Premier League Transfer News

အာတီတာ အမေ့ခံ ကစားသမားရဲ့ အခန်းကဏ္ဍက လာမယ့်ရာသီမှာ အရေးပါလာတော့မလား

အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာကတော့ လူတစ်မျိုးဖြစ်ပြီး ကစားသမားတွေကို လက်တွဲဖို့အတွက် သူ့ရဲ့ သွားချင်တဲ့ နည်းလမ်းနဲ့ ပုံစံမျိုးကို ချပြပြီးမှ ဒီအတိုင်းလုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် ထွက်ဆိုပြီး ပြောတတ်ချိန်မှာ ဂိုးမသွင်းနိုင်ဘဲ စပ်ဖြဲဖြဲလုပ်နေတဲ့ အသင်းကပ္ပတိန် ပျယ်-အမ်မရိခ် အူဘာမီယန်းတောင် ကန်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီလိုပဲ ရှေ့မှာလည်း မီဆွတ် အိုဇေးလ်ကို ကန်ထုတ်ခဲ့ဖူးပြီး ဒီနှစ်ယောက်အတွက်တော့ လူအိုခြေကျတွေဖြစ်လို့ ပရိသတ်တွေ သိပ်မလွမ်းကြပေမယ့် နှမြောတသရတဲ့သူတစ်ဦးတော့ ရှိပါတယ်။ သူကတော့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်မှာ ပြင်သစ်လက်ရွေးစင်အဖြစ် လှပတဲ့ သွင်းဂိုးတစ်ဂိုးနဲ့ ပရိသတ်တွေ ပိုလွမ်းစေသူပါ။

အာဆင်နယ်အတွက်တော့ သူဟာ ရေရှည်မှာ ခေါင်းဆောင်ဖြစ်လာနိုင်ပြီး ကွင်းလယ်ကို ထိန်းချုပ်နိုင်မယ့် ကစားသမားမျိုးအဖြစ် နည်းပြ အူနိုင်း အမ်မရီရဲ့ ခေါ်ယူခြင်းခံခဲ့ရပေမယ့် အဲ့ဒီအချိန်မှာ နည်းပြအဖွဲ့ထဲမှာ စပိန်သားတွေချည်းများနေပြီး စကားမပေါက်တာနဲ့ သူ့အနေနဲ့ အတုယူမှားစရာ ရှေ့က ကစားသမားမျိုးတွေ ရှိနေတာကြောင့် အာဆင်ဝင်းဂါးစတိုင်က ခွဲထွက်မယ့်သူတွေနဲ့ ပြဿနာဖြစ်ခဲ့ရပါတယ်။

ဒီလိုနဲ့ အာတီတာလက်ထက်မှာ ထရိန်နင်မှာ အခွက်ပြောင်မှုနဲ့ အငှားကစားသမားအဖြစ် အမ်းမရိတ်က လွင့်သွားခဲ့ပြီး ဟာသာဘာလင်မှာလည်း သိပ်ပြီး အလုပ်မဖြစ်ခဲ့လို့ ပစ်လိုက်ရပြီလို့ ထင်နေတုန်းမှာပဲ ပြင်သစ်မြေမှာတော့ မာဆေးလ်နဲ့ ပူးပေါင်းချိန်မှာ ဂန်ဒူဇီတစ်ယောက် ပြန်လည်ထွန်းတောက်လာနိုင်ခဲ့တာပါ။

ဒီအချိန်မှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ ငယ်ငယ်ကတည်းကနေ တစ်ခါမှ မမြန်ဖူးတဲ့ ချာကာရဲ့ နှေးကွေးလေးလံတဲ့ ကစားပုံကြောင့် အစားထိုးဖို့ လိုနေပြီလို့ ထောက်ပြခံနေရပြီး သူ့ရဲ့ ဟာကွက်တွေမှာ နည်းစနစ်ပိုင်း အားနည်းပြီး ခံစားသွားရနိုင်ချိန်မှာ အာတီတာအနေနဲ့ ဒါကို ကာကွယ်ဖို့ တိုက်စစ်ပိုလိုက်ခိုင်းပြီး သူ့နေရာမှာ တီယာနီကို ကွင်းလယ်အဖျက်နဲ့ မာတီနယ်လီ/စမစ်ရိုးတို့ကို ဘယ်နောက်ခံနေရာတွေမှာ ပွဲတွင်း Transition တွေမှာ ဟန်ချက်ညီအောင် သုံးခဲ့ရတာဖြစ်ပါတယ်။

ဒီအတွက် အကျိုးသက်ရောက်မှုက အာဆင်နယ် ဘယ်ခြမ်းတိုက်စစ်မှာ မာတီနယ်လီနဲ့ စမစ်ရိုးတို့ကို နောက်ကနေ အချိန်မီထောက်ကူမယ့် ဘယ်နောက်ခံလူ တီယာနီ ရောက်မလာနိုင်တာမျိုးတွေ ဖြစ်ပွားစေခဲ့ပြီး ဒါကို အစားထိုးဖို့ဆိုရင်တော့ ဂန်ဒူဇီက ငွေကြေချွေတာနိုင်မယ့် အသင့်သုံး ကစားသမားအဖြစ် ရှုမြင်ခံထားရချိန်မှာ အာတီတာနဲ့ ဆက်ဆံရေး ပြန်ပြီးပြေလည်နိုင်ပါ့မလားဆိုတာကိုပဲ ကြည့်ရတော့မှာပါ။

တကယ်လို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုရင်တော့ မာဆေးလ်ကွင်းလယ်အဖျက်ကစားသမား ဘူဘာကာ ကာမာရာကို အာတီတာအနေနဲ့ ဂန်ဒူဇီကို ရောင်းချမယ့်အစား အလိုက်ပေးပြီး ခေါ်ယူဖို့ လုပ်ဆောင်လာနိုင်ပြီး မာဆေးလ်နဲ့ ပွဲပျက်ခဲ့ရင်တောင်မှ သူ့ကို တခြားအသင်းတွေဆီ ရောင်းချဖို့ လုပ်နိုင်သေးတာဖြစ်ပါတယ်။

ကွင်းလယ်အဖျက်ကို အားဖြည့်နိုင်ခဲ့ရင်တော့ ချာကာကိုပါ မော်ရင်ညိုဆီ ရောင်းချပြီး ဆမ်ဘီ လိုကွန်ဂါကို သူအားနည်းတဲ့ ခံစစ်အစား ကွင်းလယ်ဘယ်ခြမ်းမှာ Box to Box အဖြစ် ထားကစားနိုင်သလို အာတီတာအနေနဲ့ ကုလားဖန်ထိုးနိုင်ပြီး အသင်းအတွက် နည်းစနစ်နဲ့ ကစားကွက်ပိုင်း အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစားဖို့ ရှိနေပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းရဲ့ လာမယ့်ရာသီ အပြောင်းအရွှေ့မှာ အာတီတာ အမေ့ခံ ကွင်းလယ်လူ ဂန်ဒူဇီရဲ့ အခန်းကဏ္ဍက အရေးပါလာဖို့ ရှိနေပြီး သူ့အပေါ် မူတည်ပြီး အပြောင်းအလဲများစွာဖြစ်လာနိုင်သလို အဆင့် ၄ နဲ့ ရာသီကို အဆုံးသတ်နိုင်ခဲ့ရင် အသုံးစားရိတ်တွေ ပိုရနိုင်ချိန်မှာ ပါးနပ်တဲ့ ရွှေ့ကွက်တွေ လုပ်ဆောင်နိုင်ဖို့တော့ လိုအပ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းနည္းျပ မီခယ္လ္ အာတီတာကေတာ့ လူတစ္မ်ိဳးျဖစ္ၿပီး ကစားသမားေတြကို လက္တြဲဖို႔အတြက္ သူ႔ရဲ႕ သြားခ်င္တဲ့ နည္းလမ္းနဲ႔ ပုံစံမ်ိဳးကို ခ်ျပၿပီးမွ ဒီအတိုင္းလုပ္ႏိုင္ရင္လုပ္ မလုပ္ႏိုင္ရင္ ထြက္ဆိုၿပီး ေျပာတတ္ခ်ိန္မွာ ဂိုးမသြင္းႏိုင္ဘဲ စပ္ၿဖဲၿဖဲလုပ္ေနတဲ့ အသင္းကပၸတိန္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းေတာင္ ကန္ထုတ္ခံခဲ့ရတာျဖစ္ပါတယ္။

ဒီလိုပဲ ေရွ႕မွာလည္း မီဆြတ္ အိုေဇးလ္ကို ကန္ထုတ္ခဲ့ဖူးၿပီး ဒီႏွစ္ေယာက္အတြက္ေတာ့ လူအိုေျခက်ေတြျဖစ္လို႔ ပရိသတ္ေတြ သိပ္မလြမ္းၾကေပမယ့္ ႏွေျမာတသရတဲ့သူတစ္ဦးေတာ့ ရွိပါတယ္။ သူကေတာ့ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီျဖစ္ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္မွာ ျပင္သစ္လက္ေ႐ြးစင္အျဖစ္ လွပတဲ့ သြင္းဂိုးတစ္ဂိုးနဲ႔ ပရိသတ္ေတြ ပိုလြမ္းေစသူပါ။

အာဆင္နယ္အတြက္ေတာ့ သူဟာ ေရရွည္မွာ ေခါင္းေဆာင္ျဖစ္လာႏိုင္ၿပီး ကြင္းလယ္ကို ထိန္းခ်ဳပ္ႏိုင္မယ့္ ကစားသမားမ်ိဳးအျဖစ္ နည္းျပ အူႏိုင္း အမ္မရီရဲ႕ ေခၚယူျခင္းခံခဲ့ရေပမယ့္ အဲ့ဒီအခ်ိန္မွာ နည္းျပအဖြဲ႕ထဲမွာ စပိန္သားေတြခ်ည္းမ်ားေနၿပီး စကားမေပါက္တာနဲ႔ သူ႔အေနနဲ႔ အတုယူမွားစရာ ေရွ႕က ကစားသမားမ်ိဳးေတြ ရွိေနတာေၾကာင့္ အာဆင္ဝင္းဂါးစတိုင္က ခြဲထြက္မယ့္သူေတြနဲ႔ ျပႆနာျဖစ္ခဲ့ရပါတယ္။

ဒီလိုနဲ႔ အာတီတာလက္ထက္မွာ ထရိန္နင္မွာ အခြက္ေျပာင္မႈနဲ႔ အငွားကစားသမားအျဖစ္ အမ္းမရိတ္က လြင့္သြားခဲ့ၿပီး ဟာသာဘာလင္မွာလည္း သိပ္ၿပီး အလုပ္မျဖစ္ခဲ့လို႔ ပစ္လိုက္ရၿပီလို႔ ထင္ေနတုန္းမွာပဲ ျပင္သစ္ေျမမွာေတာ့ မာေဆးလ္နဲ႔ ပူးေပါင္းခ်ိန္မွာ ဂန္ဒူဇီတစ္ေယာက္ ျပန္လည္ထြန္းေတာက္လာႏိုင္ခဲ့တာပါ။

ဒီအခ်ိန္မွာ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္မွာ ငယ္ငယ္ကတည္းကေန တစ္ခါမွ မျမန္ဖူးတဲ့ ခ်ာကာရဲ႕ ေႏွးေကြးေလးလံတဲ့ ကစားပုံေၾကာင့္ အစားထိုးဖို႔ လိုေနၿပီလို႔ ေထာက္ျပခံေနရၿပီး သူ႔ရဲ႕ ဟာကြက္ေတြမွာ နည္းစနစ္ပိုင္း အားနည္းၿပီး ခံစားသြားရႏိုင္ခ်ိန္မွာ အာတီတာအေနနဲ႔ ဒါကို ကာကြယ္ဖို႔ တိုက္စစ္ပိုလိုက္ခိုင္းၿပီး သူ႔ေနရာမွာ တီယာနီကို ကြင္းလယ္အဖ်က္နဲ႔ မာတီနယ္လီ/စမစ္႐ိုးတို႔ကို ဘယ္ေနာက္ခံေနရာေတြမွာ ပြဲတြင္း Transition ေတြမွာ ဟန္ခ်က္ညီေအာင္ သုံးခဲ့ရတာျဖစ္ပါတယ္။

ဒီအတြက္ အက်ိဳးသက္ေရာက္မႈက အာဆင္နယ္ ဘယ္ျခမ္းတိုက္စစ္မွာ မာတီနယ္လီနဲ႔ စမစ္႐ိုးတို႔ကို ေနာက္ကေန အခ်ိန္မီေထာက္ကူမယ့္ ဘယ္ေနာက္ခံလူ တီယာနီ ေရာက္မလာႏိုင္တာမ်ိဳးေတြ ျဖစ္ပြားေစခဲ့ၿပီး ဒါကို အစားထိုးဖို႔ဆိုရင္ေတာ့ ဂန္ဒူဇီက ေငြေၾကေခြၽတာႏိုင္မယ့္ အသင့္သုံး ကစားသမားအျဖစ္ ရႈျမင္ခံထားရခ်ိန္မွာ အာတီတာနဲ႔ ဆက္ဆံေရး ျပန္ၿပီးေျပလည္ႏိုင္ပါ့မလားဆိုတာကိုပဲ ၾကည့္ရေတာ့မွာပါ။

တကယ္လို႔ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ဘူးဆိုရင္ေတာ့ မာေဆးလ္ကြင္းလယ္အဖ်က္ကစားသမား ဘူဘာကာ ကာမာရာကို အာတီတာအေနနဲ႔ ဂန္ဒူဇီကို ေရာင္းခ်မယ့္အစား အလိုက္ေပးၿပီး ေခၚယူဖို႔ လုပ္ေဆာင္လာႏိုင္ၿပီး မာေဆးလ္နဲ႔ ပြဲပ်က္ခဲ့ရင္ေတာင္မွ သူ႔ကို တျခားအသင္းေတြဆီ ေရာင္းခ်ဖို႔ လုပ္ႏိုင္ေသးတာျဖစ္ပါတယ္။

ကြင္းလယ္အဖ်က္ကို အားျဖည့္ႏိုင္ခဲ့ရင္ေတာ့ ခ်ာကာကိုပါ ေမာ္ရင္ညိဳဆီ ေရာင္းခ်ၿပီး ဆမ္ဘီ လိုကြန္ဂါကို သူအားနည္းတဲ့ ခံစစ္အစား ကြင္းလယ္ဘယ္ျခမ္းမွာ Box to Box အျဖစ္ ထားကစားႏိုင္သလို အာတီတာအေနနဲ႔ ကုလားဖန္ထိုးႏိုင္ၿပီး အသင္းအတြက္ နည္းစနစ္နဲ႔ ကစားကြက္ပိုင္း အေျပာင္းအလဲလုပ္ႏိုင္ဖို႔ ႀကိဳးစားဖို႔ ရွိေနပါတယ္။

ဒါေၾကာင့္ အာဆင္နယ္အသင္းရဲ႕ လာမယ့္ရာသီ အေျပာင္းအေ႐ႊ႕မွာ အာတီတာ အေမ့ခံ ကြင္းလယ္လူ ဂန္ဒူဇီရဲ႕ အခန္းက႑က အေရးပါလာဖို႔ ရွိေနၿပီး သူ႔အေပၚ မူတည္ၿပီး အေျပာင္းအလဲမ်ားစြာျဖစ္လာႏိုင္သလို အဆင့္ ၄ နဲ႔ ရာသီကို အဆုံးသတ္ႏိုင္ခဲ့ရင္ အသုံးစားရိတ္ေတြ ပိုရႏိုင္ခ်ိန္မွာ ပါးနပ္တဲ့ ေ႐ႊ႕ကြက္ေတြ လုပ္ေဆာင္ႏိုင္ဖို႔ေတာ့ လိုအပ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.