UCL&UEL

ဒုတိယအကျော့အတွက် လီဗာပူးလ်ကို ပြင်းပြင်းထန်ထန် သတိပေးသွားတဲ့ အမ်မရီ

ဗီလာရီးရဲလ်နည်းပြ အူနိုင်း အမ်မရီက လီဗာပူးလ်အသင်းအနေနဲ့ ဗုဒ္ဓဟူးနေ့ည နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း မာဆေးဆိုဒ်အသင်းအနေနဲ့ ဒုတိယအကျော့အတွက် စပိန်ကို လာရောက်ယှဉ်ပြိုင်ကစားတဲ့အချိန်မှာ ခံစားရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

အမ်မရီရဲ့အသင်းဟာ လီဗာပူးလ်ကို အန်ဖီးမှာ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ လီဗာပူးလ်အသင်းဂိုးပေါက်ကို တစ်ကြိမ်သာ ကန်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြဟောင်း အူနိုင်း အမ်မရီက ၎င်းအသင်းရဲ့ ပထမပိုင်း စွမ်းဆောင်ရည်အများစုနဲ့ပတ်သက်ပြီး စိတ်ကျေနပ်ခဲ့ပေမယ့်လည်း ဒုတိယအကျော့ ဗီလာရီးရဲလ် အိမ်ကွင်းမှာ ကစားရမယ့်ပွဲစဉ်က ပွဲစကတည်းက ခက်ခဲလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူတို့ရဲ့ နိုင်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှ မပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေ အနိုင်နဲ့ ထိုက်တန်ခဲ့လို့ပါ။ ကျွန်တော်တို့အတွက် ပထမပိုင်းက တကယ်ကို ကောင်းမွန်ခဲ့ပေမယ့် ကျွန်တော်တို့ တိုက်စစ်ပိုင်းမှာ ကောင်းမွန်တဲ့ တန်ပြန်တိုက်စစ်နဲ့ ကောင်းမွန်တဲ့ အကူးအပြောင်းတွေ ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ သူတို့တွေ ဂိုးသွင်းဖို့ ၂ ကြိမ် ဒါမှမဟုတ် ၃ ကြိမ်လောက် အခွင့်အရေးရခဲ့ပေမယ့် ကျွန်တော်တို့ ပင်နယ်တီဧရိယာကို ကာကွယ်ထားခဲ့ပြီး ဒုတိယပိုင်းမှာ ကျွန်တော်တို့ လုပ်ခဲ့တာထက် ဂိုးက ပိုကောင်းမွန်ခဲ့ပါတယ်”

“ဒါပေမယ့် ဒုတိယပိုင်းက အတူတူပဲ ဖြစ်ခဲ့ပါတယ်။ သူတို့တွေ တွန်းအားပေးခဲ့ပြီး ဂိုးသွင်းယူဖို့ ထိုက်တန်ခဲ့ပါတယ်။ ၂-၀ က သူတို့အတွက် ကောင်းမွန်တဲ့ ရလဒ်ပါ။ ကျွန်တော်တို့အတွက်တော့ အဲဒါက ကောင်းမွန်တဲ့ ရလဒ်မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့အတူ အိမ်ကွင်းမှာ မတူညီတဲ့အရာကို လုပ်သွားနိုင်အောင် အိပ်မက်မက်ဖို့ ကြိုးပမ်းသွားမှာပါ။ ရှေ့အပတ်လာမယ့်ပွဲစဉ်က ဒီနေ့ညထက် အရမ်း၊ အရမ်းကို ကွဲပြားခြားနားပါလိမ့်မယ်။ အရမ်းခက်ခဲမယ်ဆိုတာ သိသာပါတယ်။ သူတို့တွေ ၂-၀ နဲ့ အနိုင်ရအောင် လုပ်နိုင်ခဲ့ပြီးတဲ့နောက်မှာပေါ့။ ခင်ဗျား ၁ ဂိုးသွင်းဖို့ ကြိုးပမ်းနိုင်ပါတယ်”

“ကျွန်တော်တို့ ကြိုးပမ်းခဲ့ပေမယ့် သူတို့တွေက အကူးအပြောင်းတွေ ပြုလုပ်ဖို့ နေရာလွတ်ရတဲ့အချိန်မှာ သူတို့မှာ ရှိနေတဲ့ ကစားသမားတွေလိုမျိုး ကစားသမားကောင်းတွေနဲ့ လုပ်နိုင်ခဲ့တယ်။ လာမယ့်အပတ် အိမ်ကွင်းမှာ အဲဒါကို လုပ်နိုင်အောင် ကြိုးပမ်းဖို့က ပိုပြီးတော့ အရေးကြီးပါတယ်”

“ကျွန်တော်တို့ နည်းဗျူဟာပိုင်းအရတော့ တစ်စုံတရာကို အပြောင်းအလဲ ပြုလုပ်ကောင်း ပြုလုပ်နိုင်ပေမယ့် သူတို့တွေ နောက်လာမယ့်အကျော့မှာ ဒီနေ့ညထက်ပိုပြီးတော့ ခံစားသွားရမယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဗီလာရီးရဲလ္နည္းၿပ အူနိုင္း အမ္မရီက လီဗာပူးလ္အသင္းအေနနဲ႔ ဗုဒၶဟူးေန႔ည နိုင္ပြဲနဲ႔ ထိုက္တန္တယ္လို႔ ေျပာဆိုခဲ့ေပမယ့္လည္း မာေဆးဆိုဒ္အသင္းအေနနဲ႔ ဒုတိယအေက်ာ့အတြက္ စပိန္ကို လာေရာက္ယွဥ္ၿပိဳင္ကစားတဲ့အခ်ိန္မွာ ခံစားရလိမ့္မယ္လို႔ သတိေပးခဲ့ပါတယ္။

အမ္မရီရဲ့အသင္းဟာ လီဗာပူးလ္ကို အန္ဖီးမွာ ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္မွာ လီဗာပူးလ္အသင္းဂိုးေပါက္ကို တစ္ႀကိမ္သာ ကန္သြင္းယူနိုင္ခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္နည္းျပေဟာင္း အူနိုင္း အမ္မရီက ၎အသင္းရဲ့ ပထမပိုင္း စြမ္းေဆာင္ရည္အမ်ားစုနဲ႔ပတ္သက္ၿပီး စိတ္ေက်နပ္ခဲ့ေပမယ့္လည္း ဒုတိယအေက်ာ့ ဗီလာရီးရဲလ္ အိမ္ကြင္းမွာ ကစားရမယ့္ပြဲစဥ္က ပြဲစကတည္းက ခက္ခဲလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“သူတို႔ရဲ့ နိုင္ပြဲနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ ဘာမွ မေျပာနိုင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ အနိုင္နဲ႔ ထိုက္တန္ခဲ့လို႔ပါ။ ကၽြန္ေတာ္တို႔အတြက္ ပထမပိုင္းက တကယ္ကို ေကာင္းမြန္ခဲ့ေပမယ့္ ကၽြန္ေတာ္တို႔ တိုက္စစ္ပိုင္းမွာ ေကာင္းမြန္တဲ့ တန္ျပန္တိုက္စစ္နဲ႔ ေကာင္းမြန္တဲ့ အကူးအေျပာင္းေတြ ျပဳလုပ္နိုင္ခဲ့ျခင္းမရွိပါဘူး။ သူတို႔ေတြ ဂိုးသြင္းဖို႔ ၂ ႀကိမ္ ဒါမွမဟုတ္ ၃ ႀကိမ္ေလာက္ အခြင့္အေရးရခဲ့ေပမယ့္ ကၽြန္ေတာ္တို႔ ပင္နယ္တီဧရိယာကို ကာကြယ္ထားခဲ့ၿပီး ဒုတိယပိုင္းမွာ ကၽြန္ေတာ္တို႔ လုပ္ခဲ့တာထက္ ဂိုးက ပိုေကာင္းမြန္ခဲ့ပါတယ္”

“ဒါေပမယ့္ ဒုတိယပိုင္းက အတူတူပဲ ျဖစ္ခဲ့ပါတယ္။ သူတို႔ေတြ တြန္းအားေပးခဲ့ၿပီး ဂိုးသြင္းယူဖို႔ ထိုက္တန္ခဲ့ပါတယ္။ ၂-၀ က သူတို႔အတြက္ ေကာင္းမြန္တဲ့ ရလဒ္ပါ။ ကၽြန္ေတာ္တို႔အတြက္ေတာ့ အဲဒါက ေကာင္းမြန္တဲ့ ရလဒ္မဟုတ္ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ရဲ့ ပရိသတ္ေတြနဲ႔အတူ အိမ္ကြင္းမွာ မတူညီတဲ့အရာကို လုပ္သြားနိုင္ေအာင္ အိပ္မက္မက္ဖို႔ ႀကိဳးပမ္းသြားမွာပါ။ ေရွ႕အပတ္လာမယ့္ပြဲစဥ္က ဒီေန႔ညထက္ အရမ္း၊ အရမ္းကို ကြဲျပားျခားနားပါလိမ့္မယ္။ အရမ္းခက္ခဲမယ္ဆိုတာ သိသာပါတယ္။ သူတို႔ေတြ ၂-၀ နဲ႔ အနိုင္ရေအာင္ လုပ္နိုင္ခဲ့ၿပီးတဲ့ေနာက္မွာေပါ့။ ခင္ဗ်ား ၁ ဂိုးသြင္းဖို႔ ႀကိဳးပမ္းနိုင္ပါတယ္”

“ကၽြန္ေတာ္တို႔ ႀကိဳးပမ္းခဲ့ေပမယ့္ သူတို႔ေတြက အကူးအေျပာင္းေတြ ျပဳလုပ္ဖို႔ ေနရာလြတ္ရတဲ့အခ်ိန္မွာ သူတို႔မွာ ရွိေနတဲ့ ကစားသမားေတြလိုမ်ိဳး ကစားသမားေကာင္းေတြနဲ႔ လုပ္နိုင္ခဲ့တယ္။ လာမယ့္အပတ္ အိမ္ကြင္းမွာ အဲဒါကို လုပ္နိုင္ေအာင္ ႀကိဳးပမ္းဖို႔က ပိုၿပီးေတာ့ အေရးႀကီးပါတယ္”

“ကၽြန္ေတာ္တို႔ နည္းဗ်ဴဟာပိုင္းအရေတာ့ တစ္စုံတရာကို အေျပာင္းအလဲ ျပဳလုပ္ေကာင္း ျပဳလုပ္နိုင္ေပမယ့္ သူတို႔ေတြ ေနာက္လာမယ့္အေက်ာ့မွာ ဒီေန႔ညထက္ပိုၿပီးေတာ့ ခံစားသြားရမယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.