International Match Report

အဲရစ်ဆန်ရဲ့ ဖန်တီးမှုနဲ့ ဩစတြီးယားကို ကျော်ဖြတ်ပြီး အုပ်စုကို ဦးဆောင်တဲ့ ဒိန်းမတ်

ပြီးခဲ့တဲ့ ပွဲက အဝေးကွင်းတွေမှာ ခရိုအေးရှားနဲ့ ပြင်သစ်တို့ကို အသီးသီး အနိုင်ယူထားခဲ့တဲ့ ဩစတြီးယားနဲ့ ဒိန်းမတ်တို့ရဲ့ တွေ့ဆုံပွဲ့ကတော့ စကတည်းက ယဉ်သကိုဖြစ်ခဲ့ပြီး မြို့တော် ဗီယင်နာမှာ မီးပျက်ခဲ့လို့ မူလစီစဉ်ထားတဲ့ ပွဲချိန်အတိုင်း မကစားနိုင်ခဲ့ဘဲ တစ်နာရီခွဲနောက်ကျပြီးမှ ကစားခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အိမ်ရှင် ဩစတြီးယားတို့အနေနဲ့ လူစာရင်းကို အတော်လေး ပြောင်းလဲလာခဲ့ပြီး ဂိုးသမား ပန့်ဇ်၊ ခံစစ်မှာ ထရင်းမဲလ်၊ ပို့ရှ်၊ အလာဘာ၊ ဖရိုင်းဒဲလ်တို့နဲ့ ပွဲထွက်လာခဲ့ကြပြီး ကွင်းလယ်မှာတော့ ရှလေဂါ၊ ဆိုင်းဗဲလ်၊ ဘောင်းမ်ဂါ့တ်နာ၊ လိုင်မာ၊ လူဘီချစ်ချ်တို့နဲ့ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ကလိုင်ဂျစ်တစ်ယောက်တည်းကို တင်ကစားလာခဲ့တာပါ။

ဒိန်းမတ်တို့ကတော့ လူစာရင်းကို အနည်းငယ် အပြောင်းအလဲလုပ်ခဲ့ပြီး ဂိုးသမား ရှမိုက်ကယ်၊ ခံစစ်မှာ နယ်လ်ဆန်၊ ဗက်စတာဂါ့ဒ်နဲ့ အန်ဒါဆန်တို့ ကစားခဲကြပြီး ကွင်းလယ်မှာတော့ မေလီ၊ ဂျန်ဆန်၊ ဟွိုင်ဘယာ့ဂ်၊ ရက်စ်မတ်စ် ခရစ္စတင်ဆန်နဲ့ အဲရစ်ဆန်တို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ ဘရိတ်သ်ဝိတ်နဲ့ ယူဆွတ်ဖ် ပေါလ်ဆန်တို့ကို ပွဲထွက်စေခဲ့ပါတယ်။

ပွဲစကတည်းက အိမ်ရှင်တွေ ဖိကစားခဲ့ပေမယ့် တိုက်စစ်မှူး အာနော်တိုဗစ်ချ် ပါဝင်မလာတဲ့ ရှေ့တန်းရဲ့ အဆုံးသတ်ပိုင်းတွေက စိတ်ပျက်စရာ ကောင်းလောက်အောင် လွဲမှားနေခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ကွာလတီပိုင်းမှာတော့ ဧည့်သည် ဒိန်းမတ်တို့က သိသိသာသာ ခေါင်းတစ်လုံးမြင့်နေခဲ့တာပါ။

ပွဲချိန် ၂၇ မိနစ်မှာတော့ ဂိုးရှေ့မှာ အလုပ်မဖြစ်တဲ့ ဩစတြီးယားတို့ ပညာပေးခံခဲ့ကြရပြီး ညာခြမ်းကနေ ဒိန်းမတ်နောက်ခံလူ ခရစ္စတင်ဆန် ဖြတ်ပို့တဲ့ ဘောလုံးက တစ်ဖက်ခံစစ်နဲ့ ထိပြီး ထွက်လာခဲ့ရာမှာ အဆင်သင့် စောင့်ဆိုင်းနေသူတွေ လွဲချော်သွားခဲ့ကြပေမယ့် နောက်ကနေ ဧရိယာထဲကို Arrive Late ပြေးဝင်လာတဲ့ ကွင်းလယ်လူ ဟွိုင်ဘယာ့ဂ်က Half Volley ကန်သွင်းပြီး ဧည့်သည်တွေ စတင်ဦးဆောင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဧည့်သည်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေနိုင်ခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ အိမ်ရှင်တွေဘက်က လျူဘီချစ်ချ်၊ ကလိုင်ဂျစ်နဲ့ ဘောင်းမ်ဂါ့တ်နာတို့အစား အာနော်တိုဗစ်ချ်၊ ဂရီဂေါ်ရစ်ချ်နဲ့ ဆာဘစ်ဇာတို့ ဝင်ကစားခဲ့ကြပြီး သိပ်မကြာခင်မှာတော့ ဒိန်းမတ်တို့ဘက်က ဘရိတ်သ်ဝိတ်၊ ပေါလ်ဆန်နဲ့ ဗက်စတာဂါ့ဒ်တို့အစား စကော့ဗ် အော်လ်ဆန်၊ ဒမ်းစ်ဂါ့ဒ်နဲ့ ကော်နယ်လီးယပ်စ်တို့ လူစားဝင်ရောက်သွားခဲ့ကြတာပါ။

ပွဲချိန် ၆၃ မိနစ်မှာ အရန်လူအဖြစ်က ပွဲထွက်ခွင့်ရနေတဲ့ ပို့ရှ်အစား ဒန်ဆိုကို ဩစတြီးယားတို့ဘက်က ထည့်သွင်းခဲ့ပြီး ပွဲချိန် ၆၆ မိနစ်မှာတော့ ဒိန်းမတ်ဘက်က ဘယ်နောက်ခံလူ မေလီအစား စထရိုင်ဂါ လာဆန်ကို ထည့်သွင်းသွားခဲ့သလို နှစ်သင်းစလုံးအနေနဲ့ ဒီပွဲကို စိုးမိုးနိုင်ဖို့ ဗျူဟာတွေကို စနစ်တကျ ပြောင်းလဲခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ ဩစတြီးယားတို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဒိန်းမတ်နောက်ခံလူ အန်ဒါဆန်ရဲ့ အန္တရာယ်များတဲ့ နောက်ပြန်ပေးမှုကနေ ဂိုးသမား ရှမိုက်ကယ်ကို ဖိအားပေးခံခဲ့ရလို့ ပျက်ခဲ့တဲ့ ဘောလုံးကို အာနော်တိုဗစ်ချ်က ဆွဲထုတ်ပြီး ဂိုးစည်းနားကနေ နောက်ပြန် ချိုးပေးခဲ့ရာမှာ ဧရိယာထဲမှာ လူကပ်မခံရဘဲ လွတ်နေတဲ့ ကွင်းလယ်လူ ရှလေဂါက အပိုင်ကန်သွင်းပြီး တစ်ဂိုးစီသရေပြန်ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၈၄ မိနစ်မှာတော့ ဒိန်းမတ်တို့ အနိုင်ဂိုးကို ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ အဲရစ်ဆန်ရဲ့ အကွက်မြင်တဲ့ ဘောလုံးဖြန့်မှုကနေ ဘယ်တောင်ပံကနေ ပြေးတက်လာခဲ့တဲ့ တောင်ပံကစားသမား စထရိုင်ဂါ လာဆန်က အဝေးတိုင်ဘက်ကို ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ပန့်ဇ် ဖမ်းဖို့ မမီလိုက်ဘဲ ဂိုးပေးခဲ့ရလို့ နည်းပြ ရန်းနစ်ခ်အတွက်တော့ စိတ်ပျက်စရာဖြစ်သွားခဲ့ရပါတယ်။

နာကျင်အချိန်ပို ၇ မိနစ်မှာ အိမ်ရှင်တွေရဲ့ တိုက်စစ်တွေကို ဧည့်သည်တွေ တောင့်ခံနိုင်ခဲ့ကြပြီး ပွဲချိန်အပြည့်မှာတော့ ဒိန်းမတ်တို့ ဗီယင်နာမြေမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ဩစတြီးယားတို့ကို အလဲထိုးနိုင်ခဲ့သလို နေးရှင်းလိဂ်(A)ရဲ့ အုပ်စု(၁)မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒီပြိုင်ပွဲမှာတော့ ပုံစံကောင်းကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ပြဲက အေဝးကြင္းေတြမွာ ခ႐ိုေအးရွားနဲ႔ ျပင္သစ္တို႔ကို အသီးသီး အႏိုင္ယူထားခဲ့တဲ့ ဩစႀတီးယားနဲ႔ ဒိန္းမတ္တို႔ရဲ႕ ေတြ႕ဆုံပြဲ႕ကေတာ့ စကတည္းက ယဥ္သကိုျဖစ္ခဲ့ၿပီး ၿမိဳ႕ေတာ္ ဗီယင္နာမွာ မီးပ်က္ခဲ့လို႔ မူလစီစဥ္ထားတဲ့ ပြဲခ်ိန္အတိုင္း မကစားႏိုင္ခဲ့ဘဲ တစ္နာရီခြဲေနာက္က်ၿပီးမွ ကစားခဲ့ရတာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ အိမ္ရွင္ ဩစႀတီးယားတို႔အေနနဲ႔ လူစာရင္းကို အေတာ္ေလး ေျပာင္းလဲလာခဲ့ၿပီး ဂိုးသမား ပန႔္ဇ္၊ ခံစစ္မွာ ထရင္းမဲလ္၊ ပို႔ရွ္၊ အလာဘာ၊ ဖ႐ိုင္းဒဲလ္တို႔နဲ႔ ပြဲထြက္လာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ရွေလဂါ၊ ဆိုင္းဗဲလ္၊ ေဘာင္းမ္ဂါ့တ္နာ၊ လိုင္မာ၊ လူဘီခ်စ္ခ်္တို႔နဲ႔ ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ကလိုင္ဂ်စ္တစ္ေယာက္တည္းကို တင္ကစားလာခဲ့တာပါ။

ဒိန္းမတ္တို႔ကေတာ့ လူစာရင္းကို အနည္းငယ္ အေျပာင္းအလဲလုပ္ခဲ့ၿပီး ဂိုးသမား ရွမိုက္ကယ္၊ ခံစစ္မွာ နယ္လ္ဆန္၊ ဗက္စတာဂါ့ဒ္နဲ႔ အန္ဒါဆန္တို႔ ကစားခဲၾကၿပီး ကြင္းလယ္မွာေတာ့ ေမလီ၊ ဂ်န္ဆန္၊ ဟြိဳင္ဘယာ့ဂ္၊ ရက္စ္မတ္စ္ ခရစၥတင္ဆန္နဲ႔ အဲရစ္ဆန္တို႔ကို အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ ဘရိတ္သ္ဝိတ္နဲ႔ ယူဆြတ္ဖ္ ေပါလ္ဆန္တို႔ကို ပြဲထြက္ေစခဲ့ပါတယ္။

ပြဲစကတည္းက အိမ္ရွင္ေတြ ဖိကစားခဲ့ေပမယ့္ တိုက္စစ္မႉး အာေနာ္တိုဗစ္ခ်္ ပါဝင္မလာတဲ့ ေရွ႕တန္းရဲ႕ အဆုံးသတ္ပိုင္းေတြက စိတ္ပ်က္စရာ ေကာင္းေလာက္ေအာင္ လြဲမွားေနခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ကစားႏိုင္ခဲ့ေပမယ့္ ကြာလတီပိုင္းမွာေတာ့ ဧည့္သည္ ဒိန္းမတ္တို႔က သိသိသာသာ ေခါင္းတစ္လုံးျမင့္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ဂိုးေရွ႕မွာ အလုပ္မျဖစ္တဲ့ ဩစႀတီးယားတို႔ ပညာေပးခံခဲ့ၾကရၿပီး ညာျခမ္းကေန ဒိန္းမတ္ေနာက္ခံလူ ခရစၥတင္ဆန္ ျဖတ္ပို႔တဲ့ ေဘာလုံးက တစ္ဖက္ခံစစ္နဲ႔ ထိၿပီး ထြက္လာခဲ့ရာမွာ အဆင္သင့္ ေစာင့္ဆိုင္းေနသူေတြ လြဲေခ်ာ္သြားခဲ့ၾကေပမယ့္ ေနာက္ကေန ဧရိယာထဲကို Arrive Late ေျပးဝင္လာတဲ့ ကြင္းလယ္လူ ဟြိဳင္ဘယာ့ဂ္က Half Volley ကန္သြင္းၿပီး ဧည့္သည္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ပထမပိုင္းမွာ ဧည့္သည္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ အိမ္ရွင္ေတြဘက္က လ်ဴဘီခ်စ္ခ်္၊ ကလိုင္ဂ်စ္နဲ႔ ေဘာင္းမ္ဂါ့တ္နာတို႔အစား အာေနာ္တိုဗစ္ခ်္၊ ဂရီေဂၚရစ္ခ်္နဲ႔ ဆာဘစ္ဇာတို႔ ဝင္ကစားခဲ့ၾကၿပီး သိပ္မၾကာခင္မွာေတာ့ ဒိန္းမတ္တို႔ဘက္က ဘရိတ္သ္ဝိတ္၊ ေပါလ္ဆန္နဲ႔ ဗက္စတာဂါ့ဒ္တို႔အစား စေကာ့ဗ္ ေအာ္လ္ဆန္၊ ဒမ္းစ္ဂါ့ဒ္နဲ႔ ေကာ္နယ္လီးယပ္စ္တို႔ လူစားဝင္ေရာက္သြားခဲ့ၾကတာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာ အရန္လူအျဖစ္က ပြဲထြက္ခြင့္ရေနတဲ့ ပို႔ရွ္အစား ဒန္ဆိုကို ဩစႀတီးယားတို႔ဘက္က ထည့္သြင္းခဲ့ၿပီး ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဒိန္းမတ္ဘက္က ဘယ္ေနာက္ခံလူ ေမလီအစား စထ႐ိုင္ဂါ လာဆန္ကို ထည့္သြင္းသြားခဲ့သလို ႏွစ္သင္းစလုံးအေနနဲ႔ ဒီပြဲကို စိုးမိုးႏိုင္ဖို႔ ဗ်ဴဟာေတြကို စနစ္တက် ေျပာင္းလဲခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ဩစႀတီးယားတို႔ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဒိန္းမတ္ေနာက္ခံလူ အန္ဒါဆန္ရဲ႕ အႏၲရာယ္မ်ားတဲ့ ေနာက္ျပန္ေပးမႈကေန ဂိုးသမား ရွမိုက္ကယ္ကို ဖိအားေပးခံခဲ့ရလို႔ ပ်က္ခဲ့တဲ့ ေဘာလုံးကို အာေနာ္တိုဗစ္ခ်္က ဆြဲထုတ္ၿပီး ဂိုးစည္းနားကေန ေနာက္ျပန္ ခ်ိဳးေပးခဲ့ရာမွာ ဧရိယာထဲမွာ လူကပ္မခံရဘဲ လြတ္ေနတဲ့ ကြင္းလယ္လူ ရွေလဂါက အပိုင္ကန္သြင္းၿပီး တစ္ဂိုးစီသေရျပန္ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ဒိန္းမတ္တို႔ အႏိုင္ဂိုးကို ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန အဲရစ္ဆန္ရဲ႕ အကြက္ျမင္တဲ့ ေဘာလုံးျဖန႔္မႈကေန ဘယ္ေတာင္ပံကေန ေျပးတက္လာခဲ့တဲ့ ေတာင္ပံကစားသမား စထ႐ိုင္ဂါ လာဆန္က အေဝးတိုင္ဘက္ကို ေဝ့ဝိုက္ကန္သြင္းခဲ့ရာမွာ ဂိုးသမား ပန႔္ဇ္ ဖမ္းဖို႔ မမီလိုက္ဘဲ ဂိုးေပးခဲ့ရလို႔ နည္းျပ ရန္းနစ္ခ္အတြက္ေတာ့ စိတ္ပ်က္စရာျဖစ္သြားခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၇ မိနစ္မွာ အိမ္ရွင္ေတြရဲ႕ တိုက္စစ္ေတြကို ဧည့္သည္ေတြ ေတာင့္ခံႏိုင္ခဲ့ၾကၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ ဒိန္းမတ္တို႔ ဗီယင္နာေျမမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဩစႀတီးယားတို႔ကို အလဲထိုးႏိုင္ခဲ့သလို ေနးရွင္းလိဂ္(A)ရဲ႕ အုပ္စု(၁)မွာ ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒီၿပိဳင္ပြဲမွာေတာ့ ပုံစံေကာင္းကို ပိုင္ဆိုင္ထားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.