Premier League
လီနိုနှင့် မာတီနက်ဇ်တို့ အသေးစိတ်အချက်အလက်များအား နှိုင်းယှဉ်ကြည့်ခြင်း
UNICODE:
ကစားသမား/စွမ်းဆောင်ရည် လီနို မာတီနက်ဇ်
ဘောလုံးဖမ်းယူခြင်း (အမြင့်/အနိမ့်) ဖမ်းယူခြင်း၊ ထွက်ဆွဲခြင်းများ အားနည်း၊ အမြင့်ဘောတိုင်မင် မသေချာ။ ဖမ်းယူ၍ မရလျှင် ပုတ်ထုတ်သည့် ဘောလုံးများက တစ်ဖက်တိုက်စစ်အတွက် အခွင့်အရေးပေးတတ်။ ဖမ်းယူမှုကောင်း၊ အန္တရာယ်များနိုင်သော အလုပ်များအား ရှောင်ရှားတတ်ပြီး ဖမ်းယူ၍ မရလျှင်လည်း လွတ်ရာသို့ ပုတ်ထုတ်တတ်။
ခြေဖြင့် ကစားခြင်း ပေးပို့မှုကောင်းမွန်၊ အမြင်ရှိ။ လီနိုနှင့် ယှဉ်လျှင် အနည်းငယ်အားနည်း။
ဆုံးဖြတ်ချက်မှန်ခြင်း အားနည်းပြီး ထွက်ဖမ်းဖို့နှင့် စောင့်ဆိုင်းဖို့ ချီတုံချတုံဖြစ်မှုက ဂိုးများပေးခဲ့ရ။ ဆုံးဖြတ်ချက် ပိုမှန်။ အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ထည်အားသာ။
နောက်တန်းကို စီမံခန့်ခွဲနိုင်ခြင်း အသင်းနှင့် ကစားလာသည့်နှစ် နည်းသေး၍ နောက်တန်းနှင့် အနည်းငယ် အစေးမကပ်သေး။ အသင်းတွင် ဆယ်နှစ်နီးပါး ကစားခဲ့၍ နောက်တန်းများနှင့် ပိုမိုအဆင်ပြေ။
တိုက်စစ်ကို ပံ့ပိုးနိုင်ခြင်း ပိုမိုကောင်းမွန်၊ လက်ပစ်ဘောများ ပိုမိုထိရောက်။ တိုက်စစ်သို့ ပေးပို့မှုများ ထိရောက်မှုနည်း။
တည်ငြိမ်မှု တည်ငြိမ်မှုနည်း၊ တွဲဖက်နောက်တန်းလူများ၏ တည်ငြိမ်မှုနှင့် တိုက်ရိုက်သက်ဆိုင်။ တည်ငြိမ်မှုကောင်း၊ နောက်တန်းလူများကို မှီခိုမှုမရှိဘဲ ကိုယ့်အလုပ်ကိုယ်လုပ်တတ်။
ခြုံငုံသုံးသပ်ချက် ခံစစ်မှူးကောင်းတစ်ဦး ဝယ်ယူနိုင်ခဲ့လျှင် ပိုမိုတိုးတက်လာမည့် နံပါတ်(၁) နံပါတ်(၁)နှင့် အလှည့်ကျကစားနိုင်ပြီး အသင်းအတွက် တန်ဖိုးရှိသည့် Back-up