La Liga Match Report

ဇာဗီအတွက် အူဘာမီယန်း ဂိုးသွင်းပြီး ရယူပေးခဲ့ပြန်တဲ့ ဘာစီလိုနာရဲ့ သိက္ခာဆည်နိုင်ပွဲ

ဘာစီလိုနာအသင်းအနေနဲ့ ပြီးခဲ့တဲ့ ပွဲက ကာဒစ်ဇ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့အပြီးမှာ နည်းပြ ဇာဗီအနေနဲ့တော့ အူဘာမီယန်း ညံ့တယ်ဆိုတာ ဒီပိုင်းတို့အုပ်စု အိပ်နေသလောက်သာရှိကြောင်း သဘောပေါက်သွားတဲ့အတွက် ဆိုစီဒက်ကို ရင်ဆိုင်ဖို့ ဂါဘွန်သားကို ပြန်လည်ထည့်သွင်းခဲ့ပြီး ပီကေး၊ ဂျော်ဒီ အယ်လ်ဘာ၊ ဒါနီ အဲလ်ဗက်စ်၊ ဘူးစကွက်စ်၊ ဖရင်ကီ ဒီယုံးနဲ့ ဒမ်ဘီလီတို့လို ကစားသမားတွေကို ပွဲထုတ်ခဲ့ပါတယ်။

အိမ်ရှင် ရီးရဲလ်ဆိုစီဒက်ကတော့ ဘာစီလိုနာကစားသမားဟောင်း ရာဖင်ညာ၊ ယာနူးဇိုင်း၊ မယ်ရီနို၊ ဇူဘီမန်ဒီတို့လို အမာခံကစားသမားတွေနဲ့ အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အီဆက်ခ်နဲ့ ဆော်လော့သ်တို့ကို ဦးဆောင်ကစားစေခဲ့သလို စပိန်လက်ရွေးစင် အိုယာဇာဘယ်လ် မပါဝင်နိုင်တာကတော့ ဧည့်သည်တွေ သက်သာစရာဖြစ်ခဲ့တာပါ။

ဆွီပါကီပါတွေရဲ့ ထုံးစံအတိုင်း မလိုအပ်ဘဲ ဘောလုံးကိုင်ချိန်မှာ တာစတီဂန်ခြေထဲက အီဆက်ခ် ဝင်လုတာက ဘေးထွက်သွားခဲ့လို့ ဘာဆာတို့ စောစောစီးစီး ဂိုးမပေးလိုက်ရတာဖြစ်သလို ကစားကွက်နဲ့ ကစားခဲ့တဲ့ ကာတာလန်သားတွေကို အိမ်ရှင် ဘတ်စ်ကေးသားတွေကတော့ အတင်းဝင် အတင်းဖျက် ကြံ့ခိုင်မှုသုံးပြီး ရင်ဆိုင်နေခဲ့ပါတယ်။

ဒမ်ဘီလီရဲ့ အဖြုန်းတစ်လိုင်းတွေကို တွေ့မြင်ခဲ့ရအပြီးမှာတော့ ပွဲချိန် ၁၁ မိနစ်မှာ အူဘာမီယန်းက ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒမ်ဘီလီ ကန်ချက် ပြန်ထွက်လာတာကို ဂါဗီက ညာခြမ်းကို မ,ပေးလိုက်ရာမှာ ဖယ်ရန် တောရက်စ်က ဖြတ်တင်ဘောဆန်ဆန် ခေါင်းတိုက်ပေးခဲ့တာကို ဂါဘွန်သားက တိုင်နားကနေ အနီးကပ် ခေါင်းတိုက်ပြီး သွင်းယူပေးနိုင်ခဲ့တာပါ။

ဒါက တစ်ပွဲလုံးမှာ ၁၁ ကြိမ် ကန်ခွင့်ရတဲ့ ဘာစီလိုနာတို့အတွက် တစ်လုံးတည်းသော ဂိုးပေါက်တည့်မှုနဲ့ ဂိုးဖြစ်ခဲ့ပြီး ဇာဗီရဲ့ အသင်းကတော့ လက်ရှိ အချိန်အထိ ခြေစွမ်းတည်ငြိမ်မှု မရှိသေးသလို ရှေ့က နောင်တော်ကြီးတွေရဲ့ ခြေရာကို မနင်းနိုင်ခဲ့ဘဲ ဘောလုံးပိုင်ဆိုင်မှုကိုလည်း အံ့အားသင့်စရာ ၄၄ ရာခိုင်နှုန်းတည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့သလို ဒုတိယပိုင်းမှာတော့ ဆိုစီဒက်တို့ ဖိကစားခဲ့ပေမယ့် အခွင့်အရေးတွေကို ဆော်လော့သ်နဲ့ အီဆက်ခ်တို့ အသုံးမချနိုင်ခဲ့သလို ဘာစီလိုနာတို့ဘက်ကလည်း ဂိုးနဲ့ ရန်ဖြစ်ထားသလား မှတ်ရအောင် ကန်လိုက်ရင် ဂိုးသမားဆီတောင် မရောက်တော့လို့ ဒုတိယပိုင်းကလည်း ဒီရလဒ်အတိုင်း ပွဲပြီးဆုံးခဲ့တာပါ။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ ဘာစီလိုနာတို့ လာလီဂါအမှတ်ပေးဇယားမှာ ၃၂ ပွဲကစား ရမှတ် ၆၃ မှတ်နဲ့ အဆင့် ၂ နေရာကို ခိုင်မာစေနိုင်ခဲ့ပေမယ့် တစ်ပွဲ ပိုကစားပြီး ၁၅ မှတ်အထိ ဖြတ်ထားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကို လိုက်မီဖို့ကတော့ စိတ်ကူးသက်သက်ပဲဖြစ်သွားခဲ့ချိန်မှာ နောက်ကလိုက်နေတဲ့ ဆီဗီလာနဲ့ အက်သလက်တီကိုတို့ဆီက လွတ်အောင်ပြေးဖို့ကသာ လက်တွေ့ကျတဲ့ ရည်မှန်းချက်ဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ပြဲက ကာဒစ္ဇ္ကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့အၿပီးမွာ နည္းျပ ဇာဗီအေနနဲ႔ေတာ့ အူဘာမီယန္း ညံ့တယ္ဆိုတာ ဒီပိုင္းတို႔အုပ္စု အိပ္ေနသေလာက္သာရွိေၾကာင္း သေဘာေပါက္သြားတဲ့အတြက္ ဆိုစီဒက္ကို ရင္ဆိုင္ဖို႔ ဂါဘြန္သားကို ျပန္လည္ထည့္သြင္းခဲ့ၿပီး ပီေကး၊ ေဂ်ာ္ဒီ အယ္လ္ဘာ၊ ဒါနီ အဲလ္ဗက္စ္၊ ဘူးစကြက္စ္၊ ဖရင္ကီ ဒီယုံးနဲ႔ ဒမ္ဘီလီတို႔လို ကစားသမားေတြကို ပြဲထုတ္ခဲ့ပါတယ္။

အိမ္ရွင္ ရီးရဲလ္ဆိုစီဒက္ကေတာ့ ဘာစီလိုနာကစားသမားေဟာင္း ရာဖင္ညာ၊ ယာႏူးဇိုင္း၊ မယ္ရီႏို၊ ဇူဘီမန္ဒီတို႔လို အမာခံကစားသမားေတြနဲ႔ အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ အီဆက္ခ္နဲ႔ ေဆာ္ေလာ့သ္တို႔ကို ဦးေဆာင္ကစားေစခဲ့သလို စပိန္လက္ေ႐ြးစင္ အိုယာဇာဘယ္လ္ မပါဝင္ႏိုင္တာကေတာ့ ဧည့္သည္ေတြ သက္သာစရာျဖစ္ခဲ့တာပါ။

ဆြီပါကီပါေတြရဲ႕ ထုံးစံအတိုင္း မလိုအပ္ဘဲ ေဘာလုံးကိုင္ခ်ိန္မွာ တာစတီဂန္ေျခထဲက အီဆက္ခ္ ဝင္လုတာက ေဘးထြက္သြားခဲ့လို႔ ဘာဆာတို႔ ေစာေစာစီးစီး ဂိုးမေပးလိုက္ရတာျဖစ္သလို ကစားကြက္နဲ႔ ကစားခဲ့တဲ့ ကာတာလန္သားေတြကို အိမ္ရွင္ ဘတ္စ္ေကးသားေတြကေတာ့ အတင္းဝင္ အတင္းဖ်က္ ႀကံ့ခိုင္မႈသုံးၿပီး ရင္ဆိုင္ေနခဲ့ပါတယ္။

ဒမ္ဘီလီရဲ႕ အျဖဳန္းတစ္လိုင္းေတြကို ေတြ႕ျမင္ခဲ့ရအၿပီးမွာေတာ့ ပြဲခ်ိန္ ၁၁ မိနစ္မွာ အူဘာမီယန္းက ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဒမ္ဘီလီ ကန္ခ်က္ ျပန္ထြက္လာတာကို ဂါဗီက ညာျခမ္းကို မ,ေပးလိုက္ရာမွာ ဖယ္ရန္ ေတာရက္စ္က ျဖတ္တင္ေဘာဆန္ဆန္ ေခါင္းတိုက္ေပးခဲ့တာကို ဂါဘြန္သားက တိုင္နားကေန အနီးကပ္ ေခါင္းတိုက္ၿပီး သြင္းယူေပးႏိုင္ခဲ့တာပါ။

ဒါက တစ္ပြဲလုံးမွာ ၁၁ ႀကိမ္ ကန္ခြင့္ရတဲ့ ဘာစီလိုနာတို႔အတြက္ တစ္လုံးတည္းေသာ ဂိုးေပါက္တည့္မႈနဲ႔ ဂိုးျဖစ္ခဲ့ၿပီး ဇာဗီရဲ႕ အသင္းကေတာ့ လက္ရွိ အခ်ိန္အထိ ေျခစြမ္းတည္ၿငိမ္မႈ မရွိေသးသလို ေရွ႕က ေနာင္ေတာ္ႀကီးေတြရဲ႕ ေျခရာကို မနင္းႏိုင္ခဲ့ဘဲ ေဘာလုံးပိုင္ဆိုင္မႈကိုလည္း အံ့အားသင့္စရာ ၄၄ ရာခိုင္ႏႈန္းတည္း ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ၿပီးဆုံးခဲ့သလို ဒုတိယပိုင္းမွာေတာ့ ဆိုစီဒက္တို႔ ဖိကစားခဲ့ေပမယ့္ အခြင့္အေရးေတြကို ေဆာ္ေလာ့သ္နဲ႔ အီဆက္ခ္တို႔ အသုံးမခ်ႏိုင္ခဲ့သလို ဘာစီလိုနာတို႔ဘက္ကလည္း ဂိုးနဲ႔ ရန္ျဖစ္ထားသလား မွတ္ရေအာင္ ကန္လိုက္ရင္ ဂိုးသမားဆီေတာင္ မေရာက္ေတာ့လို႔ ဒုတိယပိုင္းကလည္း ဒီရလဒ္အတိုင္း ပြဲၿပီးဆုံးခဲ့တာပါ။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ ဘာစီလိုနာတို႔ လာလီဂါအမွတ္ေပးဇယားမွာ ၃၂ ပြဲကစား ရမွတ္ ၆၃ မွတ္နဲ႔ အဆင့္ ၂ ေနရာကို ခိုင္မာေစႏိုင္ခဲ့ေပမယ့္ တစ္ပြဲ ပိုကစားၿပီး ၁၅ မွတ္အထိ ျဖတ္ထားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ကို လိုက္မီဖို႔ကေတာ့ စိတ္ကူးသက္သက္ပဲျဖစ္သြားခဲ့ခ်ိန္မွာ ေနာက္ကလိုက္ေနတဲ့ ဆီဗီလာနဲ႔ အက္သလက္တီကိုတို႔ဆီက လြတ္ေအာင္ေျပးဖို႔ကသာ လက္ေတြ႕က်တဲ့ ရည္မွန္းခ်က္ျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.