Bundesliga La Liga Transfer News
အသင်းတစ်သင်းကိုပဲ ပြောင်းရွှေ့ဖို့ စဉ်းစားထားတယ်လို့ ဖွင့်ပြောလိုက်တဲ့ လီဗန်ဒေါ့ဗ်စကီး
ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ဘာစီလိုနာအသင်းဆီကနေ အပြောင်းအရွှေ့ ကမ်းလှမ်းမှုကိုသာ ထည့်သွင်းစဉ်းစားသွားမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
ပိုလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့်လည်း ယခုနွေရာသီမှာ ဘွန်ဒက်စ်လီဂါချန်ပီယံတွေကို စွန့်ခွာချင်တဲ့ ဆန္ဒရှိကြောင်း အခိုင်အမာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
လီဗန်ဒေါ့ဗ်စကီးရဲ့ အနာဂတ်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အစီအစဉ်ကို လွှမ်းမိုးထားပေမယ့်လည်း ဥက္ကဌဟောင်း အိုလီ ဟိုးနက်စ်က ဘိုင်ယန်မြူးနစ်အနေနဲ့ အစားထိုးခေါ်ယူမှုမပြုလုပ်နိုင်ခဲ့ဘူးဆိုရင် အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးရဲ့ စာချုပ်အတိုင်း အသင်းက ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း လီဗန်ဒေါ့ဗ်စကီးက အသင်းကနေ ထွက်ခွာမှာ သေချာတဲ့အကြောင်းကို ဆက်လက် ပြောဆိုနေခဲ့ပြီး လာမယ့်ရက်သတ္တပတ်တွေမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ချင်တဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ဘိုင်ယန်မြူးနစ်ကို စွန့်ခွာချင်တယ်။ အဲဒါက သေချာတယ်။ သစ္စာစောင့်သိမှုနဲ့ လေးစားမှုက စီးပွားရေးလုပ်ငန်းထက် ပိုအရေးပါပေမယ့် သူတို့တွေက ကျွန်တော့်စကားကို နားမထောင်ချင်ကြပါဘူး။ ကျွန်တော် အမြဲတမ်းအသင်းရဲ့ အစီအစဉ်အတိုင်း နေခဲ့ပေမယ့် အကောင်းဆုံးအရာက အဖြေကို အတူတူရှာဖို့ပါ။ ခင်ဗျား တစ်ဖက်သတ်ချည်းပဲ ဆုံးဖြတ်လို့ မရနိုင်ပါဘူး”
“ကျွန်တော့်ရဲ့အတွင်းပိုင်းထဲက တစ်စုံတရာက သေဆုံးနေပါပီ။ ကျွန်တော့်ဘဝမျာ စိတ်ခံစားမှုတွေ ပိုပြီး ရှိလာဖို့ ထွက်သွားချင်ပါတယ်။ ကျွန်တော် ဘာဖြစ်နေတယ်ဆိုတာကို သိရင် ဘိုင်ယန်ကို ဘယ်သူ ပြောင်းရွှေ့ချင်တော့မှာလဲ။ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုထက်ပိုပြီး ကျွန်တော် တခြားကမ်းလှမ်းမှုတွေကို ထည့်သွင်းစဉ်းစားမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
လီဗန်ဒေါ့ဗ်စကီးရဲ့ နောက်ဆုံး မှတ်ချက်ဟာ အပေါင်းလက္ခဏာဆောင်တဲ့ ဖြေရှင်းနည်းကို ရှာဖွေဖို့ ကြိုးပမ်းနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်သွားမလဲဆိုတဲ့အပေါ်မှာ အငြင်းအခုံတွေကို ပြန်လည်အသက်ဝင်လာစေမှာဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါချန်ပီယံဟာ လိုအပ်တယ်ဆိုရင် လီဗန်ဒေါ့ဗ်စကီးရဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ အသင်းမှာ ဆက်နေဖို့ တွန်းအားပေးသွားမှာဖြစ်တယ်လို့ လူသိရှင်ကြား ပြောဆိုခဲ့ပေမယ့် ဘာစီလိုနာအသင်းက ပိုလန်တိုက်စစ်မှူးကို ခေါ်ယူဖို့ စီစဉ်နေတာကြောင့် အဲဒီလို ဖြစ်လာဖွယ်မရှိတော့တာဖြစ်ပါတယ်။
လီဗန်ဒေါ့ဗ်စကီးရဲ့ အပြောင်းအရွှေ့ကို အဓိက ပိတ်ဆို့နေတာက လီဗာပူးလ်အသင်းဟာ ဆာဒီယို မာနေးအတွက် ဘိုင်ယန်မြူးနစ်ရဲ့ ကနဦး ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း ပိုလန်တိုက်စစ်မှူးအတွက် ဂျာမန်ကလပ်တောင်းဆိုထားတဲ့ ယူရို ၄၅ သန်းကို တိုးမြှင့်ကမ်းလှမ်းနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ဘာစီလိုနာအသင်းဆီကနေ အပြောင်းအရွှေ့ ကမ်းလှမ်းမှုကိုသာ ထည့်သွင်းစဉ်းစားသွားမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.