Formula1

ဖာရာရီႏွင့္ ရက္ဒ္ဘူးလ္မွ ၂၀၂၀ ေဖာ္ျမဴလာဝမ္းၿပဳိင္ပြဲဝင္ကားမ်ား မိတ္ဆက္

ဒီေန႔မွာေတာ့ ေဖာ္ျမဴလာဝမ္းၿပဳိင္ပြဲဝင္အသင္းေတြထဲက ႏွစ္သင္းျဖစ္တဲ့ အီတလီအေျခစိုက္ ဖာရာရီအသင္းနဲ႔ ၾသစႀတီးယားအေျခစိုက္ ရက္ဒ္ဘူးလ္အသင္းတို႔က သူတုိ႔ရဲ႕ ၂၀၂၀ ရာသီမွာ ၿပဳိင္ပြဲဝင္မယ့္ ကားသစ္ေတြကို အသီးသီး မိတ္ဆက္သြားခဲ့ၾကပါတယ္။

SF 1000 လုိ႔ အမည္ရတဲ့ ဖာရာရီကားကိုေတာ့ ၿပီးခဲ့တဲ့ ညက မိတ္ဆက္ခဲ့တာျဖစ္ၿပီး အသင္းရဲ႕သမုိင္းမွာ ပြဲ ၁၀၀၀ ျပည့္ေျမာက္မယ့္ ဒီႏွစ္ ျပင္သစ္ ဂရန္းပရီကို ရည္ရြယ္ၿပီး အမည္ေပးခဲ့တာလုိ႔ သိရၿပီး ဒီကားကိုေတာ့ ဆီဘက္စတီယန္ ဖက္တဲလ္နဲ႔ ရွားလ္ ေလကလဲရ္တုိ႔က ေမာင္းႏွင္ၾကမွာျဖစ္ပါတယ္။

ဖာရာရီအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကားေမာင္းသမားႏွစ္ဦးကို ၿပီးခဲ့တဲ့ႏွစ္ကလိုပဲ တူညီတဲ့ အခြင့္အေရးေပးထားၿပီး ဘယ္သူက ဦးစားေပးဆုိတာမ်ဳိး ရွိမွာ မဟုတ္ဘူးလို႔ အသင္းရဲ႕အုပ္ခ်ဳပ္သူ မက္တီယာ ဘီေနာ့တိုက ေျပာသြားၿပီး ဒီႏွစ္မွာေတာ့ Team Game အေနနဲ႔ ယွဥ္ၿပဳိင္တတ္ဖို႔ လိုအပ္မွာျဖစ္ပါတယ္။

ဖာရာရီနဲ႔အတူ မိတ္ဆက္သြားခဲ့တဲ့ ေနာက္တစ္သင္းကေတာ့ ရက္ဒ္ဘူးလ္ျဖစ္ၿပီး သူတုိ႔ရဲ႕ ကားအမွတ္ RB16 ကို မိတ္ဆက္သြားခဲ့သလို ပရိသတ္ေတြကေတာ့ ဒီကားဟာ မႏွစ္က RB15 နဲ႔ ပုံစံအရ ႀကီးႀကီးမားမား ကြာျခားမွဳ မရွိဘူးလို႔ သုံးသပ္ေနၾကေပမယ့္ ၿပီးခဲ့တဲ့ႏွစ္က စြမ္းေဆာင္ရည္ကို ဆက္ထိန္းထားႏုိင္တာမ်ဳိးက ပုိအဓိကက်မွာပါ။

ရက္ဒ္ဘူးလ္ရဲ႕ RB16 ကားဟာ ဟြန္ဒါရဲ႕ RA620H ဟိုက္ဘရစ္အင္ဂ်င္ကို အသုံးျပဳမွာျဖစ္ၿပီး ၿပဳိင္ပြဲဝင္ကားေမာင္းသမားေတြအျဖစ္ေတာ့ နယ္သာလန္ႏုိင္ငံသား မက္စ္ ဗားစတက္ပန္နဲ႔ ထိုင္းလူငယ္ အလက္ဇန္းဒါး အယ္လ္ဘြန္တုိ႔က ေမာင္းႏွင္ၾကမွာျဖစ္ေၾကာင္း မိတ္ဆက္ေပးလုိက္ရပါတယ္။

REF: FORMULA 1
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဒီနေ့မှာတော့ ဖော်မြူလာဝမ်းပြိုင်ပွဲဝင်အသင်းတွေထဲက နှစ်သင်းဖြစ်တဲ့ အီတလီအခြေစိုက် ဖာရာရီအသင်းနဲ့ သြစတြီးယားအခြေစိုက် ရက်ဒ်ဘူးလ်အသင်းတို့က သူတို့ရဲ့ ၂၀၂၀ ရာသီမှာ ပြိုင်ပွဲဝင်မယ့် ကားသစ်တွေကို အသီးသီး မိတ်ဆက်သွားခဲ့ကြပါတယ်။

SF 1000 လို့ အမည်ရတဲ့ ဖာရာရီကားကိုတော့ ပြီးခဲ့တဲ့ ညက မိတ်ဆက်ခဲ့တာဖြစ်ပြီး အသင်းရဲ့သမိုင်းမှာ ပွဲ ၁၀၀၀ ပြည့်မြောက်မယ့် ဒီနှစ် ပြင်သစ် ဂရန်းပရီကို ရည်ရွယ်ပြီး အမည်ပေးခဲ့တာလို့ သိရပြီး ဒီကားကိုတော့ ဆီဘက်စတီယန် ဖက်တဲလ်နဲ့ ရှားလ် လေကလဲရ်တို့က မောင်းနှင်ကြမှာဖြစ်ပါတယ်။

ဖာရာရီအသင်းအနေနဲ့ သူတို့ရဲ့ ကားမောင်းသမားနှစ်ဦးကို ပြီးခဲ့တဲ့နှစ်ကလိုပဲ တူညီတဲ့ အခွင့်အရေးပေးထားပြီး ဘယ်သူက ဦးစားပေးဆိုတာမျိုး ရှိမှာ မဟုတ်ဘူးလို့ အသင်းရဲ့အုပ်ချုပ်သူ မက်တီယာ ဘီနော့တိုက ပြောသွားပြီး ဒီနှစ်မှာတော့ Team Game အနေနဲ့ ယှဉ်ပြိုင်တတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဖာရာရီနဲ့အတူ မိတ်ဆက်သွားခဲ့တဲ့ နောက်တစ်သင်းကတော့ ရက်ဒ်ဘူးလ်ဖြစ်ပြီး သူတို့ရဲ့ ကားအမှတ် RB16 ကို မိတ်ဆက်သွားခဲ့သလို ပရိသတ်တွေကတော့ ဒီကားဟာ မနှစ်က RB15 နဲ့ ပုံစံအရ ကြီးကြီးမားမား ကွာခြားမှု မရှိဘူးလို့ သုံးသပ်နေကြပေမယ့် ပြီးခဲ့တဲ့နှစ်က စွမ်းဆောင်ရည်ကို ဆက်ထိန်းထားနိုင်တာမျိုးက ပိုအဓိကကျမှာပါ။

ရက်ဒ်ဘူးလ်ရဲ့ RB16 ကားဟာ ဟွန်ဒါရဲ့ RA620H ဟိုက်ဘရစ်အင်ဂျင်ကို အသုံးပြုမှာဖြစ်ပြီး ပြိုင်ပွဲဝင်ကားမောင်းသမားတွေအဖြစ်တော့ နယ်သာလန်နိုင်ငံသား မက်စ် ဗားစတက်ပန်နဲ့ ထိုင်းလူငယ် အလက်ဇန်းဒါး အယ်လ်ဘွန်တို့က မောင်းနှင်ကြမှာဖြစ်ကြောင်း မိတ်ဆက်ပေးလိုက်ရပါတယ်။

REF: FORMULA 1
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.