Premier League Ukraine-Russian War

ယူကရိန်းအတွက် နှုတ်ဆိတ်နေလို့ ဘောပဲလို့ သူ့ကို ပြောလိုက်တယ်ဆိုတဲ့ ယာမိုလန်ကို

ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်မှူး အန်ဒရီ ယာမိုလန်ကိုက ယူကရိန်းနိုင်ငံကို ရုရှားတွေရဲ့ ကျူးကျော်ရန်စမှုမှာ တစ်လုံးတစ်လေမှ အသံမထွက်ဘဲ နှုတ်ဆိတ်နေခဲ့တဲ့ လက်ရွေးစင်အသင်းကပ္ပတိန်ဟောင်း အနာတိုလီ တီမိုရှုခ်ကို ပြစ်တင်ရှုတ်ချသွားခဲ့ပြီး သူရဲဘောကြောင်သူလို့လည်း ပြစ်တင်လိုက်ပါတယ်။

ယာမိုလန်ကိုဟာ တီမိုရှုခ်နဲ့ နိုင်ငံအသင်းမှာ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ခဲ့ပြီး ကစားသမားဘဝကနေ အနားယူခဲ့ပြီးတဲ့နောက် ရုရှားကလပ် ဇင်းနစ် စိန့်ပီတာစဘတ်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ အသင်းကပ္ပတိန်ဟောင်းရဲ့ အပြုအမူနဲ့ အပြောအဆိုအကြောင်းကို ဖော်ထုတ်သွားခဲ့တာပါ။

“တစ်ညက ကျွန်တော် သူ့ကို လိုင်းပေါ်ကနေ မေးလိုက်တယ်… မင်း ညတွေမှာ အိပ်နိုင်သေးတယ်လားလို့။ သူက ပြန်ဖြေတယ်… ငါ ညတွေ မအိပ်ဘူးတဲ့လေ”လို့ ဝက်စ်ဟမ်းတိုက်စစ်မှူးက သူနဲ့အတူ ယူကရိန်းလက်ရွေးစင်အသင်းမှာ ၂၀၁၆ ခုနှစ်အထိ ၇ နှစ်တာ တွဲကစားခဲ့ဖူးတဲ့သူအကြောင်းကို ပြောပြပါတယ်။

“ပြီးတော့ သူက ဖုန်းခေါ်လာတယ်။ ကျွန်တော် ပြောလိုက်တယ်… မင်းက ငါ့အတွက် တကယ့် စံပြကစားသမားတစ်ယောက်ဖြစ်ခဲ့တာ… အခုတော့ ဘာကောင်မှ မဟုတ်တော့ဘူးလို့။ သူက အဲ့ဒါဆို ဘောပဲကွာဆိုတော့ ကျွန်တော်လည်း ဘောပဲလို့ ပြန်ပြောလိုက်တယ်။ ဒါအကုန်ပါပဲ”လို့ ဟမ်းမားတွေရဲ့ ယူကရိန်းစတားက ဖွင့်ချသွားခဲ့တာပါ။

တီမိုရှုခ်ရဲ့ ဇင်းနစ်အသင်းမှာ သာယာနေပြီး Comfort Zone ကနေ ရန်သူအဖြစ် ရုန်းထွက်ရမှာကို ကြောက်ရွံ့ပြီး ကြွက်တစ်ကောင်လို ပုန်းနေတဲ့အပေါ် ယူကရိန်းဘောလုံးအသိုင်းအဝိုင်းကလည်း ပြစ်တင်ဝေဖန်ခဲ့ကြပြီး သူ့ရဲ့ နိုင်ငံ့အတွက် ၁၄၄ ပွဲ ကစားထားတဲ့ ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မညီဘူးလို့ ဆိုနေကြတာဖြစ်ပါတယ်။

ဇင်းနစ်အသင်းရဲ့ လက်ထောက်နည်းပြအနေနဲ့ သူရဲဘောကြောင်သူဖြစ်ပြီး တစ်ချိန်က လက်ရွေးစင်အတွက် ပွဲအများဆုံးကစားခဲ့တဲ့ ဘယ်လိုမျိုး ဆရာကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိမှာ သူ့ရဲ့ နှုတ်ဆိတ်နေမှုကြောင့် ဘယ်သူမှ မလေးစားတော့ဘူးလို့လည်း အတ္တလန်တာကွင်းလယ်လူ ရပ်စ်လန် မာလီနော့ဗ်စကီးက ဒဲ့ပဲ ရှုတ်ချလိုက်ပါတယ်။

ယူကရိန်းဘောလုံးအဖွဲ့ချုပ်ကတော့ တီမိုရှုခ်အတွက် ထုတ်ပေးခဲ့တဲ့ UAF ပရိုနည်းပြလိုင်စင်ကို ရုတ်သိမ်းလိုက်ပြီး နိုင်ငံ့ကိုယ်စားပြုအဖြစ် ချီးမြှင့်ဖူးသမျှ ဆုတွေနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို နိုင်ငံ့ရန်သူနဲ့ ပူးပေါင်းပြီး နိုင်ငံသားကောင်း မပီသမှုအတွက် ပယ်ဖျက်လိုက်တယ်လို့ ကြေငြာခဲ့ပါတယ်။

ယူကရိန်းနိုင်ငံတွင်းမှာ သူရရှိထားခဲ့ပြီး လက်ရှိမှာ ပယ်ဖျက်ခံလိုက်တဲ့ ဆုတွေကတော့ သတ္တိပြောင်မြောက်မှု တတိယတန်းဆု၊ ယူကရိန်း အကောင်းဆုံး ဘောလုံးသမားဆု ၃ ဆု (၂၀၀၂၊ ၂၀၀၆၊ ၂၀၀၇)၊ လပ်စ်ခ်မြို့ရဲ့ ဂုဏ်ထူးဆောင်မြို့သားဆု၊ ယူကရိန်းသမိုင်းဝင် ဘောလုံးသမားဆုတွေ ဖြစ်ကြပါတယ်။

ဘောလုံးအဖွဲ့ချုပ်အနေနဲ့ တီမိုရှုခ်ဟာ နိုင်ငံနဲ့ ယူကရိန်းဘောလုံးလောကရဲ့ ပုံရိပ်ကို ထိခိုက်ညစ်နွမ်းစေခဲ့တယ်လို့ တရားဝင် ရှုတ်ချကြေငြာမှုကို ထုတ်ပြန်လိုက်ပြီး တစ်နိုင်ငံတည်းသား ကစားသမားတွေကြားမှာတော့ သူ့ရဲ့ သူရဲဘောကြောင်မှုနဲ့အတူ ဂုဏ်သိက္ခာက အဝီစိအထိ ကျဆင်းသွားခဲ့ပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝက္စ္ဟမ္းအသင္းရဲ႕ တိုက္စစ္မႉး အန္ဒရီ ယာမိုလန္ကိုက ယူကရိန္းႏိုင္ငံကို ႐ုရွားေတြရဲ႕ က်ဴးေက်ာ္ရန္စမႈမွာ တစ္လုံးတစ္ေလမွ အသံမထြက္ဘဲ ႏႈတ္ဆိတ္ေနခဲ့တဲ့ လက္ေ႐ြးစင္အသင္းကပၸတိန္ေဟာင္း အနာတိုလီ တီမိုရႈခ္ကို ျပစ္တင္ရႈတ္ခ်သြားခဲ့ၿပီး သူရဲေဘာေၾကာင္သူလို႔လည္း ျပစ္တင္လိုက္ပါတယ္။

ယာမိုလန္ကိုဟာ တီမိုရႈခ္နဲ႔ ႏိုင္ငံအသင္းမွာ ရင္းႏွီးတဲ့ မိတ္ေဆြေတြျဖစ္ခဲ့ၿပီး ကစားသမားဘဝကေန အနားယူခဲ့ၿပီးတဲ့ေနာက္ ႐ုရွားကလပ္ ဇင္းနစ္ စိန႔္ပီတာစဘတ္အသင္းရဲ႕ လက္ေထာက္နည္းျပအျဖစ္ ေဆာင္႐ြက္ေနတဲ့ အသင္းကပၸတိန္ေဟာင္းရဲ႕ အျပဳအမူနဲ႔ အေျပာအဆိုအေၾကာင္းကို ေဖာ္ထုတ္သြားခဲ့တာပါ။

“တစ္ညက ကြၽန္ေတာ္ သူ႔ကို လိုင္းေပၚကေန ေမးလိုက္တယ္… မင္း ညေတြမွာ အိပ္ႏိုင္ေသးတယ္လားလို႔။ သူက ျပန္ေျဖတယ္… ငါ ညေတြ မအိပ္ဘူးတဲ့ေလ”လို႔ ဝက္စ္ဟမ္းတိုက္စစ္မႉးက သူနဲ႔အတူ ယူကရိန္းလက္ေ႐ြးစင္အသင္းမွာ ၂၀၁၆ ခုႏွစ္အထိ ၇ ႏွစ္တာ တြဲကစားခဲ့ဖူးတဲ့သူအေၾကာင္းကို ေျပာျပပါတယ္။

“ၿပီးေတာ့ သူက ဖုန္းေခၚလာတယ္။ ကြၽန္ေတာ္ ေျပာလိုက္တယ္… မင္းက ငါ့အတြက္ တကယ့္ စံျပကစားသမားတစ္ေယာက္ျဖစ္ခဲ့တာ… အခုေတာ့ ဘာေကာင္မွ မဟုတ္ေတာ့ဘူးလို႔။ သူက အဲ့ဒါဆို ေဘာပဲကြာဆိုေတာ့ ကြၽန္ေတာ္လည္း ေဘာပဲလို႔ ျပန္ေျပာလိုက္တယ္။ ဒါအကုန္ပါပဲ”လို႔ ဟမ္းမားေတြရဲ႕ ယူကရိန္းစတားက ဖြင့္ခ်သြားခဲ့တာပါ။

တီမိုရႈခ္ရဲ႕ ဇင္းနစ္အသင္းမွာ သာယာေနၿပီး Comfort Zone ကေန ရန္သူအျဖစ္ ႐ုန္းထြက္ရမွာကို ေၾကာက္႐ြံ႕ၿပီး ႂကြက္တစ္ေကာင္လို ပုန္းေနတဲ့အေပၚ ယူကရိန္းေဘာလုံးအသိုင္းအဝိုင္းကလည္း ျပစ္တင္ေဝဖန္ခဲ့ၾကၿပီး သူ႔ရဲ႕ ႏိုင္ငံ့အတြက္ ၁၄၄ ပြဲ ကစားထားတဲ့ ဂႏၴဝင္ အသင္းေခါင္းေဆာင္ေဟာင္းဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ မညီဘူးလို႔ ဆိုေနၾကတာျဖစ္ပါတယ္။

ဇင္းနစ္အသင္းရဲ႕ လက္ေထာက္နည္းျပအေနနဲ႔ သူရဲေဘာေၾကာင္သူျဖစ္ၿပီး တစ္ခ်ိန္က လက္ေ႐ြးစင္အတြက္ ပြဲအမ်ားဆုံးကစားခဲ့တဲ့ ဘယ္လိုမ်ိဳး ဆရာႀကီးပဲျဖစ္ခဲ့ျဖစ္ခဲ့ လက္ရွိမွာ သူ႔ရဲ႕ ႏႈတ္ဆိတ္ေနမႈေၾကာင့္ ဘယ္သူမွ မေလးစားေတာ့ဘူးလို႔လည္း အတၱလန္တာကြင္းလယ္လူ ရပ္စ္လန္ မာလီေနာ့ဗ္စကီးက ဒဲ့ပဲ ရႈတ္ခ်လိုက္ပါတယ္။

ယူကရိန္းေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ တီမိုရႈခ္အတြက္ ထုတ္ေပးခဲ့တဲ့ UAF ပ႐ိုနည္းျပလိုင္စင္ကို ႐ုတ္သိမ္းလိုက္ၿပီး ႏိုင္ငံ့ကိုယ္စားျပဳအျဖစ္ ခ်ီးျမႇင့္ဖူးသမွ် ဆုေတြနဲ႔ ဘြဲ႕ထူးဂုဏ္ထူးေတြကို ႏိုင္ငံ့ရန္သူနဲ႔ ပူးေပါင္းၿပီး ႏိုင္ငံသားေကာင္း မပီသမႈအတြက္ ပယ္ဖ်က္လိုက္တယ္လို႔ ေၾကျငာခဲ့ပါတယ္။

ယူကရိန္းႏိုင္ငံတြင္းမွာ သူရရွိထားခဲ့ၿပီး လက္ရွိမွာ ပယ္ဖ်က္ခံလိုက္တဲ့ ဆုေတြကေတာ့ သတၱိေျပာင္ေျမာက္မႈ တတိယတန္းဆု၊ ယူကရိန္း အေကာင္းဆုံး ေဘာလုံးသမားဆု ၃ ဆု (၂၀၀၂၊ ၂၀၀၆၊ ၂၀၀၇)၊ လပ္စ္ခ္ၿမိဳ႕ရဲ႕ ဂုဏ္ထူးေဆာင္ၿမိဳ႕သားဆု၊ ယူကရိန္းသမိုင္းဝင္ ေဘာလုံးသမားဆုေတြ ျဖစ္ၾကပါတယ္။

ေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ တီမိုရႈခ္ဟာ ႏိုင္ငံနဲ႔ ယူကရိန္းေဘာလုံးေလာကရဲ႕ ပုံရိပ္ကို ထိခိုက္ညစ္ႏြမ္းေစခဲ့တယ္လို႔ တရားဝင္ ရႈတ္ခ်ေၾကျငာမႈကို ထုတ္ျပန္လိုက္ၿပီး တစ္ႏိုင္ငံတည္းသား ကစားသမားေတြၾကားမွာေတာ့ သူ႔ရဲ႕ သူရဲေဘာေၾကာင္မႈနဲ႔အတူ ဂုဏ္သိကၡာက အဝီစိအထိ က်ဆင္းသြားခဲ့ၿပီျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.