Bundesliga Premier League Transfer News

လီဗာပူးလ်ရဲ့သည်းခံနိုင်စွမ်းကို စမ်းသပ်တဲ့အနေနဲ့ မာနေးကို မဖြစ်နိုင်တဲ့ကမ်းလှမ်းမှု ပြုလုပ်ခဲ့တဲ့ ဘိုင်ယန်

လီဗာပူးလ်အသင်းဟာ ကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယို မာနေးအတွက် ဘိုင်ယန်မြူးနစ်ရဲ့ အဖွင့် ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့ပြီး အသက် ၃၀ အရွယ် ဆီနီဂေါကြယ်ပွင့်အတွက် ဂျာမန်ကလပ်အသင်းက ပေါင် ၂၅ သန်းသာ ကမ်းလှမ်းပြီး အောက်ဈေးနှိုက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဆာဒီယို မာနေးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မရေရာ မသေချာမှုတွေ ဆက်လက်ကြီးထွားလာနေပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ ဆီနီဂေါကြယ်ပွင့်က အန်းဖီးကို စွန့်ခွာချင်တဲ့ဆန္ဒရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ မာနေးကို ခေါ်ယူဖို့အတွက် ရေပန်းအစားဆုံးလို့ ယူဆခြင်းခံထားရပြီး လီဗာပူးလ်တိုက်စစ်မှူးအတွက် ထပ်ဆောင်းပေးချေမှု ပေါင် ၄ သန်းပါဝင်တဲ့ ပေါင် ၂၁ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းတာဝန်ရှိသူတွေဟာ မာနေးအတွက် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းဆိုသလိုပဲ ငြင်းပယ်ခဲ့ပြီး ဈေးကွက်ပေါက်ဈေးထက် တော်တော်လေးနည်းပါးတဲ့ ပမာဏနဲ့ ကမ်းလှမ်းခဲ့တာကြောင့် ဒေါသထွက်ခဲ့ကြမယ်လို့ ယုံကြည်ရပါတယ်။

ဘွန်ဒက်စ်လီဂါချန်ပီယံတွေအနေနဲ့ လက်ရှိမှာတော့ အသင်းဘုတ်အဖွဲ့ကို ယခုထက် ပိုမိုများပြားတဲ့ ပမာဏနဲ့ ကမ်းလှမ်းခွင့်ပေးဖို့ စည်းရုံးရမယ့် စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပြီဖြစ်ပြီး နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုတွေ ရှိလာမှာသေချာတယ်လို့ Bild က ဖော်ပြခဲ့ပါတယ်။

ဆီနီဂေါကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယို မာနေးဟာ ဘီနင်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ အာဖရိကဖလား ခြေစစ်ပွဲ အုပ်စုပွဲစဉ်အပြီးမှာ လီဗာပူးလ်ကို စွန့်ခွာချင်တယ်ဆိုတဲ့ ပြောကြားမှုဟာ ဟာသလုပ်ခဲ့တာသာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဒီကိစ္စကို ဒီနေရာမှာပဲ ရပ်ကြဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် မနေ့က ပြောခဲ့တာက နည်းနည်း အူမြူးနေလို့ နောက်ပြောင်ခဲ့တာဖြစ်ပြီး အဲဒီသတင်းက နေရာတိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီမှာပဲ ရပ်တန့်ရလိမ့်မယ်လို့ ထင်ပါတယ်။ လီဗာပူးလ်က ကျွန်တော် အများကြီးလေးစားရတဲ့အသင်းပါ။ ပရိသတ်တွေက ပထမဆုံးစရောက်တဲ့နေ့ကတည်းက ကျွန်တော့်ကို ချစ်မြတ်နိုးခဲ့ကြတာပါ။ အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ ၾကယ္ပြင့္တိုက္စစ္မႉး ဆာဒီယို မာေနးအတြက္ ဘိုင္ယန္ျမဴးနစ္ရဲ႕ အဖြင့္ ခ်ဥ္းကပ္မႈကို ျငင္းပယ္ခဲ့ၿပီး အသက္ ၃၀ အ႐ြယ္ ဆီနီေဂါၾကယ္ပြင့္အတြက္ ဂ်ာမန္ကလပ္အသင္းက ေပါင္ ၂၅ သန္းသာ ကမ္းလွမ္းၿပီး ေအာက္ေဈးႏႈိက္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

ဆာဒီယို မာေနးရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး မေရရာ မေသခ်ာမႈေတြ ဆက္လက္ႀကီးထြားလာေနၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအၿပီးမွာ ဆီနီေဂါၾကယ္ပြင့္က အန္းဖီးကို စြန႔္ခြာခ်င္တဲ့ဆႏၵရွိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ မာေနးကို ေခၚယူဖို႔အတြက္ ေရပန္းအစားဆုံးလို႔ ယူဆျခင္းခံထားရၿပီး လီဗာပူးလ္တိုက္စစ္မႉးအတြက္ ထပ္ေဆာင္းေပးေခ်မႈ ေပါင္ ၄ သန္းပါဝင္တဲ့ ေပါင္ ၂၁ သန္းနဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းတာဝန္ရွိသူေတြဟာ မာေနးအတြက္ ဘိုင္ယန္ျမဴးနစ္ရဲ႕ ကမ္းလွမ္းမႈကို ခ်က္ခ်င္းဆိုသလိုပဲ ျငင္းပယ္ခဲ့ၿပီး ေဈးကြက္ေပါက္ေဈးထက္ ေတာ္ေတာ္ေလးနည္းပါးတဲ့ ပမာဏနဲ႔ ကမ္းလွမ္းခဲ့တာေၾကာင့္ ေဒါသထြက္ခဲ့ၾကမယ္လို႔ ယုံၾကည္ရပါတယ္။

ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြအေနနဲ႔ လက္ရွိမွာေတာ့ အသင္းဘုတ္အဖြဲ႕ကို ယခုထက္ ပိုမိုမ်ားျပားတဲ့ ပမာဏနဲ႔ ကမ္းလွမ္းခြင့္ေပးဖို႔ စည္း႐ုံးရမယ့္ စိန္ေခၚမႈနဲ႔ ရင္ဆိုင္ေနရၿပီျဖစ္ၿပီး ေနာက္ထပ္ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ရွိလာမွာေသခ်ာတယ္လို႔ Bild က ေဖာ္ျပခဲ့ပါတယ္။

ဆီနီေဂါၾကယ္ပြင့္တိုက္စစ္မႉး ဆာဒီယို မာေနးဟာ ဘီနင္ကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ အာဖရိကဖလား ေျခစစ္ပြဲ အုပ္စုပြဲစဥ္အၿပီးမွာ လီဗာပူးလ္ကို စြန႔္ခြာခ်င္တယ္ဆိုတဲ့ ေျပာၾကားမႈဟာ ဟာသလုပ္ခဲ့တာသာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ဒီကိစၥကို ဒီေနရာမွာပဲ ရပ္ၾကဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ မေန႔က ေျပာခဲ့တာက နည္းနည္း အူျမဴးေနလို႔ ေနာက္ေျပာင္ခဲ့တာျဖစ္ၿပီး အဲဒီသတင္းက ေနရာတိုင္းမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အဲဒီမွာပဲ ရပ္တန႔္ရလိမ့္မယ္လို႔ ထင္ပါတယ္။ လီဗာပူးလ္က ကြၽန္ေတာ္ အမ်ားႀကီးေလးစားရတဲ့အသင္းပါ။ ပရိသတ္ေတြက ပထမဆုံးစေရာက္တဲ့ေန႔ကတည္းက ကြၽန္ေတာ့္ကို ခ်စ္ျမတ္ႏိုးခဲ့ၾကတာပါ။ အနာဂတ္နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ ေတြ႕ရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.