Other Leagues Premier League Transfer News

ခ်န္ပီယံရွစ္ရဲ႕ ဂိုးသြင္းအမ်ားဆုံး BMW တုိက္စစ္ Trio ကို အမဲဖ်က္ဖြယ္ရွိေနတဲ့ ပရီးမီးယားလိဂ္အသင္းေတြ

ခ်န္ပီယံရွစ္ကေန ဒုတိယနဲ႔ တန္းတက္ဖို႔ နီးစပ္ခဲ့ေပမယ့္ ပန္းဝင္မေကာင္းခဲ့လုိ႔ ဝက္စ္ဘရြန္းအသင္းေနာက္ တတိယေနရာကို တစ္မွတ္အကြာနဲ႔ ေရာက္သြားခဲ့ရတဲ့ ဘရန္႔ဖို႔ဒ္အသင္းဟာ Play-off Final မွာလည္း ရွဳံးနိမ့္ခဲ့ၿပီး ဒီႏွစ္မွာ အနစ္နာဆုံးအေနအထားကို ေရာက္ရွိခဲ့ရခ်ိန္မွာ ဒီအေနအထားကို ဆက္လက္ထိန္းသိမ္းၿပီး လာမယ့္ရာသီအတြက္ ျပင္ဆင္ႏုိင္ဖို႔ ၿခိမ္းေျခာက္ခံေနခဲ့ရၿပီျဖစ္ပါတယ္။

ဘရန္႔ဖို႔ဒ္အသင္းရဲ႕ အဓိက အင္အားကေတာ့ ခ်န္ပီယံရွစ္ ၄၆ ပြဲမွာ ဂိုး ၈၀ သြင္းယူခဲ့တဲ့ တုိက္စစ္ပုိင္းျဖစ္ၿပီး သူတုိ႔ရဲ႕ BMW တုိက္စစ္လို႔ အတိုေကာက္ အသိအမွတ္ျပဳၾကတဲ့ ဆာအိဒ္ ဘင္ရာမာ(B) ဘ႐ိုင္ယန္ အမ္ဘူမို(M) အုိလီ ဝပ္ကင္းစ္(W)တို႔ သုံးဦးကေတာ့ သြင္းဂိုးစုစုေပါင္းရဲ႕ ၇၁ ရာခိုင္ႏွဳန္းကို သြင္းယူခဲ့ၿပီး ေျခစြမ္းျပသခဲ့ၾကသလို အသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမွဳေတြကိုလည္း ရရွိခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံရွစ္ရဲ႕ ဂိုးသြင္းဘုရင္အျဖစ္ ပူးတြဲရပ္တည္ႏုိင္ခဲ့တဲ့ အဂၤလန္သား ဝပ္ကင္းစ္က ၂၆ ဂိုး၊ အယ္လ္ဂ်ီးရီးယားသား ဘင္ရာမာက ၁၇ ဂိုးနဲ႔ အမ္ဘူမိုက ၁၆ ဂိုး (Play-off ႏွစ္ပြဲကိုပါ ထည့္သြင္းေရတြက္ထား) အသီးသီး ရရွိခဲ့ၾကတာျဖစ္ၿပီး လက္ရွိမွာေတာ့ သူတုိ႔ကုိ ဆက္ထိန္းထားႏုိင္ဖို႔ ဘရန္႔ဖို႔ဒ္အသင္းအေနနဲ႔ သိပ္ၿပီးမျဖစ္ႏုိင္ေတာ့ဘူးလို႔ ခန္႔မွန္းေနၾကပါတယ္။

လက္ရွိမွာေတာ့ ဘယ္ေတာင္ပံတုိက္စစ္မွဴး ဘင္ရာမာက အေဟာ့ဆုံးျဖစ္ေနၿပီး ခ်ဲလ္ဆီး၊ ေတာ့တင္ဟမ္ေဟာ့စပါးစ္၊ ဝက္စ္ဟမ္းတုိ႔နဲ႔ အသံထြက္ေနသလို လိဒ္စ္ယူႏုိက္တက္နဲ႔ ခရစၥတယ္လ္ ပဲေလ့စ္တုိ႔ကလည္း ေစာင့္ၾကည့္ေနတယ္လုိ႔ဆုိၿပီး ဒီရာသီမွာ အသင္းက တန္းမတက္ခဲ့ရင္ ထြက္ခြာခြင့္ကိုလည္း သေဘာတူညီထားတယ္လုိ႔ ဆုိပါတယ္။

တိုက္စစ္မွဴး ဝပ္ကင္းစ္ကိုလည္း အက္စတန္ဗီလာ၊ ပဲေလ့စ္နဲ႔ လိဒ္စ္တုိ႔က စိတ္ဝင္စားေနခဲ့ၾကသလို အမ္ဘူမိုကိုေတာ့ ပရီးမီးယားလိဂ္ အသင္းငယ္ေတြထဲက စိတ္ဝင္စားမွဳကို ရရွိထားၿပီး ဘယ္ေနာက္ခံလူ ရီကို ဟင္နရီကိုလည္း ဘ႐ိုက္တန္၊ ဝက္စ္ဟမ္းနဲ႔ ဝက္စ္ဘရြန္းတုိ႔က စိတ္ဝင္စားေနၾကလို႔ ဘရန္႔ဖို႔ဒ္ရဲ႕ ဒီရာသီ တန္းမတက္ႏုိင္မွဳအေပၚ ကစားသမားေတြကိုပါ ဆုံးရွဳံးရမယ့္ အႏၲရာယ္နဲ႔ ရင္ဆုိင္ေနခဲ့ရတဲ့အတြက္ ဘူးေလးရာ ဖ႐ုံဆင့္သလို ျဖစ္ေနခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL & TALK SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချန်ပီယံရှစ်ကနေ ဒုတိယနဲ့ တန်းတက်ဖို့ နီးစပ်ခဲ့ပေမယ့် ပန်းဝင်မကောင်းခဲ့လို့ ဝက်စ်ဘရွန်းအသင်းနောက် တတိယနေရာကို တစ်မှတ်အကွာနဲ့ ရောက်သွားခဲ့ရတဲ့ ဘရန့်ဖို့ဒ်အသင်းဟာ Play-off Final မှာလည်း ရှုံးနိမ့်ခဲ့ပြီး ဒီနှစ်မှာ အနစ်နာဆုံးအနေအထားကို ရောက်ရှိခဲ့ရချိန်မှာ ဒီအနေအထားကို ဆက်လက်ထိန်းသိမ်းပြီး လာမယ့်ရာသီအတွက် ပြင်ဆင်နိုင်ဖို့ ခြိမ်းခြောက်ခံနေခဲ့ရပြီဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်အသင်းရဲ့ အဓိက အင်အားကတော့ ချန်ပီယံရှစ် ၄၆ ပွဲမှာ ဂိုး ၈၀ သွင်းယူခဲ့တဲ့ တိုက်စစ်ပိုင်းဖြစ်ပြီး သူတို့ရဲ့ BMW တိုက်စစ်လို့ အတိုကောက် အသိအမှတ်ပြုကြတဲ့ ဆာအိဒ် ဘင်ရာမာ(B) ဘရိုင်ယန် အမ်ဘူမို(M) အိုလီ ဝပ်ကင်းစ်(W)တို့ သုံးဦးကတော့ သွင်းဂိုးစုစုပေါင်းရဲ့ ၇၁ ရာခိုင်နှုန်းကို သွင်းယူခဲ့ပြီး ခြေစွမ်းပြသခဲ့ကြသလို အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုတွေကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။

ချန်ပီယံရှစ်ရဲ့ ဂိုးသွင်းဘုရင်အဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့တဲ့ အင်္ဂလန်သား ဝပ်ကင်းစ်က ၂၆ ဂိုး၊ အယ်လ်ဂျီးရီးယားသား ဘင်ရာမာက ၁၇ ဂိုးနဲ့ အမ်ဘူမိုက ၁၆ ဂိုး (Play-off နှစ်ပွဲကိုပါ ထည့်သွင်းရေတွက်ထား) အသီးသီး ရရှိခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ သူတို့ကို ဆက်ထိန်းထားနိုင်ဖို့ ဘရန့်ဖို့ဒ်အသင်းအနေနဲ့ သိပ်ပြီးမဖြစ်နိုင်တော့ဘူးလို့ ခန့်မှန်းနေကြပါတယ်။

လက်ရှိမှာတော့ ဘယ်တောင်ပံတိုက်စစ်မှူး ဘင်ရာမာက အဟော့ဆုံးဖြစ်နေပြီး ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါးစ်၊ ဝက်စ်ဟမ်းတို့နဲ့ အသံထွက်နေသလို လိဒ်စ်ယူနိုက်တက်နဲ့ ခရစ္စတယ်လ် ပဲလေ့စ်တို့ကလည်း စောင့်ကြည့်နေတယ်လို့ဆိုပြီး ဒီရာသီမှာ အသင်းက တန်းမတက်ခဲ့ရင် ထွက်ခွာခွင့်ကိုလည်း သဘောတူညီထားတယ်လို့ ဆိုပါတယ်။

တိုက်စစ်မှူး ဝပ်ကင်းစ်ကိုလည်း အက်စတန်ဗီလာ၊ ပဲလေ့စ်နဲ့ လိဒ်စ်တို့က စိတ်ဝင်စားနေခဲ့ကြသလို အမ်ဘူမိုကိုတော့ ပရီးမီးယားလိဂ် အသင်းငယ်တွေထဲက စိတ်ဝင်စားမှုကို ရရှိထားပြီး ဘယ်နောက်ခံလူ ရီကို ဟင်နရီကိုလည်း ဘရိုက်တန်၊ ဝက်စ်ဟမ်းနဲ့ ဝက်စ်ဘရွန်းတို့က စိတ်ဝင်စားနေကြလို့ ဘရန့်ဖို့ဒ်ရဲ့ ဒီရာသီ တန်းမတက်နိုင်မှုအပေါ် ကစားသမားတွေကိုပါ ဆုံးရှုံးရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေခဲ့ရတဲ့အတွက် ဘူးလေးရာ ဖရုံဆင့်သလို ဖြစ်နေခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL & TALK SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.