Match Report Premier League

၂ ကျော့ပေါင်း ၉-၀ နဲ့ မန်ယူနိုက်တက်ကို အပြတ်ဝုန်းလိုက်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ အင်္ဂါနေ့ညက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ၄-၀ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲံပြီး ယခုရာသီ လိဂ်မှာ ၂ ကျော့ပေါင်း ၉-၀ နဲ့ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ မန်ချက်စတာယူနိုက်တက်လို့ အမည်ရတဲ့အသင်းကို တစ်ရာသီအတွင်း အခုလို ဂိုးအရေအတွက်မျိုးနဲ့ အနိုင်မရခဲ့ဖူးဘဲ ၁၈၉၅-၁၈၉၆ တုန်းကတော့ နယူတန် ဟိသ်ကိုတော့ ဒီလို ဂိုးအရေအတွက်နဲ့ အနိုင်ယူခဲ့ဖူးတာဖြစ်ပါတယ်။ အဲဒီ နယူတန် ဟိသ်အသင်းဟာ ခေတ်သစ်မန်ချက်စတာယူနိုက်တက်ဖြစ်လာခဲ့ပြီး ၂၀၂၁-၂၀၂၂ ရာသီမှာတော့ လီဗာပူးလ်က ၂ ကျော့ပေါင်း ၉-၀ နဲ့ အနိုင်ယူပြီး သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ခေတ်သစ်ကာလမှာ ဘယ်အသင်းကမှ မန်ချက်စတာယူနိုက်တက်အသင်းကို ၉ ဂိုး မဆိုထားနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ၈ ဂိုးထက် ကျော်လွန်ပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး မန်စီးတီးက ၂၀၁၁-၂၀၁၂ ရာသီတုန်းက အိုးထရက်ဖို့ဒ်မှာ ၆-၁ နဲ့ အနိုင်ရခဲ့ပေမယ့်လည်း နောက်တကျော့မှာ ၁-၀ နဲ့ သာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အင်္ဂါနေ့ညမှာ မန်ချက်စတာယူနိုက်တက်အသင်းကို တန်းဆင်းဇုန်က အသင်းတစ်သင်းလိုမျိုး သဘောထားပြီး ပွဲကစားချိန် အများစုမှာ လွွှမ်းမိုးကစားသွားခဲ့တာဖြစ်ပြီး ပွဲကစားချိန်ရဲ့ အစပိုင်း ၂၂ မိနစ်အတွင်းမှာပဲ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးလ်အသင်းဟာ နောက်ထပ် သွင်းဂိုးတွေ သွင်းယူနိုင်သေးတယ်လို့ ခံစားခဲ့ရတာကြောင့် ၆၈ မိနစ်နဲ့ ၈၅ မိနစ်တို့မှာ နောက်ထပ် ဦးဆောင်ဂိုးတွေကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးကို ၅ မိနစ်မှာပဲ လူးဝစ္စ ဒီယက်ဇ်က မိုဟာမက် ဆာလားရဲ့ ညာတောင်ပံကနေ ဖြတ်တင်ပေးပို့မှုကို အသာအယာ ပိတ်သွင်းပြီး ရယူပေးခဲ့တာဖြစ်ပါတယ်။

၂၂ မိနစ်မှာ မိုဟာမက် ဆာလားက မာနေးနဲ့ အချိတ်အဆက်ပြုလုပ််ပြီး ပင်နယ်တီဧရိယာထဲမှာ ဒဟေးယားနဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး အီဂျစ်ကြယ်ပွင့်တိုက်စစ်မှူးဟာ နောက်ဆုံးမှာတော့ ၎င်းရဲ့ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းက ဖီးလ် ဂျုံးစ်ရဲ့နေရာမှာ ဆန်ချိုကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ရော်နယ်လ်ဒို မပါဝင်တဲ့ မန်ယူနိုက်တက် တိုက်စစ်ဟာ ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့တာဖြစ်ပါတယ်။

၆၄ မိနစ်မှာ မားကပ်စ် ရက်ရှ်ဖို့ဒ်က ဘယ်ခြေနဲ့ ဂိုးကန်သွင်းချက် ပြုလုပ်ခဲ့ရာမှာ အယ်လစ်ဆန်က ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး ပြန်လျှံထွက်လာတဲ့ ဘောလုံးကို အီလန်ဂါ ကန်သွင်းဖို့ ကြိုးပမ်းမှာကို ကာကွယ်ဖို့ မတ်တပ် ပြန်ထခဲ့ချိန်မှာ စည်းကြပ်ဒိုင်က လူကျွံအလံထောင်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ရုပ်သံအနှေးပြကွက်တွေမှာ ရက်ရှ်ဖို့ဒ်ဟာ လူကျွံအနေအထားမှာ ရှိမနေတာကို မြင်တွေ့ခဲ့ရပြီး VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက်မှာတော့ အဲဒီဂိုးကို ခွင့်ပြုခဲ့သင့်ပေမယ့်လည်း ခွင့်ပြုခြင်း မခံခဲ့ရတာဖြစ်ပါတယ်။

၆၈ မိနစ်မှာ လူးဝစ္စ ဒီယက်ဇ်က ဘယ်တောင်ပံကနေ ပင်နယ်တီဧရိယာထဲမှာ ရှိနေတဲ့ မာနေးဆီကို ဖြတ်တင်ပေးပို့ခဲ့ရာမှာ ဆီနီဂေါတိုက်စစ်မှူးက ဘယ်ခြေနဲ့ အလိုက်သင့် ကန်သွင်းယူခဲ့ရာမှာ မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒဟေးယား ကာကွယ်ခဲ့ပေမယ့်လည်း လက်လှမ်းမမီဘဲ ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

၈၅ မိနစ်မှာ ဂျိုတာရဲ့ ကွင်းလယ်ကနေ ထိုးပေးလိုက်တဲ့ ဘောလုံးကို မိုဟာမက် ဆာလားက အလွန်ကောင်းမွန်တဲ့ ပြေးလွှားမှုနဲ့အတူ ဘယ်ခြေနဲ့ အသာအယာ ကလော်ပြီး မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒဟေးယားကို ကျော်ထည့်သွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ အန်းဖီးက အရှက်ရဖွယ် ရှုံးနိမ့်ခဲ့မှုနဲ့ပတ်သက်ပြီး ဂယ်ရီ နဗီးက ဂလေဇာမိသားစုကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး ၎င်းတို့ရဲ့ ၁၀ နှစ်တာ စီမံခန့်ခွဲမှုအမှားကြောင့် အသင်းဟာ ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ ပြိုကွဲနေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂယ်ရီ နဗီးက ဖာဂူဆန် ခေတ်လွန် ပေါ့ဂ်ဘာနဲ့ ဆန်းချက်ဇ်တို့ကို ခေါ်ယူနိုင်ခဲ့မှုအပေါ် ပရိုမိုးရှင်းဆင်းတဲ့ ဗီဒီယိုကို ထောက်ပြပြီး နည်းပြထက်ကို ကစားသမားတွေကို အသင်းမှာ ပိုသြဇာအာဏာကြီးအောင် လုပ်ဆောင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကစားသမားသစ် စုဆောင်းရေးအပိုင်းကို ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ သူတို့တွေ လုပ်ခဲ့တဲ့အရာတွေကို ပြောရမှာပါ။ ယူနိုက်တက်က ကစားသမားတွေကို ခေါ်ယူရာမှာ ဆန်းချက်ဇ်လိုမျိုး ပီယာနိုနဲ့ မိတ်ဆက်တာမျိုးတွေ လုပ်ခဲ့တယ်။ သူတို့တွေက အသင်းမှာ နည်းပြရဲ့အထက်ကို ကစားသမားတွေ ရောက်အောင် လုပ်ခဲ့တာပဲ။ ခင်ဗျား လီဗာပူးလ်၊ ချဲလ်ဆီး၊ မန်စီးတီးတို့ကို သွားရင် အဲဒီမှာက နည်းပြသည်သာ အဓိကပဲ။ သူတို့တွေက ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ယူနိုက်တက်မှာ ကစားသမားတွေကို ဘုရားသခင်လိုမျိုး ဆန်းတင်ပြီး နည်းပြတွေကို သြဇာအာဏာလျော့ပါးစေခဲ့တယ်”

“အဲဒီကစားသမားတွေကပဲ ဘာမှ မစွမ်းဆောင်နိုင်ခဲ့ဘူး။ ကစားသမားတွေကို ပိုပြီးကောင်းအောင် လုပ်နိုင်ရမယ်။ အိုလေ ဂန်နာ ဆိုးလ်ရှားက ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့ရမှာပါ။ ရန်းနစ်ခ်ကလည်း ပိုကောင်းအောင် လုပ်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ အဂၤါေန႔ညက မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ ၄-၀ နဲ႔ အျပတ္အသတ္ အနိုင္ရရွိခဲံၿပီး ယခုရာသီ လိဂ္မွာ ၂ ေက်ာ့ေပါင္း ၉-၀ နဲ႔ သမိုင္းသစ္ ေရးထိုးနိုင္ခဲ့ၿပီျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ မန္ခ်က္စတာယူနိုက္တက္လို႔ အမည္ရတဲ့အသင္းကို တစ္ရာသီအတြင္း အခုလို ဂိုးအေရအတြက္မ်ိဳးနဲ႔ အနိုင္မရခဲ့ဖူးဘဲ ၁၈၉၅-၁၈၉၆ တုန္းကေတာ့ နယူတန္ ဟိသ္ကိုေတာ့ ဒီလို ဂိုးအေရအတြက္နဲ႔ အနိုင္ယူခဲ့ဖူးတာျဖစ္ပါတယ္။ အဲဒီ နယူတန္ ဟိသ္အသင္းဟာ ေခတ္သစ္မန္ခ်က္စတာယူနိုက္တက္ျဖစ္လာခဲ့ၿပီး ၂၀၂၁-၂၀၂၂ ရာသီမွာေတာ့ လီဗာပူးလ္က ၂ ေက်ာ့ေပါင္း ၉-၀ နဲ႔ အနိုင္ယူၿပီး သမိုင္းသစ္ ေရးထိုးနိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ေခတ္သစ္ကာလမွာ ဘယ္အသင္းကမွ မန္ခ်က္စတာယူနိုက္တက္အသင္းကို ၉ ဂိုး မဆိုထားနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ၈ ဂိုးထက္ ေက်ာ္လြန္ၿပီး ဂိုးသြင္းယူနိုင္ျခင္းမရွိခဲ့တာျဖစ္ၿပီး မန္စီးတီးက ၂၀၁၁-၂၀၁၂ ရာသီတုန္းက အိုးထရက္ဖို႔ဒ္မွာ ၆-၁ နဲ႔ အနိုင္ရခဲ့ေပမယ့္လည္း ေနာက္တေက်ာ့မွာ ၁-၀ နဲ႔ သာ အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ အဂၤါေန႔ညမွာ မန္ခ်က္စတာယူနိုက္တက္အသင္းကို တန္းဆင္းဇုန္က အသင္းတစ္သင္းလိုမ်ိဳး သေဘာထားၿပီး ပြဲကစားခ်ိန္ အမ်ားစုမွာ လြႊမ္းမိုးကစားသြားခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္ရဲ့ အစပိုင္း ၂၂ မိနစ္အတြင္းမွာပဲ ၂-၀ နဲ႔ ဦးေဆာင္ထားနိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း လီဗာပူးလ္အသင္းဟာ ေနာက္ထပ္ သြင္းဂိုးေတြ သြင္းယူနိုင္ေသးတယ္လို႔ ခံစားခဲ့ရတာေၾကာင့္ ၆၈ မိနစ္နဲ႔ ၈၅ မိနစ္တို႔မွာ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းအတြက္ အဖြင့္ဂိုးကို ၅ မိနစ္မွာပဲ လူးဝစၥ ဒီယက္ဇ္က မိုဟာမက္ ဆာလားရဲ့ ညာေတာင္ပံကေန ျဖတ္တင္ေပးပို႔မႈကို အသာအယာ ပိတ္သြင္းၿပီး ရယူေပးခဲ့တာျဖစ္ပါတယ္။

၂၂ မိနစ္မွာ မိုဟာမက္ ဆာလားက မာေနးနဲ႔ အခ်ိတ္အဆက္ျပဳလုပ္္ၿပီး ပင္နယ္တီဧရိယာထဲမွာ ဒေဟးယားနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး အီဂ်စ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ေနာက္ဆုံးမွာေတာ့ ၎ရဲ့ ဂိုးေပါက္ေပ်ာက္ဆုံးေနမႈကို အဆုံးသတ္နိုင္ခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ မန္ခ်က္စတာယူနိုက္တက္အသင္းက ဖီးလ္ ဂ်ဳံးစ္ရဲ့ေနရာမွာ ဆန္ခ်ိဳကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ေရာ္နယ္လ္ဒို မပါဝင္တဲ့ မန္ယူနိုက္တက္ တိုက္စစ္ဟာ ၿခိမ္းေျခာက္နိုင္စြမ္း မရွိခဲ့တာျဖစ္ပါတယ္။

၆၄ မိနစ္မွာ မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ဘယ္ေျခနဲ႔ ဂိုးကန္သြင္းခ်က္ ျပဳလုပ္ခဲ့ရာမွာ အယ္လစ္ဆန္က ပုတ္ထုတ္ကာကြယ္နိုင္ခဲ့ၿပီး ျပန္လၽွံထြက္လာတဲ့ ေဘာလုံးကို အီလန္ဂါ ကန္သြင္းဖို႔ ႀကိဳးပမ္းမွာကို ကာကြယ္ဖို႔ မတ္တပ္ ျပန္ထခဲ့ခ်ိန္မွာ စည္းၾကပ္ဒိုင္က လူကၽြံအလံေထာင္ျပခဲ့ပါတယ္။ ဒါေပမယ့္လည္း ႐ုပ္သံအေႏွးျပကြက္ေတြမွာ ရက္ရွ္ဖို႔ဒ္ဟာ လူကၽြံအေနအထားမွာ ရွိမေနတာကို ျမင္ေတြ႕ခဲ့ရၿပီး VAR နဲ႔ ျပန္လည္စစ္ေဆးၿပီးေနာက္မွာေတာ့ အဲဒီဂိုးကို ခြင့္ျပဳခဲ့သင့္ေပမယ့္လည္း ခြင့္ျပဳျခင္း မခံခဲ့ရတာျဖစ္ပါတယ္။

၆၈ မိနစ္မွာ လူးဝစၥ ဒီယက္ဇ္က ဘယ္ေတာင္ပံကေန ပင္နယ္တီဧရိယာထဲမွာ ရွိေနတဲ့ မာေနးဆီကို ျဖတ္တင္ေပးပို႔ခဲ့ရာမွာ ဆီနီေဂါတိုက္စစ္မႉးက ဘယ္ေျခနဲ႔ အလိုက္သင့္ ကန္သြင္းယူခဲ့ရာမွာ မန္ခ်က္စတာယူနိုက္တက္ ဂိုးသမား ဒေဟးယား ကာကြယ္ခဲ့ေပမယ့္လည္း လက္လွမ္းမမီဘဲ ဂိုးခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

၈၅ မိနစ္မွာ ဂ်ိဳတာရဲ့ ကြင္းလယ္ကေန ထိုးေပးလိုက္တဲ့ ေဘာလုံးကို မိုဟာမက္ ဆာလားက အလြန္ေကာင္းမြန္တဲ့ ေျပးလႊားမႈနဲ႔အတူ ဘယ္ေျခနဲ႔ အသာအယာ ကေလာ္ၿပီး မန္ခ်က္စတာယူနိုက္တက္ ဂိုးသမား ဒေဟးယားကို ေက်ာ္ထည့္သြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ရဲ့ အန္းဖီးက အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့မႈနဲ႔ပတ္သက္ၿပီး ဂယ္ရီ နဗီးက ဂေလဇာမိသားစုကို ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္ခဲ့ၿပီး ၎တို႔ရဲ့ ၁၀ ႏွစ္တာ စီမံခန႔္ခြဲမႈအမွားေၾကာင့္ အသင္းဟာ ကြင္းတြင္းမွာေရာ ကြင္းျပင္ပမွာပါ ၿပိဳကြဲေနခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂယ္ရီ နဗီးက ဖာဂူဆန္ ေခတ္လြန္ ေပါ့ဂ္ဘာနဲ႔ ဆန္းခ်က္ဇ္တို႔ကို ေခၚယူနိုင္ခဲ့မႈအေပၚ ပရိုမိုးရွင္းဆင္းတဲ့ ဗီဒီယိုကို ေထာက္ျပၿပီး နည္းျပထက္ကို ကစားသမားေတြကို အသင္းမွာ ပိုၾသဇာအာဏာႀကီးေအာင္ လုပ္ေဆာင္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကစားသမားသစ္ စုေဆာင္းေရးအပိုင္းကို ေျပာရမယ္ဆိုရင္ ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္းမွာ သူတို႔ေတြ လုပ္ခဲ့တဲ့အရာေတြကို ေျပာရမွာပါ။ ယူနိုက္တက္က ကစားသမားေတြကို ေခၚယူရာမွာ ဆန္းခ်က္ဇ္လိုမ်ိဳး ပီယာနိုနဲ႔ မိတ္ဆက္တာမ်ိဳးေတြ လုပ္ခဲ့တယ္။ သူတို႔ေတြက အသင္းမွာ နည္းျပရဲ့အထက္ကို ကစားသမားေတြ ေရာက္ေအာင္ လုပ္ခဲ့တာပဲ။ ခင္ဗ်ား လီဗာပူးလ္၊ ခ်ဲလ္ဆီး၊ မန္စီးတီးတို႔ကို သြားရင္ အဲဒီမွာက နည္းျပသည္သာ အဓိကပဲ။ သူတို႔ေတြက ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္း ယူနိုက္တက္မွာ ကစားသမားေတြကို ဘုရားသခင္လိုမ်ိဳး ဆန္းတင္ၿပီး နည္းျပေတြကို ၾသဇာအာဏာေလ်ာ့ပါးေစခဲ့တယ္”

“အဲဒီကစားသမားေတြကပဲ ဘာမွ မစြမ္းေဆာင္နိုင္ခဲ့ဘူး။ ကစားသမားေတြကို ပိုၿပီးေကာင္းေအာင္ လုပ္နိုင္ရမယ္။ အိုေလ ဂန္နာ ဆိုးလ္ရွားက ဒီထက္ပိုေကာင္းေအာင္ လုပ္နိုင္ခဲ့ရမွာပါ။ ရန္းနစ္ခ္ကလည္း ပိုေကာင္းေအာင္ လုပ္နိုင္တာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.