Premier League

နို့ဗူးအစစ်က လီဗာပူးလ်လို့ ရည်ရွယ်ပြီး ထေ့ငေါ့သွားခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက တနင်္ဂနွေနေ့ညက နယူးကာဆယ်လ် ယူနိုက်တက်အသင်းကို ၅-၀ နဲ့ အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်ဖလားပြိုင်ဘက် လီဗာပူးလ်ကို သာသာနဲ့ နာနာနှက်သွားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ တနင်္ဂနွေနေ့ည နိုင်ပွဲကြောင့် လီဗာပူးလ်နဲ့ ၃ မှတ်အကွာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပြီး ဂွါဒီယိုလာက တစ်ကမ္ဘာလုံးဟာ လီဗာပူးလ်ရဲ့မကြုံစဖူး ဆုဖလား ၄ လုံး မျှော်လင့်ချက်ကို ထောက်ခံအားပေးနေကြတယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ စနေနေ့ညက တော့တင်ဟမ်ဟော့စပါးကို ၁-၁ နဲ့ သရေကျခဲ့ချိန်မှာ မန်စီးတီးက နယူးကာဆယ်လ်ကို အစ်တီဟတ်မှာ ၅-၀ နဲ့ သက်တောင့်သက်သာအနိုင်ရရှိသွားခဲ့တာကြောင့် ဂွါဒီယိုလာရဲ့အသင်းအနေနဲ့ နောက်ဆုံး ၃ ပွဲမှာ ၇ မှတ်ရရုံနဲ့ ဖလား ရရှိတော့မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားတို့ကို တစ်ရာသီအတွင်းမှာ တပြိုင်နက် ရယူနိုင်ဖို့အတွက် ကြိုးပမ်းနေဆဲဖြစ်ပြီး ဂွါဒီယိုလာက အားလုံးဟာ မန်စီးတီးရဲ့ ဆုဖလားရယူဖို့ ကြိုးပမ်းမှုကို ဆန့်ကျင်နေကြတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဒီနိုင်ငံမှာရှိတဲ့ လူတိုင်းက လီဗာပူးလ်ကို အားပေးကြတယ်။ မီဒီယာတွေနဲ့ အားလုံးပေါ့။ လီဗာပူးလ်က ဥရောပပြိုင်ပွဲမှာ မယုံနိုင်ဖွယ် သမိုင်းကြောင်းရှိခဲ့တယ်ဆိုတာ အမှန်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ မဟုတ်ဘူးပေါ့။ ဘာလို့လဲဆိုတော့ နှစ် ၃၀ နေမှ တစ်ခါပဲ အမှတ်ပေးဖလားရတာကိုး။ ဒါပေမယ့် အဲဒါကလည်း ပြဿနာမဟုတ်ပါဘူး”

“လီဗာပူးလ်က မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ သမိုင်းမှာ သူတို့တွေ ဆုဖလား၊ အမွေအနှစ်၊ သမိုင်းကြောင်း၊ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ၊ အရာများစွာနဲ့ပတ်သက်တာတွေနဲ့အတူ အကျော်ကြားဆုံးအသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့က နောက်ဆုံး ၁၀ နှစ်၊ ၁၁ နှစ်၊ ၁၂ နှစ်လောက်ကမှ အဲဒီလိုနေရာကို ရောက်ခဲ့တာပါ”

“ကျွန်တော်တို့က တစ်ခါတရံမှာ သက်တောင့်သက်သာမဖြစ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဂရုမစိုက်ပါဘူး။ လူတွေက လီဗာပူးလ်ကို ကျွန်တော်တို့ထက် ဖလား ပိုရစေချင်တယ်။ အဲဒါက ပြဿနာမဟုတ်ပါဘူး။ အဲဒါက သာမန်ပါပဲ။ သူတို့တွေက တကမ္ဘာလုံးနဲ့ အင်္ဂလန်မှာ ကျွန်တော်တို့ထက် ပရိသတ်တွေ ပိုများတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ဝုလ်ဗ်စ်အသင်းကို ရင်ဆိုင်သွားရမှာဖြစ်ပြီး ဂွါဒီယိုလာအနေနဲ့ ဝုလ်ဗ်စ်အိမ်ကွင်းကို မသွားရောက်မီ ခံစစ်ပိုင်း ဒဏ်ရာပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ရှိနေတာဖြစ်ပါတယ်။ ကိုင်လီ ဝေါ်ကာ၊ ဂျွန် စတုန်းတို့ ၂ ဦးစလုံးဟာ နယူးကာဆယ်လ်နဲ့ပွဲကို လွဲချော်ခဲ့ပြီး ယခုရာသီမှာ နောက်ထပ်တစ်ကြိမ် ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးလို့ မျှော်မှန်းခြင်းခံထားရပါတယ်။

ရူဘင် ဒီယက်စ်ကလည်း နယူးကာဆယ်လ်နဲ့ပွဲစဉ်အတွင်း ကြွက်သား ဒဏ်ရာပြဿနာကြောင့် လူစားလဲလှယ်ခြင်း ခံခဲ့ရပြီး ယခုရာသီ လက်ကျန် ၃ ပွဲစလုံးကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂွါဒီယိုလာအတွက် လာပေါ့တ်၊ ဇင်ချန်ကို၊ ကန်ဆယ်လို၊ ခြေချင်းဝတ်ဒဏ်ရာရထားတဲ့ နေသန် အာကီတို့သာ လက်ကျန် ၃ ပွဲဖြစ်တဲ့ ဝုလ်ဗ်စ်၊ ဝက်စ်ဟမ်း၊ အက်စတန် ဗီလာတို့နဲ့ပွဲစဉ်အတွက် ရွေးချယ်စရာရှိတော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးနည္းၿပ ပက္ ဂြါဒီယိုလာက တနဂၤေႏြေန႔ညက နယူးကာဆယ္လ္ ယူနိုက္တက္အသင္းကို ၅-၀ နဲ႔ အနိုင္ရရွိၿပီးေနာက္ ပရီးမီးယားလိဂ္ဖလားၿပိဳင္ဘက္ လီဗာပူးလ္ကို သာသာနဲ႔ နာနာႏွက္သြားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ တနဂၤေႏြေန႔ည နိုင္ပြဲေၾကာင့္ လီဗာပူးလ္နဲ႔ ၃ မွတ္အကြာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္နိုင္ခဲ့ၿပီျဖစ္ၿပီး ဂြါဒီယိုလာက တစ္ကမၻာလုံးဟာ လီဗာပူးလ္ရဲ့မၾကဳံစဖူး ဆုဖလား ၄ လုံး ေမၽွာ္လင့္ခ်က္ကို ေထာက္ခံအားေပးေနၾကတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ စေနေန႔ညက ေတာ့တင္ဟမ္ေဟာ့စပါးကို ၁-၁ နဲ႔ သေရက်ခဲ့ခ်ိန္မွာ မန္စီးတီးက နယူးကာဆယ္လ္ကို အစ္တီဟတ္မွာ ၅-၀ နဲ႔ သက္ေတာင့္သက္သာအနိုင္ရရွိသြားခဲ့တာေၾကာင့္ ဂြါဒီယိုလာရဲ့အသင္းအေနနဲ႔ ေနာက္ဆုံး ၃ ပြဲမွာ ၇ မွတ္ရ႐ုံနဲ႔ ဖလား ရရွိေတာ့မယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ အက္ဖ္ေအဖလား၊ လိဂ္ဖလားတို႔ကို တစ္ရာသီအတြင္းမွာ တၿပိဳင္နက္ ရယူနိုင္ဖို႔အတြက္ ႀကိဳးပမ္းေနဆဲျဖစ္ၿပီး ဂြါဒီယိုလာက အားလုံးဟာ မန္စီးတီးရဲ့ ဆုဖလားရယူဖို႔ ႀကိဳးပမ္းမႈကို ဆန႔္က်င္ေနၾကတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ဒီနိုင္ငံမွာရွိတဲ့ လူတိုင္းက လီဗာပူးလ္ကို အားေပးၾကတယ္။ မီဒီယာေတြနဲ႔ အားလုံးေပါ့။ လီဗာပူးလ္က ဥေရာပၿပိဳင္ပြဲမွာ မယုံနိုင္ဖြယ္ သမိုင္းေၾကာင္းရွိခဲ့တယ္ဆိုတာ အမွန္ပါတယ္။ ပရီးမီးယားလိဂ္မွာေတာ့ မဟုတ္ဘူးေပါ့။ ဘာလို႔လဲဆိုေတာ့ ႏွစ္ ၃၀ ေနမွ တစ္ခါပဲ အမွတ္ေပးဖလားရတာကိုး။ ဒါေပမယ့္ အဲဒါကလည္း ျပႆနာမဟုတ္ပါဘူး”

“လီဗာပူးလ္က မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔အတူ သမိုင္းမွာ သူတို႔ေတြ ဆုဖလား၊ အေမြအႏွစ္၊ သမိုင္းေၾကာင္း၊ မေမၽွာ္လင့္ထားတဲ့ အျဖစ္အပ်က္ေတြ၊ အရာမ်ားစြာနဲ႔ပတ္သက္တာေတြနဲ႔အတူ အေက်ာ္ၾကားဆုံးအသင္းပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔က ေနာက္ဆုံး ၁၀ ႏွစ္၊ ၁၁ ႏွစ္၊ ၁၂ ႏွစ္ေလာက္ကမွ အဲဒီလိုေနရာကို ေရာက္ခဲ့တာပါ”

“ကၽြန္ေတာ္တို႔က တစ္ခါတရံမွာ သက္ေတာင့္သက္သာမျဖစ္ဘူးဆိုတာ ကၽြန္ေတာ္ သိပါတယ္။ ဒါေပမယ့္ ဂ႐ုမစိုက္ပါဘူး။ လူေတြက လီဗာပူးလ္ကို ကၽြန္ေတာ္တို႔ထက္ ဖလား ပိုရေစခ်င္တယ္။ အဲဒါက ျပႆနာမဟုတ္ပါဘူး။ အဲဒါက သာမန္ပါပဲ။ သူတို႔ေတြက တကမၻာလုံးနဲ႔ အဂၤလန္မွာ ကၽြန္ေတာ္တို႔ထက္ ပရိသတ္ေတြ ပိုမ်ားတာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ဗုဒၶဟူးေန႔မွာ ဝုလ္ဗ္စ္အသင္းကို ရင္ဆိုင္သြားရမွာျဖစ္ၿပီး ဂြါဒီယိုလာအေနနဲ႔ ဝုလ္ဗ္စ္အိမ္ကြင္းကို မသြားေရာက္မီ ခံစစ္ပိုင္း ဒဏ္ရာျပႆနာေတြကို ရင္ဆိုင္ေျဖရွင္းဖို႔ ရွိေနတာျဖစ္ပါတယ္။ ကိုင္လီ ေဝၚကာ၊ ဂၽြန္ စတုန္းတို႔ ၂ ဦးစလုံးဟာ နယူးကာဆယ္လ္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့ၿပီး ယခုရာသီမွာ ေနာက္ထပ္တစ္ႀကိမ္ ပါဝင္ကစားေပးနိုင္မွာမဟုတ္ဘူးလို႔ ေမၽွာ္မွန္းျခင္းခံထားရပါတယ္။

႐ူဘင္ ဒီယက္စ္ကလည္း နယူးကာဆယ္လ္နဲ႔ပြဲစဥ္အတြင္း ႂကြက္သား ဒဏ္ရာျပႆနာေၾကာင့္ လူစားလဲလွယ္ျခင္း ခံခဲ့ရၿပီး ယခုရာသီ လက္က်န္ ၃ ပြဲစလုံးကို လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဂြါဒီယိုလာအတြက္ လာေပါ့တ္၊ ဇင္ခ်န္ကို၊ ကန္ဆယ္လို၊ ေျခခ်င္းဝတ္ဒဏ္ရာရထားတဲ့ ေနသန္ အာကီတို႔သာ လက္က်န္ ၃ ပြဲျဖစ္တဲ့ ဝုလ္ဗ္စ္၊ ဝက္စ္ဟမ္း၊ အက္စတန္ ဗီလာတို႔နဲ႔ပြဲစဥ္အတြက္ ေရြးခ်ယ္စရာရွိေတာ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.