Premier League

ရော်နယ်လ်ဒိုရဲ့ဆုံးရှုံးမှုကြီးအတွက် ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ကြတဲ့ ဘောလုံးလောကသားများ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ မွေးကင်းစ သားငယ်ဖြစ်သူဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ညက ကွယ်လွန်ဆုံးပါးသွားခဲ့ပြီး အသက် ၃၇ နှစ်အရွယ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားကြီးအတွက်တော့ ဝမ်းနည်းစရာဖြစ်ခဲ့ရသလို သူ့အနေနဲ့ ဒီအတွက် တရားဝင် ကြေငြာချက် ထုတ်ပြန်လိုက်ပြီး တွစ်တာကနေ ရေးသားသွားခဲ့ပါတယ်။

“သိပ်ကို နက်နက်ရှိုင်းရှိုင်း ခံစားရတဲ့ ဝမ်းနည်းမှုအဖြစ် ထုတ်ဖော်ပြောပြရရင် ကျွန်တော်တို့ရဲ့ သားငယ်လေး ကွယ်လွန်သွားခဲ့ပါတယ်။ ဒါဟာ မိဘတိုင်းအတွက် အဆိုးရွားဆုံး နာကျင်မှုပဲဖြစ်ပြီး အတူဖွားမြင်ခဲ့တဲ့ သမီးလေး ရှိနေခဲ့လို့သာ မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှုတွေကို ရရှိလိမ့်မယ်လို့ ကြိုးစားပြီး ကြံ့ကြံ့ခံနေနိုင်တာပါ”

“ဆရာဝန်တွေနဲ့ သူနာပြုတွေရဲ့ ကျွမ်းကျင်တဲ့ ပြုစုကုသ အားပေးမှုတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဆုံးရှုံးမှုအတွက် ကြီးကြီးမားမား ထိခိုက်ခံစားရပြီး အခုလို ခက်ခဲတဲ့ ကာလမှာ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုနဲ့ နေထိုင်နိုင်ဖို့ အားလုံးကို တောင်းဆိုပါတယ်။ ကျွန်တော်တို့ရဲ့ သားလေးဟာ နတ်သားလေးတစ်ပါးပါပဲ… အမြဲတမ်းအတွက် ချစ်မြတ်နိုးနေကြမှာပါ”- ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဂျော်ဂျီနာ ရိုဒရီးရက်ဇ်။

ဒီလိုမျိုး တွစ်တာကနေ ရေးသားထုတ်ပြန်ခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ စာအတွက် အားလုံးက ဝမ်းနည်းစကားတွေ ဝိုင်းဝန်းရေးသားခဲ့ကြပြီး ဒီထဲမှာ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး၊ လီဗာပူးလ်အစရှိတဲ့ ပရီးမီးယားလိဂ် ဘောလုံးအသင်းတွေနဲ့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ကိုယ်တိုင် ပါဝင်ခဲ့သလို နိုင်ငံရပ်ခြားက အသင်းတွေကလည်း နှစ်သိမ့်ရေးသားမှုတွေကို ထုတ်ပြန်ခဲ့ကြပါတယ်။

ရော်နယ်လ်ဒိုတို့ ဇနီးမောင်နှံအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သူတို့အနေနဲ့ Fraternal Twins ယောက်ျားလေး၊ မိန်းကလေးအမြွှာ ကလေးနှစ်ဦးကို မွေးဖွားဖို့ ရှိနေတယ်လို့ ထုတ်ပြန်ခဲ့ကြပြီး ဒီနေ့မှာတော့ ခုလိုမျိုး ဝမ်းနည်းစရာ အဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ရတာဖြစ်သလို ပရိသတ်တွေ အားလုံးအတွက် ဆို့နင့်စရာလည်းဖြစ်ခဲ့ရတာပါ။

ပေါ်တူဂီသားကြီးအတွက် သူ့ရဲ့ ဆီလီဘရစ်တီ မိတ်ဆွေ ပီးယားစ် မော်ဂန်က သိပ်ကို စိတ်ပျက်စရာကောင်းတဲ့ ဝမ်းနည်းစရာသတင်းပါပဲလို့ တွစ်တာမှာ ရေးသားသွားခဲ့ပြီး အသင်းဖော် မားကပ်စ် ရက်ရှ်ဖို့ဒ်ကတော့ “မင်းနဲ့ ဂျော်ဂျီနာတို့နဲ့အတူ ငါတို့ ရှိနေပါတယ် အစ်ကို၊ သိပ်ကို ဝမ်းနည်းရပါတယ်”လို့ တွစ်တာမှာ ပို့စ်တင်သွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ မင်းရဲ့ နာကျင်မှုက ငါတို့ရဲ့ နာကျင်မှုပါပဲ။ ငါတို့ ပို့သတဲ့ ချစ်မေတ္တာတွေနဲ့ ခွန်အားကို မင်းတို့ မိသားစု ရရှိပါစေလို့ ထုတ်ပြန်သွားခဲ့ပြီး မန်စီးတီး၊ စပါးစ်၊ လီဗာပူးလ်အသင်းတွေကလည်း တူညီတဲ့ ဝမ်းနည်းမှုကို ရော်နယ်လ်ဒိုနဲ့ ဂျော်ဂျီနာတို့ ‌ဇနီးမောင်နှံဆီကို ပြသခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေမြးကင္းစ သားငယ္ျဖစ္သူဟာ ၿပီးခဲ့တဲ့ တနလၤာေန႔ညက ကြယ္လြန္ဆုံးပါးသြားခဲ့ၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားႀကီးအတြက္ေတာ့ ဝမ္းနည္းစရာျဖစ္ခဲ့ရသလို သူ႔အေနနဲ႔ ဒီအတြက္ တရားဝင္ ေၾကျငာခ်က္ ထုတ္ျပန္လိုက္ၿပီး တြစ္တာကေန ေရးသားသြားခဲ့ပါတယ္။

“သိပ္ကို နက္နက္ရႈိင္းရႈိင္း ခံစားရတဲ့ ဝမ္းနည္းမႈအျဖစ္ ထုတ္ေဖာ္ေျပာျပရရင္ ကြၽန္ေတာ္တို႔ရဲ႕ သားငယ္ေလး ကြယ္လြန္သြားခဲ့ပါတယ္။ ဒါဟာ မိဘတိုင္းအတြက္ အဆိုး႐ြားဆုံး နာက်င္မႈပဲျဖစ္ၿပီး အတူဖြားျမင္ခဲ့တဲ့ သမီးေလး ရွိေနခဲ့လို႔သာ ေမွ်ာ္လင့္ခ်က္နဲ႔ ေပ်ာ္႐ႊင္မႈေတြကို ရရွိလိမ့္မယ္လို႔ ႀကိဳးစားၿပီး ႀကံ့ႀကံ့ခံေနႏိုင္တာပါ”

“ဆရာဝန္ေတြနဲ႔ သူနာျပဳေတြရဲ႕ ကြၽမ္းက်င္တဲ့ ျပဳစုကုသ အားေပးမႈေတြအတြက္လည္း ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီဆုံးရႈံးမႈအတြက္ ႀကီးႀကီးမားမား ထိခိုက္ခံစားရၿပီး အခုလို ခက္ခဲတဲ့ ကာလမွာ ကိုယ္ေရးကိုယ္တာ လြတ္လပ္မႈနဲ႔ ေနထိုင္ႏိုင္ဖို႔ အားလုံးကို ေတာင္းဆိုပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ သားေလးဟာ နတ္သားေလးတစ္ပါးပါပဲ… အၿမဲတမ္းအတြက္ ခ်စ္ျမတ္ႏိုးေနၾကမွာပါ”- ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ေဂ်ာ္ဂ်ီနာ ႐ိုဒရီးရက္ဇ္။

ဒီလိုမ်ိဳး တြစ္တာကေန ေရးသားထုတ္ျပန္ခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕ စာအတြက္ အားလုံးက ဝမ္းနည္းစကားေတြ ဝိုင္းဝန္းေရးသားခဲ့ၾကၿပီး ဒီထဲမွာ မန္ခ်က္စတာယူႏိုက္တက္၊ မန္စီးတီး၊ လီဗာပူးလ္အစရွိတဲ့ ပရီးမီးယားလိဂ္ ေဘာလုံးအသင္းေတြနဲ႔ ပရီးမီးယားလိဂ္ ေဘာလုံးအဖြဲ႕ခ်ဳပ္ကိုယ္တိုင္ ပါဝင္ခဲ့သလို ႏိုင္ငံရပ္ျခားက အသင္းေတြကလည္း ႏွစ္သိမ့္ေရးသားမႈေတြကို ထုတ္ျပန္ခဲ့ၾကပါတယ္။

ေရာ္နယ္လ္ဒိုတို႔ ဇနီးေမာင္ႏွံအေနနဲ႔ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက သူတို႔အေနနဲ႔ Fraternal Twins ေယာက္်ားေလး၊ မိန္းကေလးအႁမႊာ ကေလးႏွစ္ဦးကို ေမြးဖြားဖို႔ ရွိေနတယ္လို႔ ထုတ္ျပန္ခဲ့ၾကၿပီး ဒီေန႔မွာေတာ့ ခုလိုမ်ိဳး ဝမ္းနည္းစရာ အျဖစ္အပ်က္နဲ႔ ႀကဳံေတြ႕ခဲ့ရတာျဖစ္သလို ပရိသတ္ေတြ အားလုံးအတြက္ ဆို႔နင့္စရာလည္းျဖစ္ခဲ့ရတာပါ။

ေပၚတူဂီသားႀကီးအတြက္ သူ႔ရဲ႕ ဆီလီဘရစ္တီ မိတ္ေဆြ ပီးယားစ္ ေမာ္ဂန္က သိပ္ကို စိတ္ပ်က္စရာေကာင္းတဲ့ ဝမ္းနည္းစရာသတင္းပါပဲလို႔ တြစ္တာမွာ ေရးသားသြားခဲ့ၿပီး အသင္းေဖာ္ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကေတာ့ “မင္းနဲ႔ ေဂ်ာ္ဂ်ီနာတို႔နဲ႔အတူ ငါတို႔ ရွိေနပါတယ္ အစ္ကို၊ သိပ္ကို ဝမ္းနည္းရပါတယ္”လို႔ တြစ္တာမွာ ပို႔စ္တင္သြားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ မင္းရဲ႕ နာက်င္မႈက ငါတို႔ရဲ႕ နာက်င္မႈပါပဲ။ ငါတို႔ ပို႔သတဲ့ ခ်စ္ေမတၱာေတြနဲ႔ ခြန္အားကို မင္းတို႔ မိသားစု ရရွိပါေစလို႔ ထုတ္ျပန္သြားခဲ့ၿပီး မန္စီးတီး၊ စပါးစ္၊ လီဗာပူးလ္အသင္းေတြကလည္း တူညီတဲ့ ဝမ္းနည္းမႈကို ေရာ္နယ္လ္ဒိုနဲ႔ ေဂ်ာ္ဂ်ီနာတို႔ ‌ဇနီးေမာင္ႏွံဆီကို ျပသခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.