Match Report Premier League UCL&UEL

အဝေးကွင်းမှာ ဘင်ဖီကာကို အနိုင်ယူပြီး ချန်ပီယံလိဂ်မှာ လွယ်ကူခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ အယ်လစ်ဆန်ရဲ့ ရှေ့က ဗန်ဒိုက်နဲ့ ကိုနာတေတို့ တွဲကစားလာခဲ့ကြပြီး အလက်ဇန်းဒါး-အာနိုးလ်ဒ် ဒဏ်ရာက ပြန်လာနိုင်ခဲ့သလို ဘယ်ခြမ်းမှာ ရောဘတ်ဆန်နဲ့ လူစုံလာခဲ့ချိန်မှာ ကွင်းလယ်မှာတော့ ဖာဘင်ညို၊ သီယာဂိုနဲ့ ကီတာတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ ဆာလား၊ မာနေးနဲ့ လူးဝစ် ဒီယက်ဇ်တို့ ကစားခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် ဘင်ဖီကာတို့ကတော့ ဂိုးသမား ဗလာဟိုဒီမော့စ်၊ ခံစစ်မှာ ဗာတွန်ဂန်၊ အော့တာမန်ဒီ၊ ဂီလ်ဘာတိုနဲ့ အဲလက်စ် ဂရီမယ်လ်ဒိုတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ပရီးမီးယားလိဂ်ကစားသမားဟောင်း တားရက်ဘ်၊ ရာဖာ ဆေးလ်ဗား၊ ဗီဂယ်လ်၊ အဲဗာတန်တို့နဲ့ ပွဲထွက်ခဲ့ကြချိန်မှာ တိုက်စစ်မှာတော့ ဒါဝင် နူးညက်ဇ်နဲ့ ဂွန်ဆာလို ရာမို့စ်နဲ့ ရင်ဆိုင်လာခဲ့ကြတာပါ။

ပေါ်တိုကစားသမားဟောင်း လူးဝစ် ဒီယက်ဇ်ကတော့ ခါးသီးတဲ့ ပြိုင်ဘက်ဟောင်းနဲ့ တွေ့ဆုံမှုမှာ ဘယ်တောင်ပံကနေ ထိုးနှက်နိုင်ခဲ့ပြီး မာနေးနဲ့ ဆာလားတို့ အတွဲကလည်း အစပိုင်းမှာ သိပ်မဆိုးခဲ့သလို ပွဲချိန် ၉ မိနစ်မှာ မာနေး နောက်ပေါက်နဲ့ ချပေးတာကို ဆာလား ဂိုးသမားနဲ့တွေ့ပြီး အပိတ်မှာ အော့တာမန်ဒီနဲ့ ငြိသွားခဲ့လို့ ဘင်ဖီကာတို့ စောစောစီးစီး ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ ကီတာရဲ့ ကန်ချက်ကို ဘင်ဖီကာဂိုးသမား ပုတ်ထုတ်သွားနိုင်ခဲ့ပြီး ၅ မိနစ်အကြာမှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို ရောဘတ်ဆန် ကန်တင်ပေးတာကို နောက်ခံလူ ကိုနာတေက သူ့ကို နှောင့်ယှက်ဖို့ မလွယ်တဲ့ ခပ်ပုပု ပြိုင်ဘက် အဲဗာတန်နဲ့ အတွေ့မှာ အေးအေးဆေးဆေး ခေါင်းတိုက်သွားနိုင်ခဲ့တာပါ။

ဘင်ဖီကာတို့ကတော့ အာနိုးလ်ဒ်ရဲ့ ရှေ့လိုက်လွန်းတဲ့ ဟာကွက်ကို ထိုးနှက်ဖို့ ကြိုးစားခဲ့ပေမယ့် ဗန်ဒိုက်ကို ဘယ်တောင်ပံသမား အဲဗာတန် မကျော်နိုင်ခဲ့တာကြောင့် ပြဿနာ သိပ်မရှိခဲ့သလို ပွဲချိန် ၂၄ မိနစ်မှာ လူးဝစ် ဒီယက်ဇ်က ကီတာ လူကြားထဲက မျှောထိုးပေးတာကို ဂိုးသမားနဲ့ တစ်ဦးချင်း တွေ့ခွင့်ရခဲ့ပေမယ့် ဝင်အောင် မကန်နိုင်ခဲ့ဘဲ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ လီဗာပူးလ်တို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရယူနိုင်ခဲ့ကြပြီး ဘင်ဖီကာ ကွင်းလယ်က လူပေးမှားတာကို အာနိုးလ်ဒ် ပြန်ရသွားပြီး ဘယ်ခြမ်းကို အမြင့်ဘော ဖြတ်တင်ပေးခဲ့ရာမှာ လူးဝစ် ဒီယက်ဇ်က နောက်ခံလူနဲ့အပြိုင် ပြေးလိုက်ပြီး အတွင်းကို ခေါင်းတိုက်ချပေးခဲ့ရာမှာ မာနေးအတွက်တော့ ထိချက်တစ်ချက်နဲ့ လွယ်လွယ်ကူကူ သွင်းယူသွားနိုင်ခဲ့တာပါ။

ဆာလားကတော့ ကစားရတာ တော်တော်လေး ဖီးလ်ကျဲနေပုံရပြီး နိုင်ငံအသင်းမှာ အာဖရိကဖလားနဲ့ ခြေစစ်ပွဲနောက်ဆုံးအဆင့်တွေကနေ လပိုင်းအတွင်း နှစ်ကြိမ် အထိနာထားခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာက ကလပ်ခြေစွမ်းကို ထိခိုက်စေသလိုဖြစ်နေခဲ့ပြီး ပွဲချိန် ၄၅ မိနစ်မှာ အာနိုးလ်ဒ် ကန်တင်ပေးတဲ့ ဘောလုံးက သူပြေးနေကျပုံစံနဲ့ဆိုရင် ခူးပြီးခပ်ပြီး စားနိုင်ရုံ ဖြစ်ခဲ့ပေမယ့် အဆုံးမသတ်ခင်မှာ အထိန်းအသိမ်းညံ့ပြီး အလဟဿဖြစ်ခဲ့ရပါတယ်။

ပထမပိုင်းမှာ လီဗာပူးလ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်အစမှာတော့ ဘင်ဖီကာတို့ ဂိုးရဖို့ ကြိုးစားလာခဲ့သလို ပွဲချိန် ၄၉ မိနစ်မှာတော့ လူးဝစ် ဒီယက်ဇ် နောက်ပြန်ခေါင်းတိုက်ချပေးတာကို အိမ်ရှင်တောင်ပံသမား ရာဖာ ဆေးလ်ဗားက ဖြတ်ဆွဲပြေးပြီး ညာတောင်ပံက ဖြတ်တင်ပေးရာမှာ ကိုနာတေရဲ့ ညံ့ဖျင်းမှုကြောင့် ရှင်းမထုတ်နိုင်ဘဲ သူ့ခြေကြားက ဝင်သွားခဲ့တာကို နောက်က စောင့်နေတဲ့ ဒါဝင် နူးညက်ဇ်က အပိုင်ပိတ်သွင်းပြီး ချေပနိုင်ခဲ့တာပါ။

ဒါဝင် နူးညက်ဇ်ကလည်း လူးဝစ် ဒီယက်ဇ်လိုပဲ ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ စင်တော်ကောက်ခြင်းကို ခံရဖို့ နီးစပ်နေပြီး ဒီဂိုးမှာဆိုရင် သူ့ရဲ့ အချိန်မရွေး အဆင်သင့်ဖြစ်နေမှုက ကိုနာတေ ခြေကြားက လွတ်ထွက်လာတဲ့ ဘောလုံးကို သတိမလွတ်ဘဲ ထိန်းသိမ်းနိုင်ခဲ့သလို ဂိုးသမား အယ်လစ်ဆန်ကို လူကွယ်ပြီးမှ ပါးပါးနပ်နပ် အဆုံးသတ်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဧည့်သည် လီဗာပူးလ်တို့ရဲ့ လူကျွံထောင်ချောက်တွေကို အိမ်ရှင် ဘင်ဖီကာတို့အနေနဲ့ အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့တာကြောင့် ခံစစ်မှာ ဖရိုဖရဲဖြစ်နေခဲ့ရပြီး ဂိုးသမား အယ်လစ်ဆန် ကောင်းလို့သာ နောက်တစ်ဂိုး ထပ်မပေးခဲ့ရတာဖြစ်သလို ဒါဝင် နူးညက်ဇ်နဲ့ ဂွန်ဆာလို ရာမို့စ်တို့ကလည်း အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တချို့ ရှိနေခဲ့လို့ သရေရဖို့ မနီးစပ်ဘဲဖြစ်နေခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာ လီဗာပူးလ်တို့ အနိုင်သေချာနိုင်ဖို့ ထပ်ကြိုးစားခဲ့ပေမယ့် ကွင်းလယ်စိုးမိုးမှု လိုအပ်နေခဲ့တာကြောင့် ပွဲချိန် ၆၁ မိနစ်မှာ သီယာဂို၊ ဆာလားနဲ့ မာနေးတို့ကို ထုတ်ပြီး သူတို့နေရာမှာ ဟန်ဒါဆန်၊ ဂျိုတာနဲ့ ဖာမီနိုတို့ကို ထည့်သွင်းကစားပြီး အပြောင်းအလဲလုပ်သွားခဲ့သလို ဘင်ဖီကာတို့ဘက်ကလည်း သရေရဖို့အတွက် တိုက်စစ်ပိုင်းကိုပဲ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ လီဗာပူးလ်တို့ အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး တိုက်စစ်ဇုန်မှာ ဘင်ဖီကာတို့ လူပေးမှားရာကနေ ကီတာက ပြန်လည်ရယူပြီး ကွင်းလယ်အထိ ဆွဲတက်လာပြီးမှ ခင်းပေးခဲ့တာကို လူကပ်ကစားပုံ ညံ့နေတဲ့ တစ်ဖက်နောက်တန်းတွေကြားကနေ လူးဝစ် ဒီယက်ဇ်က ပြေးထွက်ရယူပြီး ဂိုးသမားကိုပါ ဖြတ်ကျော်ပြီးမှ ဘယ်ခြေနဲ့ ကန်သွင်းနိုင်ခဲ့လို့ တတိယဦးဆောင်ဂိုး ရရှိခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့ သုံးဂိုး-တစ်ဂိုးနဲ့ အဝေးကွင်း ပထမအကျော့မှာ အောင်ပွဲခံနိုင်ခဲ့သလို ဆာလားတစ်ယောက် ခြေပျောက်နေခဲ့ပေမယ့် တစ်လုံးသွင်း၊ တစ်လုံးဖန်တီးခဲ့တဲ့ လူးဝစ် ဒီယက်ဇ်ရဲ့ ခြေစွမ်းတွေက လိုအပ်ချိန်မှာ ကွက်တိ အစားထိုးနိုင်ခဲ့ပြီး နည်းပြ ယာဂန် ကလော့ပ်အတွက်တော့ ကျေနပ်စရာ ဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ အယ္လစ္ဆန္ရဲ႕ ေရွ႕က ဗန္ဒိုက္နဲ႔ ကိုနာေတတို႔ တြဲကစားလာခဲ့ၾကၿပီး အလက္ဇန္းဒါး-အာႏိုးလ္ဒ္ ဒဏ္ရာက ျပန္လာႏိုင္ခဲ့သလို ဘယ္ျခမ္းမွာ ေရာဘတ္ဆန္နဲ႔ လူစုံလာခဲ့ခ်ိန္မွာ ကြင္းလယ္မွာေတာ့ ဖာဘင္ညိဳ၊ သီယာဂိုနဲ႔ ကီတာတို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ဆာလား၊ မာေနးနဲ႔ လူးဝစ္ ဒီယက္ဇ္တို႔ ကစားခဲ့ၾကတာျဖစ္ပါတယ္။

အိမ္ရွင္ ဘင္ဖီကာတို႔ကေတာ့ ဂိုးသမား ဗလာဟိုဒီေမာ့စ္၊ ခံစစ္မွာ ဗာတြန္ဂန္၊ ေအာ့တာမန္ဒီ၊ ဂီလ္ဘာတိုနဲ႔ အဲလက္စ္ ဂရီမယ္လ္ဒိုတို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ပရီးမီးယားလိဂ္ကစားသမားေဟာင္း တားရက္ဘ္၊ ရာဖာ ေဆးလ္ဗား၊ ဗီဂယ္လ္၊ အဲဗာတန္တို႔နဲ႔ ပြဲထြက္ခဲ့ၾကခ်ိန္မွာ တိုက္စစ္မွာေတာ့ ဒါဝင္ ႏူးညက္ဇ္နဲ႔ ဂြန္ဆာလို ရာမို႔စ္နဲ႔ ရင္ဆိုင္လာခဲ့ၾကတာပါ။

ေပၚတိုကစားသမားေဟာင္း လူးဝစ္ ဒီယက္ဇ္ကေတာ့ ခါးသီးတဲ့ ၿပိဳင္ဘက္ေဟာင္းနဲ႔ ေတြ႕ဆုံမႈမွာ ဘယ္ေတာင္ပံကေန ထိုးႏွက္ႏိုင္ခဲ့ၿပီး မာေနးနဲ႔ ဆာလားတို႔ အတြဲကလည္း အစပိုင္းမွာ သိပ္မဆိုးခဲ့သလို ပြဲခ်ိန္ ၉ မိနစ္မွာ မာေနး ေနာက္ေပါက္နဲ႔ ခ်ေပးတာကို ဆာလား ဂိုးသမားနဲ႔ေတြ႕ၿပီး အပိတ္မွာ ေအာ့တာမန္ဒီနဲ႔ ၿငိသြားခဲ့လို႔ ဘင္ဖီကာတို႔ ေစာေစာစီးစီး ဂိုးမေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာ ကီတာရဲ႕ ကန္ခ်က္ကို ဘင္ဖီကာဂိုးသမား ပုတ္ထုတ္သြားႏိုင္ခဲ့ၿပီး ၅ မိနစ္အၾကာမွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ဘယ္ေထာင့္ကန္ေဘာကို ေရာဘတ္ဆန္ ကန္တင္ေပးတာကို ေနာက္ခံလူ ကိုနာေတက သူ႔ကို ေႏွာင့္ယွက္ဖို႔ မလြယ္တဲ့ ခပ္ပုပု ၿပိဳင္ဘက္ အဲဗာတန္နဲ႔ အေတြ႕မွာ ေအးေအးေဆးေဆး ေခါင္းတိုက္သြားႏိုင္ခဲ့တာပါ။

ဘင္ဖီကာတို႔ကေတာ့ အာႏိုးလ္ဒ္ရဲ႕ ေရွ႕လိုက္လြန္းတဲ့ ဟာကြက္ကို ထိုးႏွက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဗန္ဒိုက္ကို ဘယ္ေတာင္ပံသမား အဲဗာတန္ မေက်ာ္ႏိုင္ခဲ့တာေၾကာင့္ ျပႆနာ သိပ္မရွိခဲ့သလို ပြဲခ်ိန္ ၂၄ မိနစ္မွာ လူးဝစ္ ဒီယက္ဇ္က ကီတာ လူၾကားထဲက ေမွ်ာထိုးေပးတာကို ဂိုးသမားနဲ႔ တစ္ဦးခ်င္း ေတြ႕ခြင့္ရခဲ့ေပမယ့္ ဝင္ေအာင္ မကန္ႏိုင္ခဲ့ဘဲ နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ဘင္ဖီကာ ကြင္းလယ္က လူေပးမွားတာကို အာႏိုးလ္ဒ္ ျပန္ရသြားၿပီး ဘယ္ျခမ္းကို အျမင့္ေဘာ ျဖတ္တင္ေပးခဲ့ရာမွာ လူးဝစ္ ဒီယက္ဇ္က ေနာက္ခံလူနဲ႔အၿပိဳင္ ေျပးလိုက္ၿပီး အတြင္းကို ေခါင္းတိုက္ခ်ေပးခဲ့ရာမွာ မာေနးအတြက္ေတာ့ ထိခ်က္တစ္ခ်က္နဲ႔ လြယ္လြယ္ကူကူ သြင္းယူသြားႏိုင္ခဲ့တာပါ။

ဆာလားကေတာ့ ကစားရတာ ေတာ္ေတာ္ေလး ဖီးလ္က်ဲေနပုံရၿပီး ႏိုင္ငံအသင္းမွာ အာဖရိကဖလားနဲ႔ ေျခစစ္ပြဲေနာက္ဆုံးအဆင့္ေတြကေန လပိုင္းအတြင္း ႏွစ္ႀကိမ္ အထိနာထားခဲ့တဲ့ စိတ္ပိုင္းဆိုင္ရာက ကလပ္ေျခစြမ္းကို ထိခိုက္ေစသလိုျဖစ္ေနခဲ့ၿပီး ပြဲခ်ိန္ ၄၅ မိနစ္မွာ အာႏိုးလ္ဒ္ ကန္တင္ေပးတဲ့ ေဘာလုံးက သူေျပးေနက်ပုံစံနဲ႔ဆိုရင္ ခူးၿပီးခပ္ၿပီး စားႏိုင္႐ုံ ျဖစ္ခဲ့ေပမယ့္ အဆုံးမသတ္ခင္မွာ အထိန္းအသိမ္းညံ့ၿပီး အလဟႆျဖစ္ခဲ့ရပါတယ္။

ပထမပိုင္းမွာ လီဗာပူးလ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ ဘင္ဖီကာတို႔ ဂိုးရဖို႔ ႀကိဳးစားလာခဲ့သလို ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ လူးဝစ္ ဒီယက္ဇ္ ေနာက္ျပန္ေခါင္းတိုက္ခ်ေပးတာကို အိမ္ရွင္ေတာင္ပံသမား ရာဖာ ေဆးလ္ဗားက ျဖတ္ဆြဲေျပးၿပီး ညာေတာင္ပံက ျဖတ္တင္ေပးရာမွာ ကိုနာေတရဲ႕ ညံ့ဖ်င္းမႈေၾကာင့္ ရွင္းမထုတ္ႏိုင္ဘဲ သူ႔ေျခၾကားက ဝင္သြားခဲ့တာကို ေနာက္က ေစာင့္ေနတဲ့ ဒါဝင္ ႏူးညက္ဇ္က အပိုင္ပိတ္သြင္းၿပီး ေခ်ပႏိုင္ခဲ့တာပါ။

ဒါဝင္ ႏူးညက္ဇ္ကလည္း လူးဝစ္ ဒီယက္ဇ္လိုပဲ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ စင္ေတာ္ေကာက္ျခင္းကို ခံရဖို႔ နီးစပ္ေနၿပီး ဒီဂိုးမွာဆိုရင္ သူ႔ရဲ႕ အခ်ိန္မေ႐ြး အဆင္သင့္ျဖစ္ေနမႈက ကိုနာေတ ေျခၾကားက လြတ္ထြက္လာတဲ့ ေဘာလုံးကို သတိမလြတ္ဘဲ ထိန္းသိမ္းႏိုင္ခဲ့သလို ဂိုးသမား အယ္လစ္ဆန္ကို လူကြယ္ၿပီးမွ ပါးပါးနပ္နပ္ အဆုံးသတ္သြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဧည့္သည္ လီဗာပူးလ္တို႔ရဲ႕ လူကြၽံေထာင္ေခ်ာက္ေတြကို အိမ္ရွင္ ဘင္ဖီကာတို႔အေနနဲ႔ အလြယ္တကူ ေက်ာ္ျဖတ္ႏိုင္ခဲ့တာေၾကာင့္ ခံစစ္မွာ ဖ႐ိုဖရဲျဖစ္ေနခဲ့ရၿပီး ဂိုးသမား အယ္လစ္ဆန္ ေကာင္းလို႔သာ ေနာက္တစ္ဂိုး ထပ္မေပးခဲ့ရတာျဖစ္သလို ဒါဝင္ ႏူးညက္ဇ္နဲ႔ ဂြန္ဆာလို ရာမို႔စ္တို႔ကလည္း အဆုံးသတ္ပိုင္းမွာ လိုအပ္ခ်က္တခ်ိဳ႕ ရွိေနခဲ့လို႔ သေရရဖို႔ မနီးစပ္ဘဲျဖစ္ေနခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာ လီဗာပူးလ္တို႔ အႏိုင္ေသခ်ာႏိုင္ဖို႔ ထပ္ႀကိဳးစားခဲ့ေပမယ့္ ကြင္းလယ္စိုးမိုးမႈ လိုအပ္ေနခဲ့တာေၾကာင့္ ပြဲခ်ိန္ ၆၁ မိနစ္မွာ သီယာဂို၊ ဆာလားနဲ႔ မာေနးတို႔ကို ထုတ္ၿပီး သူတို႔ေနရာမွာ ဟန္ဒါဆန္၊ ဂ်ိဳတာနဲ႔ ဖာမီႏိုတို႔ကို ထည့္သြင္းကစားၿပီး အေျပာင္းအလဲလုပ္သြားခဲ့သလို ဘင္ဖီကာတို႔ဘက္ကလည္း သေရရဖို႔အတြက္ တိုက္စစ္ပိုင္းကိုပဲ ျပင္ဆင္လာခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အႏိုင္ေသခ်ာေစမယ့္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး တိုက္စစ္ဇုန္မွာ ဘင္ဖီကာတို႔ လူေပးမွားရာကေန ကီတာက ျပန္လည္ရယူၿပီး ကြင္းလယ္အထိ ဆြဲတက္လာၿပီးမွ ခင္းေပးခဲ့တာကို လူကပ္ကစားပုံ ညံ့ေနတဲ့ တစ္ဖက္ေနာက္တန္းေတြၾကားကေန လူးဝစ္ ဒီယက္ဇ္က ေျပးထြက္ရယူၿပီး ဂိုးသမားကိုပါ ျဖတ္ေက်ာ္ၿပီးမွ ဘယ္ေျခနဲ႔ ကန္သြင္းႏိုင္ခဲ့လို႔ တတိယဦးေဆာင္ဂိုး ရရွိခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔ သုံးဂိုး-တစ္ဂိုးနဲ႔ အေဝးကြင္း ပထမအေက်ာ့မွာ ေအာင္ပြဲခံႏိုင္ခဲ့သလို ဆာလားတစ္ေယာက္ ေျခေပ်ာက္ေနခဲ့ေပမယ့္ တစ္လုံးသြင္း၊ တစ္လုံးဖန္တီးခဲ့တဲ့ လူးဝစ္ ဒီယက္ဇ္ရဲ႕ ေျခစြမ္းေတြက လိုအပ္ခ်ိန္မွာ ကြက္တိ အစားထိုးႏိုင္ခဲ့ၿပီး နည္းျပ ယာဂန္ ကေလာ့ပ္အတြက္ေတာ့ ေက်နပ္စရာ ျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.