Analysis Premier League

တန်းဆင်းနော့ဝစ်ချ်ကို ဂိုးပြတ်သိပ်ပြီး အဆင့် ၆ နဲ့ ယူရိုပါလိဂ်ကို တာစူတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖာဘီယန်စကီး၊ ဇူးမား၊ ဒေါ်ဆန်၊ ခရက်စ်ဝဲလ်နဲ့ ဆိုဖာလ်တို့ကို ခံစစ်မှာ စုဖွဲ့ပေးခဲ့ပြီး ကွင်းလယ် မှာတော့ ဒက်ကလန် ရိုက်စ်နဲ့ လန်ဇီနီတို့ ကစားခဲ့ကြသလို သူတို့ရှေ့က ဖော်နယ်လ်စ်၊ ဘင်ရာမာနဲ့ ဘိုဝင်တို့က တိုက်စစ်ပိုင်းမှာ တာဝန်ယူခဲ့ပြီး ရှေ့တန်း မှာတော့ အန်တိုနီယို ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကနေ ထုံးစံအတိုင်း တန်းဆင်းသွားခဲ့ပြီဖြစ်တဲ့ နော့ဝစ်ချ်တို့ကတော့ ဂိုးသမား ကရူးလ်၊ နောက်တန်းမှာ ဟန်လီ၊ ဘိုင်ရမ်၊ အာရွန်စ်၊ ဝီလီယမ်စ်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ဂီးလ်မိုး၊ ဆိုရန်ဆန်၊ ဒိုဝဲလ်၊ လီးမေလူးနဲ့ ရာရှီကာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပူကီ တစ်ယောက်တည်းကို အထောင်ထားခဲ့ပြီး ပွဲထွက်လာခဲ့တာပါ။

ပွဲချိန် ၁၂ မိနစ်မှာကတည်းက ဝက်စ်ဟမ်းတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ကွင်းလယ်ကနေ ဖော်နယ်လ်စ်နဲ့ အပေးအယူလုပ်လာတဲ့ ဘိုဝင်က ချပေးရာမှာ ဘယ်ခြမ်းမှာ ရှိနေတဲ့ ဘင်ရာမာက ကန်သွင်းခဲ့ပြီး အာရွန်စ်နဲ့ ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တဲ့ ကန်ချက်ကို ဂိုးသမား ကရူးလ် မကာကွယ်နိုင်ခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

နော့ဝစ်ချ်တို့ကတော့ တန်းဆင်းသင့်တယ်ဆိုတာ ဘာကြောင့်လဲဆိုတာ ပြသနေခဲ့တာဖြစ်ပြီး ဂိုးသမား ကရူးလ်ဟာ ပြိုင်ပွဲကြီးတွေမှာ ကစားဖို့ အဆင့် မရှိခဲ့သလို ပွဲချိန် မိနစ် ၃၀ မှာတော့ ဝက်စ်ဟမ်းရဲ့ တိုက်စစ်က ဘိုဝင် ခင်းပေးတာကို နောက်ခံလူ ဟန်လီက ဘော်ဒီခုပြီး ဖမ်းယူဖို့ ကာထားပေးခဲ့တာကို အသုံးမကျခဲ့လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို အန်တိုနီယိုက ပိတ်သွင်းသွားခဲ့တာပါ။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ တတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ လန်ဇီနီ ချိုးပေးတာကို နော့ဝစ်ချ်ခံစစ်က တစ်ယောက်မှ မတားဆီးနိုင်ဘဲ ဝင်လာတဲ့ ဘောလုံးကို အသင့်စောင့်ဆိုင်းနေတဲ့ ဘင်ရာမာက ပြေးကန်ခဲ့ရာမှာ ဂိုးသမား ကရူးလ် လက်နားက ကပ်ဝင်သွားခဲ့လို့ ပထမပိုင်းမှာ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ နော့ဝစ်ချ်ဘက်က လီးမေလူးနဲ့ ရာရှီကာတို့အစား လူးကပ်စ် ရပ်(ပ်)နဲ့ စပရင်းဂက်တို့ ဝင်ကစားခဲ့သလို ဝက်စ်ဟမ်းတို့ ဘက်ကတော့ ဒဏ်ရာကြောင့် ကြံ့ခိုင်မှုနည်းသွားခဲ့တဲ့ အန်တိုနီယိုအစား ယာမိုလန်ကို ထည့်သွင်းချွေတာသွားခဲ့ပြီး အပြောင်းအလဲလုပ်လာခဲ့ကြပါတယ်။

ပွဲချိန် ၄၇ မိနစ်မှာ ထောင့်ကန်ဘောကနေ ဝက်စ်ဟမ်းဂိုးသမား ဖာဘီယန်စကီး ချိန်သားမကိုက်ဘဲ ခုန်ဆွဲရင်း လက်ထဲက လွတ်ကျတဲ့ ဘောလုံးကို နော့ဝစ်ချ်နောက်ခံလူ ဘိုင်ရမ်က သွင်းယူနိုင်ခဲ့ပေမယ့် ထိန်းသိမ်းစဉ်မှာ လက်ထိခဲ့လို့ အိမ်ကွင်းမှာ အရှက်ပြေ ချေပဂိုး သွင်းယူနိုင်ဖို့နဲ့ ဝေးခဲ့ရတာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ စတုတ္ထအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ထောင့်ကန်ဘောကနေ ဒေါ်ဆန် ခေါင်းတိုက်ဖို့ ကြိုးစားစဉ်မှာ ပခုံးကို ဆွဲဖိထားခဲ့တဲ့ ဆိုရန်ဆန်ကြောင့် ပေးရတဲ့ ပင်နယ်တီကို ကွင်းလယ်လူ လန်ဇီနီက ဂိုးသမား ကရူးလ်ကို မျက်လှည့်ပြပြီး သွင်းယူနိုင်ခဲ့လို့ အိမ်ရှင် နော့ဝစ်ချ်တို့ ပက်ပက်စက်စက် ချေမှုန်းခံခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဝက်စ်ဟမ်းတို့ ပွဲကို ထိန်းကစားသွားခဲ့သလို အရန်လူတွေကို ထပ်မံထည့်သွင်းသွားခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ ကားရိုးရုတ်ဒ်မှာ နော့ဝစ်ချ်ကို လေးဂိုး-ဂိုးမရှိနဲ့ ချေမှုန်းသွားခဲ့သလို အဆင့် ၆ နေရာက မန်ချက်စတာယူနိုက်တက်ကို ပွဲကျန်အားလုံး ကစားပြီးချိန်မှာ ကျော်တက်နိုင်ပြီး လာမယ့်ရာသီမှာ ယူရိုပါလိဂ် ကစားရဖို့ အခြေအနေကောင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ပရီးမီးယားလိဂ်ကနေ ထုံးစံအတိုင်း တန်းဆင်းသွားခဲ့ပြီဖြစ်တဲ့ နော့ဝစ်ခ်ျတို့ကတော့ ဂိုးသမား ကရူးလ်၊ နောက်တန်းမှာ ဟန်လီ၊ ဘိုင်ရမ်၊ အာရွန်စ်၊ ဝီလီယမ်စ်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ဂီးလ်မိုး၊ ဆိုရန်ဆန်၊ ဒိုဝဲလ်၊ လီးမေလူးနဲ့ ရာရှီကာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပူကီ တစ်ယောက်တည်းကို အထောင်ထားခဲ့ပြီး ပွဲထွက်လာခဲ့တာပါ။


နော့ဝစ်ခ်ျတို့ကတော့ တန်းဆင်းသင့်တယ်ဆိုတာ ဘာကြောင့်လဲဆိုတာ ပြသနေခဲ့တာဖြစ်ပြီး ဂိုးသမား ကရူးလ်ဟာ ပြိုင်ပွဲကြီးတွေမှာ ကစားဖို့ အဆင့် မရှိခဲ့သလို ပွဲချိန် မိနစ် ၃၀ မှာတော့ ဝက်စ်ဟမ်းရဲ့ တိုက်စစ်က ဘိုဝင် ခင်းပေးတာကို နောက်ခံလူ ဟန်လီက ဘော်ဒီခုပြီး ဖမ်းယူဖို့ ကာထားပေးခဲ့တာကို အသုံးမကျခဲ့လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို အန်တိုနီယိုက ပိတ်သွင်းသွားခဲ့တာပါ။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ တတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ လန်ဇီနီ ချိုးပေးတာကို နော့ဝစ်ခ်ျခံစစ်က တစ်ယောက်မှ မတားဆီးနိုင်ဘဲ ဝင်လာတဲ့ ဘောလုံးကို အသင့်စောင့်ဆိုင်းနေတဲ့ ဘင်ရာမာက ပြေးကန်ခဲ့ရာမှာ ဂိုးသမား ကရူးလ် လက်နားက ကပ်ဝင်သွားခဲ့လို့ ပထမပိုင်းမှာ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ နော့ဝစ်ခ်ျဘက်က လီးမေလူးနဲ့ ရာရှီကာတို့အစား လူးကပ်စ် ရပ်(ပ်)နဲ့ စပရင်းဂက်တို့ ဝင်ကစားခဲ့သလို ဝက်စ်ဟမ်းတို့ ဘက်ကတော့ ဒဏ်ရာကြောင့် ကြံ့ခိုင်မှုနည်းသွားခဲ့တဲ့ အန်တိုနီယိုအစား ယာမိုလန်ကို ထည့်သွင်းချွေတာသွားခဲ့ပြီး အပြောင်းအလဲလုပ်လာခဲ့ကြပါတယ်။

ပွဲချိန် ၄၇ မိနစ်မှာ ထောင့်ကန်ဘောကနေ ဝက်စ်ဟမ်းဂိုးသမား ဖာဘီယန်စကီး ချိန်သားမကိုက်ဘဲ ခုန်ဆွဲရင်း လက်ထဲက လွတ်ကျတဲ့ ဘောလုံးကို နော့ဝစ်ခ်ျနောက်ခံလူ ဘိုင်ရမ်က သွင်းယူနိုင်ခဲ့ပေမယ့် ထိန်းသိမ်းစဉ်မှာ လက်ထိခဲ့လို့ အိမ်ကွင်းမှာ အရှက်ပြေ ချေပဂိုး သွင်းယူနိုင်ဖို့နဲ့ ဝေးခဲ့ရတာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ စတုတ္ထအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ထောင့်ကန်ဘောကနေ ဒေါ်ဆန် ခေါင်းတိုက်ဖို့ ကြိုးစားစဉ်မှာ ပခုံးကို ဆွဲဖိထားခဲ့တဲ့ ဆိုရန်ဆန်ကြောင့် ပေးရတဲ့ ပင်နယ်တီကို ကွင်းလယ်လူ လန်ဇီနီက ဂိုးသမား ကရူးလ်ကို မျက်လှည့်ပြပြီး သွင်းယူနိုင်ခဲ့လို့ အိမ်ရှင် နော့ဝစ်ခ်ျတို့ ပက်ပက်စက်စက် ချေမှုန်းခံခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဝက်စ်ဟမ်းတို့ ပွဲကို ထိန်းကစားသွားခဲ့သလို အရန်လူတွေကို ထပ်မံထည့်သွင်းသွားခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ ကားရိုးရုတ်ဒ်မှာ နော့ဝစ်ခ်ျကို လေးဂိုး-ဂိုးမရှိနဲ့ ချေမှုန်းသွားခဲ့သလို အဆင့် ၆ နေရာက မန်ချက်စတာယူနိုက်တက်ကို ပွဲကျန်အားလုံး ကစားပြီးချိန်မှာ ကျော်တက်နိုင်ပြီး လာမယ့်ရာသီမှာ ယူရိုပါလိဂ် ကစားရဖို့ အခြေအနေကောင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.