La Liga Match Report Premier League UCL&UEL

ဝေါ်လ်ကာနဲ့ ညစ်လို့ မရတော့ချိန်မှာ ရီးရဲလ်မက်ဒရစ်ကို အရှုံးပေးခဲ့ရတဲ့ မန်စီးတီး

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ ခံစစ်လိုင်းကို ရိုးရိုးလေးပဲ တည်ဆောက်ခဲ့ပြီး ဂိုးသမား ကူတွာ၊ ကာဗာဟယ်လ်၊ မန်ဒီ၊ နာချိုနဲ့ မီလီတိုတို့ ပွဲထွက်လာခဲ့ကြသလို ကွင်းလယ်မှာတော့ ကာစီမီရို၊ မိုဒရစ်ချ်၊ တိုနီ ခရူးစ်တို့ ပါဝင်ခဲ့ကြပြီး တိုက်စစ်ပိုင်းမှာတော့ ဗီနီးရှပ်စ် ဂျူနီယာ၊ ဘင်ဇီးမားနဲ့ ဗယ်လ်ဗာဒီတို့ကို ခင်းကျင်းလာခဲ့ပါတယ်။

မန်ချက်စတာစီးတီးတို့ကတော့ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ လာပေါ့တ်၊ ကန်ဆယ်လို၊ ဝေါ်လ်ကာတို့နဲ့ အထိုင်ချခဲ့ချိန်မှာ ကွင်းလယ်ကိုတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ဒီဘရိုင်းနားတို့နဲ့ ပွဲထွက်စေခဲ့ပြီး တိုက်စစ်ကိုတော့ ဂျေဆူးစ်၊ ဖိုဒန်၊ မာရက်ဇ်တို့နဲ့ စုဖွဲ့ပြီး ကစားလာခဲ့ကြတာပါ။

ပွဲအစပိုင်းမှာ မန်စီးတီးတို့ တော်တော်လေး စိုးမိုးထားနိုင်ခဲ့ကြပြီး ရီးရဲလ်တို့ကတော့ ဘောလုံးရတာနဲ့ တိုက်စစ်ကို အမြန်သွားတဲ့ ပုံစံနဲ့ ဗီနီးရှပ်စ်ရဲ့ တိုးအား၊ ဘင်ဇီးမားရဲ့ ရွေ့လျားမှုတွေနဲ့ ဖြတ်တင်ဘောတွေကို အသုံးပြုခဲ့ပေမယ့် စကတည်းက ယဉ်သကိုဆိုသလို မိုဒရစ်ချ်နဲ့ လာပေါ့တ်တို့ ဘောလုံးလုရင်း ငြိခဲ့ကြပြီး တစ်ဝါစီ ထိခဲ့ကြပါတယ်။

မန်စီးတီးရဲ့ ထိုးဖောက်ဂိုးသွင်းမှုတွေကိုတော့ ဂိုးသမား ကူတွာ တော်တော်လေး ကာကွယ်ခဲ့ရပြီး ရီးရဲလ်တို့ရဲ့ ဂိုးကန်သွင်းခွင့်တွေကတော့ တိကျမှု နည်းပါးခဲ့လို့ ကောင်းကောင်းတုံ့ပြန်နိုင်ခြင်းမရှိဘဲ ဗီနီးရှပ်စ်ရဲ့ အတိုးအလှုပ်တွေကိုပဲ မျှော်လင့်နေခဲ့ရသလို သူ့ကိုတော့ ဧည့်သည်အသင်းရဲ့ အသန်စွမ်းဆုံးကစားသမား ဝေါ်လ်ကာက အကြမ်းကိုင်သွားခဲ့ချိန်မှာ ဒိုင်လူကြီး ဒန်နီယယ်လ် အော်ဆာတိုကတော့ ပြစ်ဒဏ်ဘောတချို့ကို မျက်နှာလွှဲထားခဲ့တာပါ။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ကာဗာဟယ်လ်ရဲ့ အန္တရာယ်ကြီးတဲ့ ဖြတ်တင်ဘောကနေ ဗီနီးရှပ်စ်က ဘောလုံး ရသွားခဲ့ပေမယ့် အဆုံးသတ်မှုက လွဲချော်သွားခဲ့လို့ မန်စီးတီးတို့ သက်သာခွင့်ရခဲ့သလို သိပ်မကြာခင်မှာ ဂျေဆူးစ်ရဲ့ ကန်ချက်ကိုတော့ ရီးရဲလ်ဂိုးသမား ကူတွာပဲ ကာကွယ်သွားပြီး အိမ်ရှင်တွေအနေနဲ့ ပိုမိုထိုးဖောက်ခွင့်ရလာခဲ့ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ ဗီနီးရှပ်စ်ကို တောက်လျှောက်လိုက်ကြမ်းနေတဲ့ ဝေါ်လ်ကာ နာသွားခဲ့လို့ ဆယ်မိနစ်အကြာမှာတော့ ဇင်ချန်ကိုနဲ့ လူစားလဲခဲ့ရပြီး မန်စီးတီးတို့ ကစားကွက် အပြောင်းအလဲလုပ်ခဲ့ရသလို ဘယ်ခြမ်းကစားနေတဲ့ ကန်ဆယ်လိုက ညာခြမ်းကို ပြန်ပြောင်းခဲ့ရပြီး ဒီဘရိုင်းနားအစား ဂွန်ဒိုးဝမ်ကိုလည်း တစ်ပါတည်း လူစားပြောင်းလဲခဲ့တာပါ။

ပွဲချိန် ၇၃ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ရီးရဲလ်တို့ရဲ့ Pressing ကနေ လွတ်ထွက်လာခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားက ကွင်းလယ်ကြောကနေ တောက်လျှောက်ဆွဲပြေးပြီး ဧရိယာထိပ်ကျမှ မကန်ဘဲနဲ့ ညာဘက်ကို ချိုးပေးတာကို ညာခြမ်းက ပြေးဝင်လာတဲ့ မာရက်ဇ်က ထောင့်ကျဉ်းထဲကို အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ကူတွာ မကာကွယ်နိုင်ခဲ့လို့ ဂိုးပေးခဲ့ရပြီး နှစ်ကျော့ပိုင်း ငါးဂိုး-သုံးဂိုးဖြစ်နေခဲ့ပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာတော့ ရီးရဲလ်ဘက်က ကာစီမီရိုနဲ့ မိုဒရစ်ချ်တို့အစား တိုက်စစ်ကို ပိုမိုလိုက်ပါနိုင်တဲ့ အဆန်စီယိုနဲ့ ကာမာဗင်ဂါတို့ကို ထည့်သွင်းကစားခဲ့သလို ဝေါ်လ်ကာ မရှိတော့လို့ မမာတော့တဲ့ မန်စီးတီးခံစစ်ကို ရီးရဲလ်တို့ ဗီနီးရှပ်စ်၊ ရိုဒရီဂိုတို့က ဖိအားပေးနိုင်ခဲ့ပြီး ဧည့်သည်တွေကတော့ ဂျေဆူးစ်နေရာမှာ ဂရီးလစ်ရှ်ကို လူစားလဲသွားခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ် ကန်ချက်က ဧရိယာအပြင်က Surprise ကန်ချက်ကို ဂိုးသမား ကူတွာက မယုံနိုင်လောက်အောင် ကာကွယ်သွားနိုင်ခဲ့သလို ပွဲချိန် ၈၇ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ဂရီးလစ်ရှ်ရဲ့ တစ်ကိုယ်တော် မြန်နှုန်းမြင့် ထိုးဖောက်မှုကို တိုင်မင်အတွက်မှားတဲ့ ကူတွာပါ လွတ်သွားခဲ့ပေမယ့် အန္တရာယ်ကို ကြိုမြင်တဲ့ ဘယ်နောက်ခံလူ ဖယ်လွန် မန်ဒီက ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ ရီးရဲလ်တို့ မျှော်လင့်ချက်တွေ ရှင်သန်စေမယ့် ဂိုးတစ်ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ကာမာဗင်ဂါ လှမ်းမ,တင်ပေးတာကို ဘယ်ခြမ်းကနေ ပြေးဝင်ပြီး ခြေခွင်ရိုက်ချပေးခဲ့တဲ့ ဘန်ဇီးမားရဲ့ ဖြတ်တင်မှုကို ဂိုးသမား အီဒါဆန် ထွက်ဖမ်းခဲ့ပေမယ့် ပိုမြန်တဲ့ ရိုဒရီဂိုက သူ့လက်ထဲ မရောက်ခင် ပြေးပိတ်နိုင်ခဲ့လို့ တစ်ဂိုးစီသရေနဲ့ နှစ်ကျော့ပေါင်း လေးဂိုး-ငါးဂိုးဖြစ်နေခဲ့တာပါ။

ရီးရဲလ်တို့ရဲ့ ပွဲပြီးခါနီး ထိုးဖောက်မှုတွေကတော့ တကယ်ပဲ လမိုင်းကပ်ခဲ့ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ညာခြမ်းက ကာဗာဟယ်လ်ရဲ့ တိကျတဲ့ ဖြတ်တင်ဘောကို အဆန်စီယိုက ခေါင်းရှပ်တိုက်ပြီး ချပေးတာကို ရိုဒရီဂိုက ထပ်ဆင့်ခေါင်းတိုက်သွင်းခဲ့ရာမှာတော့ ဂိုးသမား အီဒါဆန် လှုပ်ဖို့ မတတ်နိုင်ခဲ့ဘဲ နှစ်ဂိုး-တစ်ဂိုးနဲ့ သရေကျနေခဲ့တာပါ။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ မန်စီးတီးခံစစ်ကြားကနေ ဘင်ဇီးမား မျှောထိုးပေးတာကို ရိုဒရီဂိုက ဟက်ထရစ်ရနိုင်တဲ့ အခွင့်အရေးအဖြစ် အနိမ့်ဘော ချိုးကန်ဖို့ ကြိုးစားခဲ့ပေမယ့် အီဒါဆန် ပိတ်ဆို့သွားနိုင်ခဲ့တာကြောင့် ရီးရဲလ်တို့ ဂိုးထပ်မရခဲ့ဘဲ ပွဲချိန်အပြည့်မှာတော့ ငါးဂိုးစီသရေနဲ့ အချိန်ပို မိနစ် ၃၀ ဆက်ကစားဖို့ ဖြစ်လာခဲ့ပါတယ်။

ပွဲပြန်စပြီး ပွဲချိန် ၉၃ မိနစ်မှာတော့ ညာခြမ်းကနေ တန်ပြန်တိုက်စစ်ဆင်ခဲ့ရာမှာ ရိုဒရီဂို ချိုးပေးတာကို ဧရိယာထဲမှာ ရယူဖို့ ကြိုးစားတဲ့ ဘင်ဇီးမားဆီက ဘောလုံးအစား ခြေထောက်ကိုပဲ ဖျက်မိခဲ့တဲ့ ရူဘင် ဒီယက်စ်ကြောင့် စီးတီးတို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ ဘင်ဇီးမားက ပွဲချိန် ၉၅ မိနစ်မှာ အီဒါဆန် ဒိုက်ပစ်တဲ့ဘက်နဲ့ တခြားစီ ကန်သွင်းပြီး သုံးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်စေခဲ့တာပါ။

နှစ်ကျော့ပေါင်းရလဒ် ခြောက်ဂိုး-ငါးဂိုးဖြစ်သွားခဲ့လို့ မန်စီးတီးတို့ ရိုဒရီအစား စတာလင်ကို ထည့်ပြီး တိုက်စစ်မြှင့်ချိန်မှာ ရီးရဲလ်တို့ကတော့ အနိုင်ဂိုးရှင် ဘင်ဇီးမားအစား ဒါနီ စီဘာယော့စ်ကို လဲပြီး ထိန်းကစားသွားခဲ့သလို အချိန်ပို ပထမပိုင်း ပြီးခါနီးမှာ ဖိုဒန်ရဲ့ ကန်ချက်ကို ဂိုးသမား ကူတွာက ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို ဖာနန်ဒင်ညိုက မနားတမ်းပိတ်ရာမှာ ဘေးထွက်သွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ရဲ့ ဒီဘရိုင်းနား မပါတော့တဲ့ တိုက်စစ်တွေကို အိမ်ရှင်တွေ အလွယ်တကူ ထိန်းသိမ်းသွားခဲ့ပြီး မီလီတိုအစား ဗာယေဟိုနဲ့ ဗီနီးရှပ်စ်အစား လူးကပ်စ် ဗက်ဇ်ကေးဇ်တို့ကို လဲကစားသွားခဲ့ချိန်မှာ စတာလင်နဲ့ ဂရီးလစ်ရှ်တို့ကိုတော့ ရီးရဲလ်ခံစစ်ကနေ ပိတ်ဆို့သွားခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့သလို နှစ်ကျော့ပေါင်းရလဒ် ခြောက်ဂိုး-ငါးဂိုးနဲ့ ပျော်ရွှင်နိုင်ခဲ့ကြတတာပါ။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တို့ကတော့ အင်္ဂလိပ်တို့ရဲ့ All English Final အိပ်မက်ကို ဖျက်ဆီးသွားခဲ့ပြီး ပြင်သစ်မြေ ပါရီမှာ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန်ပဲ တက်ရောက်သွားနိုင်ခဲ့သလို မန်စီးတီးတို့ကတော့ စောင့်နေတဲ့ လီဗာပူးလ်နဲ့ ပြိုင်ပွဲစုံ ယှဉ်ပြိုင်တွေ့ဆုံမှုမှာ ဒီတစ်ခါတော့ ဆက်လက်တွေ့ဆုံနိုင်ဖို့ကို ပျက်ကွက်သွားခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ ခံစစ္လိုင္းကို ႐ိုး႐ိုးေလးပဲ တည္ေဆာက္ခဲ့ၿပီး ဂိုးသမား ကူတြာ၊ ကာဗာဟယ္လ္၊ မန္ဒီ၊ နာခ်ိဳနဲ႔ မီလီတိုတို႔ ပြဲထြက္လာခဲ့ၾကသလို ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ မိုဒရစ္ခ်္၊ တိုနီ ခ႐ူးစ္တို႔ ပါဝင္ခဲ့ၾကၿပီး တိုက္စစ္ပိုင္းမွာေတာ့ ဗီနီးရွပ္စ္ ဂ်ဴနီယာ၊ ဘင္ဇီးမားနဲ႔ ဗယ္လ္ဗာဒီတို႔ကို ခင္းက်င္းလာခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးတို႔ကေတာ့ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ လာေပါ့တ္၊ ကန္ဆယ္လို၊ ေဝၚလ္ကာတို႔နဲ႔ အထိုင္ခ်ခဲ့ခ်ိန္မွာ ကြင္းလယ္ကိုေတာ့ ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗား၊ ဒီဘ႐ိုင္းနားတို႔နဲ႔ ပြဲထြက္ေစခဲ့ၿပီး တိုက္စစ္ကိုေတာ့ ေဂ်ဆူးစ္၊ ဖိုဒန္၊ မာရက္ဇ္တို႔နဲ႔ စုဖြဲ႕ၿပီး ကစားလာခဲ့ၾကတာပါ။

ပြဲအစပိုင္းမွာ မန္စီးတီးတို႔ ေတာ္ေတာ္ေလး စိုးမိုးထားႏိုင္ခဲ့ၾကၿပီး ရီးရဲလ္တို႔ကေတာ့ ေဘာလုံးရတာနဲ႔ တိုက္စစ္ကို အျမန္သြားတဲ့ ပုံစံနဲ႔ ဗီနီးရွပ္စ္ရဲ႕ တိုးအား၊ ဘင္ဇီးမားရဲ႕ ေ႐ြ႕လ်ားမႈေတြနဲ႔ ျဖတ္တင္ေဘာေတြကို အသုံးျပဳခဲ့ေပမယ့္ စကတည္းက ယဥ္သကိုဆိုသလို မိုဒရစ္ခ်္နဲ႔ လာေပါ့တ္တို႔ ေဘာလုံးလုရင္း ၿငိခဲ့ၾကၿပီး တစ္ဝါစီ ထိခဲ့ၾကပါတယ္။

မန္စီးတီးရဲ႕ ထိုးေဖာက္ဂိုးသြင္းမႈေတြကိုေတာ့ ဂိုးသမား ကူတြာ ေတာ္ေတာ္ေလး ကာကြယ္ခဲ့ရၿပီး ရီးရဲလ္တို႔ရဲ႕ ဂိုးကန္သြင္းခြင့္ေတြကေတာ့ တိက်မႈ နည္းပါးခဲ့လို႔ ေကာင္းေကာင္းတုံ႔ျပန္ႏိုင္ျခင္းမရွိဘဲ ဗီနီးရွပ္စ္ရဲ႕ အတိုးအလႈပ္ေတြကိုပဲ ေမွ်ာ္လင့္ေနခဲ့ရသလို သူ႔ကိုေတာ့ ဧည့္သည္အသင္းရဲ႕ အသန္စြမ္းဆုံးကစားသမား ေဝၚလ္ကာက အၾကမ္းကိုင္သြားခဲ့ခ်ိန္မွာ ဒိုင္လူႀကီး ဒန္နီယယ္လ္ ေအာ္ဆာတိုကေတာ့ ျပစ္ဒဏ္ေဘာတခ်ိဳ႕ကို မ်က္ႏွာလႊဲထားခဲ့တာပါ။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ကာဗာဟယ္လ္ရဲ႕ အႏၲရာယ္ႀကီးတဲ့ ျဖတ္တင္ေဘာကေန ဗီနီးရွပ္စ္က ေဘာလုံး ရသြားခဲ့ေပမယ့္ အဆုံးသတ္မႈက လြဲေခ်ာ္သြားခဲ့လို႔ မန္စီးတီးတို႔ သက္သာခြင့္ရခဲ့သလို သိပ္မၾကာခင္မွာ ေဂ်ဆူးစ္ရဲ႕ ကန္ခ်က္ကိုေတာ့ ရီးရဲလ္ဂိုးသမား ကူတြာပဲ ကာကြယ္သြားၿပီး အိမ္ရွင္ေတြအေနနဲ႔ ပိုမိုထိုးေဖာက္ခြင့္ရလာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ဗီနီးရွပ္စ္ကို ေတာက္ေလွ်ာက္လိုက္ၾကမ္းေနတဲ့ ေဝၚလ္ကာ နာသြားခဲ့လို႔ ဆယ္မိနစ္အၾကာမွာေတာ့ ဇင္ခ်န္ကိုနဲ႔ လူစားလဲခဲ့ရၿပီး မန္စီးတီးတို႔ ကစားကြက္ အေျပာင္းအလဲလုပ္ခဲ့ရသလို ဘယ္ျခမ္းကစားေနတဲ့ ကန္ဆယ္လိုက ညာျခမ္းကို ျပန္ေျပာင္းခဲ့ရၿပီး ဒီဘ႐ိုင္းနားအစား ဂြန္ဒိုးဝမ္ကိုလည္း တစ္ပါတည္း လူစားေျပာင္းလဲခဲ့တာပါ။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ရီးရဲလ္တို႔ရဲ႕ Pressing ကေန လြတ္ထြက္လာခဲ့တဲ့ ဘာနာဒို ေဆးလ္ဗားက ကြင္းလယ္ေၾကာကေန ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဧရိယာထိပ္က်မွ မကန္ဘဲနဲ႔ ညာဘက္ကို ခ်ိဳးေပးတာကို ညာျခမ္းက ေျပးဝင္လာတဲ့ မာရက္ဇ္က ေထာင့္က်ဥ္းထဲကို အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ကူတြာ မကာကြယ္ႏိုင္ခဲ့လို႔ ဂိုးေပးခဲ့ရၿပီး ႏွစ္ေက်ာ့ပိုင္း ငါးဂိုး-သုံးဂိုးျဖစ္ေနခဲ့ပါတယ္။

ဂိုးေပးလိုက္ရအၿပီးမွာေတာ့ ရီးရဲလ္ဘက္က ကာစီမီ႐ိုနဲ႔ မိုဒရစ္ခ်္တို႔အစား တိုက္စစ္ကို ပိုမိုလိုက္ပါႏိုင္တဲ့ အဆန္စီယိုနဲ႔ ကာမာဗင္ဂါတို႔ကို ထည့္သြင္းကစားခဲ့သလို ေဝၚလ္ကာ မရွိေတာ့လို႔ မမာေတာ့တဲ့ မန္စီးတီးခံစစ္ကို ရီးရဲလ္တို႔ ဗီနီးရွပ္စ္၊ ႐ိုဒရီဂိုတို႔က ဖိအားေပးႏိုင္ခဲ့ၿပီး ဧည့္သည္ေတြကေတာ့ ေဂ်ဆူးစ္ေနရာမွာ ဂရီးလစ္ရွ္ကို လူစားလဲသြားခဲ့တာပါ။

ပြဲခ်ိန္ ၈၅ မိနစ္ ကန္ခ်က္က ဧရိယာအျပင္က Surprise ကန္ခ်က္ကို ဂိုးသမား ကူတြာက မယုံႏိုင္ေလာက္ေအာင္ ကာကြယ္သြားႏိုင္ခဲ့သလို ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ဂရီးလစ္ရွ္ရဲ႕ တစ္ကိုယ္ေတာ္ ျမန္ႏႈန္းျမင့္ ထိုးေဖာက္မႈကို တိုင္မင္အတြက္မွားတဲ့ ကူတြာပါ လြတ္သြားခဲ့ေပမယ့္ အႏၲရာယ္ကို ႀကိဳျမင္တဲ့ ဘယ္ေနာက္ခံလူ ဖယ္လြန္ မန္ဒီက ဂိုးစည္းေပၚကေန ဖ်က္ထုတ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ရီးရဲလ္တို႔ ေမွ်ာ္လင့္ခ်က္ေတြ ရွင္သန္ေစမယ့္ ဂိုးတစ္ဂိုးကို ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ကာမာဗင္ဂါ လွမ္းမ,တင္ေပးတာကို ဘယ္ျခမ္းကေန ေျပးဝင္ၿပီး ေျခခြင္႐ိုက္ခ်ေပးခဲ့တဲ့ ဘန္ဇီးမားရဲ႕ ျဖတ္တင္မႈကို ဂိုးသမား အီဒါဆန္ ထြက္ဖမ္းခဲ့ေပမယ့္ ပိုျမန္တဲ့ ႐ိုဒရီဂိုက သူ႔လက္ထဲ မေရာက္ခင္ ေျပးပိတ္ႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရနဲ႔ ႏွစ္ေက်ာ့ေပါင္း ေလးဂိုး-ငါးဂိုးျဖစ္ေနခဲ့တာပါ။

ရီးရဲလ္တို႔ရဲ႕ ပြဲၿပီးခါနီး ထိုးေဖာက္မႈေတြကေတာ့ တကယ္ပဲ လမိုင္းကပ္ခဲ့ၿပီး နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ညာျခမ္းက ကာဗာဟယ္လ္ရဲ႕ တိက်တဲ့ ျဖတ္တင္ေဘာကို အဆန္စီယိုက ေခါင္းရွပ္တိုက္ၿပီး ခ်ေပးတာကို ႐ိုဒရီဂိုက ထပ္ဆင့္ေခါင္းတိုက္သြင္းခဲ့ရာမွာေတာ့ ဂိုးသမား အီဒါဆန္ လႈပ္ဖို႔ မတတ္ႏိုင္ခဲ့ဘဲ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ သေရက်ေနခဲ့တာပါ။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ မန္စီးတီးခံစစ္ၾကားကေန ဘင္ဇီးမား ေမွ်ာထိုးေပးတာကို ႐ိုဒရီဂိုက ဟက္ထရစ္ရႏိုင္တဲ့ အခြင့္အေရးအျဖစ္ အနိမ့္ေဘာ ခ်ိဳးကန္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အီဒါဆန္ ပိတ္ဆို႔သြားႏိုင္ခဲ့တာေၾကာင့္ ရီးရဲလ္တို႔ ဂိုးထပ္မရခဲ့ဘဲ ပြဲခ်ိန္အျပည့္မွာေတာ့ ငါးဂိုးစီသေရနဲ႔ အခ်ိန္ပို မိနစ္ ၃၀ ဆက္ကစားဖို႔ ျဖစ္လာခဲ့ပါတယ္။

ပြဲျပန္စၿပီး ပြဲခ်ိန္ ၉၃ မိနစ္မွာေတာ့ ညာျခမ္းကေန တန္ျပန္တိုက္စစ္ဆင္ခဲ့ရာမွာ ႐ိုဒရီဂို ခ်ိဳးေပးတာကို ဧရိယာထဲမွာ ရယူဖို႔ ႀကိဳးစားတဲ့ ဘင္ဇီးမားဆီက ေဘာလုံးအစား ေျခေထာက္ကိုပဲ ဖ်က္မိခဲ့တဲ့ ႐ူဘင္ ဒီယက္စ္ေၾကာင့္ စီးတီးတို႔ ပင္နယ္တီ ေပးခဲ့ရၿပီး ဒီအခြင့္အေရးကိုေတာ့ ဘင္ဇီးမားက ပြဲခ်ိန္ ၉၅ မိနစ္မွာ အီဒါဆန္ ဒိုက္ပစ္တဲ့ဘက္နဲ႔ တျခားစီ ကန္သြင္းၿပီး သုံးဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေစခဲ့တာပါ။

ႏွစ္ေက်ာ့ေပါင္းရလဒ္ ေျခာက္ဂိုး-ငါးဂိုးျဖစ္သြားခဲ့လို႔ မန္စီးတီးတို႔ ႐ိုဒရီအစား စတာလင္ကို ထည့္ၿပီး တိုက္စစ္ျမႇင့္ခ်ိန္မွာ ရီးရဲလ္တို႔ကေတာ့ အႏိုင္ဂိုးရွင္ ဘင္ဇီးမားအစား ဒါနီ စီဘာေယာ့စ္ကို လဲၿပီး ထိန္းကစားသြားခဲ့သလို အခ်ိန္ပို ပထမပိုင္း ၿပီးခါနီးမွာ ဖိုဒန္ရဲ႕ ကန္ခ်က္ကို ဂိုးသမား ကူတြာက ကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတဲ့ ေဘာလုံးကို ဖာနန္ဒင္ညိဳက မနားတမ္းပိတ္ရာမွာ ေဘးထြက္သြားခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ မန္စီးတီးတို႔ရဲ႕ ဒီဘ႐ိုင္းနား မပါေတာ့တဲ့ တိုက္စစ္ေတြကို အိမ္ရွင္ေတြ အလြယ္တကူ ထိန္းသိမ္းသြားခဲ့ၿပီး မီလီတိုအစား ဗာေယဟိုနဲ႔ ဗီနီးရွပ္စ္အစား လူးကပ္စ္ ဗက္ဇ္ေကးဇ္တို႔ကို လဲကစားသြားခဲ့ခ်ိန္မွာ စတာလင္နဲ႔ ဂရီးလစ္ရွ္တို႔ကိုေတာ့ ရီးရဲလ္ခံစစ္ကေန ပိတ္ဆို႔သြားခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့သလို ႏွစ္ေက်ာ့ေပါင္းရလဒ္ ေျခာက္ဂိုး-ငါးဂိုးနဲ႔ ေပ်ာ္႐ႊင္ႏိုင္ခဲ့ၾကတတာပါ။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ ရီးရဲလ္မက္ဒရစ္တို႔ကေတာ့ အဂၤလိပ္တို႔ရဲ႕ All English Final အိပ္မက္ကို ဖ်က္ဆီးသြားခဲ့ၿပီး ျပင္သစ္ေျမ ပါရီမွာ ကစားမယ့္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ထိုက္ထိုက္တန္တန္ပဲ တက္ေရာက္သြားႏိုင္ခဲ့သလို မန္စီးတီးတို႔ကေတာ့ ေစာင့္ေနတဲ့ လီဗာပူးလ္နဲ႔ ၿပိဳင္ပြဲစုံ ယွဥ္ၿပိဳင္ေတြ႕ဆုံမႈမွာ ဒီတစ္ခါေတာ့ ဆက္လက္ေတြ႕ဆုံႏိုင္ဖို႔ကို ပ်က္ကြက္သြားခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.