La Liga Premier League UCL&UEL

မန္ခ်က္စတာစီးတီးရဲ႕ ဥေရာပအဆင့္မွာ မွတ္ေက်ာက္တင္ဖို႔ ေက်ာ္ျဖတ္ရမယ့္ပြဲ

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဥေရာပအဆင့္မွာ မွတ္ေက်ာက္အတင္ခံႏုိင္ဖို႔အတြက္ တစ္ႏွစ္ၿပီးတစ္ႏွစ္ ျမင့္မားတဲ့ စြမ္းေဆာင္ရည္ေတြကို ႀကဳိးစားထုတ္လုပ္ေနၾကၿပီး ဒီရာသီမွာ ၿပဳိင္ပြဲစုံသြင္းဂိုးအမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ထားႏုိင္ခဲ့သလို ဒီကေန ေရွ႕ဆက္ဖို႔အတြက္ အိမ္ကြင္းအစ္တီဟတ္မွာ ရီးရဲလ္မက္ဒရစ္ကို ျဖတ္ေက်ာ္ရဖို႔ ရွိလာခဲ့ပါတယ္။

အေဝးကြင္းမွာတုန္းက တစ္ဂိုးရွဳံးေနရာကေန ဂါဘရီယယ္လ္ ေဂ်ဆူးစ္၊ ကီဗင္ ဒီဘ႐ိုင္းနားတုိ႔ရဲ႕ သြင္းဂိုးေတြနဲ႔ ျပန္လည္အႏုိင္ယူႏုိင္ခဲ့တဲ့ စီးတီးတို႔ရဲ႕ စိတ္ဓာတ္နဲ႔ နည္းျပ ဂြါဒီယိုလာရဲ႕ ဗ်ဴဟာအေျပာင္းအလဲက ရီးရဲလ္မက္ဒရစ္နဲ႔ အေအာင္ျမင္ဆုံးျဖစ္ခဲ့တဲ့ ဇီနီဒန္း ဇီဒန္းနဲ႔ ဘာေနဗ်ဴးကို တိတ္ဆိတ္ခဲ့ၿပီးခ်ိန္မွာ အစ္တီဟတ္မွာေတာ့ ပရိသတ္မပါဘဲ ႐ုပ္သံကေန ေပ်ာ္ရႊင္ေအာင္လုပ္ေပးႏုိင္ဖို႔ တာဝန္ရွိေနခဲ့ပါတယ္။

အေဂြ႐ို မပါဝင္ႏုိင္ခ်ိန္မွာ မန္စီးတီးတုိက္စစ္က ပုိၿပီး Flexible ျဖစ္တဲ့ ပုံစံနဲ႔ ေနရာလြတ္ေတြကို ရွာေဖြၿပီး ဂိုးသြင္းေျခရွိတဲ့ ကြင္းလယ္လူနဲ႔ ေတာင္ပံကစားသမားေတြရဲ႕ အင္အားကို အားကိုးခဲ့သလို တုိက္စစ္မွဴးအျဖစ္ စာရြက္ေပၚမွာ ရွိေနခဲ့ေပမယ့္ ဘယ္ေတာင္ပံထြက္ကစားၿပီးမွ အခြင့္အေရး ျပန္လည္ရယူတဲ့ ေဂ်ဆူးကလည္း အသင္းရဲ႕ လက္နက္ပုန္းျဖစ္ခဲ့ပါတယ္။

ဂိုးမေပးရဖို႔နဲ႔ တုိက္စစ္ကို ျဖတ္ေတာက္ဖို႔ ဘာမဆို လုပ္ေလ့ရွိတဲ့ ရီးရဲလ္မက္ဒရစ္ ကပၸတိန္ ဆာဂ်ီယို ရာမုိ႔စ္ကေတာ့ ပထမအေက်ာ့မွာ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရလို႔ ဒီေန႔ပြဲမွာ ဧည့္သည္ေတြ ခံစစ္က သိပ္မေကာင္းႏိုင္တဲ့အတြက္ ဇီဒန္းအေနနဲ႔ မန္စီးတီးတုိ႔ရဲ႕ အားနည္းခ်က္မ်ားတဲ့ ဗဟို ခံစစ္ကို တိုက္စစ္နဲ႔ပဲ ဖိအားေပးလာဖြယ္ရွိၿပီး ဂိုးမ်ားသြားႏုိင္တဲ့ အေနအထားလည္းျဖစ္ပါတယ္။

ဂြါဒီယိုလာကေတာ့ ကြင္းလယ္ကေန ေဘာလုံးပုိင္ဆုိင္မွဳနဲ႔ သူ႕ရဲ႕ ဘာစီလိုနာေန႔ရက္ေတြတုန္းကလိုပဲ ရီးရဲလ္ကို ဖိအားေပးသြားဖြယ္ရွိၿပီး အေဂြ႐ိုကလြဲလုိ႔ လူစုံေနတဲ့ စီးတီးအေနနဲ႔ အိမ္ကြင္းမွာ ဧည့္သည္ေတြ မွားသမွ်ကို အျပစ္ေပးႏုိင္ဖို႔ ႀကဳိးစားဖြယ္ရွိၿပီး ဂိုးမ်ားတဲ့ သေရတစ္ပြဲျဖစ္ႏုိင္ေျခမွာ အစ္တီဟတ္သားေတြ တစ္ဂိုးအသာေလာက္နဲ႔ ေပ်ာ္ရႊင္ခြင့္အတြက္လည္း ျဖစ္ႏုိင္လိမ့္ဦးမယ္လုိ႔ ခန္႔မွန္းလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဥရောပအဆင့်မှာ မှတ်ကျောက်အတင်ခံနိုင်ဖို့အတွက် တစ်နှစ်ပြီးတစ်နှစ် မြင့်မားတဲ့ စွမ်းဆောင်ရည်တွေကို ကြိုးစားထုတ်လုပ်နေကြပြီး ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုးအများဆုံးအသင်းအဖြစ် ရပ်တည်ထားနိုင်ခဲ့သလို ဒီကနေ ရှေ့ဆက်ဖို့အတွက် အိမ်ကွင်းအစ်တီဟတ်မှာ ရီးရဲလ်မက်ဒရစ်ကို ဖြတ်ကျော်ရဖို့ ရှိလာခဲ့ပါတယ်။

အဝေးကွင်းမှာတုန်းက တစ်ဂိုးရှုံးနေရာကနေ ဂါဘရီယယ်လ် ဂျေဆူးစ်၊ ကီဗင် ဒီဘရိုင်းနားတို့ရဲ့ သွင်းဂိုးတွေနဲ့ ပြန်လည်အနိုင်ယူနိုင်ခဲ့တဲ့ စီးတီးတို့ရဲ့ စိတ်ဓာတ်နဲ့ နည်းပြ ဂွါဒီယိုလာရဲ့ ဗျူဟာအပြောင်းအလဲက ရီးရဲလ်မက်ဒရစ်နဲ့ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ ဇီနီဒန်း ဇီဒန်းနဲ့ ဘာနေဗျူးကို တိတ်ဆိတ်ခဲ့ပြီးချိန်မှာ အစ်တီဟတ်မှာတော့ ပရိသတ်မပါဘဲ ရုပ်သံကနေ ပျော်ရွှင်အောင်လုပ်ပေးနိုင်ဖို့ တာဝန်ရှိနေခဲ့ပါတယ်။

အဂွေရို မပါဝင်နိုင်ချိန်မှာ မန်စီးတီးတိုက်စစ်က ပိုပြီး Flexible ဖြစ်တဲ့ ပုံစံနဲ့ နေရာလွတ်တွေကို ရှာဖွေပြီး ဂိုးသွင်းခြေရှိတဲ့ ကွင်းလယ်လူနဲ့ တောင်ပံကစားသမားတွေရဲ့ အင်အားကို အားကိုးခဲ့သလို တိုက်စစ်မှူးအဖြစ် စာရွက်ပေါ်မှာ ရှိနေခဲ့ပေမယ့် ဘယ်တောင်ပံထွက်ကစားပြီးမှ အခွင့်အရေး ပြန်လည်ရယူတဲ့ ဂျေဆူးကလည်း အသင်းရဲ့ လက်နက်ပုန်းဖြစ်ခဲ့ပါတယ်။

ဂိုးမပေးရဖို့နဲ့ တိုက်စစ်ကို ဖြတ်တောက်ဖို့ ဘာမဆို လုပ်လေ့ရှိတဲ့ ရီးရဲလ်မက်ဒရစ် ကပ္ပတိန် ဆာဂျီယို ရာမို့စ်ကတော့ ပထမအကျော့မှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ ဒီနေ့ပွဲမှာ ဧည့်သည်တွေ ခံစစ်က သိပ်မကောင်းနိုင်တဲ့အတွက် ဇီဒန်းအနေနဲ့ မန်စီးတီးတို့ရဲ့ အားနည်းချက်များတဲ့ ဗဟို ခံစစ်ကို တိုက်စစ်နဲ့ပဲ ဖိအားပေးလာဖွယ်ရှိပြီး ဂိုးများသွားနိုင်တဲ့ အနေအထားလည်းဖြစ်ပါတယ်။

ဂွါဒီယိုလာကတော့ ကွင်းလယ်ကနေ ဘောလုံးပိုင်ဆိုင်မှုနဲ့ သူ့ရဲ့ ဘာစီလိုနာနေ့ရက်တွေတုန်းကလိုပဲ ရီးရဲလ်ကို ဖိအားပေးသွားဖွယ်ရှိပြီး အဂွေရိုကလွဲလို့ လူစုံနေတဲ့ စီးတီးအနေနဲ့ အိမ်ကွင်းမှာ ဧည့်သည်တွေ မှားသမျှကို အပြစ်ပေးနိုင်ဖို့ ကြိုးစားဖွယ်ရှိပြီး ဂိုးများတဲ့ သရေတစ်ပွဲဖြစ်နိုင်ခြေမှာ အစ်တီဟတ်သားတွေ တစ်ဂိုးအသာလောက်နဲ့ ပျော်ရွှင်ခွင့်အတွက်လည်း ဖြစ်နိုင်လိမ့်ဦးမယ်လို့ ခန့်မှန်းလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.