပြက္ခဒိန်ရဲ့ အဆုံးမှာ ကစားသမားတွေကို ပွဲပန်းအောင် နှိပ်စက်သလို ဖြစ်နေခဲ့တဲ့ နေးရှင်းလိဂ်ကတော့ စိတ်ပျက်စရာတစ်ခုအဖြစ် ဝေဖန်သံတွေလည်း ထွက်ပေါ်နေခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အိမ်ကွင်းမှာ နှစ်ပွဲဆက်တိုက် ကစားခဲ့ရတဲ့ ခရိုအေးရှားအသင်းအနေနဲ့ ဒီနေ့မှာ အဓိက ကစားသမားတွေကို ပြန်သုံးခဲ့ပြီး ဂိုးသမား လီဗာကိုဗစ်ခ်ျ၊ ခံစစ်မှာ ဗီဒါ၊ အာလစ်ခ်ျ၊ ယူရာနိုဗစ်ခ်ျနဲ့ ဘာရီရှစ်ခ်ျတို့ကို ပွဲထုတ်လာခဲ့သလို ကွင်းလယ်မှာ မိုဒရစ်ခ်ျ၊ ဘရိုဇိုဗစ်ခ်ျ၊ ကိုဗာချစ်ခ်ျ၊ မေယာနဲ့ ဘရက်ကာလိုတို့ကို ပြန်သုံးခဲ့ပြီး တိုက်စစ်မှာတော့ ဘူဒီမီယာကို အထောင်ထားပြီး ကစားလာခဲ့ပါတယ်။


ပွဲချိန် ၇ မိနစ်မှာ ထောင့်ကန်ဘောကနေ မိုဒရစ်ခ်ျ တင်ပေးတာကို မေယာ ကန်ပေမယ့် ဘေးထွက်သွားခဲ့သလို ပွဲချိန် ၁၈ မိနစ်မှာ ဒီညာရဲ့ နောက်ကျန်နေမှုကြောင့် ပျက်သွားတဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ ဘူဒီမီယာရဲ့ လူမပေးဘဲ တစ်ကိုယ်ကောင်းဆန်ခဲ့တဲ့ ကန်ချက်ကို ပြင်သစ်ခံစစ်က ကပ္ပတိန် ကင်ပမ်ဘီနဲ့ ဂိုးသမား မေညွန်တို့ ပူးပေါင်းပိတ်ဆို့သွားခဲ့လို့ ခရိုအေးရှားတို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရပါတယ်။

ခရိုအေးရှားကတော့ တိုက်စစ်မှာ နာမည်ကြီးတွေ တစ်ဦးမှ မကျန်တော့ဘဲ မျိုးဆက်ပြတ်နေခဲ့သလို ကွင်းလယ်မှာလည်း မိုဒရစ်ခ်ျသာ နားသွားရင် ဘရိုဇိုဗစ်ခ်ျနဲ့ ကိုဗာချစ်ခ်ျတို့ ဦးဆောင်နိုင်ဖို့ ခက်နေပြီး မျိုးဆက်သစ်လို့ ဆိုလို့ရတဲ့ မေယာကတော့ မဆိုးခဲ့ဘူးလို့ ဆိုရမှာဖြစ်သလို ရီးရဲလ် မက်ဒရစ်နဲ့ သတင်းထွက်နေတဲ့ ဒီရင်းနေးကွင်းလယ်လူကိုသာ သူတို့တွေ မျှော်လင့်နိုင်ဖို့ ရှိနေခဲ့တာပါ။


ပထမပိုင်းလက်ကျန်ပွဲချိန်တွေမှာတော့ ပြင်သစ်ကွင်းလယ်က ဒီယာဘီနဲ့ ချွာမင်နီတို့ရဲ့ ကန်ချက်တွေကို ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်ခ်ျ အမှားအယွင်းမရှိ ကာကွယ်ပုတ်ထုတ်သွားနိုင်ခဲ့တာကြောင့် ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဧည့်သည် ပြင်သစ်တို့ရဲ့ ထိုးဖောက်မှုတွေက ပိုပြီး အားကောင်းလာခဲ့ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ ပြင်သစ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တိုက်စစ်ဆင်လာခဲ့တဲ့ ရာဗျို ပေးတာကို ဘင်ယက်ဒါက တစ်ချက်ထိန်းပြီး ခရိုအေးရှားခံစစ်ကြားထဲက ခင်းပေးခဲ့ရာမှာ ရာဗျိုကပဲ ဂိုးသမား လီဗာကိုဗစ်ခ်ျနဲ့အတွေ့မှာ ပါးပါးနပ်နပ် အပေါ်ထောင့်ထဲ ကန်သွင်းယူနိုင်ခဲ့တာပါ။

ခရိုအေးရှားကတော့ လက်ရှိလက်ရွေးစင်လက်ထောက်နည်းပြ မန်ဂျူကစ်ခ်ျ နားသွားကတည်းက သူတို့ရဲ့ အထောင်တိုက်စစ်မှာ အဆင့်အတန်း ရှိတဲ့ တိုက်စစ်မှူးမျိုး မရှိတော့ဘဲ ဂိုးသွင်းအားရှိသူတွေဖြစ်တဲ့ အေစီမီလန်ရဲ့ အန်တေ ရီဘစ်ခ်ျနဲ့ စပါးစ်ရောက် အီဗန် ပါရီရှစ်ခ်ျတို့ကလည်း အသင်းနဲ့ မပူးပေါင်းနိုင်ခဲ့ချိန်မှာ ဘရက်ကာလို၊ ဘူဒီမီယာနဲ့ ကရာမာရစ်ခ်ျတို့လို သာမန်ကစားသမားတွေနဲ့ အလုပ်မဖြစ်နိုင်တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပြင်သစ်ဘက်က ဘင်ယက်ဒါ၊ ချွာမင်နီနဲ့ ဒီယာဘီတို့အစား ဂရစ်ဇ်မန်း၊ ကာမာရာနဲ့ ကလော့စ်တို့ ဝင်ကစားပြီး ခရိုအေးရှားဘက်ကတော့ ဘရက်ကာလို၊ မေယာ၊ ဘူဒီမီယာ၊ ကိုဗာချစ်ခ်ျနဲ့ မိုဒရစ်ခ်ျတို့နေရာတွေမှာ အော်ရှစ်ခ်ျ၊ ပါရှာလစ်ခ်ျ၊ ကရာမာရစ်ခ်ျ၊ ဗလာရှစ်ခ်ျနဲ့ ဆူချစ်ခ်ျတို့ ဝင်ကစားလာခဲ့ကြတာပါ။

ပွဲချိန် မိနစ် ၇၀ မှာ ကိုဗာချစ်ရဲ့ ကွင်းလယ်က တစ်ကိုယ်တော်အစွမ်းနဲ့ ကန်ချက်ကို ပြင်သစ်ဂိုးသမား မေညွန် ပုတ်ထုတ်ကာကွယ်ခဲ့ရပြီး ပွဲချိန် ၇၆ မိနစ်မှာ ခရိုအေးရှားတို့ လူပေးမှားရာက အန်ကွန်ကူး ဖြတ်ယူပေးတဲ့ ဘောလုံးကို ဂရစ်ဇ်မန်း ကန်သွင်းချက်က ဂိုးသမား လီဗာကိုဗစ်ခ်ျကို မကျော်သလို နောက်တစ်ကြိမ် ကန်တာကလည်း လက်ထဲကို ကြည်ကြည်ဖြူဖြူ ထည့်ပေးလိုက်သလိုတောင် ဖြစ်သွားခဲ့ရပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ ခရိုအေးရှားတို့ ချေပဂိုး ပြန်ရခဲ့ပြီး ဧရိယာထဲမှာ ဘောလုံးထိန်းသိမ်းရယူတဲ့ ကရာမာရစ်ခ်ျကို နောက်ကနေ ဝင်တိုက်တဲ့ လူစားဝင်ပြင်သစ်ကစားသမား ကလော့စ်ကြောင့် ပင်နယ်တီရခဲ့တာကို ကရာမာရစ်ခ်ျကပဲ ကိုယ်တိုင်ကန်သွင်းယူခဲ့ပြီး ဂိုးသမား မေညွန်ကို ဟန်ချက်ပျက်အောင် လှည့်စားကန်သွင်းနိုင်ခဲ့လို့ တစ်ဂိုးစီသရေ ပြန်ဖြစ်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ခရိုအေးရှားဘက်က အော်ရှစ်ခ်ျနဲ့ ပြင်သစ်ဘက်က ဂရစ်ဇ်မန်းတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ဘယ်ဘက်ကမှ ဂိုးထပ်မရဘဲ တစ်ဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့သလို ဥရောပ ဘောလုံးပြက္ခဒိန်ရဲ့ အဆုံးမှာ ကစားသမားတွေကို ပွဲပန်းအောင် နှိပ်စက်သလို ဖြစ်နေခဲ့တဲ့ နေးရှင်းလိဂ်ကတော့ စိတ်ပျက်စရာတစ်ခုအဖြစ် ဝေဖန်သံတွေလည်း ထွက်ပေါ်နေခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.