Premier League

နစ်မြှုပ်နေတဲ့ မန်ယူနိုက်တက်သင်္ဘောကြီးကို ကယ်တင်ပေးမယ့်သူကို ပြောပြလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာယူနိုက်တက်ဟာ ခါးသီးပြိုင်ဘက် ပက် ဂွါဒီယိုလာက ၎င်းတို့ရဲ့ နည်းပြသစ်အဖြစ် ဘယ်သူ့ကို ခန့်အပ်ရမလဲဆိုတာကို ပြောပြခဲ့တာကြောင့် နောက်ထပ်တစ်ကြိမ် လက်တွေ့စစ်ဆေးချက်တစ်ခုနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

မန်ျက်စတာူယနိုက်တက်ဟာ လာမယ့်ရာသီသစ်မတိုင်ခင် အမြဲတမ်း နည်းပြသစ် ရှာဖွေဖို့ စတင် ကြိုးပမ်းနေတာဖြစ်ပြီး အဲရစ် တန်ဟက်ဂ်ဟာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့အပြိုင် အိုးထရက်ဖို့ဒ်မှာ နည်းပြဖြစ်လာဖို့ ရေပန်းအစားဆုံးနည်းပြတွေထဲက တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက အဲဒီ အငြင်းအခုံထဲကို ဝင်ရောက်လာခဲ့ပြီး အဲရစ် တန်ဟက်ဂ်ကို နည်းပြသစ် ခန့်ဖို့ မန်ချက်စတာယူနိုက်တက်ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တန်ဟက်ဂ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ရွေးချယ်သင့်တယ်ဆိုတာကို ဒတ်ချ်လူမျိုး နည်းပြကိုယ်စား ထောက်ခံချက်တောင် ပေးခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် ဒုတိယအသင်းကို တန်ဟက်ဂ် နည်းပြခဲ့ချိန်တုန်းက ဂွါဒီယိုလာဟာ မြူးနစ်မှာ ဒတ်ချ်လူမျိုးနည်းပြနဲ့ အတူတူ အလုပ်လုပ်ခဲ့တာဖြစ်ပြီး အိုင်းယက်စ်နည်းပြဟာ ယူနိုက်တက်မှာ အောင်မြင်မှုရရှိအောင် လုပ်နိုင်တဲ့ အရည်အချင်းအားလုံးကို ပိုင်ဆိုင်ထားသူဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်းက ယုံကြည်နေတာဖြစ်ပါတယ်။

ဂွါဒီယိုလာက တန်ဟက်ဂ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ထောက်ခံချက်ပေးပြီး မန်စီးတီးရဲ့ ပြိုင်ဘက်တွေကိုတောင် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ တော်တော်လေး ပုံမှန်စကားပြောဖြစ်ခဲ့ကြပြီး သူက မယုံနိုင်စရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ သူ ဘယ်လောက်နှိမ့်ချတတ်လဲဆိုတာကို သိလို့ ကျွန်တော် အံ့အားသင်ခဲ့ရပါတယ်။ သူ့ရဲ့ အရည်အသွေးတွေကတော့ ပြီးခဲ့တဲ့နှစ်တွေက သူ့ရဲ့ အိုင်းယက်စ်အသင်းကိုသာ ကြည့်လိုက်ပါတော့။ သူ့ကို စောင့်ကြည့်ရတာက ပျော်ရွှင်စရာပါပဲ။ သူတို့တွေ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်အထိ တက်ခဲ့တဲ့ နှစ်တစ်နှစ်တည်းတင်မဟုတ်ဘဲ ပွဲပေါင်းများစွာကို စောင့်ကြည့်ရတာ ပျော်ရွှင်စရာကောင်းပါတယ်”

“အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ အသင်းတွေကို ကြည့်လိုက်ပါ။ နည်းပြတစ်ယောက်ကို သတ်မှတ်ဖို့က သူ့ရဲ့အသင်းကို အချိန်ကြာကြာ စောင့်ကြည့်ပါ။ ဒါက အသင်းအဖွဲ့ဖြစ်ပြီး ဒီနည်းပြက ကစားသမားတွေကို ကစားစေတာပါ။ အဲဒါနဲ့ပတ်သက်ပြီး သံသယဖြစ်စရာမရှိပါဘူး”

“ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို ဖုန်းခေါ်ပြီး ‘ဟေ့လူတွေ ခင်ဗျားတို့ သူ့ကို ခေါ်ရမယ်”လို့ ပြောမှာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ ဒါပေမယ့် ဘယ်သူမှတော့ သိမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာက ယခုအပတ် လီဗာပူးလ်နဲ့ အီတီဟတ်မှာ ကစားမယ့်ပွဲစဉ်ကို ရူဘင် ဒီယက်စ် လွဲချော်မှာဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဒီယက်စ်ဟာ မတ်လအစကတည်းက တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေခဲ့ရတာဖြစ်ပါတယ်။

ဂွါဒီယိုလာက ပေါ်တူဂီကြယ်ပွင့်ကို ဒဏ်ရာ မပျောက်ကင်းသေးဘဲ ပါဝင်ကစားခွင့်ပေးလိုက်ရင် လက်ကျန်ရာသီတစ်ခုလုံး လွဲချော်သွားနိုင်တာကြောင့် အခွင့်အရေးမပေးနိုင်ဘူးလို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

“ဆရာဝန်တွေ့ သူ ဒဏ်ရာရခဲ့တဲ့ အနေအထားက အရမ်းကို အန္တရာယ်ရှိတယ်လို့ ပြောခဲ့တယ်။ သူသာ နောက်တစ်ခါ လဲကျသွားရင် တစ်ရာသီလုံး လွဲချော်သွားနိုင်ပါတယ်။ ကျွန်တော်တို့ အရဲစွန့်သွားမှာမဟုတ်ပါဘူး။ သူ ကြံ့ခိုင်လာတဲ့အခါကျရင် သူ ပြန်ပါနိုင်ပါလိမ့်မယ်။ ကစားသမားတစ်ယောက် အဆင်သင့် မဖြစ်သေးတဲ့အချိန်မှာ ကျွန်တော် ဘယ်တော့မှ မကစားခိုင်းပါဘူး။ အဲဒါက အချိန်က စကားပြောသွားမှာဖြစ်ပြီး သူ့အနေနဲ့ ရာသီရဲ့ နောက်ဆုံးပိုင်းမှာ ပါဝင်ပြီး ကျွန်တော်တို့ သူ့ကို ကူညီနိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္ဟာ ခါးသီးၿပိဳင္ဘက္ ပက္ ဂြါဒီယိုလာက ၎တို႔ရဲ့ နည္းျပသစ္အျဖစ္ ဘယ္သူ႔ကို ခန႔္အပ္ရမလဲဆိုတာကို ေျပာျပခဲ့တာေၾကာင့္ ေနာက္ထပ္တစ္ႀကိမ္ လက္ေတြ႕စစ္ေဆးခ်က္တစ္ခုနဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။

မန္်က္စတာူယနိုက္တက္ဟာ လာမယ့္ရာသီသစ္မတိုင္ခင္ အျမဲတမ္း နည္းျပသစ္ ရွာေဖြဖို႔ စတင္ ႀကိဳးပမ္းေနတာျဖစ္ၿပီး အဲရစ္ တန္ဟက္ဂ္ဟာ ပီအက္စ္ဂ်ီနည္းၿပ ပိုခ်က္တီနိုနဲ႔အၿပိဳင္ အိုးထရက္ဖို႔ဒ္မွာ နည္းျပျဖစ္လာဖို႔ ေရပန္းအစားဆုံးနည္းျပေတြထဲက တစ္ဦးအျဖစ္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးနည္းၿပ ဂြါဒီယိုလာက အဲဒီ အျငင္းအခုံထဲကို ဝင္ေရာက္လာခဲ့ၿပီး အဲရစ္ တန္ဟက္ဂ္ကို နည္းျပသစ္ ခန႔္ဖို႔ မန္ခ်က္စတာယူနိုက္တက္ကို ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာက မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႔ တန္ဟက္ဂ္ကို နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ ေရြးခ်ယ္သင့္တယ္ဆိုတာကို ဒတ္ခ်္လူမ်ိဳး နည္းျပကိုယ္စား ေထာက္ခံခ်က္ေတာင္ ေပးခဲ့တာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ ဒုတိယအသင္းကို တန္ဟက္ဂ္ နည္းျပခဲ့ခ်ိန္တုန္းက ဂြါဒီယိုလာဟာ ျမဴးနစ္မွာ ဒတ္ခ်္လူမ်ိဳးနည္းျပနဲ႔ အတူတူ အလုပ္လုပ္ခဲ့တာျဖစ္ၿပီး အိုင္းယက္စ္နည္းျပဟာ ယူနိုက္တက္မွာ ေအာင္ျမင္မႈရရွိေအာင္ လုပ္နိုင္တဲ့ အရည္အခ်င္းအားလုံးကို ပိုင္ဆိုင္ထားသူျဖစ္တယ္လို႔ ဘိုင္ယန္ျမဴးနစ္နည္းျပေဟာင္းက ယုံၾကည္ေနတာျဖစ္ပါတယ္။

ဂြါဒီယိုလာက တန္ဟက္ဂ္ကို နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ ေထာက္ခံခ်က္ေပးၿပီး မန္စီးတီးရဲ့ ၿပိဳင္ဘက္ေတြကိုေတာင္ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ “ကၽြန္ေတာ္တို႔ ေတာ္ေတာ္ေလး ပုံမွန္စကားေျပာျဖစ္ခဲ့ၾကၿပီး သူက မယုံနိုင္စရာေကာင္းတဲ့ ပုဂၢိဳလ္တစ္ေယာက္ပါ။ သူ ဘယ္ေလာက္ႏွိမ့္ခ်တတ္လဲဆိုတာကို သိလို႔ ကၽြန္ေတာ္ အံ့အားသင္ခဲ့ရပါတယ္။ သူ႔ရဲ့ အရည္အေသြးေတြကေတာ့ ၿပီးခဲ့တဲ့ႏွစ္ေတြက သူ႔ရဲ့ အိုင္းယက္စ္အသင္းကိုသာ ၾကည့္လိုက္ပါေတာ့။ သူ႔ကို ေစာင့္ၾကည့္ရတာက ေပ်ာ္ရႊင္စရာပါပဲ။ သူတို႔ေတြ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အဆင့္အထိ တက္ခဲ့တဲ့ ႏွစ္တစ္ႏွစ္တည္းတင္မဟုတ္ဘဲ ပြဲေပါင္းမ်ားစြာကို ေစာင့္ၾကည့္ရတာ ေပ်ာ္ရႊင္စရာေကာင္းပါတယ္”

“အရည္အေသြးပိုင္းနဲ႔ ပတ္သက္ၿပီး သူ႔ရဲ့ အသင္းေတြကို ၾကည့္လိုက္ပါ။ နည္းျပတစ္ေယာက္ကို သတ္မွတ္ဖို႔က သူ႔ရဲ့အသင္းကို အခ်ိန္ၾကာၾကာ ေစာင့္ၾကည့္ပါ။ ဒါက အသင္းအဖြဲ႕ျဖစ္ၿပီး ဒီနည္းျပက ကစားသမားေတြကို ကစားေစတာပါ။ အဲဒါနဲ႔ပတ္သက္ၿပီး သံသယျဖစ္စရာမရွိပါဘူး”

“ကၽြန္ေတာ္ မန္ခ်က္စတာယူနိုက္တက္ကို ဖုန္းေခၚၿပီး ‘ေဟ့လူေတြ ခင္ဗ်ားတို႔ သူ႔ကို ေခၚရမယ္”လို႔ ေျပာမွာ ၁၀၀ ရာခိုင္ႏႈန္း ေသခ်ာပါတယ္။ ဒါေပမယ့္ ဘယ္သူမွေတာ့ သိမွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။ ဂြါဒီယိုလာက ယခုအပတ္ လီဗာပူးလ္နဲ႔ အီတီဟတ္မွာ ကစားမယ့္ပြဲစဥ္ကို ႐ူဘင္ ဒီယက္စ္ လြဲေခ်ာ္မွာျဖစ္တယ္လို႔လည္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ဒီယက္စ္ဟာ မတ္လအစကတည္းက တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတာျဖစ္ပါတယ္။

ဂြါဒီယိုလာက ေပၚတူဂီၾကယ္ပြင့္ကို ဒဏ္ရာ မေပ်ာက္ကင္းေသးဘဲ ပါဝင္ကစားခြင့္ေပးလိုက္ရင္ လက္က်န္ရာသီတစ္ခုလုံး လြဲေခ်ာ္သြားနိုင္တာေၾကာင့္ အခြင့္အေရးမေပးနိုင္ဘူးလို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

“ဆရာဝန္ေတြ႕ သူ ဒဏ္ရာရခဲ့တဲ့ အေနအထားက အရမ္းကို အႏၲရာယ္ရွိတယ္လို႔ ေျပာခဲ့တယ္။ သူသာ ေနာက္တစ္ခါ လဲက်သြားရင္ တစ္ရာသီလုံး လြဲေခ်ာ္သြားနိုင္ပါတယ္။ ကၽြန္ေတာ္တို႔ အရဲစြန႔္သြားမွာမဟုတ္ပါဘူး။ သူ ႀကံ့ခိုင္လာတဲ့အခါက်ရင္ သူ ျပန္ပါနိုင္ပါလိမ့္မယ္။ ကစားသမားတစ္ေယာက္ အဆင္သင့္ မျဖစ္ေသးတဲ့အခ်ိန္မွာ ကၽြန္ေတာ္ ဘယ္ေတာ့မွ မကစားခိုင္းပါဘူး။ အဲဒါက အခ်ိန္က စကားေျပာသြားမွာျဖစ္ၿပီး သူ႔အေနနဲ႔ ရာသီရဲ့ ေနာက္ဆုံးပိုင္းမွာ ပါဝင္ၿပီး ကၽြန္ေတာ္တို႔ သူ႔ကို ကူညီနိုင္မယ္လို႔ ေမၽွာ္လင့္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.