Premier League

ဒါဘီနဲ့လိုပဲ ထပ်လုပ်ပြဖို့ အဲဗာတန်မှာ ဆက်နေမယ်လို့ လမ်းပတ်ပြောလိုက်တာလား

ချဲလ်ဆီးပရိသတ်တွေရဲ့ လဂျင့်ကြီး ဖရန့် လမ်းပတ်ကတော့ သူ့ရဲ့ ဝန်ဆောင်မှုတွေကို အဲဗာတန်အသင်း အလိုရှိနေတဲ့ ကာလပတ်လုံး အသင်းမှာ ဆက်နေမယ်လို့ ပြောကြားလိုက်ပြီး အသင်းရဲ့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားနိုင်ချိန်မှာ သစ္စာရှိနေမယ့်အကြောင်းကို ပြောလိုက်တာက ပရိသတ်တွေ ငိုရအခက် ရယ်ရအခက်ဖြစ်လာခဲ့ပါတယ်။

အသင်းကို စတင်ကိုင်တွယ်တုန်းကတော့ လမ်းပတ်ဟာ တော်ဖီတွေကို ဇယားအလယ် အဆင့် ၁၀ လောက်တော့ အေးအေးဆေးဆေး ပို့ဆောင်ပေးနိုင်မယ့်သူမျိုးလို့ ပရိသတ်တွေက ထင်ခဲ့ကြပေမယ့် ဂွတ်ဒီဆန်ပါ့ခ်မှာ လွဲမှားနေတဲ့ ရစ်သမ်တွေကို မချိန်ညှိနိုင်သလို တစ်ဦးချင်းနဲ့ အသင်းလိုက် ပြဿနာတွေကိုလည်း လက်ရှိအချိန်အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးတာပါ။

အဲဗာတန်မှာ တစ်ချိန်က ကျစ်ကျစ်လျစ်လျစ်ရှိခဲ့တဲ့ အသင်းရဲ့ စုဖွဲ့မှုက ရာဖာ ဘင်နီတက်ဇ်ရဲ့ ရှင်းမပြတတ်တဲ့ နည်းစနစ်တွေနဲ့ ဒဏ်ရာတွေကို ရင်ဆိုင်ခဲ့ရအပြီးမှာ ပျက်စီးသွားခဲ့သလို စပိန်သားနည်းပြ ထွက်ခွာသွားပြီး နောက်ပိုင်းမှာ ဒဏ်ရာကစားသမားတွေ ပြန်လာခဲ့သလို ဆောင်းရာသီ အားဖြည့်ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ အိုးနင်းခွက်နင်းပဲ ဖြစ်နေခဲ့ရပါတယ်။

ကွင်းလယ်လည်း မဟုတ်၊ တိုက်စစ်လည်း မဟုတ်ဘဲ စပါးစ်အသင်းမှာ ခြေပျောက်နေခဲ့တဲ့ ဒယ်လီ အယ်လီကို ဈေးကြီးပေးပြီး ခေါ်ယူခဲ့မှုက အကျိုးမရှိဘဲ လူစားဝင်အဖြစ်လောက်သာ သုံးစွဲတတ်ခဲ့သလို ကွင်းလယ်ကို ခိုင်မာအောင် စုဖွဲ့ရမယ့်အစား ခံစစ်ကို အများကြီးသုံးချင်ရင်သုံး၊ တိုက်စစ်ကို အများကြီးသုံးချင်ရင်သုံး ဟန်ချက်မညီတဲ့ အဲဗာတန်တို့ လမ်းပတ်လက်ထက် ပြိုင်ပွဲစုံမှာ ၁၅ ပွဲကစား ၅ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၉ ပွဲရှုံး ရလဒ်ပဲ ရရှိထားတာပါ။

နိုင်ပွဲရာနှုန်း ၃၃ ရာခိုင်နှုန်းသာ ရှိခဲ့တဲ့ လမ်းပတ်ရဲ့ မှတ်တမ်းက ချဲလ်ဆီးလို အသင်းမျိုးမှာ ၅၂.၄ ရာခိုင်နှုန်းသာ ရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အဆင့်မှာ မှတ်ကျောက်တင် မခံနိုင်မှုကို သိသာစေပြီး သူ့ရဲ့ အဆင့်အတန်းက လိဂ်ချန်ပီယံရှစ်က ဒါဘီကောင်တီလောက်သာ ရှိခဲ့တယ်ဆိုတာကို အားလုံးလက်ခံပြီးချိန်မှာ ကစားသမားဘဝတုန်းက ပရိသတ်အချို့ကသာ သူတို့ရဲ့ အချစ်တော်အတွက် ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။

“လူတွေက မေးနေကြတယ်။ လက်ရှိအခြေအနေနဲ့ ကြုံနေခဲ့ရအပြီးမှာပေါ့။ အဲဗာတန်မှာ ပျော်သေးလားတဲ့။ ပျော်တာပေါ့ဗျ၊ ဒီမှာနေရတာ သိပ်ကြိုက်ပါတယ်။ ပရိသတ်တွေရဲ့ ကြိုဆိုမှုက မယုံနိုင်လောက်အောင်ဖြစ်ပြီး ဒီလိုအသင်းမျိုးက ကျွန်တော် အမြဲနေချင်တဲ့ နေရာမျိုးပါ။ အနာဂတ်ကိုတော့ စိတ်အလေးခံပြီး တွေးမနေပါဘူး… တန်မှ မတန်ဘဲဟာ”

“ကျွန်တော့်အလုပ်အတွက်တော့ ကျွန်တော် အပြည့်အဝ အာရုံစိုက်ထားပြီး ဒီအသင်းကို ကျွန်တော် တတ်စွမ်းသမျှ ပေးဆပ်သွားမှာပါ။ အဲဗာတန်အသင်းက ကျွန်တော့်ကို အလိုရှိနေသရွေ့ ဆက်နေသွားမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ အသင်းနဲ့အတူ မှန်ကန်တဲ့နေရာကို ရောက်ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ လမ်းပတ်က တန်းဆင်းအန္တရာယ်နဲ့ ကြုံနေရချိန်မှာ ခပ်ချေချေပဲ ပြောကြားသွားပါတယ်။

ချဲလ်ဆီးကွင်းလယ်လူဟောင်း လမ်းပတ်အနေနဲ့ ဒီတနင်္ဂနွေနေ့ ညနေမှာ အသင်းဟောင်းကို မာဆေးဆိုက်က အိမ်ကွင်း ဂွတ်ဒီဆန်ပါ့ခ်မှာ လက်ခံကစားရမှာဖြစ်ပြီး သူ့အနေနဲ့ ရလဒ်ကောင်းရယူနိုင်ဖို့ ကျွမ်းကျင်သူတွေကတော့ တစ်ဂိုးစီ သရေပွဲလို့ ခန့်မှန်းထားကြသလို အနောက်လန်ဒန် အသင်းရဲ့ အမှတ်အရမ်းမလိုတဲ့ အခြေအနေကြောင့် တစ်မှတ်ခွဲပေးနိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။

ဒါပေမယ့် တော်တော်များများကတော့ အဲဗာတန်အသင်းကို ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁၈ နေရာကနေ တန်းဆင်းမယ်လို့ ယုံကြည်နေကြပြီး ဘန်လေကတော့ အဆင့် ၁၇ ကနေ လွတ်မြောက်သွားမယ်လို့ ဆိုနေကြချိန်မှာ သူ့ရဲ့ ၆ နှစ်တာ ပိုင်ဆိုင်မှုအတွင်း နည်းပြ ၇ ဦးကို ခန့်အပ်ထားတဲ့ အီရန် သူဌေး ဖာရက် မိုရှီရီတစ်ယောက် သည်းခံနိုင်ဦးမလားတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕ လဂ်င့္ႀကီး ဖရန႔္ လမ္းပတ္ကေတာ့ သူ႔ရဲ႕ ဝန္ေဆာင္မႈေတြကို အဲဗာတန္အသင္း အလိုရွိေနတဲ့ ကာလပတ္လုံး အသင္းမွာ ဆက္ေနမယ္လို႔ ေျပာၾကားလိုက္ၿပီး အသင္းရဲ႕ ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားႏိုင္ခ်ိန္မွာ သစၥာရွိေနမယ့္အေၾကာင္းကို ေျပာလိုက္တာက ပရိသတ္ေတြ ငိုရအခက္ ရယ္ရအခက္ျဖစ္လာခဲ့ပါတယ္။

အသင္းကို စတင္ကိုင္တြယ္တုန္းကေတာ့ လမ္းပတ္ဟာ ေတာ္ဖီေတြကို ဇယားအလယ္ အဆင့္ ၁၀ ေလာက္ေတာ့ ေအးေအးေဆးေဆး ပို႔ေဆာင္ေပးႏိုင္မယ့္သူမ်ိဳးလို႔ ပရိသတ္ေတြက ထင္ခဲ့ၾကေပမယ့္ ဂြတ္ဒီဆန္ပါ့ခ္မွာ လြဲမွားေနတဲ့ ရစ္သမ္ေတြကို မခ်ိန္ညႇိႏိုင္သလို တစ္ဦးခ်င္းနဲ႔ အသင္းလိုက္ ျပႆနာေတြကိုလည္း လက္ရွိအခ်ိန္အထိ ေျဖရွင္းႏိုင္ျခင္း မရွိေသးတာပါ။

အဲဗာတန္မွာ တစ္ခ်ိန္က က်စ္က်စ္လ်စ္လ်စ္ရွိခဲ့တဲ့ အသင္းရဲ႕ စုဖြဲ႕မႈက ရာဖာ ဘင္နီတက္ဇ္ရဲ႕ ရွင္းမျပတတ္တဲ့ နည္းစနစ္ေတြနဲ႔ ဒဏ္ရာေတြကို ရင္ဆိုင္ခဲ့ရအၿပီးမွာ ပ်က္စီးသြားခဲ့သလို စပိန္သားနည္းျပ ထြက္ခြာသြားၿပီး ေနာက္ပိုင္းမွာ ဒဏ္ရာကစားသမားေတြ ျပန္လာခဲ့သလို ေဆာင္းရာသီ အားျဖည့္ေခၚယူမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ အိုးနင္းခြက္နင္းပဲ ျဖစ္ေနခဲ့ရပါတယ္။

ကြင္းလယ္လည္း မဟုတ္၊ တိုက္စစ္လည္း မဟုတ္ဘဲ စပါးစ္အသင္းမွာ ေျခေပ်ာက္ေနခဲ့တဲ့ ဒယ္လီ အယ္လီကို ေဈးႀကီးေပးၿပီး ေခၚယူခဲ့မႈက အက်ိဳးမရွိဘဲ လူစားဝင္အျဖစ္ေလာက္သာ သုံးစြဲတတ္ခဲ့သလို ကြင္းလယ္ကို ခိုင္မာေအာင္ စုဖြဲ႕ရမယ့္အစား ခံစစ္ကို အမ်ားႀကီးသုံးခ်င္ရင္သုံး၊ တိုက္စစ္ကို အမ်ားႀကီးသုံးခ်င္ရင္သုံး ဟန္ခ်က္မညီတဲ့ အဲဗာတန္တို႔ လမ္းပတ္လက္ထက္ ၿပိဳင္ပြဲစုံမွာ ၁၅ ပြဲကစား ၅ ပြဲႏိုင္၊ ၁ ပြဲသေရ၊ ၉ ပြဲရႈံး ရလဒ္ပဲ ရရွိထားတာပါ။

ႏိုင္ပြဲရာႏႈန္း ၃၃ ရာခိုင္ႏႈန္းသာ ရွိခဲ့တဲ့ လမ္းပတ္ရဲ႕ မွတ္တမ္းက ခ်ဲလ္ဆီးလို အသင္းမ်ိဳးမွာ ၅၂.၄ ရာခိုင္ႏႈန္းသာ ရယူႏိုင္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္အဆင့္မွာ မွတ္ေက်ာက္တင္ မခံႏိုင္မႈကို သိသာေစၿပီး သူ႔ရဲ႕ အဆင့္အတန္းက လိဂ္ခ်န္ပီယံရွစ္က ဒါဘီေကာင္တီေလာက္သာ ရွိခဲ့တယ္ဆိုတာကို အားလုံးလက္ခံၿပီးခ်ိန္မွာ ကစားသမားဘဝတုန္းက ပရိသတ္အခ်ိဳ႕ကသာ သူတို႔ရဲ႕ အခ်စ္ေတာ္အတြက္ ကာကြယ္ေပးခဲ့တာျဖစ္ပါတယ္။

“လူေတြက ေမးေနၾကတယ္။ လက္ရွိအေျခအေနနဲ႔ ႀကဳံေနခဲ့ရအၿပီးမွာေပါ့။ အဲဗာတန္မွာ ေပ်ာ္ေသးလားတဲ့။ ေပ်ာ္တာေပါ့ဗ်၊ ဒီမွာေနရတာ သိပ္ႀကိဳက္ပါတယ္။ ပရိသတ္ေတြရဲ႕ ႀကိဳဆိုမႈက မယုံႏိုင္ေလာက္ေအာင္ျဖစ္ၿပီး ဒီလိုအသင္းမ်ိဳးက ကြၽန္ေတာ္ အၿမဲေနခ်င္တဲ့ ေနရာမ်ိဳးပါ။ အနာဂတ္ကိုေတာ့ စိတ္အေလးခံၿပီး ေတြးမေနပါဘူး… တန္မွ မတန္ဘဲဟာ”

“ကြၽန္ေတာ့္အလုပ္အတြက္ေတာ့ ကြၽန္ေတာ္ အျပည့္အဝ အာ႐ုံစိုက္ထားၿပီး ဒီအသင္းကို ကြၽန္ေတာ္ တတ္စြမ္းသမွ် ေပးဆပ္သြားမွာပါ။ အဲဗာတန္အသင္းက ကြၽန္ေတာ့္ကို အလိုရွိေနသေ႐ြ႕ ဆက္ေနသြားမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔အေနနဲ႔ အသင္းနဲ႔အတူ မွန္ကန္တဲ့ေနရာကို ေရာက္ရွိႏိုင္မယ္လို႔ ယုံၾကည္ပါတယ္”လို႔ လမ္းပတ္က တန္းဆင္းအႏၲရာယ္နဲ႔ ႀကဳံေနရခ်ိန္မွာ ခပ္ေခ်ေခ်ပဲ ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးကြင္းလယ္လူေဟာင္း လမ္းပတ္အေနနဲ႔ ဒီတနဂၤေႏြေန႔ ညေနမွာ အသင္းေဟာင္းကို မာေဆးဆိုက္က အိမ္ကြင္း ဂြတ္ဒီဆန္ပါ့ခ္မွာ လက္ခံကစားရမွာျဖစ္ၿပီး သူ႔အေနနဲ႔ ရလဒ္ေကာင္းရယူႏိုင္ဖို႔ ကြၽမ္းက်င္သူေတြကေတာ့ တစ္ဂိုးစီ သေရပြဲလို႔ ခန႔္မွန္းထားၾကသလို အေနာက္လန္ဒန္ အသင္းရဲ႕ အမွတ္အရမ္းမလိုတဲ့ အေျခအေနေၾကာင့္ တစ္မွတ္ခြဲေပးႏိုင္တယ္လို႔ ခန႔္မွန္းထားၾကတာပါ။

ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ အဲဗာတန္အသင္းကို ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၁၈ ေနရာကေန တန္းဆင္းမယ္လို႔ ယုံၾကည္ေနၾကၿပီး ဘန္ေလကေတာ့ အဆင့္ ၁၇ ကေန လြတ္ေျမာက္သြားမယ္လို႔ ဆိုေနၾကခ်ိန္မွာ သူ႔ရဲ႕ ၆ ႏွစ္တာ ပိုင္ဆိုင္မႈအတြင္း နည္းျပ ၇ ဦးကို ခန႔္အပ္ထားတဲ့ အီရန္ သူေဌး ဖာရက္ မိုရွီရီတစ္ေယာက္ သည္းခံႏိုင္ဦးမလားေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.