La Liga Premier League Transfer News

ဘာစီလိုနာကြယ်ပွင့်ကို ပထမဆုံးတရားဝင်ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီဖြစ်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာ တောင်ပံကစားသမား အူ့စ်မန် ဒမ်ဘီလီရဲ့ တောင်းဆိုမှုအတိုင်း မပေးနိုင်တဲ့အခြေအနေရှိနေဆဲဖြစ်ပေမယ့်လည်း ပထမဆုံးအကြိမ် တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒမ်ဘီလီဟာ ယခုလကုန်မှာ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတာနဲ့ နူးကမ့်ကို စွန့်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပြီး သောမတ်စ် တူဟယ်က ပြင်သစ်တောင်ပံကစားသမားကို စတမ်းဖို့ဒ် ဘရစ်ချ်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ဒမ်ဘီလီနဲ့ တူဟ်တို့ဟာ ဒေါ့မွန်အသင်းမှာတုန်းက အတူတူအလုပ်လုပ်ခဲ့ကြဖူးတဲ့သူတွေဖြစ်ပြီး ဂျာမန်လူမျိုးနည်းပြက တပည့်ဟောင်းအနေနဲ့ ဘွန်ဒက်စ်လီဂါတုန်းက ခြေစွမ်းကောင်းကို အနောက်လန်ဒန်မှာ ပြန်လည် ရှာတွေ့နိုင်မယ်ဆိုတာ သံသယမရှိတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကလည်း ဒမ်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ မကြာသေးမီက သတင်းထွက်လာပေမယ့် လိဂန်းထိပ်သီးအသင်းကြီးရဲ့ ဖွဲ့စည်းပုံအပြောင်းအလဲက ၎င်းတို့ရဲ့ ရပ်တည်ချက်ကို ရှုပ်ထွေးစေခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက ချဲလ်ဆီးအသင်းဟာ အသက် ၂၅ နှစ်အရွယ်တောင်ပံကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု ရရှိအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

“သူက ထိပ်တန်းအဆင့်မှာ ရှိနေတဲ့အချိန်ကျရင် အရမ်းကောင်းတဲ့ ကစားသမားပါ။ ကျွန်တော် ဒေါ့မွန်မှာတုန်းက သူ့ကို လေ့ကျင့်ပေးခဲ့ရတာ အရမ်းကံကောင်းပါတယ်။ အဲဒါက တစ်နှစ်လောက်ပဲ ဖြစ်ခဲ့ပြီး အဲဒီထက်ပိုပြီးတော့ ရှည်ကြာခဲ့ရမှာပါ။ ကျွန်တော် ထွက်ခွာဖို့ လိုအပ်ခဲ့ပြီး သူကလည်း ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်”လို့ တူဟယ်က ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဒမ်ဘီလီအပေါ် သံယောဇဉ်ရှိကြောင်း ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ချဲလ်ဆီးအသင်းကို တော့ဒ် ဘိုလီရဲ့ လုပ်ငန်းစုက ပိုင်ဆိုင်သွားပြီဖြစ်တာကြောင့် အနောက်လန်ဒန်အသင်းဟာ နောက်ထပ်တစ်ကြိမ် ကြိုးစားသွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။ နည်းပြ သောမတ်စ် တူဟယ်ဟာ ၂၀၂၂-၂၀၂၃ ရာသီအတွက် ၎င်းရဲ့ တိုက်စစ်ရွေးချယ်စရာတွေကို အင်အားဖြည့်တင်းချင်နေတာကြောင့် ဒမ်ဘီလီဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွက် ချဲလ်ဆီးရဲ့ ပစ်မှတ်စာရင်းထဲမှာ ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း Sport ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ ကနဦး တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့်လည်း ကစားသမားရဲ့ မျှော်မှန်းချက်အတိုင်း ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။  ချဲလ်ဆီးအသင်းက ဒမ်ဘီလီကို လက်မှတ်ထိုးကြေးနဲ့အတူ ၄ နှစ်စာချုပ် ချုပ်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး ဘာစီလိုနာကလည်း ပြင်သစ်ကြယ်ပွင့်ကို စာချုပ်သစ် ကမ်းလှမ်းမှု ငြင်းပယ်ခံထားရတာကြောင့် ပရီးမီးယားလိဂ်ကလပ်က ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေဆဲဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ဘာစီလိုနာ ေတာင္ပံကစားသမား အူ႔စ္မန္ ဒမ္ဘီလီရဲ႕ ေတာင္းဆိုမႈအတိုင္း မေပးႏိုင္တဲ့အေျခအေနရွိေနဆဲျဖစ္ေပမယ့္လည္း ပထမဆုံးအႀကိမ္ တရားဝင္ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဒမ္ဘီလီဟာ ယခုလကုန္မွာ ဘာစီလိုနာအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ကုန္ဆုံးတာနဲ႔ ႏူးကမ့္ကို စြန႔္ခြာဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး ေသာမတ္စ္ တူဟယ္က ျပင္သစ္ေတာင္ပံကစားသမားကို စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

ဒမ္ဘီလီနဲ႔ တူဟ္တို႔ဟာ ေဒါ့မြန္အသင္းမွာတုန္းက အတူတူအလုပ္လုပ္ခဲ့ၾကဖူးတဲ့သူေတြျဖစ္ၿပီး ဂ်ာမန္လူမ်ိဳးနည္းျပက တပည့္ေဟာင္းအေနနဲ႔ ဘြန္ဒက္စ္လီဂါတုန္းက ေျခစြမ္းေကာင္းကို အေနာက္လန္ဒန္မွာ ျပန္လည္ ရွာေတြ႕ႏိုင္မယ္ဆိုတာ သံသယမရွိတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းကလည္း ဒမ္ဘီလီကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ မၾကာေသးမီက သတင္းထြက္လာေပမယ့္ လိဂန္းထိပ္သီးအသင္းႀကီးရဲ႕ ဖြဲ႕စည္းပုံအေျပာင္းအလဲက ၎တို႔ရဲ႕ ရပ္တည္ခ်က္ကို ရႈပ္ေထြးေစခဲ့တာျဖစ္ပါတယ္။ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလတုန္းက ခ်ဲလ္ဆီးအသင္းဟာ အသက္ ၂၅ ႏွစ္အ႐ြယ္ေတာင္ပံကစားသမားကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ဘာစီလိုနာအသင္းနဲ႔ သေဘာတူညီမႈ ရရွိေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ျခင္းမရွိခဲ့တာ ျဖစ္ပါတယ္။

“သူက ထိပ္တန္းအဆင့္မွာ ရွိေနတဲ့အခ်ိန္က်ရင္ အရမ္းေကာင္းတဲ့ ကစားသမားပါ။ ကြၽန္ေတာ္ ေဒါ့မြန္မွာတုန္းက သူ႔ကို ေလ့က်င့္ေပးခဲ့ရတာ အရမ္းကံေကာင္းပါတယ္။ အဲဒါက တစ္ႏွစ္ေလာက္ပဲ ျဖစ္ခဲ့ၿပီး အဲဒီထက္ပိုၿပီးေတာ့ ရွည္ၾကာခဲ့ရမွာပါ။ ကြၽန္ေတာ္ ထြက္ခြာဖို႔ လိုအပ္ခဲ့ၿပီး သူကလည္း ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့တယ္”လို႔ တူဟယ္က ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလအတြင္း ဒမ္ဘီလီအေပၚ သံေယာဇဥ္ရွိေၾကာင္း ထုတ္ေျပာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ လက္ရွိမွာေတာ့ ခ်ဲလ္ဆီးအသင္းကို ေတာ့ဒ္ ဘိုလီရဲ႕ လုပ္ငန္းစုက ပိုင္ဆိုင္သြားၿပီျဖစ္တာေၾကာင့္ အေနာက္လန္ဒန္အသင္းဟာ ေနာက္ထပ္တစ္ႀကိမ္ ႀကိဳးစားသြားဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ပါတယ္။ နည္းျပ ေသာမတ္စ္ တူဟယ္ဟာ ၂၀၂၂-၂၀၂၃ ရာသီအတြက္ ၎ရဲ႕ တိုက္စစ္ေ႐ြးခ်ယ္စရာေတြကို အင္အားျဖည့္တင္းခ်င္ေနတာေၾကာင့္ ဒမ္ဘီလီဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြက္ ခ်ဲလ္ဆီးရဲ႕ ပစ္မွတ္စာရင္းထဲမွာ ရွိေနဆဲျဖစ္ပါတယ္။

ဒါေပမယ့္လည္း Sport ရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္းဟာ ကနဦး တရားဝင္ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ၿပီးျဖစ္ေပမယ့္လည္း ကစားသမားရဲ႕ ေမွ်ာ္မွန္းခ်က္အတိုင္း ျဖည့္ဆည္းေပးႏိုင္ျခင္းမရွိေသးဘူးလို႔ သိရပါတယ္။  ခ်ဲလ္ဆီးအသင္းက ဒမ္ဘီလီကို လက္မွတ္ထိုးေၾကးနဲ႔အတူ ၄ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဖို႔ ကမ္းလွမ္းခဲ့တာျဖစ္တယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး ဘာစီလိုနာကလည္း ျပင္သစ္ၾကယ္ပြင့္ကို စာခ်ဳပ္သစ္ ကမ္းလွမ္းမႈ ျငင္းပယ္ခံထားရတာေၾကာင့္ ပရီးမီးယားလိဂ္ကလပ္က ေခၚယူႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနဆဲဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.