Match Report Premier League

ချဲလ်ဆီးတို့ နိုင်ပွဲနဲ့ အဆင့် ၃ ကို ဆုပ်ကိုင်ချိန်မှာ တန်းဆင်းဖို့ နီးလာတဲ့ လိဒ်စ်

အိမ်ရှင် လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ ခံစစ်မှာ ဂိုးသမား မေလီယေးနဲ့အတူ နောက်ခံအစွန်လူတွေကိုတော့ အသုံးပြုခြင်းမရှိဘဲ ကို့ချ်၊ ယော်ရန်တေ၊ ကူးပါးနဲ့ စထရိုက်ခ်တို့လို ဗဟိုခံစစ်မှူး လေးဦးနဲ့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ ဖိလစ်နဲ့ ဘိတ်စ်တို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ ဒန်ဂျိမ်းစ်၊ ရာဖင်ညာ၊ ဟာရီဆန်နဲ့ ရိုဒရီဂိုတို့ကို အသုံးပြုလာခဲ့ကြပါတယ်။

ချဲလ်ဆီးတို့ကတော့ ခံစစ်မှာ ဂိုးသမား မန်ဒီ၊ ချာလိုဘာ၊ ခရစ္စတင်ဆန်နဲ့ ရူဒီဂါတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ကိုဗာချစ်၊ ဂျော်ဂျင်ညို၊ အလွန်ဆိုနဲ့ ရီးစ်ဂျိမ်းစ်တို့ ပွဲထွက်ခဲ့ကြသလို တိုက်စစ်မှာတော့ လူကာကူးကို အထောင်ထားပြီး သူ့နောက်ကနေ မေဆန်မောင်နဲ့ ပူလီရှစ်ချ်တို့ လိုက်ပါကစားသွားခဲ့ကြတာပါ။

ပွဲချိန် ၄ မိနစ်မှာကတည်းက ချဲလ်ဆီးတို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ကြပြီး ညာခြမ်းကနေ လိဒ်စ်တို့ရဲ့ Pressing ကို ဖောက်ထွက်လာနိုင်ခဲ့တဲ့ ရီးစ်ဂျိမ်းစ်က ဘောလုံးကိုင်ထားပြီးမှ နောက်ကို ပြန်ချိုးပေးတာကို ပြေးဝင်လာတဲ့ မေဆန်မောင့်က ညာဘက်အပေါ်ထောင့်ကို အပြင်းကန်သွင်းပြီး အိမ်ရှင်ဂိုးသမား မေလီယေးကို အနိုင်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

လိဒ်စ်တို့ကတော့ တန်းဆင်းရဖို့များ အာရုံကြိုရနေလို့များ အိုးနင်းခွက်နင်း ကန်နေတာလားလို့ မေးရမလိုဖြစ်နေပြီး ကစားပုံက အားရစရာ မရှိခဲ့သလို ပွဲချိန် ၂၄ မိနစ်မှာတော့ ကိုဗာချစ်ကို လျှောထိုးဖျက်ရင်း ခြေထောက်ကို ခပ်ကြမ်းကြမ်း ကန်ခဲ့တဲ့ ဒန်ဂျိမ်းစ်ကို ဒိုင်လူကြီး အန်ထော်နီ တေလာက တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ပစ်ခဲ့တာကြောင့် လန်ဒန်နှစ်သင်းနဲ့အတွေ့မှာ နှစ်ပွဲဆက်တိုက် တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာပါ။

တန်းဆင်းဇုန် အဆင့် ၁၈ က လိဒ်စ်တို့အတွက်ကတော့ ရေနစ်သူ ဝါးကူထိုးသလိုဖြစ်ခဲ့ရပြီး အသင်းကိုလည်း ဘယ်သူကမှ မယ်မယ်ရရ ဦးဆောင် ကစားနိုင်တာမျိုးမရှိသလို ပွဲချိန် မိနစ် ၃၀ မှာတော့ ကိုဗာချစ်ကို လော့ဖ်တပ်စ်-ချိခ်နဲ့ လဲခဲ့ရပြီး ၃၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ လူကာကူးက ချဲလ်ဆီးတို့အတွက် ဂိုးထပ်သွင်းပေမယ့် လူအနည်းငယ် ကျွံနေလို့ ပယ်ဖျက်ခံခဲ့ရပါတယ်။

ပထမပိုင်းမှာတော့ နည်းပြ ဘီယယ်လ်ဆာကို ဂျက်ဆီ မာ့ရှ်နဲ့ လဲထားတဲ့ လိဒ်စ်တို့ကို ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဧည့်သည်တွေပဲ ဖိကစားခဲ့သလို အခွင့်အရေး တော်တော် များများ ဖန်တီးနိုင်ခဲ့ကြပြီး လူကာကူးရဲ့ အဆုံးသတ်မှုတွေကတော့ အနည်းငယ် အားနည်းနေလို့သာ ဂိုးရဖို့ကို ဆယ်မိနစ်လောက် ထပ်စောင့်ခဲ့ရတာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ ဒုတိယဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထိပ်ကနေ ဂျော်ဂျင်ညိုပေးတဲ့ ဘောလုံးကို မေဆန်မောင့်က နောက်ပေါက်နဲ့ ချန်ထားပေးခဲ့ရာမှာ နေရာလွတ်ရသွားခဲ့တဲ့ ပူလီရှစ်ချ်က ဘယ်ခြေနဲ့ တိုင်ခြေကို အပိုင်ကန်သွင်းပြီး ရယူသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပူလီရှစ်ချ်၊ လူကာကူးနဲ့ မေဆန်မောင်တို့ အခွင့်အရေးတစ်ကြိမ်စီ လွဲချော်ခဲ့ကြသလို နည်းပြ တူဟယ်လ်ကတော့ အနိုင်ကို သေချာစေဖို့ တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်လာခဲ့ပြီး ရီးစ်ဂျိမ်းစ်အစား အက်ဇ်ပီလီကွေတာနဲ့ ပူလီရှစ်ချ်အစား ဇီးယက်ရှ်တို့ကို လဲခဲ့သလို လိဒ်စ်ဘက်က ရာဖင်ညာအစား ဂါးဟတ်ဒ် ဝင်ကစားခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာတော့ ချဲလ်ဆီးရှေ့တန်း ကစားသမားတွေအားလုံး သွင်းဂိုးတစ်ဂိုးစီ လူစေ့သွားစေမယ့် တတိယမြောက် ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ကြပြီး လိဒ်စ်ခံစစ်အမှားကနေ ညာခြမ်းက ဘောလုံးရသွားတဲ့ ဇီးယက်ရှ်က ချိုးပေးခဲ့တာကို လူကာကူးက ခံစစ်သမား သုံးယောက်လောက်ကို လိမ်ခေါက်ပြီးမှ အနီးကပ် အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်ဖက်စလုံး ထပ်ရတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် အယ်လန်ရုတ်ဒ်မှာ ချဲလ်ဆီးတို့ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ကြပြီး အဆင့် ၃ နေရာကနေ ချန်ပီယံလိဂ်ဝင်ဖို့ ခိုင်မာလာခဲ့သလို သုံးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ လိဒ်စ်တို့ကတော့ အဆင့် ၁၈ နေရာကပဲ တန်းဆင်းဖို့ အားလုံးရဲ့ အထင်အမြင်တွေနဲ့ ထိုက်တန်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အိမ္ရွင္ လိဒ္စ္ယူႏိုက္တက္အသင္းအေနနဲ႔ ခံစစ္မွာ ဂိုးသမား ေမလီေယးနဲ႔အတူ ေနာက္ခံအစြန္လူေတြကိုေတာ့ အသုံးျပဳျခင္းမရွိဘဲ ကို႔ခ်္၊ ေယာ္ရန္ေတ၊ ကူးပါးနဲ႔ စထ႐ိုက္ခ္တို႔လို ဗဟိုခံစစ္မႉး ေလးဦးနဲ႔ ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာေတာ့ ဖိလစ္နဲ႔ ဘိတ္စ္တို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ဒန္ဂ်ိမ္းစ္၊ ရာဖင္ညာ၊ ဟာရီဆန္နဲ႔ ႐ိုဒရီဂိုတို႔ကို အသုံးျပဳလာခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးတို႔ကေတာ့ ခံစစ္မွာ ဂိုးသမား မန္ဒီ၊ ခ်ာလိုဘာ၊ ခရစၥတင္ဆန္နဲ႔ ႐ူဒီဂါတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုဗာခ်စ္၊ ေဂ်ာ္ဂ်င္ညိဳ၊ အလြန္ဆိုနဲ႔ ရီးစ္ဂ်ိမ္းစ္တို႔ ပြဲထြက္ခဲ့ၾကသလို တိုက္စစ္မွာေတာ့ လူကာကူးကို အေထာင္ထားၿပီး သူ႔ေနာက္ကေန ေမဆန္ေမာင္နဲ႔ ပူလီရွစ္ခ်္တို႔ လိုက္ပါကစားသြားခဲ့ၾကတာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာကတည္းက ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ၾကၿပီး ညာျခမ္းကေန လိဒ္စ္တို႔ရဲ႕ Pressing ကို ေဖာက္ထြက္လာႏိုင္ခဲ့တဲ့ ရီးစ္ဂ်ိမ္းစ္က ေဘာလုံးကိုင္ထားၿပီးမွ ေနာက္ကို ျပန္ခ်ိဳးေပးတာကို ေျပးဝင္လာတဲ့ ေမဆန္ေမာင့္က ညာဘက္အေပၚေထာင့္ကို အျပင္းကန္သြင္းၿပီး အိမ္ရွင္ဂိုးသမား ေမလီေယးကို အႏိုင္ယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

လိဒ္စ္တို႔ကေတာ့ တန္းဆင္းရဖို႔မ်ား အာ႐ုံႀကိဳရေနလို႔မ်ား အိုးနင္းခြက္နင္း ကန္ေနတာလားလို႔ ေမးရမလိုျဖစ္ေနၿပီး ကစားပုံက အားရစရာ မရွိခဲ့သလို ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ကိုဗာခ်စ္ကို ေလွ်ာထိုးဖ်က္ရင္း ေျခေထာက္ကို ခပ္ၾကမ္းၾကမ္း ကန္ခဲ့တဲ့ ဒန္ဂ်ိမ္းစ္ကို ဒိုင္လူႀကီး အန္ေထာ္နီ ေတလာက တိုက္႐ိုက္အနီနဲ႔ ထုတ္ပယ္ပစ္ခဲ့တာေၾကာင့္ လန္ဒန္ႏွစ္သင္းနဲ႔အေတြ႕မွာ ႏွစ္ပြဲဆက္တိုက္ တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရတာပါ။

တန္းဆင္းဇုန္ အဆင့္ ၁၈ က လိဒ္စ္တို႔အတြက္ကေတာ့ ေရနစ္သူ ဝါးကူထိုးသလိုျဖစ္ခဲ့ရၿပီး အသင္းကိုလည္း ဘယ္သူကမွ မယ္မယ္ရရ ဦးေဆာင္ ကစားႏိုင္တာမ်ိဳးမရွိသလို ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ ကိုဗာခ်စ္ကို ေလာ့ဖ္တပ္စ္-ခ်ိခ္နဲ႔ လဲခဲ့ရၿပီး ၃၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန လူကာကူးက ခ်ဲလ္ဆီးတို႔အတြက္ ဂိုးထပ္သြင္းေပမယ့္ လူအနည္းငယ္ ကြၽံေနလို႔ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ပထမပိုင္းမွာေတာ့ နည္းျပ ဘီယယ္လ္ဆာကို ဂ်က္ဆီ မာ့ရွ္နဲ႔ လဲထားတဲ့ လိဒ္စ္တို႔ကို ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ဧည့္သည္ေတြပဲ ဖိကစားခဲ့သလို အခြင့္အေရး ေတာ္ေတာ္ မ်ားမ်ား ဖန္တီးႏိုင္ခဲ့ၾကၿပီး လူကာကူးရဲ႕ အဆုံးသတ္မႈေတြကေတာ့ အနည္းငယ္ အားနည္းေနလို႔သာ ဂိုးရဖို႔ကို ဆယ္မိနစ္ေလာက္ ထပ္ေစာင့္ခဲ့ရတာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ဒုတိယဦးေဆာင္ဂိုး ထပ္မံသြင္းယူခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာထိပ္ကေန ေဂ်ာ္ဂ်င္ညိဳေပးတဲ့ ေဘာလုံးကို ေမဆန္ေမာင့္က ေနာက္ေပါက္နဲ႔ ခ်န္ထားေပးခဲ့ရာမွာ ေနရာလြတ္ရသြားခဲ့တဲ့ ပူလီရွစ္ခ်္က ဘယ္ေျခနဲ႔ တိုင္ေျခကို အပိုင္ကန္သြင္းၿပီး ရယူသြားခဲ့တာလည္း ျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ပူလီရွစ္ခ်္၊ လူကာကူးနဲ႔ ေမဆန္ေမာင္တို႔ အခြင့္အေရးတစ္ႀကိမ္စီ လြဲေခ်ာ္ခဲ့ၾကသလို နည္းျပ တူဟယ္လ္ကေတာ့ အႏိုင္ကို ေသခ်ာေစဖို႔ တိုက္စစ္ပိုင္းကို ထပ္မံအားျဖည့္လာခဲ့ၿပီး ရီးစ္ဂ်ိမ္းစ္အစား အက္ဇ္ပီလီေကြတာနဲ႔ ပူလီရွစ္ခ်္အစား ဇီးယက္ရွ္တို႔ကို လဲခဲ့သလို လိဒ္စ္ဘက္က ရာဖင္ညာအစား ဂါးဟတ္ဒ္ ဝင္ကစားခဲ့တာပါ။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ခ်ဲလ္ဆီးေရွ႕တန္း ကစားသမားေတြအားလုံး သြင္းဂိုးတစ္ဂိုးစီ လူေစ့သြားေစမယ့္ တတိယေျမာက္ ဦးေဆာင္ဂိုးကို ရယူႏိုင္ခဲ့ၾကၿပီး လိဒ္စ္ခံစစ္အမွားကေန ညာျခမ္းက ေဘာလုံးရသြားတဲ့ ဇီးယက္ရွ္က ခ်ိဳးေပးခဲ့တာကို လူကာကူးက ခံစစ္သမား သုံးေယာက္ေလာက္ကို လိမ္ေခါက္ၿပီးမွ အနီးကပ္ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ႏွစ္ဖက္စလုံး ထပ္ရတဲ့ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ အယ္လန္႐ုတ္ဒ္မွာ ခ်ဲလ္ဆီးတို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံခဲ့ၾကၿပီး အဆင့္ ၃ ေနရာကေန ခ်န္ပီယံလိဂ္ဝင္ဖို႔ ခိုင္မာလာခဲ့သလို သုံးပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့တဲ့ လိဒ္စ္တို႔ကေတာ့ အဆင့္ ၁၈ ေနရာကပဲ တန္းဆင္းဖို႔ အားလုံးရဲ႕ အထင္အျမင္ေတြနဲ႔ ထိုက္တန္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.