Premier League Transfer News

ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး ကစားသမားဖြစ်လာတော့မယ့် ဟားလန်း

ဒေါ့မွန်အသင်းရဲ့ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟားလန်းအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ လုပ်ခအမြင့်မားဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေပြီး သူ့ကို အသည်းအသန် အလိုရှိနေတဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ ခေါ်ယူမှုနဲ့ အစ်တီဟတ်ကို ပြောင်းရွှေ့ဖို့ ရှိနေပြီလို့ သိရပါတယ်။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ အသက် ၂၁ နှစ်အရွယ် နော်ဝေတိုက်စစ်မှူးအတွက် တစ်ပတ်လုပ်ခ ပေါင်ငါးသိန်းအထိ ပေးချေဖို့ လိုလိုလားလား ဆန္ဒရှိနေပြီး ဒီပမာဏဟာ ပရီးမီးယားလိဂ်မှာ ဘယ်သူမှ မရသေးတဲ့ ပမာဏဖြစ်သလို လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားက တောင်းဆိုပြီး ပယ်ချခံထားရတဲ့ လုပ်ခငွေလည်းဖြစ်ပါတယ်။

ဒေါ့မွန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ ပေါင် ၆၃ သန်းတန် လျော်ကြေး သဘောတူညီချက်ကို ပေးချေဖို့ မန်စီးတီးတို့အနေနဲ့ လုပ်ဆောင်သွားမှာလည်းဖြစ်ပြီး ပြောင်းရွှေ့ကြေးအရ ဒီပမာဏက မများလှပေမယ့် တစ်နှစ်ကို ပေါင် ၂၆ သန်း ပေးချေရမယ့် လစာငွေကိုတော့ တတ်နိုင်တဲ့ အသင်းမျိုး များများစားစား မရှိချိန်မှာ လာလီဂါအသင်းတွေကို အလဲထိုးနိုင်ဖို့ အစ်တီဟတ်ဘက်က ပြင်ဆင်နေတာပါ။

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့အနေနဲ့ ဒီပမာဏကို အလွယ်တကူ ပေးချေဖို့က မဖြစ်နိုင်သေးဘဲ ရှေ့ကြောင်းနောက်ကြောင်းနဲ့ အသင်းကို ဘဏ္ဏာရေးအရ ထိန်းညှိဖို့ ကြိုးစားနေရချိန်မှာ မန်စီးတီးတို့ကတော့ ငါးနှစ်စာချုပ်၊ ပြောင်းရွှေ့ကြေးနဲ့ မီနို ရိုင်ယိုလာရဲ့ အေးဂျင့်ခတွေအပါအဝင် ပေါင်သန်း ၃၀၀ နီးပါးကို ပေးချေသွားဖို့ လွယ်ကူနေတာဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ဖလားကို ယူချင်တယ်လို့ ဆိုထားပေမယ့် လက်ရှိအခြေအနေမှာ ဘယ်လိုမှ မဖြစ်နိုင်တော့ချိန်မှာ ဟားလန်းအနေနဲ့ သူ့ရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီဖို့ တစ်ခုတည်းသော ကလပ်အသင်းဖြစ်နေတဲ့ ဖခင်ဖြစ်သူ အယ်လ်ဖင်းရဲ့ တတိယမြောက် ပရီးမီးယားလိဂ်အသင်း မန်စီးတီးကိုပဲ ရွေးချယ်ရဖို့ ရှိနေတာပါ။

လိဒ်စ်ယူနိုက်တက်နဲ့ အယ်လ်ဖင်းတို့ လက်တွဲနေချိန် အင်္ဂလန်မှာ မွေးဖွားခဲ့တဲ့ နော်ဝေတိုက်စစ်မှူးအတွက် အလုပ်လုပ်ခွင့် ပါမစ်က ဒီနိုင်ငံမှာ မွေးဖွားသူအနေနဲ့ လျှောက်ထားနိုင်သလို လက်ရွေးစင်အသင်းမှာလည်း ပုံမှန် ပွဲထွက်ခွင့် ရ‌ရှိနေသူအနေနဲ့ ခက်ခဲဖို့ မရှိတာကြောင့် ဟားလန်းအနေနဲ့ Brexit ကြောင့် ပါမစ်ခက်မှုကိုလည်း ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။

မန်စီးတီးတို့အနေနဲ့ ဟားလန်းကို ခေါ်ယူဖို့အတွက် ဖခင်ဖြစ်သူ အယ်လ်ဖင်းရဲ့ အကူအညီနဲ့ လွှမ်းမိုးမှုကို များစွာ ရယူခဲ့ရတယ်လို့လည်း သိရပြီး စပါးစ်ကနေ သုံးနှစ်လောက်ပဲ ကောင်းကောင်းသုံးစွဲနိုင်တော့မယ့် ဟာရီကိန်းကို ခေါ်ယူမယ့်အစား ဆယ်နှစ်လောက် အေးအေးဆေးဆေး သုံးစွဲနိုင်သလို ပြန်ရောင်းရင်လည်း အကျိုးအမြတ်ကြီးမားမယ့် ရင်းနှီးမြှုပ်နှံမှုကို လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

တစ်ပတ်လုပ်ခ ပေါင်ငါးသိန်း ပေးချေသွားမယ့် မန်စီးတီးတို့အနေနဲ့ အသင်းရဲ့ လက်ရှိ လုပ်ခအမြင့်မားဆုံးကစားသမား ကီဗင် ဒီဘရိုင်းနားရဲ့ ပေါင် ၃၈၅၀၀၀ စံချိန်ကို ချိုးဖျက်ရဖွယ်ရှိနေပြီး မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်အသင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို ရရှိနေတဲ့ အမြင့်မားဆုံး တစ်ပတ်လုပ်ခ ပေါင် ၄၈၀၀၀၀ စံချိန်ထက်ပါ ကျော်လွန်သွားဖို့လည်း ရှိနေတာပါ။

မန်စီးတီးတို့အနေနဲ့တော့ ဒါဟာ ကြီးမားတဲ့ စွန့်စားမှုနဲ့ ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်နေခဲ့ပြီး ခီလီယန် အမ်ဘာပေနဲ့ အာရုံများနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဘက်က လှည့်မလာနိုင်ခင် လက်ဦးမှု ရယူကြိုးစားနေတာဖြစ်ပြီး တရားဝင်ကြေငြာနိုင်မယ့် အချိန်ကိုတော့ ပရိသတ်တွေ လက်ချိုးရေတွက်ရင်း စောင့်စားရင်ခုန်နေကြပြီဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဒါ့မြန္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္တိုက္စစ္မႉး အာလင္း ဟားလန္းအေနနဲ႔ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ရဲ႕ လုပ္ခအျမင့္မားဆုံး ကစားသမား အျဖစ္ ရပ္တည္ႏိုင္ဖို႔ လက္တစ္ကမ္းအလိုကို ေရာက္ရွိေနၿပီး သူ႔ကို အသည္းအသန္ အလိုရွိေနတဲ့ နည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ ေခၚယူမႈနဲ႔ အစ္တီဟတ္ကို ေျပာင္းေ႐ႊ႕ဖို႔ ရွိေနၿပီလို႔ သိရပါတယ္။

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အသက္ ၂၁ ႏွစ္အ႐ြယ္ ေနာ္ေဝတိုက္စစ္မႉးအတြက္ တစ္ပတ္လုပ္ခ ေပါင္ငါးသိန္းအထိ ေပးေခ်ဖို႔ လိုလိုလားလား ဆႏၵရွိေနၿပီး ဒီပမာဏဟာ ပရီးမီးယားလိဂ္မွာ ဘယ္သူမွ မရေသးတဲ့ ပမာဏျဖစ္သလို လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားက ေတာင္းဆိုၿပီး ပယ္ခ်ခံထားရတဲ့ လုပ္ခေငြလည္းျဖစ္ပါတယ္။

ေဒါ့မြန္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ ေပါင္ ၆၃ သန္းတန္ ေလ်ာ္ေၾကး သေဘာတူညီခ်က္ကို ေပးေခ်ဖို႔ မန္စီးတီးတို႔အေနနဲ႔ လုပ္ေဆာင္သြားမွာလည္းျဖစ္ၿပီး ေျပာင္းေ႐ႊ႕ေၾကးအရ ဒီပမာဏက မမ်ားလွေပမယ့္ တစ္ႏွစ္ကို ေပါင္ ၂၆ သန္း ေပးေခ်ရမယ့္ လစာေငြကိုေတာ့ တတ္ႏိုင္တဲ့ အသင္းမ်ိဳး မ်ားမ်ားစားစား မရွိခ်ိန္မွာ လာလီဂါအသင္းေတြကို အလဲထိုးႏိုင္ဖို႔ အစ္တီဟတ္ဘက္က ျပင္ဆင္ေနတာပါ။

ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔အေနနဲ႔ ဒီပမာဏကို အလြယ္တကူ ေပးေခ်ဖို႔က မျဖစ္ႏိုင္ေသးဘဲ ေရွ႕ေၾကာင္းေနာက္ေၾကာင္းနဲ႔ အသင္းကို ဘဏၰာေရးအရ ထိန္းညႇိဖို႔ ႀကိဳးစားေနရခ်ိန္မွာ မန္စီးတီးတို႔ကေတာ့ ငါးႏွစ္စာခ်ဳပ္၊ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ မီႏို ႐ိုင္ယိုလာရဲ႕ ေအးဂ်င့္ခေတြအပါအဝင္ ေပါင္သန္း ၃၀၀ နီးပါးကို ေပးေခ်သြားဖို႔ လြယ္ကူေနတာျဖစ္ပါတယ္။

လိဒ္စ္ယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္ဖလားကို ယူခ်င္တယ္လို႔ ဆိုထားေပမယ့္ လက္ရွိအေျခအေနမွာ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ခ်ိန္မွာ ဟားလန္းအေနနဲ႔ သူ႔ရဲ႕ အဆင့္အတန္းနဲ႔ ကိုက္ညီဖို႔ တစ္ခုတည္းေသာ ကလပ္အသင္းျဖစ္ေနတဲ့ ဖခင္ျဖစ္သူ အယ္လ္ဖင္းရဲ႕ တတိယေျမာက္ ပရီးမီးယားလိဂ္အသင္း မန္စီးတီးကိုပဲ ေ႐ြးခ်ယ္ရဖို႔ ရွိေနတာပါ။

လိဒ္စ္ယူႏိုက္တက္နဲ႔ အယ္လ္ဖင္းတို႔ လက္တြဲေနခ်ိန္ အဂၤလန္မွာ ေမြးဖြားခဲ့တဲ့ ေနာ္ေဝတိုက္စစ္မႉးအတြက္ အလုပ္လုပ္ခြင့္ ပါမစ္က ဒီႏိုင္ငံမွာ ေမြးဖြားသူအေနနဲ႔ ေလွ်ာက္ထားႏိုင္သလို လက္ေ႐ြးစင္အသင္းမွာလည္း ပုံမွန္ ပြဲထြက္ခြင့္ ရ‌ရွိေနသူအေနနဲ႔ ခက္ခဲဖို႔ မရွိတာေၾကာင့္ ဟားလန္းအေနနဲ႔ Brexit ေၾကာင့္ ပါမစ္ခက္မႈကိုလည္း ေရွာင္လႊဲႏိုင္မွာျဖစ္ပါတယ္။

မန္စီးတီးတို႔အေနနဲ႔ ဟားလန္းကို ေခၚယူဖို႔အတြက္ ဖခင္ျဖစ္သူ အယ္လ္ဖင္းရဲ႕ အကူအညီနဲ႔ လႊမ္းမိုးမႈကို မ်ားစြာ ရယူခဲ့ရတယ္လို႔လည္း သိရၿပီး စပါးစ္ကေန သုံးႏွစ္ေလာက္ပဲ ေကာင္းေကာင္းသုံးစြဲႏိုင္ေတာ့မယ့္ ဟာရီကိန္းကို ေခၚယူမယ့္အစား ဆယ္ႏွစ္ေလာက္ ေအးေအးေဆးေဆး သုံးစြဲႏိုင္သလို ျပန္ေရာင္းရင္လည္း အက်ိဳးအျမတ္ႀကီးမားမယ့္ ရင္းႏွီးျမႇဳပ္ႏွံမႈကို လုပ္ေဆာင္ခဲ့တာလို႔လည္း သိရပါတယ္။

တစ္ပတ္လုပ္ခ ေပါင္ငါးသိန္း ေပးေခ်သြားမယ့္ မန္စီးတီးတို႔အေနနဲ႔ အသင္းရဲ႕ လက္ရွိ လုပ္ခအျမင့္မားဆုံးကစားသမား ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ ေပါင္ ၃၈၅၀၀၀ စံခ်ိန္ကို ခ်ိဳးဖ်က္ရဖြယ္ရွိေနၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ မန္ယူႏိုက္တက္အသင္းမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ရရွိေနတဲ့ အျမင့္မားဆုံး တစ္ပတ္လုပ္ခ ေပါင္ ၄၈၀၀၀၀ စံခ်ိန္ထက္ပါ ေက်ာ္လြန္သြားဖို႔လည္း ရွိေနတာပါ။

မန္စီးတီးတို႔အေနနဲ႔ေတာ့ ဒါဟာ ႀကီးမားတဲ့ စြန႔္စားမႈနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈလည္းျဖစ္ေနခဲ့ၿပီး ခီလီယန္ အမ္ဘာေပနဲ႔ အာ႐ုံမ်ားေနတဲ့ ရီးရဲလ္မက္ဒရစ္အသင္းဘက္က လွည့္မလာႏိုင္ခင္ လက္ဦးမႈ ရယူႀကိဳးစားေနတာျဖစ္ၿပီး တရားဝင္ေၾကျငာႏိုင္မယ့္ အခ်ိန္ကိုေတာ့ ပရိသတ္ေတြ လက္ခ်ိဳးေရတြက္ရင္း ေစာင့္စားရင္ခုန္ေနၾကၿပီျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.