Premier League Transfer News

အိုင်းယက်စ်က တပည့်ကျော်ကို မန်ချက်စတာယူနိုက်တက်ဆီ ပထမဆုံးခေါ်မယ့် တန်ဟတ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ်ဖြစ်လာမယ့် အဲရစ် တန်ဟတ်အနေနဲ့ လာမယ့်ရာသီမှာ သူ့ရဲ့ လက်ထဲကို ရောက်ရှိလာတော့မယ့် အပြောင်းအရွှေ့ စီမံခန့်ခွဲခွင့်မှာ ပထမဆုံးအနေနဲ့ သူ့အသင်းဟောင်း အိုင်းယက်စ် အမ်စတာဒမ်အသင်းရဲ့ တောင်ပံကစားသမားကို စတင်ခေါ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

စပါးစ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး စတီဗင် ဘာ့ဂ်ဗိုင်းနဲ့ သတင်းတွေ ထွက်ဖူးပေမယ့် ယူနိုက်တက်နည်းပြသစ်အတွက်တော့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းကျနေတဲ့ ဒတ်ချ်တောင်ပံသမားဟာ ဦးစားပေး ပစ်မှတ် မဟုတ်တော့ဘဲ အသင်းကို အိုင်းယက်စ်နည်း အိုင်းယက်စ်ဟန်နဲ့ ကစားဖို့ကို လုပ်ဆောင်ရာမှာ ဘရာဇီးလ်သား အန်တိုနီက အဓိက ကျလာပါလိမ့်မယ်။

ဘယ်သန်တောင်ပံသမားကောင်း မရှိတဲ့ မန်ချက်စတာသားတွေအတွက် တန်ဟတ်အနေနဲ့ အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ်တောင်ပံသမား အန်တိုနီကို ခေါ်ယူနိုင်ဖို့အတွက် ပေါင်သန်း ၅၀ လောက် အသုံးပြုရဖွယ်ရှိနေတယ်လို့ ခန့်မှန်းထားကြပြီး အသင်းနှစ်သင်းကြားမှာ ဆက်ဆံရေး ကောင်းမွန်တဲ့ အချက်ကတော့ ဒတ်ချ်နည်းပြ ဆန္ဒပြည့်ဝဖွယ်ရှိနေပါတယ်။

ဒီရာသီ နယ်သာလန် ပထမတန်း၊ ချန်ပီယံလိဂ်နဲ့ ဖလားပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ၃၃ ပွဲ ကစားရာမှာ ၁၂ ဂိုးသွင်း ၁၀ ဂိုး ဖန်တီးပေးထားတဲ့ အန်တိုနီဟာ ဘရာဇီးလ် စီးရီးအေကလပ် ဆော်ပေါ်လိုကနေ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းနဲ့ ရောက်လာခဲ့သူဖြစ်ပြီး အိုင်းယက်စ်မှာတော့ သူ့ရဲ့ တန်ဖိုးက ၄ ဆလောက် မြင့်တက်လာတာလည်းဖြစ်ပါတယ်။

တန်ဟတ်အနေနဲ့ အန်တိုနီကို အိုင်းယက်စ်မှာလိုပဲ အိုးလ်ထရက်ဖို့ဒ်ရဲ့ ညာတောင်ပံတစ်နေရာကို အပိုင်စားပေးသွားဖွယ်ရှိနေပြီး ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ကိုလည်း လက်ရင်းတပည့်တစ်ဦးအဖြစ် အားကိုးသွားဖို့ ရှိနေချိန်မှာ အသင်းရဲ့ လူအိုခြေကျနဲ့ သူ့ရဲ့ နည်းစနစ်နဲ့ အံမဝင်သူတွေကိုတော့ ရောင်းထုတ်သွားဖို့ ကြိုးစားနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

အန်တိုနီကို ခေါ်ယူရရှိဖို့ကတော့ တန်ဟတ်ရဲ့ ပထမ ဦးစားပေး အစီအစဉ်ဖြစ်သလို အိုင်းယက်စ်ရဲ့ စီအီးအိုအဖြစ် ဆောင်ရွက်နေတဲ့ နယ်သာလန် ဂိုးသမားဟောင်း အက်ဒ်ဗင် ဗန်ဒါဆားကလည်း မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားဟောင်းနဲ့ သံတမန်အဖြစ် အတိတ်တွေ ရှိခဲ့ဖူးတာကြောင့် နှစ်သင်းကြား ပြေလည်ဖို့ လွယ်လိမ့်မယ်လို့လည်း ဆိုနေကြပါတယ်။

မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ အန်တိုနီကို ခေါ်ယူရာမှာ ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပေမယ့် ဗန်ဒါဆားနဲ့ တန်ဟတ်တို့ကတော့ သူတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ထောက်ပံ့မှုတွေဖြစ်နေခဲ့တာကြောင့် လာမယ့်ရာသီမှာ ဘရာဇီးလ်သားနဲ့အတူ ဘယ်အိုင်းယက်စ်ကစားသမားတွေရော အိုးလ်ထရက်ဖို့ဒ်မှာ မြင်တွေ့ရမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ နည္းျပသစ္ျဖစ္လာမယ့္ အဲရစ္ တန္ဟတ္အေနနဲ႔ လာမယ့္ရာသီမွာ သူ႔ရဲ႕ လက္ထဲကို ေရာက္ရွိလာေတာ့မယ့္ အေျပာင္းအေ႐ႊ႕ စီမံခန႔္ခြဲခြင့္မွာ ပထမဆုံးအေနနဲ႔ သူ႔အသင္းေဟာင္း အိုင္းယက္စ္ အမ္စတာဒမ္အသင္းရဲ႕ ေတာင္ပံကစားသမားကို စတင္ေခၚယူမွာျဖစ္တယ္လို႔ သိရပါတယ္။

စပါးစ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္မႉး စတီဗင္ ဘာ့ဂ္ဗိုင္းနဲ႔ သတင္းေတြ ထြက္ဖူးေပမယ့္ ယူႏိုက္တက္နည္းျပသစ္အတြက္ေတာ့ ပရီးမီးယားလိဂ္မွာ ေျခစြမ္းက်ေနတဲ့ ဒတ္ခ်္ေတာင္ပံသမားဟာ ဦးစားေပး ပစ္မွတ္ မဟုတ္ေတာ့ဘဲ အသင္းကို အိုင္းယက္စ္နည္း အိုင္းယက္စ္ဟန္နဲ႔ ကစားဖို႔ကို လုပ္ေဆာင္ရာမွာ ဘရာဇီးလ္သား အန္တိုနီက အဓိက က်လာပါလိမ့္မယ္။

ဘယ္သန္ေတာင္ပံသမားေကာင္း မရွိတဲ့ မန္ခ်က္စတာသားေတြအတြက္ တန္ဟတ္အေနနဲ႔ အသက္ ၂၂ ႏွစ္အ႐ြယ္ ဘရာဇီးလ္ေတာင္ပံသမား အန္တိုနီကို ေခၚယူႏိုင္ဖို႔အတြက္ ေပါင္သန္း ၅၀ ေလာက္ အသုံးျပဳရဖြယ္ရွိေနတယ္လို႔ ခန႔္မွန္းထားၾကၿပီး အသင္းႏွစ္သင္းၾကားမွာ ဆက္ဆံေရး ေကာင္းမြန္တဲ့ အခ်က္ကေတာ့ ဒတ္ခ်္နည္းျပ ဆႏၵျပည့္ဝဖြယ္ရွိေနပါတယ္။

ဒီရာသီ နယ္သာလန္ ပထမတန္း၊ ခ်န္ပီယံလိဂ္နဲ႔ ဖလားပြဲေတြမွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ၃၃ ပြဲ ကစားရာမွာ ၁၂ ဂိုးသြင္း ၁၀ ဂိုး ဖန္တီးေပးထားတဲ့ အန္တိုနီဟာ ဘရာဇီးလ္ စီးရီးေအကလပ္ ေဆာ္ေပၚလိုကေန ကနဦး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၃ သန္းနဲ႔ ေရာက္လာခဲ့သူျဖစ္ၿပီး အိုင္းယက္စ္မွာေတာ့ သူ႔ရဲ႕ တန္ဖိုးက ၄ ဆေလာက္ ျမင့္တက္လာတာလည္းျဖစ္ပါတယ္။

တန္ဟတ္အေနနဲ႔ အန္တိုနီကို အိုင္းယက္စ္မွာလိုပဲ အိုးလ္ထရက္ဖို႔ဒ္ရဲ႕ ညာေတာင္ပံတစ္ေနရာကို အပိုင္စားေပးသြားဖြယ္ရွိေနၿပီး ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ကိုလည္း လက္ရင္းတပည့္တစ္ဦးအျဖစ္ အားကိုးသြားဖို႔ ရွိေနခ်ိန္မွာ အသင္းရဲ႕ လူအိုေျခက်နဲ႔ သူ႔ရဲ႕ နည္းစနစ္နဲ႔ အံမဝင္သူေတြကိုေတာ့ ေရာင္းထုတ္သြားဖို႔ ႀကိဳးစားေနတယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနခဲ့တာပါ။

အန္တိုနီကို ေခၚယူရရွိဖို႔ကေတာ့ တန္ဟတ္ရဲ႕ ပထမ ဦးစားေပး အစီအစဥ္ျဖစ္သလို အိုင္းယက္စ္ရဲ႕ စီအီးအိုအျဖစ္ ေဆာင္႐ြက္ေနတဲ့ နယ္သာလန္ ဂိုးသမားေဟာင္း အက္ဒ္ဗင္ ဗန္ဒါဆားကလည္း မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကစားသမားေဟာင္းနဲ႔ သံတမန္အျဖစ္ အတိတ္ေတြ ရွိခဲ့ဖူးတာေၾကာင့္ ႏွစ္သင္းၾကား ေျပလည္ဖို႔ လြယ္လိမ့္မယ္လို႔လည္း ဆိုေနၾကပါတယ္။

မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ အန္တိုနီကို ေခၚယူရာမွာ ဘိုင္ယန္ျမဴးနစ္နဲ႔ ယွဥ္ၿပိဳင္ရဖို႔ ရွိေနေပမယ့္ ဗန္ဒါဆားနဲ႔ တန္ဟတ္တို႔ကေတာ့ သူတို႔အတြက္ အဖိုးမျဖတ္ႏိုင္တဲ့ ေထာက္ပံ့မႈေတြျဖစ္ေနခဲ့တာေၾကာင့္ လာမယ့္ရာသီမွာ ဘရာဇီးလ္သားနဲ႔အတူ ဘယ္အိုင္းယက္စ္ကစားသမားေတြေရာ အိုးလ္ထရက္ဖို႔ဒ္မွာ ျမင္ေတြ႕ရမလဲဆိုတာ စိတ္ဝင္စားစရာျဖစ္ေနပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.