Match Report Premier League

ဧည့်သည်ကို ကောင်းကောင်းမွန်မွန် ဧည့်မခံတဲ့ ဂျရတ်ကြောင့် နိုင်ဖို့ ရုန်းခဲ့ရတဲ့ လီဗာပူးလ်

အက်စ်တန်ဗီလာအသင်းအနေနဲ့ ဒီနေ့မှာ ၄-၃-၁-၂ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်ကစားကွက်ကို ထိန်းချုပ်ဖို့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ နာကမ်ဘာနဲ့ မက်ဂင်းတို့လို အဖျက်သန်တဲ့ သုံးဦးကို တွဲသုံးခဲ့သလို ဂိုးနဲ့ ခံစစ်မှာတော့ မာတီနက်ဇ်၊ ကွန်ဆာ၊ တိုင်ရုန်းမင်းစ်၊ ဒီညာနဲ့ မက်တီ ကတ်ရှ်တို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ ကော်တင်ညို၊ ဝပ်ကင်းစ်နဲ့ ဒန်နီ အင်းစ်တို့ ပွဲထွက်လာခဲ့ကြပါတယ်။

လီဗာပူးလ်တို့ကတော့ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းမပြနိုင်တဲ့ ဆာလားကို ချန်ထားခဲ့ပြီး တိုက်စစ်မှာ လူးဝစ် ဒီယက်ဇ်၊ ဂျိုတာနဲ့ မာနေးတို့ကို တွဲဖက်ပေးခဲ့သလို ကွင်းလယ်မှာတော့ ဖာဘင်ညို၊ ကီတာနဲ့ ကားတစ် ဂျုံးစ်တို့ ကစားလာခဲ့ပြီး ခံစစ်မှာတော့ ဗန်ဒိုက်၊ မာတစ်ပ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ဆီမီကတ်စ်နဲ့ အယ်လစ်ဆန်တို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဗီလာတို့ စောစောစီးစီး ပွဲချိန် ၃ မိနစ်မှာကတည်းက အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဘယ်ခြမ်းကနေ ဒီညာရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ဖို့ ပြင်နေတဲ့ ဝပ်ကင်းစ်ကို သွားကပ်ပြီး နှစ်ယောက်စလုံး ငြိလဲတဲ့ မာတစ်ပ်နဲ့ ဆီမီကတ်စ်တို့ကြောင့် နောက်ကနေ အလွတ်ခေါင်းတိုက်ခွင့်ရတဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ရဲ့ ခေါင်းတိုက်ချက်ကို အယ်လစ်ဆန် ကာကွယ်နိုင်ခဲ့ပေမယ့် လူးဝစ်ဇ်ကပဲ နောက်တစ်ကြိမ် ပိတ်သွင်းသွားခဲ့တာပါ။

သုံးမိနစ်အကြာမှာတော့ လီဗာပူးလ်တို့ ပြန်လည်ချေပနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက ကန်တင်ပေးလိုက်တဲ့ ဖရီးကစ်ကို ဗီလာနောက်ခံ ကစားသမားတွေ မရှင်းထုတ်နိုင်ဘဲ ဂိုးရှေ့မှာ ထွေးလားလုံးလားဖြစ်နေချိန်မှာ ဗန်ဒိုက်က ပြေးဝင်ပိတ်ခဲ့တဲ့ ပထမခြိမ်းခြောက်မှုကို မာတီနက်ဇ်က ကာကွယ်နိုင်ခဲ့ပမယ့် နောက်က ပါလာတဲ့ မာတစ်ပ်က လျှောထိုးပိတ်ပြီး တစ်ဂိုးစီ သရေဖြစ်နေခဲ့ကြပါတယ်။

ဗီလာတို့ရဲ့ ကစားပုံက ဘောလုံးကိုင်ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေခဲ့သလို လီဗာပူးလ်ဘက်ကို ပထမပိုင်းမှာ ဝပ်ကင်းစ်နဲ့ တောင်ပံတွေရဲ့ ပြေးအားတိုးအားတွေနဲ့ ထိုးဖောက်နိုင်ခဲ့လို့ ပွဲက စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပြီး ပွဲချိန် ၁၉ မိနစ်မှာ ဆီမီကတ်စ်ရဲ့ ဖြတ်တင်ဘောကို မာနေး ခေါင်းတိုက်ခွင့်မှာ ဂိုးသမား မာတီနက်ဇ် ကြည့်ပြီး ဆုတောင်းနေရုံပဲ တတ်နိုင်ခဲ့ပေမယ့် တိုင်ဘေးက ထွက်သွားခဲ့လို့ အိမ်ရှင်တွေ သက်သာခဲ့ရတာပါ။

ပွဲချိန် ၂၁ မိနစ်မှာ ဝပ်ကင်းစ်တည့်တည့်ကို ပေးခဲ့တဲ့ အယ်လစ်ဆန်ရဲ့ အမှားကြောင့် လီဗာပူးလ်ပရိသတ်တွေ အလန့်တကြားဖြစ်ခဲ့ကြရသလို ပွဲချိန် ၂၄ မိနစ်မှာ ဒီညာရဲ့ ဖြတ်တင်ဘောကနေ ဒန်နီ အင်းစ် အလွတ်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဘားကျော်သွားခဲ့ပြီး ပွဲချိန် မိနစ် ၃၀ မှာတော့ ဒဏ်ရာရသွားတဲ့ ဖာဘင်ညိုအစား အသင်းခေါင်းဆောင် ဟန်ဒါဆန် လူစားဝင်ကစားခဲ့ရပါတယ်။

ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ကြပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ အိမ်ရှင် ဗီလာတို့ ခံစစ်သက်သက်ဖြစ်သွားခဲ့သလို လီဗာပူးလ်တို့ကတော့ ဘောလုံးကိုင်ပြီး ထိုးဖောက်ကစားနေခဲ့ပြီး အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ဖရီးကစ်နှစ်ကြိမ်ကတော့ တိုင်ဘေးက ထွက်ခဲ့ချိန်မှာ ဂျရတ်က နာကမ်ဘာအစား ချူကွယ်မီကာကို ထည့်ခဲ့ပြီး ကလော့ပ်ကတော့ ကားတစ် ဂျုံးစ်အစား သီယာဂိုကို ထည့်သွင်းခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ လီဗာပူးလ်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက တောက်လျှောက် ထိုးဖောက်သွားခဲ့တဲ့ လူးဝစ် ဒီယက်ဇ်က ဖြတ်တင်ပေးတာကို နေရာယူပုံမှားပြီး ပေါ့ဆနေတဲ့ ဗီလာခံစစ်ရဲ့ ကွန်ဆာနဲ့ တိုင်ရုန်းမင်းစ်တို့ကြားကနေ မာနေးက ခုန်တောင် မခုန်ဘဲ အလိုက်သင့် ခေါင်းတိုက်ပြီး ဂိုးထဲကို အသာအယာ ထည့်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဗီလာဘက်က ပွဲချိန် မိနစ် ၇၀ မှာ ကော်တင်ညိုအစား ဘွင်ဒီယာ ဝင်လာခဲ့သလို လီဗာပူးလ်တို့ကဘက်ကတော့ ပွဲချိန် ၇၂ မိနစ်မှာ လူးဝစ် ဒီယက်ဇ်အစား ဆာလားကို လဲကစားခဲ့ပြီး ဂိုးဖို့ ကြိုးစားနေတဲ့ အိမ်ရှင်တွေဘက်ကတော့ ပွဲချိန် ၈၁ မိနစ်မှာ ဝပ်ကင်းစ်အစား ဘာထရန် ထရာအိုရေးကို ထည့်သွင်းသွားခဲ့တာပါ။

ဒါပေမယ့် နှစ်ဖက်စလုံးရဲ့ ထိုးဖောက်မှုတွေကို ဂိုးသမားတွေ ကာကွယ်သွားခဲ့ပြီး ဒန်နီ အင်းစ်ရဲ့ သွင်းဂိုးတစ်ဂိုးကလည်း လူကျွံနေတာကြောင့် ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဦးဆောင်သူ မန်ချက်စတာစီးတီးတို့ထက် တစ်ပွဲ ပိုကစားထားပေမယ့် ရမှတ်တူနဲ့ အဆင့် ၂ နေရာကနေ ပရီးမီးယားလိဂ်ကို ဗိုလ်စွဲဖို့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္စ္တန္ဗီလာအသင္းအေနနဲ႔ ဒီေန႔မွာ ၄-၃-၁-၂ ပုံစံနဲ႔ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္ကစားကြက္ကို ထိန္းခ်ဳပ္ဖို႔ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္၊ နာကမ္ဘာနဲ႔ မက္ဂင္းတို႔လို အဖ်က္သန္တဲ့ သုံးဦးကို တြဲသုံးခဲ့သလို ဂိုးနဲ႔ ခံစစ္မွာေတာ့ မာတီနက္ဇ္၊ ကြန္ဆာ၊ တိုင္႐ုန္းမင္းစ္၊ ဒီညာနဲ႔ မက္တီ ကတ္ရွ္တို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ေကာ္တင္ညိဳ၊ ဝပ္ကင္းစ္နဲ႔ ဒန္နီ အင္းစ္တို႔ ပြဲထြက္လာခဲ့ၾကပါတယ္။

လီဗာပူးလ္တို႔ကေတာ့ ေနာက္ပိုင္းပြဲေတြမွာ ေျခစြမ္းမျပႏိုင္တဲ့ ဆာလားကို ခ်န္ထားခဲ့ၿပီး တိုက္စစ္မွာ လူးဝစ္ ဒီယက္ဇ္၊ ဂ်ိဳတာနဲ႔ မာေနးတို႔ကို တြဲဖက္ေပးခဲ့သလို ကြင္းလယ္မွာေတာ့ ဖာဘင္ညိဳ၊ ကီတာနဲ႔ ကားတစ္ ဂ်ဳံးစ္တို႔ ကစားလာခဲ့ၿပီး ခံစစ္မွာေတာ့ ဗန္ဒိုက္၊ မာတစ္ပ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ဆီမီကတ္စ္နဲ႔ အယ္လစ္ဆန္တို႔ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဗီလာတို႔ ေစာေစာစီးစီး ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းကေန ဒီညာရဲ႕ ျဖတ္တင္ေဘာကို ေခါင္းတိုက္ဖို႔ ျပင္ေနတဲ့ ဝပ္ကင္းစ္ကို သြားကပ္ၿပီး ႏွစ္ေယာက္စလုံး ၿငိလဲတဲ့ မာတစ္ပ္နဲ႔ ဆီမီကတ္စ္တို႔ေၾကာင့္ ေနာက္ကေန အလြတ္ေခါင္းတိုက္ခြင့္ရတဲ့ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ရဲ႕ ေခါင္းတိုက္ခ်က္ကို အယ္လစ္ဆန္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ လူးဝစ္ဇ္ကပဲ ေနာက္တစ္ႀကိမ္ ပိတ္သြင္းသြားခဲ့တာပါ။

သုံးမိနစ္အၾကာမွာေတာ့ လီဗာပူးလ္တို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက ကန္တင္ေပးလိုက္တဲ့ ဖရီးကစ္ကို ဗီလာေနာက္ခံ ကစားသမားေတြ မရွင္းထုတ္ႏိုင္ဘဲ ဂိုးေရွ႕မွာ ေထြးလားလုံးလားျဖစ္ေနခ်ိန္မွာ ဗန္ဒိုက္က ေျပးဝင္ပိတ္ခဲ့တဲ့ ပထမၿခိမ္းေျခာက္မႈကို မာတီနက္ဇ္က ကာကြယ္ႏိုင္ခဲ့ပမယ့္ ေနာက္က ပါလာတဲ့ မာတစ္ပ္က ေလွ်ာထိုးပိတ္ၿပီး တစ္ဂိုးစီ သေရျဖစ္ေနခဲ့ၾကပါတယ္။

ဗီလာတို႔ရဲ႕ ကစားပုံက ေဘာလုံးကိုင္ၿပီး ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားေနခဲ့သလို လီဗာပူးလ္ဘက္ကို ပထမပိုင္းမွာ ဝပ္ကင္းစ္နဲ႔ ေတာင္ပံေတြရဲ႕ ေျပးအားတိုးအားေတြနဲ႔ ထိုးေဖာက္ႏိုင္ခဲ့လို႔ ပြဲက စိတ္လႈပ္ရွားစရာျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၁၉ မိနစ္မွာ ဆီမီကတ္စ္ရဲ႕ ျဖတ္တင္ေဘာကို မာေနး ေခါင္းတိုက္ခြင့္မွာ ဂိုးသမား မာတီနက္ဇ္ ၾကည့္ၿပီး ဆုေတာင္းေန႐ုံပဲ တတ္ႏိုင္ခဲ့ေပမယ့္ တိုင္ေဘးက ထြက္သြားခဲ့လို႔ အိမ္ရွင္ေတြ သက္သာခဲ့ရတာပါ။

ပြဲခ်ိန္ ၂၁ မိနစ္မွာ ဝပ္ကင္းစ္တည့္တည့္ကို ေပးခဲ့တဲ့ အယ္လစ္ဆန္ရဲ႕ အမွားေၾကာင့္ လီဗာပူးလ္ပရိသတ္ေတြ အလန႔္တၾကားျဖစ္ခဲ့ၾကရသလို ပြဲခ်ိန္ ၂၄ မိနစ္မွာ ဒီညာရဲ႕ ျဖတ္တင္ေဘာကေန ဒန္နီ အင္းစ္ အလြတ္ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ဘားေက်ာ္သြားခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ ဒဏ္ရာရသြားတဲ့ ဖာဘင္ညိဳအစား အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ လူစားဝင္ကစားခဲ့ရပါတယ္။

ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ အိမ္ရွင္ ဗီလာတို႔ ခံစစ္သက္သက္ျဖစ္သြားခဲ့သလို လီဗာပူးလ္တို႔ကေတာ့ ေဘာလုံးကိုင္ၿပီး ထိုးေဖာက္ကစားေနခဲ့ၿပီး အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ဖရီးကစ္ႏွစ္ႀကိမ္ကေတာ့ တိုင္ေဘးက ထြက္ခဲ့ခ်ိန္မွာ ဂ်ရတ္က နာကမ္ဘာအစား ခ်ဴကြယ္မီကာကို ထည့္ခဲ့ၿပီး ကေလာ့ပ္ကေတာ့ ကားတစ္ ဂ်ဳံးစ္အစား သီယာဂိုကို ထည့္သြင္းခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းက ေတာက္ေလွ်ာက္ ထိုးေဖာက္သြားခဲ့တဲ့ လူးဝစ္ ဒီယက္ဇ္က ျဖတ္တင္ေပးတာကို ေနရာယူပုံမွားၿပီး ေပါ့ဆေနတဲ့ ဗီလာခံစစ္ရဲ႕ ကြန္ဆာနဲ႔ တိုင္႐ုန္းမင္းစ္တို႔ၾကားကေန မာေနးက ခုန္ေတာင္ မခုန္ဘဲ အလိုက္သင့္ ေခါင္းတိုက္ၿပီး ဂိုးထဲကို အသာအယာ ထည့္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဗီလာဘက္က ပြဲခ်ိန္ မိနစ္ ၇၀ မွာ ေကာ္တင္ညိဳအစား ဘြင္ဒီယာ ဝင္လာခဲ့သလို လီဗာပူးလ္တို႔ကဘက္ကေတာ့ ပြဲခ်ိန္ ၇၂ မိနစ္မွာ လူးဝစ္ ဒီယက္ဇ္အစား ဆာလားကို လဲကစားခဲ့ၿပီး ဂိုးဖို႔ ႀကိဳးစားေနတဲ့ အိမ္ရွင္ေတြဘက္ကေတာ့ ပြဲခ်ိန္ ၈၁ မိနစ္မွာ ဝပ္ကင္းစ္အစား ဘာထရန္ ထရာအိုေရးကို ထည့္သြင္းသြားခဲ့တာပါ။

ဒါေပမယ့္ ႏွစ္ဖက္စလုံးရဲ႕ ထိုးေဖာက္မႈေတြကို ဂိုးသမားေတြ ကာကြယ္သြားခဲ့ၿပီး ဒန္နီ အင္းစ္ရဲ႕ သြင္းဂိုးတစ္ဂိုးကလည္း လူကြၽံေနတာေၾကာင့္ ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဦးေဆာင္သူ မန္ခ်က္စတာစီးတီးတို႔ထက္ တစ္ပြဲ ပိုကစားထားေပမယ့္ ရမွတ္တူနဲ႔ အဆင့္ ၂ ေနရာကေန ပရီးမီးယားလိဂ္ကို ဗိုလ္စြဲဖို႔ ေမွ်ာ္လင့္ခ်က္ကို ဆုပ္ကိုင္ထားႏိုင္ဆဲျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.