Premier League Transfer News

Deal Agreed: နာသန္ ေအကီအတြက္ မန္စီးတီးနဲ႔ ဘုန္းေမာက္တုိ႔ ေျပာင္းေရႊ႕ေၾကးသေဘာတူညီ

မန္ခ်က္စတာစီးတီးအသင္းက စိတ္ဝင္စားမွဳ ျပသထားခဲ့တဲ့ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ နာသန္ ေအကီကို ေခၚယူႏုိင္ဖို႔အတြက္ ကမ္းလွမ္းမွဳကို ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားခဲ့ၿပီျဖစ္တဲ့ ဘုန္းေမာက္အသင္းက လက္ခံလုိက္ၿပီျဖစ္ၿပီး တရားဝင္လုပ္ေဆာင္စရာကိစၥေတြကို ေရွ႕ဆက္သြားမယ္လုိ႔ သိရပါတယ္။

မၾကာေသးခင္ကမွ ၿပီးဆုံးသြားတဲ့ ပရီးမီးယားလိဂ္မွာ ခံစစ္ပုိင္း ခ်ဳိ႕ယြင္းမွဳေၾကာင့္ အိတ္ေပါက္နဲ႔ ဖားေကာက္ခဲ့ရရတဲ့ မန္ခ်က္စတာစီးတီး နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ ရာသီသစ္အတြက္ ဒီေနရာကို အဓိကထားျပင္ဆင္ဖို႔ ရွိေနၿပီး ေအကီအတြက္ ေပါင္ ၄၁ သန္းနဲ႔ ကမ္းလွမ္းမွဳ ျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းကေန ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၂၀ နဲ႔ ေရာက္ရွိလာခဲ့တဲ့ နယ္သာလန္ေနာက္ခံလူအတြက္ ဘုန္းေမာက္အေနနဲ႔ စီတီဇင္ေတြရဲ႕ ေပါင္သန္း ၄၀ + ဆုေၾကးခံစားခြင့္ ေပါင္ ၁ သန္းကို လက္ခံခဲ့တာျဖစ္ၿပီး ဒါက တန္းဆင္းသြားခဲ့ရတဲ့ သူတုိ႔အသင္းအတြက္ ဘဏၰာေရးဆုိင္ရာ ထိန္းညႇိေပးႏုိင္မယ့္ ပမာဏလည္းျဖစ္ပါတယ္။

လာမယ့္ရက္ပုိင္းအတြင္းမွာ ေအကီအတြက္ ေဆးစစ္မွဳေတြကို အစ္တီဟတ္ကြင္းမွာပဲ လုပ္ေဆာင္သြားဖို႔ ရွိေနၿပီး ကိုယ္ေရးသေဘာတူညီမွဳ အခ်က္အလက္ အေသးစိတ္ေတြကိုလည္း တစ္ပါတည္း ေဆြးေႏြးညႇိႏွဳိင္းသြားဖို႔ ရွိေနသလို မန္စီးတီးအသင္းရဲ႕ ဒီရာသီ ပထမဆုံးေခၚယူတဲ့ ကစားသမားလည္း ျဖစ္လာဖြယ္ရွိေနပါတယ္။

တစ္ဖက္မွာေတာ့ တုိက္စစ္ပုိင္းအတြက္ ဗလင္စီယာအသင္းရဲ႕ ေတာင္ပံတုိက္စစ္မွဴး ဖယ္ရန္ ေတာရက္စ္အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၁ သန္းနဲ႔ ဆုေၾကးခံစားခြင့္ေတြနဲ႔ ကမ္းလွမ္းထားခဲ့တယ္လုိ႔ သိရၿပီး သေဘာတူညီႏုိင္ဖို႔ မ်ားေနတဲ့အတြက္ မန္စီးတီးအေနနဲ႔ ပရီးမီးယားလိဂ္ကို လက္လႊတ္ ခဲ့ရတဲ့ အေျခအေနအေပၚ အျမန္ဆုံးတုံ႔ျပန္မွဳကို စတင္ျမင္ေတြ႕ေနရတာလည္းျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းက စိတ်ဝင်စားမှု ပြသထားခဲ့တဲ့ နောက်ခံလူတစ်ဦးဖြစ်တဲ့ နာသန် အေကီကို ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှုကို ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ပြီဖြစ်တဲ့ ဘုန်းမောက်အသင်းက လက်ခံလိုက်ပြီဖြစ်ပြီး တရားဝင်လုပ်ဆောင်စရာကိစ္စတွေကို ရှေ့ဆက်သွားမယ်လို့ သိရပါတယ်။

မကြာသေးခင်ကမှ ပြီးဆုံးသွားတဲ့ ပရီးမီးယားလိဂ်မှာ ခံစစ်ပိုင်း ချို့ယွင်းမှုကြောင့် အိတ်ပေါက်နဲ့ ဖားကောက်ခဲ့ရရတဲ့ မန်ချက်စတာစီးတီး နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ ရာသီသစ်အတွက် ဒီနေရာကို အဓိကထားပြင်ဆင်ဖို့ ရှိနေပြီး အေကီအတွက် ပေါင် ၄၁ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ နဲ့ ရောက်ရှိလာခဲ့တဲ့ နယ်သာလန်နောက်ခံလူအတွက် ဘုန်းမောက်အနေနဲ့ စီတီဇင်တွေရဲ့ ပေါင်သန်း ၄၀ + ဆုကြေးခံစားခွင့် ပေါင် ၁ သန်းကို လက်ခံခဲ့တာဖြစ်ပြီး ဒါက တန်းဆင်းသွားခဲ့ရတဲ့ သူတို့အသင်းအတွက် ဘဏ္ဏာရေးဆိုင်ရာ ထိန်းညှိပေးနိုင်မယ့် ပမာဏလည်းဖြစ်ပါတယ်။

လာမယ့်ရက်ပိုင်းအတွင်းမှာ အေကီအတွက် ဆေးစစ်မှုတွေကို အစ်တီဟတ်ကွင်းမှာပဲ လုပ်ဆောင်သွားဖို့ ရှိနေပြီး ကိုယ်ရေးသဘောတူညီမှု အချက်အလက် အသေးစိတ်တွေကိုလည်း တစ်ပါတည်း ဆွေးနွေးညှိနှိုင်းသွားဖို့ ရှိနေသလို မန်စီးတီးအသင်းရဲ့ ဒီရာသီ ပထမဆုံးခေါ်ယူတဲ့ ကစားသမားလည်း ဖြစ်လာဖွယ်ရှိနေပါတယ်။

တစ်ဖက်မှာတော့ တိုက်စစ်ပိုင်းအတွက် ဗလင်စီယာအသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဖယ်ရန် တောရက်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်းနဲ့ ဆုကြေးခံစားခွင့်တွေနဲ့ ကမ်းလှမ်းထားခဲ့တယ်လို့ သိရပြီး သဘောတူညီနိုင်ဖို့ များနေတဲ့အတွက် မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်ကို လက်လွှတ် ခဲ့ရတဲ့ အခြေအနေအပေါ် အမြန်ဆုံးတုံ့ပြန်မှုကို စတင်မြင်တွေ့နေရတာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.