Bundesliga Premier League Transfer News

ဘိုင္ယန္က ထြက္ခြာေတာ့မယ္လို႔ ဥကၠဌကိုယ္တုိင္ အတည္ျပဳခဲ့တဲ့ လီဗာပူးလ္ပစ္မွတ္

ပူပူေႏြးေႏြး ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးလ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာအေနနဲ႔ လက္ရွိအေျပာင္းအေရႊ႕ကာလမွာ ဂ်ာမန္ေျမကေန ထြက္ခြာသြားဖို႔ ရွိေနတယ္လုိ႔ အသင္းဥကၠဌ ကားလ္-ဟိုင့္ဇ္ ရြန္မင္နီဂါက အတည္ျပဳေျပာၾကားလုိက္ပါတယ္။

ဖခင္ျဖစ္သူ ဘရာဇီးလ္လက္ေရြးစင္ေဟာင္း မာဇင္ညဳိ အီတလီေျမမွာ ကစားေနစဥ္မွာ ေမြးဖြားခဲ့ၿပီး အသက္ ၅ ႏွစ္အရြယ္မွာ စပိန္ကို ေျပာင္းေရႊ႕ခဲ့ၿပီးတဲ့ေနာက္ ဘာစီလိုနာရဲ႕ လာမာစီယာအကယ္ဒမီထြက္ျဖစ္လာခဲ့တဲ့ သီယာဂိုဟာ ဘာစီလိုနာအသင္းနဲ႔ ရႏုိင္သမွ် ဆုဖလားအရပ္ရပ္ကို ငယ္ရြယ္စဥ္ အသက္ ၂၀ အရြယ္မွာပဲ ရယူႏုိင္ခဲ့ၿပီး ဘုိင္ယန္ျမဴးနစ္ကိုေတာ့ နည္းျပ ဂြါဒီယိုလာနဲ႔အတူ ေျပာင္းေရႊ႕ခဲ့တာလည္းျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းကို ေရာက္လာခဲ့ၿပီး ၇ ရာသီ ကစားထားခဲ့ၿပီးျဖစ္တဲ့ သီယာဂိုဟာ ရာသီတုိင္းမွာ အသင္းနဲ႔ ဘြန္ဒက္စ္လီဂါအမွတ္ေပးခ်န္ပီယံဆုကို ရယူႏုိင္ခဲ့သူျဖစ္ၿပီး အသက္ ၂၉ ႏွစ္အရြယ္မွာေတာ့ စိန္ေခၚမွဳသစ္ေတြကို ရွာေဖြခ်င္ေနၿပီလို႔ နီးစပ္တဲ့ အသုိင္းအဝိုင္းက သတင္းထြက္လာခဲ့တာလည္းျဖစ္ပါတယ္။

ႏိုင္ငံကိုယ္စားျပဳခ်ိန္မွာ စပိန္လက္ေရြးစင္အသင္းကို ေရြးခ်ယ္ထားခဲ့တဲ့ သီယာဂိုအတြက္ စာခ်ဳပ္သစ္ ကမ္းလွမ္းခဲ့ေသးေပမယ့္ သူနဲ႔ အားကစားဒါ႐ိုက္တာ ဟာဆန္ ဆာလီဟာမစ္ဂ်စ္တုိ႔ၾကားမွာ သေဘာတူညီမွဳ မရခဲ့ဘဲ အသင္းေန ထြက္ခြာဖို႔ကိုပဲ ေရြးခ်ယ္ခဲ့တယ္လို႔ ရြန္မင္နီဂါက ထုတ္ေဖာ္ေျပာၾကားသြားခဲ့ၿပီး ကစားသမားရဲ႕ ဆုံးျဖတ္ခ်က္အတုိင္းပဲ ျဖစ္ေစရမယ္လို႔ Sky Germany ကို ဖြင့္ဟသြားခဲ့ပါတယ္။

ဘာေဗးရီးယားအေျခစိုက္ ဂ်ာမန္အင္အားႀကီးအသင္းနဲ႔ စာခ်ဳပ္တစ္ႏွစ္သာ က်န္ေတာ့တဲ့ သီယာဂိုအတြက္ လီဗာပူးလ္အသင္းနဲ႔ နည္းျပ ယာဂန္ ကေလာ့ပ္တို႔အေနနဲ႔ သက္သာတဲ့ ေဈးႏွဳန္းနဲ႔ ေခၚယူႏုိင္မွာျဖစ္ၿပီး ေပါင္ ၂၇ သန္းဝန္းက်င္နဲ႔ အဆင္ေျပႏုိင္မယ္လို႔လည္း သိရွိရပါတယ္။

REF: SKY GERMANY
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပူပူနွေးနွေး ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာအနေနဲ့ လက်ရှိအပြောင်းအရွှေ့ကာလမှာ ဂျာမန်မြေကနေ ထွက်ခွာသွားဖို့ ရှိနေတယ်လို့ အသင်းဥက္ကဌ ကားလ်-ဟိုင့်ဇ် ရွန်မင်နီဂါက အတည်ပြုပြောကြားလိုက်ပါတယ်။

ဖခင်ဖြစ်သူ ဘရာဇီးလ်လက်ရွေးစင်ဟောင်း မာဇင်ညို အီတလီမြေမှာ ကစားနေစဉ်မှာ မွေးဖွားခဲ့ပြီး အသက် ၅ နှစ်အရွယ်မှာ စပိန်ကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီထွက်ဖြစ်လာခဲ့တဲ့ သီယာဂိုဟာ ဘာစီလိုနာအသင်းနဲ့ ရနိုင်သမျှ ဆုဖလားအရပ်ရပ်ကို ငယ်ရွယ်စဉ် အသက် ၂၀ အရွယ်မှာပဲ ရယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကိုတော့ နည်းပြ ဂွါဒီယိုလာနဲ့အတူ ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်လာခဲ့ပြီး ၇ ရာသီ ကစားထားခဲ့ပြီးဖြစ်တဲ့ သီယာဂိုဟာ ရာသီတိုင်းမှာ အသင်းနဲ့ ဘွန်ဒက်စ်လီဂါအမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့သူဖြစ်ပြီး အသက် ၂၉ နှစ်အရွယ်မှာတော့ စိန်ခေါ်မှုသစ်တွေကို ရှာဖွေချင်နေပြီလို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သတင်းထွက်လာခဲ့တာလည်းဖြစ်ပါတယ်။

နိုင်ငံကိုယ်စားပြုချိန်မှာ စပိန်လက်ရွေးစင်အသင်းကို ရွေးချယ်ထားခဲ့တဲ့ သီယာဂိုအတွက် စာချုပ်သစ် ကမ်းလှမ်းခဲ့သေးပေမယ့် သူနဲ့ အားကစားဒါရိုက်တာ ဟာဆန် ဆာလီဟာမစ်ဂျစ်တို့ကြားမှာ သဘောတူညီမှု မရခဲ့ဘဲ အသင်းနေ ထွက်ခွာဖို့ကိုပဲ ရွေးချယ်ခဲ့တယ်လို့ ရွန်မင်နီဂါက ထုတ်ဖော်ပြောကြားသွားခဲ့ပြီး ကစားသမားရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဖြစ်စေရမယ်လို့ Sky Germany ကို ဖွင့်ဟသွားခဲ့ပါတယ်။

ဘာဗေးရီးယားအခြေစိုက် ဂျာမန်အင်အားကြီးအသင်းနဲ့ စာချုပ်တစ်နှစ်သာ ကျန်တော့တဲ့ သီယာဂိုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြ ယာဂန် ကလော့ပ်တို့အနေနဲ့ သက်သာတဲ့ ဈေးနှုန်းနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး ပေါင် ၂၇ သန်းဝန်းကျင်နဲ့ အဆင်ပြေနိုင်မယ်လို့လည်း သိရှိရပါတယ်။

REF: SKY GERMANY
PHOTOS CREDIT TO OWNERS
SPORTS A2Z.