Premier League Transfer News

ကစားသမားသုံးဦးေလာက္အထိ ရက္ပုိင္းအတြင္းမွာ ေခၚယူသြားဖို႔ ခ်ိတ္ဆက္ေနတဲ့ လိဒ္စ္

လိဂ္ခ်န္ပီယံရွစ္ကေန ဗိုလ္စြဲၿပီး ပထမေနရာကေန ပရီးမီးယားလိဂ္ကို တန္းတက္လာခဲ့တဲ့ လိဒ္စ္ယူႏိုက္တက္အသင္းရဲ႕ နည္းျပ မာဆယ္လို ဘီယယ္လ္ဆာကေတာ့ သူ႕ရဲ႕ ပထမဆုံးအႀကိမ္ အဂၤလန္ႏုိင္ငံရဲ႕ အျမင့္ဆုံးၿပဳိင္ပြဲမွာ ကစားခြင့္မွာ အသင္းကို ျပင္ဆင္ဖို႔ လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

လိဒ္စ္ယူႏုိက္တက္အသင္းဟာ ခ်န္ပီယံရွစ္မွာ ၇၇ ဂိုး သြင္းယူႏုိင္ခဲ့ရာမွာ အသင္းရဲ႕ တုိက္စစ္ပုိင္းမွာေတာ့ ခၽြန္ထြက္ေနေလာက္ေအာင္ေကာင္းတဲ့ စြမ္းေဆာင္ရည္မ်ဳိးကို ေျပာစရာနည္းခဲ့ၿပီး အသင္းရဲ႕ ဂိုးအမ်ားဆုံးသြင္းသူ ပက္ထရစ္ ဘမ္ဖို႔ဒ္ဟာ ၁၆ ဂိုးသာ ရရွိခဲ့တာမို႔ သူတုိ႔ရဲ႕ တုိက္စစ္စုဖြဲ႕မွဳကေတာ့ အေကာင္းႀကီးထဲမွာ မပါဝင္ခဲ့ဘဲ ဘီယယ္လ္ဆာရဲ႕ နည္းစနစ္ပုိင္းေၾကာင့္သာ ေအာင္ျမင္မွဳ ရခဲ့တာလုိ႔လည္း ဆုိရမွာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ပရီးမီးယားလိဂ္မွာ ရွင္သန္ခ်င္ရင္ တုိက္စစ္ပုိင္းကို အားျဖည့္မွျဖစ္လုိ႔ သေဘာေပါက္ထားတဲ့ လိဒ္စ္ယူႏုိက္တက္အေနနဲ႔ လက္ရွိမွာ လီဗာပူးလ္အသင္းက ေရာင္းထုတ္ဖို႔ ေသခ်ာေနတဲ့ ေတာင္ပံကစားသမား ဟာရီ ဝီလ္ဆန္ကို ေခၚယူဖို႔ ႀကဳိးစားေနၿပီး ေပါင္ ၁၅ သန္းနဲ႔ ရရွိႏုိင္ဖို႔ ေဆြးေႏြးေနတယ္လုိ႔ ဆုိပါတယ္။

ဒါ့အျပင္ ဘီယယ္လ္ဆာအေနနဲ႔ ဂ်ာမန္ဘြန္ဒက္စ္လီဂါတန္းတက္ကလပ္ စတုဂတ္ရဲ႕ နီကိုလတ္စ္ ဂြန္ဇာလက္စ္ကို အေထာင္တုိက္စစ္မွဴးေနရာအတြက္ ေပါင္သန္း ၂၀ နဲ႔ ခ်ိတ္ဆက္ေနၿပီး အသက္ ၂၂ ႏွစ္အရြယ္ အာဂ်င္တီးနားသားအေနနဲ႔ လိဂ္ပြဲ ၂၇ ပြဲမွာ ၁၄ ဂိုး သြင္းယူႏုိင္ခဲ့တဲ့ ေျခစြမ္းကို သေဘာက်ေနတယ္လုိ႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ခံစစ္ပုိင္းကိုလည္း အားျဖည့္သြားဖို႔ စီစဥ္ေနတဲ့ လိဒ္စ္ယူႏုိက္တက္အသင္းအေနနဲ႔ ဖူလ္ဟမ္အသင္းရဲ႕ အသက္ ၁၈ ႏွစ္အရြယ္ေနာက္ခံလူ ကိုဒီ ဒရာမဲကို ေပါင္ ၁ သန္းနဲ႔ ေခၚယူသြားဖို႔ စီစဥ္ေနေသးၿပီး တန္းတက္သုံးသင္းထဲမွာ ပရီးမီးယားလိဂ္နဲ႔ အခ်ိန္အၾကာဆုံး ေဝးကြာေနၿပီး ကစားသမား အင္အားအနည္းဆုံး အသင္းအေနနဲ႔ အားျဖည့္မွဳေတြ ျပဳလုပ္သြားဖို႔ စီစဥ္ေနသလို အသုံးစရိတ္ ေပါင္သန္း ၅၀ အထိ ခြင့္ျပဳသြားဖို႔ ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လိဂ်ချန်ပီယံရှစ်ကနေ ဗိုလ်စွဲပြီး ပထမနေရာကနေ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ နည်းပြ မာဆယ်လို ဘီယယ်လ်ဆာကတော့ သူ့ရဲ့ ပထမဆုံးအကြိမ် အင်္ဂလန်နိုင်ငံရဲ့ အမြင့်ဆုံးပြိုင်ပွဲမှာ ကစားခွင့်မှာ အသင်းကို ပြင်ဆင်ဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းဟာ ချန်ပီယံရှစ်မှာ ၇၇ ဂိုး သွင်းယူနိုင်ခဲ့ရာမှာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာတော့ ချွန်ထွက်နေလောက်အောင်ကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ပြောစရာနည်းခဲ့ပြီး အသင်းရဲ့ ဂိုးအများဆုံးသွင်းသူ ပက်ထရစ် ဘမ်ဖို့ဒ်ဟာ ၁၆ ဂိုးသာ ရရှိခဲ့တာမို့ သူတို့ရဲ့ တိုက်စစ်စုဖွဲ့မှုကတော့ အကောင်းကြီးထဲမှာ မပါဝင်ခဲ့ဘဲ ဘီယယ်လ်ဆာရဲ့ နည်းစနစ်ပိုင်းကြောင့်သာ အောင်မြင်မှု ရခဲ့တာလို့လည်း ဆိုရမှာဖြစ်ပါတယ်။

ဒါကြောင့်လည်း ပရီးမီးယားလိဂ်မှာ ရှင်သန်ချင်ရင် တိုက်စစ်ပိုင်းကို အားဖြည့်မှဖြစ်လို့ သဘောပေါက်ထားတဲ့ လိဒ်စ်ယူနိုက်တက်အနေနဲ့ လက်ရှိမှာ လီဗာပူးလ်အသင်းက ရောင်းထုတ်ဖို့ သေချာနေတဲ့ တောင်ပံကစားသမား ဟာရီ ဝီလ်ဆန်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး ပေါင် ၁၅ သန်းနဲ့ ရရှိနိုင်ဖို့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘီယယ်လ်ဆာအနေနဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါတန်းတက်ကလပ် စတုဂတ်ရဲ့ နီကိုလတ်စ် ဂွန်ဇာလက်စ်ကို အထောင်တိုက်စစ်မှူးနေရာအတွက် ပေါင်သန်း ၂၀ နဲ့ ချိတ်ဆက်နေပြီး အသက် ၂၂ နှစ်အရွယ် အာဂျင်တီးနားသားအနေနဲ့ လိဂ်ပွဲ ၂၇ ပွဲမှာ ၁၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ခြေစွမ်းကို သဘောကျနေတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ခံစစ်ပိုင်းကိုလည်း အားဖြည့်သွားဖို့ စီစဉ်နေတဲ့ လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ ဖူလ်ဟမ်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ်နောက်ခံလူ ကိုဒီ ဒရာမဲကို ပေါင် ၁ သန်းနဲ့ ခေါ်ယူသွားဖို့ စီစဉ်နေသေးပြီး တန်းတက်သုံးသင်းထဲမှာ ပရီးမီးယားလိဂ်နဲ့ အချိန်အကြာဆုံး ဝေးကွာနေပြီး ကစားသမား အင်အားအနည်းဆုံး အသင်းအနေနဲ့ အားဖြည့်မှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေသလို အသုံးစရိတ် ပေါင်သန်း ၅၀ အထိ ခွင့်ပြုသွားဖို့ ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.