Premier League

ဒီဘရိုင်းနားရဲ့ကမ္ဘာ့အဆင့်ခြေစွမ်းနဲ့ အပီဖုတ်တဲ့ မန်စီးတီး ၅-၀ နယူးကာဆယ်လ်တို့ပွဲက မှတ်မှတ်ရရ ပြောစရာ ၇ ချက်

၁။ ဆုဖလားပြိုင်ပွဲအတွက် အလေးသာခဲ့တဲ့ မန်စီးတီး

မန်စီးတီးပရိသတ်အချို့ဟာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ဂွါဒီယိုလာရဲ့အသင်းအနေနဲ့ အကောင်းဆုံးပုံစံမှာ ရှိနေပါ့မလားလို့ စိတ်ပူခဲ့ကြပြီး စနေနေ့မှာ ရမှတ်တွေ လျော့ကျခဲ့တဲ့ လီဗာပူးလ်ကြောင့် ဖိအားတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ ဘာကြောင့် နောက်ဆုံးပရီးမီးယားလိဂ် ၄ ရာသီမှာ ဖလား ၃ ကြိမ် ရခဲ့လဲဆိုတာ အကြောင်းအရင်းရှိပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ်ဖလားကို ၅ ရာသီအတွင်း ၄ ကြိမ်မြောက် ဆွတ်ခူးနိုင်မယ့်လမ်းကြောင်းပေါ်မှာ ရှိနေပြီဖြစ်ပါတယ်။ နယူးကာဆယ်လ်အသင်းကလည်း အချဉ်တော့မဟုတ်ခဲ့ဘဲ ပထမပိုင်းမှာ မန်စီးတီးကို ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း စည်းကြပ်ဒိုင်က လူကျွံအလံထောင်ပြခဲ့တာဖြစ်ပြီး ဧည့်သည်အသင်းအတွက်တော့ အဲဒီအခိုက်အတန့်ဟာ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။

မန်စီးတီးဟာ အနိုင် ၃ မှတ်ပဲ ရယူချင်တဲ့အသင်းလိုမျိုး ကစားခဲ့ပြီး ကန်ဆယ်လိုရဲ့ လှလှပပ ဖန်တီးပေးပို့မှုကနေတဆင့် စတားလင်းက ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ မန်စီးတီးရဲ့ ကစားပုံနဲ့ တိကျတဲ့ပေးပို့မှုတွေဟာ အိမ်ရှင်အသင်းက ဘယ်လောက်အထိ ကောင်းမွန်လဲဆိုတာ ဥပမာဖြစ်ခဲ့ပြီး မန်စီးတီးက ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေတဲ့အချိန်မှာပဲ အစ်တီဟတ်ကွင်းထဲက ပရိသတ်တွေဟာ ချန်ပီယံဖြစ်ပြီဆိုတဲ့သီချင်းတွေကို သီဆိုခဲံကြတာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ ကလော့ပ်ရဲ့လီဗာပူးလ်ထက် ၃ မှတ်အသာစီး ရရှိခဲ့ပြီဖြစ်ပြီး လီဗာပူးလ်အနေနဲ့ လက်ကျန် ၃ ပွဲမှာ အစ်တီဟတ်ကွင်းဝရောက်နေပြီဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီး ကိုင်မြှောက်သွားမှာကို ငေးကြည့်နေရတော့မှာဖြစ်ပါတယ်။

၂။ ဥရောပအနာကျမှုကို ဖြေဖျောက်နိုင်ခဲ့တဲ့ မန်စီးတီး

ဂွါဒီယိုလာရဲ့အသင်းဟာ ၎င်းတို့ရဲ့ ချန်ပီယံလိဂ်မျှော်လင့်ချက်ကို အဆုံးသတ်စေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်က အသည်းကွဲခဲ့မှုကြောင့် အနာကျနေတဲ့ လက္ခဏာမျိုး မပြသခဲ့တာဖြစ်ပါတယ်။ မန်စီးတီးကြယ်ပွင့်တွေဟာ ဘာနေဗျူးက ပွဲအပြီးမှာ လဲပြိုကျခဲ့ပေမယ့် နယူးကာဆယ်လ်နဲ့ပွဲစဉ်မှာတော့ အထင်ကြီးဖွယ်စွမ်းဆောင်ရည်နဲ့ ဖြစ်ခဲ့သမျှကို အတိတ်မှာ ထားခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးဟာ အစောပိုင်းပွဲကစားချိန်ကတည်းက လွှမ်းမိုးထားနိုင်ဖို့ အခွင့်အရေးအများအပြားရရှိခဲ့ပြီး လာပေါ့တ်ရဲ့ ထောင့်ကန်ဘောကနေ တဆင့် ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုဟာ ဂိုဘားတန်းပေါ် ကျော်သွားခဲ့သလို နောက်ထပ်မိနစ်အနည်းငယ်အကြာမှာ ကန်ဆယ်လိုရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုကလည်း ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးပွဲရဲ့ နောက်ခံအကြောင်းတရားတွေကြောင့် လျင်မြန်တဲ့စတင်မှုနဲ့ အထင်ကြီးစရာခြေစွမ်းပြသခဲ့ပြီး ၁၅ မိနစ်မှာ ဂွါဒီယိုလာရဲ့အသင်းဟာ ဂိုးရရှိဖို့ လွဲချော်ခဲ့တယ်ဆိုရင်တောင်မှပဲ ၁၈ မိနစ်မှာ စတားလင်းက အဖွင့်ဂိုး သွင်းယူပေးခဲ့တာကြောင့် ဂိုးရရှိဖို့ သိပ်အကြာကြီးမစောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်း အစောပိုင်းပွဲကစားချိန်တစ်ချိန်မှာ မန်စီးတီးရဲ့ လွှမ်းမိုးနိုင်စွမ်းဟာ နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိခဲ့ပြီး ကိန်းဂဏန်းတွေအရ အိမ်ရှင်အသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုဟာ ၉၉ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

၃။ ကမ္ဘာ့အဆင့်ခြေစွမ်းနဲ့ ကွင်းလယ်ဗိုလ်ချုပ် ဒီဘရိုင်းနား

နယူးကာဆယ်လ်အသင်းအတွက် စိတ်ပျက်စရာ အများစုဟာ အစ်တီဟတ်မှာ ဒီဘရိုင်းနား မှော်ဝင်နေခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ၎င်းတစ်ဦးတည်းသာ လုပ်နိုင်တဲ့ ဖြတ်တင်ပေးပို့မှုတွေကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်စစ်ရှုထောင့်ကနေကြည့်မယ်ဆိုရင် ဒီဘရိုင်းနားဟာ မန်စီးတီးအတွက် ပွဲအရှိန်ကို သတ်မှတ်ပေးသူဖြစ်ပြီး နယူးကာဆယ်လ်နဲ့ပွဲမှာ ၎င်းရဲ့ အမြင်ရှိမှု၊ တိကျမှုတွေနဲ့အတူ ဧည့်သည်အသင်းကို ရုန်းကန်စေခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းနားဟာ ပေးပို့လို့ မရနိုင်တဲ့ပုံပေါ်နေတဲ့အချိန်မှာ ဂါဘရီယယ်လ် ဂျေဆူးကို ရှာတွေ့ခဲ့ပြီးနောက် ဘရာဇီးလ်တိုက်စစ်မှူးက ဂိုးသွင်းယူသွားခဲ့ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ တစ်ရာသီတာအကောင်းဆုံး ဂိုးဖန်တီးမှုဆိုတာ သံသယဖြစ်စရာမရှိတာဖြစ်ပါတယ်။

မန်စီးတီးဟာ အကူးအပြောင်းလုပ်နေတဲ့အချိန်မှာ ကမ္ဘာပေါ်က အန္တရာယ်အရှိဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး အဓိကအားဖြင့် ဒီဘရိုင်းနားရဲ့ ပြီးပြည့်စုံတဲ့ပေးပို့မှုတစ်ခုနဲ့တင် ပြိုင်ဘက်အသင်းတွေရဲ့ ထိခိုက်လွယ်တဲ့နေရာတွေကို ပွင့်သွားစေတဲ့အစွမ်းကြောင့်ဖြစ်ပါတယ်။ ပထမပိုင်းတစ်ပိုင်းတည်းမှာတင် ဒီဘရိုင်းနားဟာ အခွင့်အရေး ၃ ကြိမ်ဖန်တီးပေးခဲ့ပြီး ဖြတ်တင်ပေးပို့မှု ၆ ကြိမ်၊ တိုက်စစ်ဧရိယာထဲကို အကြိမ် ၂၀ ပေးပို့မှု အံ့အားသင့်ဖွယ်လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဒီဘရိုင်းနားဟာ ၎င်းရဲ့ အသင်းဖော်တွေအတွက် အခွင့်အရေး ၆ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံလက်ရွေးစင်ကြယ်ပွင့်ဟာ မန်စီးတီးအတွက် ရိုဒရီရဲ့ တတိယဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

၄။ ပွဲထွက်ကစားခွင့်နဲ့ ဆုချခံခဲ့ရတဲ့ ဂရီးလစ်ရှ်

ဗြိတိန်ရဲ့ စျေးအကြီးဆုံးကစားသမားအတွက် အစ်တီဟတ်မှာ ခက်ခဲတဲ့ ပွဲဦးထွက်ရာသီဖြစ်ခဲ့ပေမယ့် ဂွါဒီယိုလာက ပေါင်သန်း ၁၀၀ တန် အက်စတန် ဗီလာကြယ်ပွင့်ဟောင်းအပေါ် နယူးကာဆယ်လ်နဲ့ပွဲမှာ ယုံကြည်မှု ပြသခဲ့ပါတယ်။ ဂရီးလစ်ရှ်ဟာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရအပြီးမှာ ဝေဖန်ပြစ်တင်မှုအများအပြား ခံခဲ့ရသူဖြစ်ပြီး အထူးသဖြင့် မန်စီးတီးက ဦးဆောင်နေချိန်မှာ ရွှေရောင်အခွင့်အရေး ၂ ကြိမ်ကို ဖြုန်းတီးပစ်ခဲ့တယ်ဆိုတဲ့အချက်ကြောင့်ဖြစ်ပါတယ်။ ဘောလုံးဝေဖန်သုံးသပ်သူတွေနဲ့ ပရိသတ်အများအပြားက ဂရီးလစ်ရှ်အနေနဲ့ အရန်ခုံကနေ ဝင်ကစားတဲ့ မြင်ကွင်းက တစ်ရာသီလုံးအတွက် အသင့်တော်ဆုံးပုံရိပ်ဖြစ်တယ်လို့တောင် ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာက အက်စတန် ဗီလာအသင်းခေါင်းဆောင်ဟောင်းကို တနင်္ဂနွေနေ့မှာ ပွဲထွက်ကစားစေပြီး ယုံကြည်မှု ပြန်လည်တည်ဆောက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ ဂရီးလစ်ရှ်ဟာ အစောပိုင်းပွဲကစားချိန်မှာ အထင်ကြီးဖွယ်တောင်ပံကစားပုံအချို့ပြသခဲ့ပေမယ့် အမှန်တရားကတော့ မန်စီးတီးရဲ့တိုက်စစ်ဆင်မှုဟာ ဆန့်ကျင်ဘက်တောင်ပံက စတားလင်း၊ ကန်ဆယ်လိုတို့ဆီကနေ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။

ဂရီးလစ်ရှ်ဟာ မကြာခဏ ဖြစ်နေကျအတိုင်းပဲ ဇွဲနဘဲကြီးကြီးနဲ့ လိုက်ကစားတတ်တာကြောင့် ခပ်ကြမ်းကြမ်း ဖျက်ထုတ်ခံရပြီး ကုသမှုအချို့ ခံယူခဲ့ရတာဖြစ်ပါတယ်။ ဂရီးလစ်ရှ်ဟာ ဖီးလ် ဖိုဒန်ရဲ့ သွင်းဂိုးမှာ အဓိက ပါဝင်ပတ်သက်ခဲ့ပြီး ဘယ်တောင်ပံတလျှောက်မှာ ၎င်းရဲ့ လျင်မြန်တဲ့ပြေးလွှားမှုကို ပြသခဲ့ပြီးနောက် ပင်နယ်တီဧရိယာထိပ်မှာရှိနေတဲ့ ဇင်ချန်ကိုဆီ ပေးပို့ခဲ့ရာမှာ ဇင်ချန်ကိုက ဖိုဒန်ဆီ ပေးပို့မှုပြုလုပ်ခဲ့တာကြောင့် အင်္ဂလန်တောင်ပံကစားသမားဟာ သက်တောင့်သက်သာနဲ့ ဂိုးသွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ဂရီးလစ်ရှ်ဟာ မန်စီးတီးရဲ့ ပဥ္စမမြောက်ဦးဆောင်ဂိုးအတွက်လည်း ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး ဖိုဒန် နောက်ပေါက်နဲ့ ချပေးလိုက်တဲ့ ဘောလုံးကို ပင်နယ်တီဧရိယာထဲ ပြေးဝင်လာတဲ့ စတားလင်းဆီ ခင်ပေးခဲ့ရာမှာ မန်စီးတီးတောင်ပံကစားသမားက ညာခြေနဲ့ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၅။ မန်ချက်စတာကနေ စိတ်ဆင်းရဲပြီး ပြန်ခဲ့တဲ့ နယူးကာဆယ်လ်

နယူးကာဆယ်လ်ယူနိုက်တက်အသင်းဟာ အက်ဒီ ဟောင်းကို နည်းပြအဖြစ် ခန့်အပ်ပြီးကတည်းက ကြီးမားတဲ့ တိုးတက်မှု ပြသခဲ့နိုင်ခဲ့ပေမယ့်လည်း အစ်တီဟတ်မှာတော့ နိုင်ပွဲရယူနိုင်မယ့် နည်းလမ်းကို ရှာမတွေ့သေးတာဖြစ်ပါတယ်။ အစ်တီဟတ်က ရှုံးပွဲဟာ နယူးကာဆယ်လ်အတွက် စိတ်ပျက်စရာ ရှုံးပွဲဆက်မှုဖြစ်လာခဲ့ပြီး မန်ချက်စတာမှာ ဂိုးကန်သွင်းဖို့ ကြိုးပမ်းမှု ၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း တစ်ဂိုးမှ မရရှိခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်လ်ဟာ ခရစ္စ ဝုဒ်နဲ့ အလန် စိန့်-မက်ဆီမင်တို့လိုမျိုး ကစားသမားတွေနဲ့ တိုက်စစ်မှာ အင်အားမဲ့နေပုံပေါ်ခဲ့ပြီး ရူဘင် ဒီယက်စ် ဒဏ်ရာရရှိပြီး လူစားလဲခံခဲ့ရပြီးနောက်ပိုင်း အသက်အရွယ်ရနေပြီဖြစ်တဲ့ ဖာနန်ဒင်ညိုပါဝင်တဲ့ မန်စီးတီး ခံစစ်ကို မထိုးဖောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ၁၀ မိနစ်မှာ နယူးကာဆယ်လ်အသင်းက အောင်မြင်တဲ့ ပေးပို့မှု တစ်ကြိမ် ပြုလုပ်နိုင်ချိန်မှာ မန်စီးတီးက ၁၀၈ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ မန်စီးတီးဂိုးသမား အီဒါဆန်ဟာ ပွဲကစားချိန် အများစုမှာ ငုတ်တုတ်ထိုင်နေခဲ့ရပြီး နောက်ဆုံး ၁၀ မိနစ်မှာ ကယ်လန် ဝီလ်ဆင်ရဲ့ ကန်သွင်းချက် တစ်ကြိမ်ကိုသာ ကာကွယ်ခဲ့ရတာဖြစ်ပါတယ်။

၆။ မန်စီးတီးနဲ့ ဆိုးရွားတဲ့ စံချိန် ဆက်လက်ပိုင်ဆိုင်ခဲ့တဲ့ အက်ဒီ ဟောင်း

ဘုန်းမောက်နည်းပြဟောင်း အက်ဒီ ဟောင်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအစောပိုင်းမှာ နယူးကာဆယ်လ်ကို စတင်တာဝန်ယူကိုင်တွယ်ခဲ့ချိန်ကတည်းက အလွန်ကောင်းမွန်တဲ့အလုပ်ကို လုပ်ခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်လ်ဟာ ယခုရာသီအစမှာ ဆိုးဆိုးရွားရွား စတင်ခဲ့ပြီး ကျိန်းသေပေါက် တန်းဆင်းနိုင်တဲ့ အသင်းတွေထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်မှာ အင်အားဖြည့်တင်းနိုင်ခဲ့မှုကြောင့် နယူးကာဆယ်လ်ဟာ လက်ရှိမှာတော့ တန်းဆင်းဇုန်နဲ့အဝေး စိတ်ချလုံခြုံတဲ့နေရာမှာ ရှိနေပြီဖြစ်ပြီး အက်ဒီ ဟောင်းဟာ ကောင်းမွန်တဲ့အလုပ်တွေကို လုပ်နိုင်ခဲ့ပေမယ့်လည်း မန်စီးတီးနဲ့ တွေ့ဆုံတဲ့အခါမှာ ရရှိတဲ့တဲ့ မှတ်တမ်းဆိုးတွေကိုတော့ မချေဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

အက်ဒီဟောင်းဟာ လက်ရှိအချိန်အထိ မန်စီးတီးနဲ့ တွေ့ဆုံခဲ့တဲ့ ၁၂ ကြိမ်စလုံးမှာ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ဘက်အသင်းတစ်သင်းတည်းအပေါ် အရှည်ကြာဆုံး ၁၀၀ ရာခိုင်နှုန်းရှုံးနိမ့်တဲ့စံချိန် ပရီးမီးယားလိဂ်နည်းပြ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဆိုးရွားတဲ့ မှတ်တမ်းထဲမှာ ဂွါဒီယိုလာနဲ့ တွေ့ဆုံရာမှာ ၁၀ ကြိမ်အထိ ရှုံးနိမ့်ခဲ့တာလည်း ပါဝင်ပြီး ပရီးမီးယားလိဂ်က အခြားနည်းပြတစ်ဦးကို အရှည်ကြာဆုံး ၁၀၀ ရာခိုင်နှုန်း ရှုံးနိမ့်တဲ့စံချိန်လည်း ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

၇။ နယူးကာဆယ်လ်နဲ့တွေ့ဆုံရာမှာ စိတ်လှုပ်ရှားစရာစံချိန်ရရှိထားတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးဟာ ၂၀၁၀ ကတည်းက ပရီးမီးယားလိဂ်ဖလား ၅ ကြိမ် ရရှိထားခဲ့ပြီးဖြစ်တယ်ဆိုတဲ့အချက်ကို ထည့်တွက်ရင် ပရီးမီးယားလိဂ်က ကျန်တဲ့အသင်းတွေအားလုံးနဲ့ တွေ့ဆုံရာမှာ အထင်ကြီးဖွယ်စံချိန်ပိုင်ဆိုင်ထားတာကတော့ သိပ်တော့ အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အထူးသဖြင့် မန်ချက်စတာစီးတီးအသင်းဟာ နယူးကာဆယ်လ်ယူနိုက်တက်နဲ့ တွေ့ဆုံတိုင်းမှာ အညှာအတာကင်းမဲ့ခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့ပွဲစဉ်အပြီးမှာ မန်စီးတီးဟာ နယူးကာဆယ်လ်နဲ့နောက်ဆုံး လိဂ် ၂၈ ပွဲမှာ ရှုံးပွဲမရှိ(၂၄ ပွဲနိုင် ၄ ပွဲသရေ)တဲ့စံချိန် ရရှိခဲ့ပါတယ်။

တစ်ဖက်မှာတော့ နယူးကာဆယ်လ်အသင်းဟာ အစ်တီဟတ်ကို နောက်ဆုံးသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၁၇ ကြိမ်စလုံး နိုင်ပွဲမရခဲ့ဘဲ နောက်ဆုံး ၁၃ ပွဲစလုံး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ရလဒ်ပိုင်းမှာလည်း မန်ချက်စတာစီးတီးအသင်းဟာ နည်းပြ ဂွါဒီယိုလာလက်အောက် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ၅ ဂိုး သို့မဟုတ် ၅ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ အကြိမ် ၃၀ မြောက် ပွဲစဉ်လည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ ဆုဖလားၿပိဳင္ပြဲအတြက္ အေလးသာခဲ့တဲ့ မန္စီးတီး

မန္စီးတီးပရိသတ္အခ်ိဳ႕ဟာ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးေနာက္ ဂြါဒီယိုလာရဲ့အသင္းအေနနဲ႔ အေကာင္းဆုံးပုံစံမွာ ရွိေနပါ့မလားလို႔ စိတ္ပူခဲ့ၾကၿပီး စေနေန႔မွာ ရမွတ္ေတြ ေလ်ာ့က်ခဲ့တဲ့ လီဗာပူးလ္ေၾကာင့္ ဖိအားေတြ ရွိေနခဲ့တာျဖစ္ပါတယ္။ မန္စီးတီးအေနနဲ႔ ဘာေၾကာင့္ ေနာက္ဆုံးပရီးမီးယားလိဂ္ ၄ ရာသီမွာ ဖလား ၃ ႀကိမ္ ရခဲ့လဲဆိုတာ အေၾကာင္းအရင္းရွိၿပီး လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ဖလားကို ၅ ရာသီအတြင္း ၄ ႀကိမ္ေျမာက္ ဆြတ္ခူးနိုင္မယ့္လမ္းေၾကာင္းေပၚမွာ ရွိေနၿပီျဖစ္ပါတယ္။ နယူးကာဆယ္လ္အသင္းကလည္း အခ်ဥ္ေတာ့မဟုတ္ခဲ့ဘဲ ပထမပိုင္းမွာ မန္စီးတီးကို ဂိုးသြင္းယူနိုင္ခဲ့ေပမယ့္လည္း စည္းၾကပ္ဒိုင္က လူကၽြံအလံေထာင္ျပခဲ့တာျဖစ္ၿပီး ဧည့္သည္အသင္းအတြက္ေတာ့ အဲဒီအခိုက္အတန႔္ဟာ အေကာင္းဆုံးျဖစ္ခဲ့ပါတယ္။

မန္စီးတီးဟာ အနိုင္ ၃ မွတ္ပဲ ရယူခ်င္တဲ့အသင္းလိုမ်ိဳး ကစားခဲ့ၿပီး ကန္ဆယ္လိုရဲ့ လွလွပပ ဖန္တီးေပးပို႔မႈကေနတဆင့္ စတားလင္းက ဦးေဆာင္ဂိုးကို ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ မန္စီးတီးရဲ့ ကစားပုံနဲ႔ တိက်တဲ့ေပးပို႔မႈေတြဟာ အိမ္ရွင္အသင္းက ဘယ္ေလာက္အထိ ေကာင္းမြန္လဲဆိုတာ ဥပမာျဖစ္ခဲ့ၿပီး မန္စီးတီးက ၃ ဂိုး ဂိုးမရွိနဲ႔ ဦးေဆာင္ေနတဲ့အခ်ိန္မွာပဲ အစ္တီဟတ္ကြင္းထဲက ပရိသတ္ေတြဟာ ခ်န္ပီယံျဖစ္ၿပီဆိုတဲ့သီခ်င္းေတြကို သီဆိုခဲံၾကတာျဖစ္ပါတယ္။ ဒီနိုင္ပြဲေၾကာင့္ မန္စီးတီးဟာ ကေလာ့ပ္ရဲ့လီဗာပူးလ္ထက္ ၃ မွတ္အသာစီး ရရွိခဲ့ၿပီျဖစ္ၿပီး လီဗာပူးလ္အေနနဲ႔ လက္က်န္ ၃ ပြဲမွာ အစ္တီဟတ္ကြင္းဝေရာက္ေနၿပီျဖစ္တဲ့ ပရီးမီးယားလိဂ္ဖလားကို မန္စီးတီး ကိုင္ေျမႇာက္သြားမွာကို ေငးၾကည့္ေနရေတာ့မွာျဖစ္ပါတယ္။

၂။ ဥေရာပအနာက်မႈကို ေျဖေဖ်ာက္နိုင္ခဲ့တဲ့ မန္စီးတီး

ဂြါဒီယိုလာရဲ့အသင္းဟာ ၎တို႔ရဲ့ ခ်န္ပီယံလိဂ္ေမၽွာ္လင့္ခ်က္ကို အဆုံးသတ္ေစခဲ့တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ပြဲစဥ္က အသည္းကြဲခဲ့မႈေၾကာင့္ အနာက်ေနတဲ့ လကၡဏာမ်ိဳး မျပသခဲ့တာျဖစ္ပါတယ္။ မန္စီးတီးၾကယ္ပြင့္ေတြဟာ ဘာေနဗ်ဴးက ပြဲအၿပီးမွာ လဲၿပိဳက်ခဲ့ေပမယ့္ နယူးကာဆယ္လ္နဲ႔ပြဲစဥ္မွာေတာ့ အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္နဲ႔ ျဖစ္ခဲ့သမၽွကို အတိတ္မွာ ထားခဲ့ၿပီျဖစ္ပါတယ္။ မန္စီးတီးဟာ အေစာပိုင္းပြဲကစားခ်ိန္ကတည္းက လႊမ္းမိုးထားနိုင္ဖို႔ အခြင့္အေရးအမ်ားအျပားရရွိခဲ့ၿပီး လာေပါ့တ္ရဲ့ ေထာင့္ကန္ေဘာကေန တဆင့္ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈဟာ ဂိုဘားတန္းေပၚ ေက်ာ္သြားခဲ့သလို ေနာက္ထပ္မိနစ္အနည္းငယ္အၾကာမွာ ကန္ဆယ္လိုရဲ့ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈကလည္း ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။

ေနာက္ဆုံးပြဲရဲ့ ေနာက္ခံအေၾကာင္းတရားေတြေၾကာင့္ လ်င္ျမန္တဲ့စတင္မႈနဲ႔ အထင္ႀကီးစရာေျခစြမ္းျပသခဲ့ၿပီး ၁၅ မိနစ္မွာ ဂြါဒီယိုလာရဲ့အသင္းဟာ ဂိုးရရွိဖို႔ လြဲေခ်ာ္ခဲ့တယ္ဆိုရင္ေတာင္မွပဲ ၁၈ မိနစ္မွာ စတားလင္းက အဖြင့္ဂိုး သြင္းယူေပးခဲ့တာေၾကာင့္ ဂိုးရရွိဖို႔ သိပ္အၾကာႀကီးမေစာင့္ဆိုင္းခဲ့ရတာျဖစ္ပါတယ္။ ဒုတိယပိုင္း အေစာပိုင္းပြဲကစားခ်ိန္တစ္ခ်ိန္မွာ မန္စီးတီးရဲ့ လႊမ္းမိုးနိုင္စြမ္းဟာ ေနာက္ထပ္အဆင့္တစ္ခုကို ေရာက္ရွိခဲ့ၿပီး ကိန္းဂဏန္းေတြအရ အိမ္ရွင္အသင္းရဲ့ ေဘာလုံးပိုင္ဆိုင္မႈဟာ ၉၉ ရာခိုင္ႏႈန္းအထိ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

၃။ ကမၻာ့အဆင့္ေျခစြမ္းနဲ႔ ကြင္းလယ္ဗိုလ္ခ်ဳပ္ ဒီဘရိုင္းနား

နယူးကာဆယ္လ္အသင္းအတြက္ စိတ္ပ်က္စရာ အမ်ားစုဟာ အစ္တီဟတ္မွာ ဒီဘရိုင္းနား ေမွာ္ဝင္ေနခဲ့တာျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ၎တစ္ဦးတည္းသာ လုပ္နိုင္တဲ့ ျဖတ္တင္ေပးပို႔မႈေတြကို ျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။ တိုက္စစ္ရႈေထာင့္ကေနၾကည့္မယ္ဆိုရင္ ဒီဘရိုင္းနားဟာ မန္စီးတီးအတြက္ ပြဲအရွိန္ကို သတ္မွတ္ေပးသူျဖစ္ၿပီး နယူးကာဆယ္လ္နဲ႔ပြဲမွာ ၎ရဲ့ အျမင္ရွိမႈ၊ တိက်မႈေတြနဲ႔အတူ ဧည့္သည္အသင္းကို ႐ုန္းကန္ေစခဲ့တာျဖစ္ပါတယ္။ ဒီဘရိုင္းနားဟာ ေပးပို႔လို႔ မရနိုင္တဲ့ပုံေပၚေနတဲ့အခ်ိန္မွာ ဂါဘရီယယ္လ္ ေဂ်ဆူးကို ရွာေတြ႕ခဲ့ၿပီးေနာက္ ဘရာဇီးလ္တိုက္စစ္မႉးက ဂိုးသြင္းယူသြားခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ရဲ့ တစ္ရာသီတာအေကာင္းဆုံး ဂိုးဖန္တီးမႈဆိုတာ သံသယျဖစ္စရာမရွိတာျဖစ္ပါတယ္။

မန္စီးတီးဟာ အကူးအေျပာင္းလုပ္ေနတဲ့အခ်ိန္မွာ ကမၻာေပၚက အႏၲရာယ္အရွိဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ၿပီး အဓိကအားျဖင့္ ဒီဘရိုင္းနားရဲ့ ၿပီးျပည့္စုံတဲ့ေပးပို႔မႈတစ္ခုနဲ႔တင္ ၿပိဳင္ဘက္အသင္းေတြရဲ့ ထိခိုက္လြယ္တဲ့ေနရာေတြကို ပြင့္သြားေစတဲ့အစြမ္းေၾကာင့္ျဖစ္ပါတယ္။ ပထမပိုင္းတစ္ပိုင္းတည္းမွာတင္ ဒီဘရိုင္းနားဟာ အခြင့္အေရး ၃ ႀကိမ္ဖန္တီးေပးခဲ့ၿပီး ျဖတ္တင္ေပးပို႔မႈ ၆ ႀကိမ္၊ တိုက္စစ္ဧရိယာထဲကို အႀကိမ္ ၂၀ ေပးပို႔မႈ အံ့အားသင့္ဖြယ္လုပ္ေဆာင္နိုင္ခဲ့တာျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ ဒီဘရိုင္းနားဟာ ၎ရဲ့ အသင္းေဖာ္ေတြအတြက္ အခြင့္အေရး ၆ ႀကိမ္အထိ ျပဳလုပ္ေပးနိုင္ခဲ့တာျဖစ္ၿပီး ဘယ္လ္ဂ်ီယံလက္ေရြးစင္ၾကယ္ပြင့္ဟာ မန္စီးတီးအတြက္ ရိုဒရီရဲ့ တတိယဂိုးအတြက္ ဖန္တီးေပးနိုင္ခဲ့တာျဖစ္ပါတယ္။

၄။ ပြဲထြက္ကစားခြင့္နဲ႔ ဆုခ်ခံခဲ့ရတဲ့ ဂရီးလစ္ရွ္

ၿဗိတိန္ရဲ့ ေစ်းအႀကီးဆုံးကစားသမားအတြက္ အစ္တီဟတ္မွာ ခက္ခဲတဲ့ ပြဲဦးထြက္ရာသီျဖစ္ခဲ့ေပမယ့္ ဂြါဒီယိုလာက ေပါင္သန္း ၁၀၀ တန္ အက္စတန္ ဗီလာၾကယ္ပြင့္ေဟာင္းအေပၚ နယူးကာဆယ္လ္နဲ႔ပြဲမွာ ယုံၾကည္မႈ ျပသခဲ့ပါတယ္။ ဂရီးလစ္ရွ္ဟာ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရအၿပီးမွာ ေဝဖန္ျပစ္တင္မႈအမ်ားအျပား ခံခဲ့ရသူျဖစ္ၿပီး အထူးသျဖင့္ မန္စီးတီးက ဦးေဆာင္ေနခ်ိန္မွာ ေရႊေရာင္အခြင့္အေရး ၂ ႀကိမ္ကို ျဖဳန္းတီးပစ္ခဲ့တယ္ဆိုတဲ့အခ်က္ေၾကာင့္ျဖစ္ပါတယ္။ ေဘာလုံးေဝဖန္သုံးသပ္သူေတြနဲ႔ ပရိသတ္အမ်ားအျပားက ဂရီးလစ္ရွ္အေနနဲ႔ အရန္ခုံကေန ဝင္ကစားတဲ့ ျမင္ကြင္းက တစ္ရာသီလုံးအတြက္ အသင့္ေတာ္ဆုံးပုံရိပ္ျဖစ္တယ္လို႔ေတာင္ ေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ ဂြါဒီယိုလာက အက္စတန္ ဗီလာအသင္းေခါင္းေဆာင္ေဟာင္းကို တနဂၤေႏြေန႔မွာ ပြဲထြက္ကစားေစၿပီး ယုံၾကည္မႈ ျပန္လည္တည္ေဆာက္ခြင့္ေပးခဲ့တာျဖစ္ပါတယ္။ ဂရီးလစ္ရွ္ဟာ အေစာပိုင္းပြဲကစားခ်ိန္မွာ အထင္ႀကီးဖြယ္ေတာင္ပံကစားပုံအခ်ိဳ႕ျပသခဲ့ေပမယ့္ အမွန္တရားကေတာ့ မန္စီးတီးရဲ့တိုက္စစ္ဆင္မႈဟာ ဆန႔္က်င္ဘက္ေတာင္ပံက စတားလင္း၊ ကန္ဆယ္လိုတို႔ဆီကေန ဆင္းသက္ခဲ့တာျဖစ္ပါတယ္။

ဂရီးလစ္ရွ္ဟာ မၾကာခဏ ျဖစ္ေနက်အတိုင္းပဲ ဇြဲနဘဲႀကီးႀကီးနဲ႔ လိုက္ကစားတတ္တာေၾကာင့္ ခပ္ၾကမ္းၾကမ္း ဖ်က္ထုတ္ခံရၿပီး ကုသမႈအခ်ိဳ႕ ခံယူခဲ့ရတာျဖစ္ပါတယ္။ ဂရီးလစ္ရွ္ဟာ ဖီးလ္ ဖိုဒန္ရဲ့ သြင္းဂိုးမွာ အဓိက ပါဝင္ပတ္သက္ခဲ့ၿပီး ဘယ္ေတာင္ပံတေလၽွာက္မွာ ၎ရဲ့ လ်င္ျမန္တဲ့ေျပးလႊားမႈကို ျပသခဲ့ၿပီးေနာက္ ပင္နယ္တီဧရိယာထိပ္မွာရွိေနတဲ့ ဇင္ခ်န္ကိုဆီ ေပးပို႔ခဲ့ရာမွာ ဇင္ခ်န္ကိုက ဖိုဒန္ဆီ ေပးပို႔မႈျပဳလုပ္ခဲ့တာေၾကာင့္ အဂၤလန္ေတာင္ပံကစားသမားဟာ သက္ေတာင့္သက္သာနဲ႔ ဂိုးသြင္းယူသြားနိုင္ခဲ့တာျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ ဂရီးလစ္ရွ္ဟာ မန္စီးတီးရဲ့ ပဥၥမေျမာက္ဦးေဆာင္ဂိုးအတြက္လည္း ဂိုးဖန္တီးေပးနိုင္ခဲ့ၿပီး ဖိုဒန္ ေနာက္ေပါက္နဲ႔ ခ်ေပးလိုက္တဲ့ ေဘာလုံးကို ပင္နယ္တီဧရိယာထဲ ေျပးဝင္လာတဲ့ စတားလင္းဆီ ခင္ေပးခဲ့ရာမွာ မန္စီးတီးေတာင္ပံကစားသမားက ညာေျခနဲ႔ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၅။ မန္ခ်က္စတာကေန စိတ္ဆင္းရဲၿပီး ျပန္ခဲ့တဲ့ နယူးကာဆယ္လ္

နယူးကာဆယ္လ္ယူနိုက္တက္အသင္းဟာ အက္ဒီ ေဟာင္းကို နည္းျပအျဖစ္ ခန႔္အပ္ၿပီးကတည္းက ႀကီးမားတဲ့ တိုးတက္မႈ ျပသခဲ့နိုင္ခဲ့ေပမယ့္လည္း အစ္တီဟတ္မွာေတာ့ နိုင္ပြဲရယူနိုင္မယ့္ နည္းလမ္းကို ရွာမေတြ႕ေသးတာျဖစ္ပါတယ္။ အစ္တီဟတ္က ရႈံးပြဲဟာ နယူးကာဆယ္လ္အတြက္ စိတ္ပ်က္စရာ ရႈံးပြဲဆက္မႈျဖစ္လာခဲ့ၿပီး မန္ခ်က္စတာမွာ ဂိုးကန္သြင္းဖို႔ ႀကိဳးပမ္းမႈ ၇ ႀကိမ္ ျပဳလုပ္နိုင္ခဲ့ေပမယ့္လည္း တစ္ဂိုးမွ မရရွိခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္လ္ဟာ ခရစၥ ဝုဒ္နဲ႔ အလန္ စိန႔္-မက္ဆီမင္တို႔လိုမ်ိဳး ကစားသမားေတြနဲ႔ တိုက္စစ္မွာ အင္အားမဲ့ေနပုံေပၚခဲ့ၿပီး ႐ူဘင္ ဒီယက္စ္ ဒဏ္ရာရရွိၿပီး လူစားလဲခံခဲ့ရၿပီးေနာက္ပိုင္း အသက္အရြယ္ရေနၿပီျဖစ္တဲ့ ဖာနန္ဒင္ညိဳပါဝင္တဲ့ မန္စီးတီး ခံစစ္ကို မထိုးေဖာက္နိုင္ခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္း ၁၀ မိနစ္မွာ နယူးကာဆယ္လ္အသင္းက ေအာင္ျမင္တဲ့ ေပးပို႔မႈ တစ္ႀကိမ္ ျပဳလုပ္နိုင္ခ်ိန္မွာ မန္စီးတီးက ၁၀၈ ႀကိမ္အထိ ျပဳလုပ္ထားနိုင္ခဲ့ၿပီးျဖစ္ပါတယ္။ မန္စီးတီးဂိုးသမား အီဒါဆန္ဟာ ပြဲကစားခ်ိန္ အမ်ားစုမွာ ငုတ္တုတ္ထိုင္ေနခဲ့ရၿပီး ေနာက္ဆုံး ၁၀ မိနစ္မွာ ကယ္လန္ ဝီလ္ဆင္ရဲ့ ကန္သြင္းခ်က္ တစ္ႀကိမ္ကိုသာ ကာကြယ္ခဲ့ရတာျဖစ္ပါတယ္။

၆။ မန္စီးတီးနဲ႔ ဆိုးရြားတဲ့ စံခ်ိန္ ဆက္လက္ပိုင္ဆိုင္ခဲ့တဲ့ အက္ဒီ ေဟာင္း

ဘုန္းေမာက္နည္းျပေဟာင္း အက္ဒီ ေဟာင္းဟာ ၿပီးခဲ့တဲ့ႏွစ္ နိုဝင္ဘာလအေစာပိုင္းမွာ နယူးကာဆယ္လ္ကို စတင္တာဝန္ယူကိုင္တြယ္ခဲ့ခ်ိန္ကတည္းက အလြန္ေကာင္းမြန္တဲ့အလုပ္ကို လုပ္ခဲ့တာျဖစ္ပါတယ္။ နယူးကာဆယ္လ္ဟာ ယခုရာသီအစမွာ ဆိုးဆိုးရြားရြား စတင္ခဲ့ၿပီး က်ိန္းေသေပါက္ တန္းဆင္းနိုင္တဲ့ အသင္းေတြထဲမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။ ေဆာင္းရာသီ အေျပာင္းအေရႊ႕ေစ်းကြက္မွာ အင္အားျဖည့္တင္းနိုင္ခဲ့မႈေၾကာင့္ နယူးကာဆယ္လ္ဟာ လက္ရွိမွာေတာ့ တန္းဆင္းဇုန္နဲ႔အေဝး စိတ္ခ်လုံျခဳံတဲ့ေနရာမွာ ရွိေနၿပီျဖစ္ၿပီး အက္ဒီ ေဟာင္းဟာ ေကာင္းမြန္တဲ့အလုပ္ေတြကို လုပ္နိုင္ခဲ့ေပမယ့္လည္း မန္စီးတီးနဲ႔ ေတြ႕ဆုံတဲ့အခါမွာ ရရွိတဲ့တဲ့ မွတ္တမ္းဆိုးေတြကိုေတာ့ မေခ်ဖ်က္နိုင္ခဲ့တာျဖစ္ပါတယ္။

အက္ဒီေဟာင္းဟာ လက္ရွိအခ်ိန္အထိ မန္စီးတီးနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၁၂ ႀကိမ္စလုံးမွာ ရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ဘက္အသင္းတစ္သင္းတည္းအေပၚ အရွည္ၾကာဆုံး ၁၀၀ ရာခိုင္ႏႈန္းရႈံးနိမ့္တဲ့စံခ်ိန္ ပရီးမီးယားလိဂ္နည္းၿပ ျဖစ္လာခဲ့တာျဖစ္ပါတယ္။ ဆိုးရြားတဲ့ မွတ္တမ္းထဲမွာ ဂြါဒီယိုလာနဲ႔ ေတြ႕ဆုံရာမွာ ၁၀ ႀကိမ္အထိ ရႈံးနိမ့္ခဲ့တာလည္း ပါဝင္ၿပီး ပရီးမီးယားလိဂ္က အျခားနည္းျပတစ္ဦးကို အရွည္ၾကာဆုံး ၁၀၀ ရာခိုင္ႏႈန္း ရႈံးနိမ့္တဲ့စံခ်ိန္လည္း ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

၇။ နယူးကာဆယ္လ္နဲ႔ေတြ႕ဆုံရာမွာ စိတ္လႈပ္ရွားစရာစံခ်ိန္ရရွိထားတဲ့ မန္စီးတီး

မန္ခ်က္စတာစီးတီးဟာ ၂၀၁၀ ကတည္းက ပရီးမီးယားလိဂ္ဖလား ၅ ႀကိမ္ ရရွိထားခဲ့ၿပီးျဖစ္တယ္ဆိုတဲ့အခ်က္ကို ထည့္တြက္ရင္ ပရီးမီးယားလိဂ္က က်န္တဲ့အသင္းေတြအားလုံးနဲ႔ ေတြ႕ဆုံရာမွာ အထင္ႀကီးဖြယ္စံခ်ိန္ပိုင္ဆိုင္ထားတာကေတာ့ သိပ္ေတာ့ အံ့အားသင့္စရာမဟုတ္ေတာ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အထူးသျဖင့္ မန္ခ်က္စတာစီးတီးအသင္းဟာ နယူးကာဆယ္လ္ယူနိုက္တက္နဲ႔ ေတြ႕ဆုံတိုင္းမွာ အညႇာအတာကင္းမဲ့ခဲ့တာျဖစ္ၿပီး တနဂၤေႏြေန႔ပြဲစဥ္အၿပီးမွာ မန္စီးတီးဟာ နယူးကာဆယ္လ္နဲ႔ေနာက္ဆုံး လိဂ္ ၂၈ ပြဲမွာ ရႈံးပြဲမရွိ(၂၄ ပြဲနိုင္ ၄ ပြဲသေရ)တဲ့စံခ်ိန္ ရရွိခဲ့ပါတယ္။

တစ္ဖက္မွာေတာ့ နယူးကာဆယ္လ္အသင္းဟာ အစ္တီဟတ္ကို ေနာက္ဆုံးသြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ၁၇ ႀကိမ္စလုံး နိုင္ပြဲမရခဲ့ဘဲ ေနာက္ဆုံး ၁၃ ပြဲစလုံး ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ရလဒ္ပိုင္းမွာလည္း မန္ခ်က္စတာစီးတီးအသင္းဟာ နည္းၿပ ဂြါဒီယိုလာလက္ေအာက္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ၅ ဂိုး သို႔မဟုတ္ ၅ ဂိုးနဲ႔အထက္ သြင္းယူနိုင္တဲ့ အႀကိမ္ ၃၀ ေျမာက္ ပြဲစဥ္လည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.