La Liga Match Report

အူဘာမီယန်းရဲ့တောက်ပမှုနဲ့ ဆယ်တာ ဗီဂိုကို အနိုင်ယူပြီး အဆင့် ၂ မှာ အခိုင်အမာရပ်တည်တဲ့ ဘာဆာ

ဘာစီလိုနာအသင်းဟာ အင်္ဂါနေ့ညက နူးကမ့်မှာ ဆယ်တာ ဗီဂိုအသင်းကို ၃-၁ နဲ့ အနိုင်ယူပြီး လာလီဂါအမှတ်ပေးဇယား အဆင့် ၂ နေရာမှာ အခိုင်အမာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဇန်နဝါရီလက အာဆင်နယ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အူဘာမီယန်းဟာ ဘာစီလိုနာအသင်းအတွက် ကစားပေးဖို့ ထိုက်တန်ကြောင်းကို ပထမပိုင်းမှာ ၂ ဂိုးသွင်းယူပြီး ပြသခဲ့တာဖြစ်ပြီး လာလီဂါသွင်းဂိုး ၁၁ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

အူ့စ်မန် ဒမ်ဘီလီကလည်း နောက်ထပ်တစ်ကြိမ် အထင်ကြီးစရာ ခြေစွမ်း ပြသခဲ့ပြီး ပြင်သစ်တောင်ပံကစားသမားဟာ မိနစ် ၃၀ မှာ ညာတောင်ပံတလျှောက် အလွန်ကောင်းမွန်တဲ့ ပြေးလွှားမှုပြုလုပ်ပြီးနောက် မန်းဖစ် ဒီပိုင်းအတွက် အဖွင့်ဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အူဘာမီယန်းရဲ့ ဒုတိယမြောက်ဦးဆောင်ဂိုးကိုလည်း ဒမ်ဘီလီကပဲ ဖန်တီးပေးခဲ့တာဖြစ်ပြီး ယခုနွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ပြင်သစ်တောင်ပံကစားသမားဟာ လက်ရှိမှာတော့ ယခုရာသီ လာလီဂါမှာ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

“အူ့စ်မန်က ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့သလိုပဲ ကွဲပြားခြားနားမှုတွေကို ပြုလုပ်နိုင်စွမ်းရှိတဲ့သူပါ။ ဘောလုံးမှာက သွင်းဂိုးတွေကပဲ ကွဲပြားခြားနားမှုတွေကို ပြုလုပ်နိုင်တာမဟုတ်ပါဘူး။ ခံစစ်လည်း လုပ်နိုင်သလို ဂိုးဖန်တီးမှုတွေကလည်း လုပ်နိုင်ပါတယ်”

“ဒီနေ့မှာ သူ ပထမဂိုးအတွက် ဖန်တီးပေးခဲ့ပြီး သူက ကွဲပြားခြားနားတယ်။ ထူးခြားတယ်။ အဲဒါကြောင့်ပဲ သူက ကျွန်တော့်အတွက် အရေးပါတယ်လို့ ကျွန်တော် ပြောခဲ့တာပဲ”လို့ ဘာစီလိုနာနည်းပြ ဇာဗီက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ဆယ်တာ ဗီဂိုအသင်းဟာ ဘာစီလိုနာအသင်းက ၃-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ အက်စ်ပက်စ်က တာစတီဂျန်ရဲ့ ဆိုးရွားတဲ့ ဘောလုံးပေးပို့မှုကို အခွင့်ကောင်းယူပြီး ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း သိပ်မကြာခင် ၅၈ မိနစ်မှာ မူရီလို အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ဘာစီလိုနာအသင်းကို တစ်ယောက်လျော့နဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ရတာကြောင့် နောက်ထပ် ချေပဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ဆယ်တာ ဗီဂိုတို့ပွဲစဉ်ဟာ ဒုတိယပိုင်းမှာ ဂါဗီနဲ့ အာရာအူဟိုတို့ကြား မတော်တဆ ထိခိုက်မိခဲ့ပြီးနောက် ဘာစီလိုနာနောက်ခံကစားသမားဟာ ကွင်းထဲကနေ လူနာတင်ယာဉ်နဲ့ ခေါ်ထုတ်ခြင်းခံခဲ့ရတာကြောင့် မိနစ်အတော်များများ ရပ်ဆိုင်းထားခဲ့ရပါတယ်။

ဘာစီလိုနာအသင်းက နောက်ပိုင်းမှာ နောက်ခံကစားသမားဟာ သတိလစ်သွားခဲ့တာဖြစ်ပြီး နောက်ထပ် စမ်းသပ်မှုတွေ လုပ်ဆောင်ဖို့အတွက် ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ “အရမ်းလန့်သွားခဲ့ပါတယ်။ ဒါပေမယ့် သူ သတိပြန်ရနေပါပြီ။ သူက အခု ဆေးရုံမှာရှိနေပြီး ဒီညတော့ အဲဒီမှာပဲ နေရမှာပါ။ ဒါပေမယ့် ဆရာဝန်တွေက ကျွန်တော်တို့ကို မစိုးရိမ်ဖို့ ပြောပါတယ်။ နောက်ထပ် ဘာပြဿနာမှ မရှိပါဘူး။ ကံကောင်းတာပေါ့။ အရာအားလုံး အဆင်ပြေသွားမယ်ဆိုရင် သူ မနက်ဖြန်ဆိုရင် အိမ်ပြန်လာနိုင်မှာပါ”လို့ ဇာဗီက ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဟာ ဆယ်တာ ဗီဂိုကို အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၃ နေရာက ဆီးဗီးလားနဲ့ ၇ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပေမယ့်လည်း တစ်ပွဲပို ကစားထားတာဖြစ်ပါတယ်။ လာလီဂါအမှတ်ပေးဇယား ဒုတိယနေရာမှာ ရာသီပြီးဆုံးနိုင်မယ်ဆိုရင် ဆော်ဒီ အာရေဗျမှာ ကစားရမယ့် စပိန် စူပါဖလားပြိုင်ပွဲမှာ တစ်နေရာ ရရှိမှာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ ထိပ်ဆုံး ၄ နေရာထဲလည်း ဝင်ရောက်နိုင်ပြီးဖြစ်တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ရရှိနေပြီ ဖြစ်ပါတယ်။

“ဒုတိယနေရာမှာ ရာသီပြီးဆုံးပြီး စူပါကိုပါအတွက် ဝင်ခွင့်ရတာက စိတ်အားတက်ကြွစေဖို့ လုံလောက်ပါတယ်။ ဒါ့အပြင် အဲဒါက ကျွန်တော်တို့ကို ဘဏ္ဍာရေးပိုင်းအရလည်း အကူအညီဖြစ်စေမှာပါ။ ဒါပေမယ့် ဒီနေ့တော့ သိပ်မကောင်းဘူး။ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် ကစားရမယ်။ တခြားနေ့တွေမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်တဲ့အချိန်မှာ ရလဒ်ကောင်းမရခဲ့ပါဘူး။ ကျွန်တော်တို့ တိုးတက်အောင် လုပ်ရမယ်ဆိုတာ သိသာပါတယ်”လို့ ဇာဗီက ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာအသင္းဟာ အဂၤါေန႔ညက ႏူးကမ့္မွာ ဆယ္တာ ဗီဂိုအသင္းကို ၃-၁ နဲ႔ အနိုင္ယူၿပီး လာလီဂါအမွတ္ေပးဇယား အဆင့္ ၂ ေနရာမွာ အခိုင္အမာ ဆက္လက္ ရပ္တည္နိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဇန္နဝါရီလက အာဆင္နယ္အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ အူဘာမီယန္းဟာ ဘာစီလိုနာအသင္းအတြက္ ကစားေပးဖို႔ ထိုက္တန္ေၾကာင္းကို ပထမပိုင္းမွာ ၂ ဂိုးသြင္းယူၿပီး ျပသခဲ့တာျဖစ္ၿပီး လာလီဂါသြင္းဂိုး ၁၁ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ပါတယ္။

အူ႔စ္မန္ ဒမ္ဘီလီကလည္း ေနာက္ထပ္တစ္ႀကိမ္ အထင္ႀကီးစရာ ေျခစြမ္း ျပသခဲ့ၿပီး ျပင္သစ္ေတာင္ပံကစားသမားဟာ မိနစ္ ၃၀ မွာ ညာေတာင္ပံတေလၽွာက္ အလြန္ေကာင္းမြန္တဲ့ ေျပးလႊားမႈျပဳလုပ္ၿပီးေနာက္ မန္းဖစ္ ဒီပိုင္းအတြက္ အဖြင့္ဂိုးကို ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ အူဘာမီယန္းရဲ့ ဒုတိယေျမာက္ဦးေဆာင္ဂိုးကိုလည္း ဒမ္ဘီလီကပဲ ဖန္တီးေပးခဲ့တာျဖစ္ၿပီး ယခုေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ျပင္သစ္ေတာင္ပံကစားသမားဟာ လက္ရွိမွာေတာ့ ယခုရာသီ လာလီဂါမွာ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္အထိ ျပဳလုပ္ထားနိုင္ခဲ့ၿပီျဖစ္ပါတယ္။

“အူ႔စ္မန္က ကၽြန္ေတာ္ အႀကိမ္ေပါင္းမ်ားစြာ ေျပာခဲ့သလိုပဲ ကြဲျပားျခားနားမႈေတြကို ျပဳလုပ္နိုင္စြမ္းရွိတဲ့သူပါ။ ေဘာလုံးမွာက သြင္းဂိုးေတြကပဲ ကြဲျပားျခားနားမႈေတြကို ျပဳလုပ္နိုင္တာမဟုတ္ပါဘူး။ ခံစစ္လည္း လုပ္နိုင္သလို ဂိုးဖန္တီးမႈေတြကလည္း လုပ္နိုင္ပါတယ္”

“ဒီေန႔မွာ သူ ပထမဂိုးအတြက္ ဖန္တီးေပးခဲ့ၿပီး သူက ကြဲျပားျခားနားတယ္။ ထူးျခားတယ္။ အဲဒါေၾကာင့္ပဲ သူက ကၽြန္ေတာ့္အတြက္ အေရးပါတယ္လို႔ ကၽြန္ေတာ္ ေျပာခဲ့တာပဲ”လို႔ ဘာစီလိုနာနည္းၿပ ဇာဗီက ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။ ဆယ္တာ ဗီဂိုအသင္းဟာ ဘာစီလိုနာအသင္းက ၃-၀ နဲ႔ ဦးေဆာင္နိုင္ခဲ့ၿပီးေနာက္ သိပ္မၾကာခင္မွာပဲ အက္စ္ပက္စ္က တာစတီဂ်န္ရဲ့ ဆိုးရြားတဲ့ ေဘာလုံးေပးပို႔မႈကို အခြင့္ေကာင္းယူၿပီး ေခ်ပဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း သိပ္မၾကာခင္ ၅၈ မိနစ္မွာ မူရီလို အနီကတ္နဲ႔ ထုတ္ပယ္ခံရၿပီးေနာက္ပိုင္း ဘာစီလိုနာအသင္းကို တစ္ေယာက္ေလ်ာ့နဲ႔ ဆက္လက္ယွဥ္ၿပိဳင္ခဲ့ရတာေၾကာင့္ ေနာက္ထပ္ ေခ်ပဂိုးေတြ သြင္းယူနိုင္ခဲ့ျခင္းမရွိခဲ့တာ ျဖစ္ပါတယ္။ ဘာစီလိုနာနဲ႔ ဆယ္တာ ဗီဂိုတို႔ပြဲစဥ္ဟာ ဒုတိယပိုင္းမွာ ဂါဗီနဲ႔ အာရာအူဟိုတို႔ၾကား မေတာ္တဆ ထိခိုက္မိခဲ့ၿပီးေနာက္ ဘာစီလိုနာေနာက္ခံကစားသမားဟာ ကြင္းထဲကေန လူနာတင္ယာဥ္နဲ႔ ေခၚထုတ္ျခင္းခံခဲ့ရတာေၾကာင့္ မိနစ္အေတာ္မ်ားမ်ား ရပ္ဆိုင္းထားခဲ့ရပါတယ္။

ဘာစီလိုနာအသင္းက ေနာက္ပိုင္းမွာ ေနာက္ခံကစားသမားဟာ သတိလစ္သြားခဲ့တာျဖစ္ၿပီး ေနာက္ထပ္ စမ္းသပ္မႈေတြ လုပ္ေဆာင္ဖို႔အတြက္ ေဆး႐ုံကို ပို႔ေဆာင္ခဲ့တယ္လို႔ ေၾကညာခဲ့ပါတယ္။ “အရမ္းလန႔္သြားခဲ့ပါတယ္။ ဒါေပမယ့္ သူ သတိျပန္ရေနပါၿပီ။ သူက အခု ေဆး႐ုံမွာရွိေနၿပီး ဒီညေတာ့ အဲဒီမွာပဲ ေနရမွာပါ။ ဒါေပမယ့္ ဆရာဝန္ေတြက ကၽြန္ေတာ္တို႔ကို မစိုးရိမ္ဖို႔ ေျပာပါတယ္။ ေနာက္ထပ္ ဘာျပႆနာမွ မရွိပါဘူး။ ကံေကာင္းတာေပါ့။ အရာအားလုံး အဆင္ေျပသြားမယ္ဆိုရင္ သူ မနက္ျဖန္ဆိုရင္ အိမ္ျပန္လာနိုင္မွာပါ”လို႔ ဇာဗီက ေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာဟာ ဆယ္တာ ဗီဂိုကို အနိုင္ရရွိခဲ့တာေၾကာင့္ အဆင့္ ၃ ေနရာက ဆီးဗီးလားနဲ႔ ၇ မွတ္အထိ ျဖတ္ထားနိုင္ခဲ့ၿပီျဖစ္ေပမယ့္လည္း တစ္ပြဲပို ကစားထားတာျဖစ္ပါတယ္။ လာလီဂါအမွတ္ေပးဇယား ဒုတိယေနရာမွာ ရာသီၿပီးဆုံးနိုင္မယ္ဆိုရင္ ေဆာ္ဒီ အာေရဗ်မွာ ကစားရမယ့္ စပိန္ စူပါဖလားၿပိဳင္ပြဲမွာ တစ္ေနရာ ရရွိမွာျဖစ္ၿပီး ဘာစီလိုနာအသင္းဟာ ထိပ္ဆုံး ၄ ေနရာထဲလည္း ဝင္ေရာက္နိုင္ၿပီးျဖစ္တာေၾကာင့္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုလည္း ရရွိေနၿပီ ျဖစ္ပါတယ္။

“ဒုတိယေနရာမွာ ရာသီၿပီးဆုံးၿပီး စူပါကိုပါအတြက္ ဝင္ခြင့္ရတာက စိတ္အားတက္ႂကြေစဖို႔ လုံေလာက္ပါတယ္။ ဒါ့အျပင္ အဲဒါက ကၽြန္ေတာ္တို႔ကို ဘ႑ာေရးပိုင္းအရလည္း အကူအညီျဖစ္ေစမွာပါ။ ဒါေပမယ့္ ဒီေန႔ေတာ့ သိပ္မေကာင္းဘူး။ ကၽြန္ေတာ္တို႔ ဒီထက္ ပိုေကာင္းေအာင္ ကစားရမယ္။ တျခားေန႔ေတြမွာ ကၽြန္ေတာ္တို႔ ေကာင္းေကာင္း ကစားနိုင္တဲ့အခ်ိန္မွာ ရလဒ္ေကာင္းမရခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ တိုးတက္ေအာင္ လုပ္ရမယ္ဆိုတာ သိသာပါတယ္”လို႔ ဇာဗီက ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.