Premier League

ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီး အသင်းမှာ ဆာလားနဲ့ မာနေးနဲ့ ခွာပြဲနေကြပြီဆိုတာ တကယ်လား

မိုဟာမက် ဆာလားရဲ့ အီဂျစ်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက် အဆုံးသတ်ပေးခဲ့တဲ့ ဆာဒီယို မာနေးရဲ့ တုံ့ပြန်မှုက ၎င်းတို့ ၂ ဦးကြားမှာ မယုံနိုင်ဖွယ် ရင်းနှီးချစ်ခင်တဲ့ ဆက်ဆံရေးရှိတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။

အဲဒါကတော့ လီဗာပူးလ် နည်းပြ ယာဂန် ကလော့ပ်ရဲ့ အမြင်ဖြစ်ပြီး ၎င်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ၂ ဦးဟာ အဆင်မပြေဖြစ်နေရုံသာမကဘဲ တစ်ယောက်နဲ့တစ်ယောက် ပိုသာချင်နေကြတဲ့ ပြင်းထန်တဲ့ပြိုင်ဘက်တွေဆိုတဲ့ ဇာတ်လမ်းတွေကို အရင်တစ်ခါတုန်းက ငြင်းပယ်ခဲ့ဖူးတာဖြစ်ပါတယ်။

ကလော့ပ်က ပြီးခဲ့တဲ့လမှာ ဆီနီဂေါအသင်းက အာဖရိကဖလား ဆွတ်ခူးခဲ့ပြီးနောက် ကမ္ဘာ့ဖလားဝင်ခွင့်လည်း ရရှိခဲ့ပြီး လီဗာပူးလ်အသင်းဖော်ရဲ့အသင်းကို ၂ ကြိမ်အထိ အနိုင်ယူခဲ့တာကို အောင်ပွဲမခံဘဲ နေနိုင်ခဲ့တဲ့ မာနေးရဲ့ အပြုအမူကို အထင်ကြီးမိကြောင်း ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီး အန်းဖီးကို ပြန်လည်ရောက်ရှိလာချိန်မှာ အသင်းဖော်တွေက အောင်ပွဲခံဖို့ စီစဉ်ခဲ့ကြပေမယ့်လည်း ဆာလားကို လေးစားသောအားဖြင့် မာနေးက ၎င်းရဲ့အောင်မြင်မှုကို အခမ်းအနားလုပ် အောင်ပွဲခံမယ့်ကိစ္စကို ဖျက်သိမ်းဖို့အတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ကလော့ပ်က အဲဒါဟာ ဆာလားနဲ့ မာနေးတို့ကြားက အသင်းဖော်တွေအဖြစ်ရော ညီအစ်ကိုတွေလိုပါ ခိုင်မာတဲ့ သံယောဇဉ်ကို ပြသနေတာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူတို့တွေက ရင်းနှီးရုံတင်မဟုတ်ဘူးဆိုတာနဲ့ပတ်သက်ပြီး သံသယဖြစ်စရာမရှိပါဘူး။ သူတို့တွေက ပညာတတ်တွေပါ။ သူတို့တွေက လူတော် လူကောင်းလေးတွေပါ။ ရိုးရိုးသားသား ပြောရရင် ဆာဒီယိုက အထူးသဖြင့် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ကျွန်တော် တကယ်တွေးမိခဲ့ပြီး မိုလည်း အဲဒါကို အသိအမှတ်ပြုမယ်ဆိုတာ သေချာပါတယ်”

“တကယ်လို့ ခင်ဗျားတို့က ညီအစ်ကိုဖြစ်ပြီး သူက တခြားအသင်းအတွက် ကစားနေရင် ခင်ဗျား ဗိုလ်လုပွဲ ကစားပြီး တစ်ယောက်က နိုင်ရင် တစ်ယောက်က ရှုံးမှာပဲဆိုတာ တွေးကြည့်လို့ရပါတယ်။ အဲဒါက ဘယ်သူ့အတွက်မှ မကောင်းတဲ့အခြေအနေပါ။ ဒါပေမယ့် ဆာဒီယိုနဲ့မိုတို့က သူတို့ကိုယ်သူတို့ သူငယ်ချင်းအဖြစ် သတ်မှတ်ထားပြီး အဲဒါကို ကောင်းကောင်းကိုင်တွယ်ခဲ့တယ်ဆိုတာ သေချာပါတယ်”

ဆာဒီယို မာနေးနဲ့ မိုဟာမက် ဆာလားတို့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ မကစားမီ လီဗာပူးလ်အသင်းရဲ့ နောက်ဆုံးပွဲစဉ်အပြီးမှာ အနားယူခဲ့ကြပြီးနောက် ဝက်ဖို့ဒ်နဲ့ ကစားမယ့်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်လာတော့မှာဖြစ်ပါတယ်။ ကလော့ပ်ရဲ့ ပြောစကားတွေက တစ်ယောက်နဲ့တစ်ယောက် မနှစ်သက်ကြဘဲ တူညီတဲ့ဂျာစီကို ဝတ်ဆင်ထားတာတောင်မှ ကွင်းထဲမှာ ပြိုင်ဘက်တွေဖြစ်နေကြတယ်ဆိုတဲ့ ကာလရှည်ကြာ ယုံကြည်မှုတွေကို လွင့်စင်သွားစေမှာ ဖြစ်ပါတယ်။

“ဟင့်အင်း၊ သူတို့က ပြိုင်ဘက်တွေ မဟုတ်ကြပါဘူး။ ခင်ဗျား အသင်းတစ်သင်းထဲမှာ အတူတူကစားနေပြီး ၂ ဦးစလုံးကလည်း ဂိုးတွေ သွင်းယူချင်ကြတယ်။ အဲဒါက သာမန်ပဲ။ ကျွန်တော်တို့လည်း သူတို့ကို ဂိုးတွေ သွင်းယူစေချင်တယ်။ ဟုတ်ပါတယ်။ တစ်ယောက်က တစ်ယောက်ကို မမြင်ရဘဲ အပြီးမသတ်နိုင်ခဲ့တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ချက်ချင်းပဲ ‘အဲဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းက ဘာလဲ’လို့ ပြောကြတယ်။ဒါပေမယ့် တကယ်ကို ဘာမှဖြစ်ပါဘူး။ အဲဒီအတိုင်းပါပဲ။ ကျွန်တော်တို့က လူသားတွေဖြစ်ပြီး တခါတလေမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်မိတတ်ပါတယ်။ ဒါပေမယ့် အဲဒါက ပုဂ္ဂိုလ်ရေးအရ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဂိုးတွေ သွင်းချင်ပြီး နည်းနည်းလည်း ကြာတော့ အဲဒါက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဆိုတာကို သိသွားပါတယ်”

“ခင်ဗျားရဲ့ အသင်းမှာ အခြားကစားသမားတွေနဲ့ ဘယ်လိုယှဉ်ပြိုင်မှုမျိုးမှ လုပ်တာမဟုတ်ပါဘူး။ အဲဒါက မှားယွင်းတဲ့ ဆုံးဖြတ်ချက် ချမှတ်မိခဲ့ရုံပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ ကလော့ပ်က ဆာလားအနေနဲ့ ၎င်းရဲ့ ကစားသမားဘဝ အထွတ်အထိပ်ရောက်နေတဲ့အချိန်မှာ ကမ္ဘာ့ဖလားဝင်ခွင့် လွဲချော်ခဲ့ပြီးတာတောင်မှပဲ ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာ ၎င်းရဲ့ ချန်ပီယံစိတ်ဓာတ်ကို ပြန်လည်ပြသနိုင်လိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။

“ဆာလားအတွက် ဒါက အရင်တုန်းကထက် ပိုပြီး အခုအချိန်မှာ ပိုပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ ပြန်လည်တုံ့ပြန်မှုဖြစ်ဖို့ သေချာပါတယ်။ ဒါက သူ့ရဲ့စိတ်ထားမျိုးဆိုတာ သေချာပါတယ်။ အဲဒါက မိုမှာရှိနေတဲ့ တုံ့ပြန်မှုပါ။ လဲကျနေဖို့အတွက် သူ့မှာ စိတ်ကူးမရှိပါဘူး။ ကျွန်တော်တို့ အားလုံး တခါတလေတော့ ဘဝမှာ လဲကျခဲ့ဖူးပေမယ့်လည်း လဲကျနေလို့ ပြန်မထတော့ဘူးဆိုတဲ့ စိတ်ကူးမျိုးတော့ မရှိပါဘူး”လို့ ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မိုဟာမက္ ဆာလားရဲ့ အီဂ်စ္အသင္းကို ကမၻာ့ဖလားၿပိဳင္ပြဲဝင္ခြင့္ေမၽွာ္လင့္ခ်က္ အဆုံးသတ္ေပးခဲ့တဲ့ ဆာဒီယို မာေနးရဲ့ တုံ႔ျပန္မႈက ၎တို႔ ၂ ဦးၾကားမွာ မယုံနိုင္ဖြယ္ ရင္းႏွီးခ်စ္ခင္တဲ့ ဆက္ဆံေရးရွိတယ္ဆိုတာကို ျပသေနတာျဖစ္ပါတယ္။

အဲဒါကေတာ့ လီဗာပူးလ္ နည္းၿပ ယာဂန္ ကေလာ့ပ္ရဲ့ အျမင္ျဖစ္ၿပီး ၎ရဲ့ ၾကယ္ပြင့္ တိုက္စစ္မႉး ၂ ဦးဟာ အဆင္မေျပျဖစ္ေန႐ုံသာမကဘဲ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုသာခ်င္ေနၾကတဲ့ ျပင္းထန္တဲ့ၿပိဳင္ဘက္ေတြဆိုတဲ့ ဇာတ္လမ္းေတြကို အရင္တစ္ခါတုန္းက ျငင္းပယ္ခဲ့ဖူးတာျဖစ္ပါတယ္။

ကေလာ့ပ္က ၿပီးခဲ့တဲ့လမွာ ဆီနီေဂါအသင္းက အာဖရိကဖလား ဆြတ္ခူးခဲ့ၿပီးေနာက္ ကမၻာ့ဖလားဝင္ခြင့္လည္း ရရွိခဲ့ၿပီး လီဗာပူးလ္အသင္းေဖာ္ရဲ့အသင္းကို ၂ ႀကိမ္အထိ အနိုင္ယူခဲ့တာကို ေအာင္ပြဲမခံဘဲ ေနနိုင္ခဲ့တဲ့ မာေနးရဲ့ အျပဳအမူကို အထင္ႀကီးမိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ကမၻာ့ဖလားေျခစစ္ပြဲအၿပီး အန္းဖီးကို ျပန္လည္ေရာက္ရွိလာခ်ိန္မွာ အသင္းေဖာ္ေတြက ေအာင္ပြဲခံဖို႔ စီစဥ္ခဲ့ၾကေပမယ့္လည္း ဆာလားကို ေလးစားေသာအားျဖင့္ မာေနးက ၎ရဲ့ေအာင္ျမင္မႈကို အခမ္းအနားလုပ္ ေအာင္ပြဲခံမယ့္ကိစၥကို ဖ်က္သိမ္းဖို႔အတြက္ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ ကေလာ့ပ္က အဲဒါဟာ ဆာလားနဲ႔ မာေနးတို႔ၾကားက အသင္းေဖာ္ေတြအျဖစ္ေရာ ညီအစ္ကိုေတြလိုပါ ခိုင္မာတဲ့ သံေယာဇဥ္ကို ျပသေနတာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူတို႔ေတြက ရင္းႏွီး႐ုံတင္မဟုတ္ဘူးဆိုတာနဲ႔ပတ္သက္ၿပီး သံသယျဖစ္စရာမရွိပါဘူး။ သူတို႔ေတြက ပညာတတ္ေတြပါ။ သူတို႔ေတြက လူေတာ္ လူေကာင္းေလးေတြပါ။ ရိုးရိုးသားသား ေျပာရရင္ ဆာဒီယိုက အထူးသျဖင့္ ေကာင္းေကာင္းလုပ္နိုင္ခဲ့တယ္လို႔ ကၽြန္ေတာ္ တကယ္ေတြးမိခဲ့ၿပီး မိုလည္း အဲဒါကို အသိအမွတ္ျပဳမယ္ဆိုတာ ေသခ်ာပါတယ္”

“တကယ္လို႔ ခင္ဗ်ားတို့က ညီအစ္ကိုျဖစ္ၿပီး သူက တျခားအသင္းအတြက္ ကစားေနရင္ ခင္ဗ်ား ဗိုလ္လုပြဲ ကစားၿပီး တစ္ေယာက္က နိုင္ရင္ တစ္ေယာက္က ရႈံးမွာပဲဆိုတာ ေတြးၾကည့္လို႔ရပါတယ္။ အဲဒါက ဘယ္သူ႔အတြက္မွ မေကာင္းတဲ့အေျခအေနပါ။ ဒါေပမယ့္ ဆာဒီယိုနဲ႔မိုတို႔က သူတို႔ကိုယ္သူတို႔ သူငယ္ခ်င္းအျဖစ္ သတ္မွတ္ထားၿပီး အဲဒါကို ေကာင္းေကာင္းကိုင္တြယ္ခဲ့တယ္ဆိုတာ ေသခ်ာပါတယ္”

ဆာဒီယို မာေနးနဲ႔ မိုဟာမက္ ဆာလားတို႔ဟာ ကမၻာ့ဖလားေျခစစ္ပြဲ မကစားမီ လီဗာပူးလ္အသင္းရဲ့ ေနာက္ဆုံးပြဲစဥ္အၿပီးမွာ အနားယူခဲ့ၾကၿပီးေနာက္ ဝက္ဖို႔ဒ္နဲ႔ ကစားမယ့္ပြဲစဥ္အတြက္ ပြဲထြက္လူစာရင္းမွာ ျပန္လည္ပါဝင္လာေတာ့မွာျဖစ္ပါတယ္။ ကေလာ့ပ္ရဲ့ ေျပာစကားေတြက တစ္ေယာက္နဲ႔တစ္ေယာက္ မႏွစ္သက္ၾကဘဲ တူညီတဲ့ဂ်ာစီကို ဝတ္ဆင္ထားတာေတာင္မွ ကြင္းထဲမွာ ၿပိဳင္ဘက္ေတြျဖစ္ေနၾကတယ္ဆိုတဲ့ ကာလရွည္ၾကာ ယုံၾကည္မႈေတြကို လြင့္စင္သြားေစမွာ ျဖစ္ပါတယ္။

“ဟင့္အင္း၊ သူတို႔က ၿပိဳင္ဘက္ေတြ မဟုတ္ၾကပါဘူး။ ခင္ဗ်ား အသင္းတစ္သင္းထဲမွာ အတူတူကစားေနၿပီး ၂ ဦးစလုံးကလည္း ဂိုးေတြ သြင္းယူခ်င္ၾကတယ္။ အဲဒါက သာမန္ပဲ။ ကၽြန္ေတာ္တို႔လည္း သူတို႔ကို ဂိုးေတြ သြင္းယူေစခ်င္တယ္။ ဟုတ္ပါတယ္။ တစ္ေယာက္က တစ္ေယာက္ကို မျမင္ရဘဲ အၿပီးမသတ္နိုင္ခဲ့တဲ့ အေျခအေနေတြ ရွိခဲ့ပါတယ္။ ၿပီးေတာ့ ကၽြန္ေတာ္တို႔ ခ်က္ခ်င္းပဲ ‘အဲဒီလို ျဖစ္ရတဲ့ အေၾကာင္းအရင္းက ဘာလဲ’လို႔ ေျပာၾကတယ္။ဒါေပမယ့္ တကယ္ကို ဘာမွျဖစ္ပါဘူး။ အဲဒီအတိုင္းပါပဲ။ ကၽြန္ေတာ္တို႔က လူသားေတြျဖစ္ၿပီး တခါတေလမွာ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္မိတတ္ပါတယ္။ ဒါေပမယ့္ အဲဒါက ပုဂၢိဳလ္ေရးအရ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ဂိုးေတြ သြင္းခ်င္ၿပီး နည္းနည္းလည္း ၾကာေတာ့ အဲဒါက မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ဆိုတာကို သိသြားပါတယ္”

“ခင္ဗ်ားရဲ့ အသင္းမွာ အျခားကစားသမားေတြနဲ႔ ဘယ္လိုယွဥ္ၿပိဳင္မႈမ်ိဳးမွ လုပ္တာမဟုတ္ပါဘူး။ အဲဒါက မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ ခ်မွတ္မိခဲ့႐ုံပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ ကေလာ့ပ္က ဆာလားအေနနဲ႔ ၎ရဲ့ ကစားသမားဘဝ အထြတ္အထိပ္ေရာက္ေနတဲ့အခ်ိန္မွာ ကမၻာ့ဖလားဝင္ခြင့္ လြဲေခ်ာ္ခဲ့ၿပီးတာေတာင္မွပဲ ဝက္ဖို႔ဒ္နဲ႔ပြဲစဥ္မွာ ၎ရဲ့ ခ်န္ပီယံစိတ္ဓာတ္ကို ျပန္လည္ျပသနိုင္လိမ့္မယ္လို႔လည္း ယုံၾကည္ေနပါတယ္။

“ဆာလားအတြက္ ဒါက အရင္တုန္းကထက္ ပိုၿပီး အခုအခ်ိန္မွာ ပိုျပင္းထန္တဲ့ စိတ္ဓာတ္နဲ႔ ျပန္လည္တုံ႔ျပန္မႈျဖစ္ဖို႔ ေသခ်ာပါတယ္။ ဒါက သူ႔ရဲ့စိတ္ထားမ်ိဳးဆိုတာ ေသခ်ာပါတယ္။ အဲဒါက မိုမွာရွိေနတဲ့ တုံ႔ျပန္မႈပါ။ လဲက်ေနဖို႔အတြက္ သူ႔မွာ စိတ္ကူးမရွိပါဘူး။ ကၽြန္ေတာ္တို႔ အားလုံး တခါတေလေတာ့ ဘဝမွာ လဲက်ခဲ့ဖူးေပမယ့္လည္း လဲက်ေနလို႔ ျပန္မထေတာ့ဘူးဆိုတဲ့ စိတ္ကူးမ်ိဳးေတာ့ မရွိပါဘူး”လို႔ ထပ္ေလာင္း ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.