Formula1

ေဖာ္ျမဴလာဝမ္း ၂၀၂၀ ရာသီအတြက္ မာေဆးဒီးစ္ႏွင့္ ဟတ္စ္အသင္းမ်ားမွ ကားသစ္မ်ား မိတ္ဆက္

၂၀၂၀ ခုႏွစ္အတြင္း က်င္းပမယ့္ ေဖာ္ျမဴလာဝမ္းကားၿပဳိင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပဳိင္ၾကမယ့္အသင္းေတြက ႏွစ္သင္းျဖစ္ၾကတဲ့ မာေဆးဒီးစ္ အသင္းနဲ႔ ဟတ္စ္-ဖာရာရီအသင္းေတြက သူတုိ႔ရဲ႕ ၿပဳိင္ပြဲဝင္ကားအသစ္ေတြကို မိတ္ဆက္သြားၾကပါတယ္။

ဖာရာရီအင္ဂ်င္ကို အသုံးျပဳထားတဲ့ ဟတ္စ္အသင္းကေတာ့ ေဖေဖာ္ဝါရီ ၆ ရက္ေန႔မွာ သူတုိ႔ရဲ႕ကားအမွတ္ VF-20 ကို မိတ္ဆက္သြားခဲ့တာ ျဖစ္ၿပီး ကားေမာင္းသမားေတြအေနနဲ႔ေတာ့ အေျပာင္းအလဲမရွိခဲ့ဘဲ ၂၀၁၉ Line-Up ႐ိုမန္ ဂ႐ိုယြန္နဲ႔ ကယ္ဗင္ မဂၢနပ္ဆန္တုိ႔ပဲ ေမာင္းႏွင္သြားၾကမွာ ျဖစ္ပါတယ္။

မာေဆးဒီးစ္ရဲ႕ ကုမၸဏီအသင္း(Factory Team, ၿပဳိင္ပြဲဝင္အသင္းႏွင့္ အသုံးျပဳသည့္ အင္ဂ်င္တူညီ)ကေတာ့ ၁၀ ရက္ေန႔ ဥေရာပစံေတာ္ခ်ိန္ ညေနပုိင္းမွာ သူတုိ႔ရဲ႕ F1 W11 EQ Power+ ကို မိတ္ဆက္သြားခဲ့ၿပီး သူတုိ႔ရဲ႕ကားေမာင္းသမားေတြကေတာ့ ၂၀၁၉ Line-Up ပဲျဖစ္တဲ့ လူးဝစ္ ဟာမီလ္တန္နဲ႔ ေဗာ့လ္ထရီ ေဘာ့တတ္စ္တုိ႔ပဲ ျဖစ္ၾကပါတယ္။

တျခားကုမၸဏီအသင္းတစ္သင္းျဖစ္တဲ့ ဖာရာရီအသင္းေတာ့ ဒီေန႔ ဥေရာပစံေတာ္ခ်ိန္ညေနပုိင္းမွာ ကားသစ္မိတ္ဆက္ဖို႔ရွိေနၿပီး မိတ္ဆက္မွဳနဲ႔ အတူ ကားရဲ႕နာမည္ကိုလည္း ထုတ္ေဖာ္မွာျဖစ္တယ္လုိ႔ သိရၿပီး ကားေမာင္းသမားေတြကေတာ့ အေျပာင္းအလဲမရွိဘဲ ဆီဘက္စတီယန္ ဖက္တဲလ္နဲ႔ ရွားလ္ ေလကလဲတုိ႔ပဲ ယွဥ္ၿပဳိင္ၾကမွာျဖစ္ပါတယ္။

က်န္တဲ့ ၿပဳိင္ပြဲဝင္အသင္းေတြျဖစ္ၾကတဲ့ အယ္လ္ဖာ႐ိုမီယို၊ အယ္လ္ဖာေတာ္ရီ၊ မကၠလာရင္၊ ေရးစင္းပြဳိင့္၊ ရက္ဒ္ဘူးလ္၊ ေရးေနာ့နဲ႔ ဝီလီယမ္စ္တုိ႔ကေတာ့ ၁၂ ရက္ေန႔ကေန ၁၉ ရက္ေန႔အတြင္း ၂၀၂၀ ကားသစ္ေတြကို ထုတ္ေဖာ္ျပသြားမွာျဖစ္တယ္လုိ႔လည္း သိရွိရပါတယ္။

REF: FORMULA 1
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ၂၀၂၀ ခုနှစ်အတွင်း ကျင်းပမယ့် ဖော်မြူလာဝမ်းကားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်အသင်းတွေက နှစ်သင်းဖြစ်ကြတဲ့ မာဆေးဒီးစ် အသင်းနဲ့ ဟတ်စ်-ဖာရာရီအသင်းတွေက သူတို့ရဲ့ ပြိုင်ပွဲဝင်ကားအသစ်တွေကို မိတ်ဆက်သွားကြပါတယ်။

ဖာရာရီအင်ဂျင်ကို အသုံးပြုထားတဲ့ ဟတ်စ်အသင်းကတော့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ သူတို့ရဲ့ကားအမှတ် VF-20 ကို မိတ်ဆက်သွားခဲ့တာ ဖြစ်ပြီး ကားမောင်းသမားတွေအနေနဲ့တော့ အပြောင်းအလဲမရှိခဲ့ဘဲ ၂၀၁၉ Line-Up ရိုမန် ဂရိုယွန်နဲ့ ကယ်ဗင် မဂ္ဂနပ်ဆန်တို့ပဲ မောင်းနှင်သွားကြမှာ ဖြစ်ပါတယ်။

မာဆေးဒီးစ်ရဲ့ ကုမ္ပဏီအသင်း(Factory Team, ပြိုင်ပွဲဝင်အသင်းနှင့် အသုံးပြုသည့် အင်ဂျင်တူညီ)ကတော့ ၁၀ ရက်နေ့ ဥရောပစံတော်ချိန် ညနေပိုင်းမှာ သူတို့ရဲ့ F1 W11 EQ Power+ ကို မိတ်ဆက်သွားခဲ့ပြီး သူတို့ရဲ့ကားမောင်းသမားတွေကတော့ ၂၀၁၉ Line-Up ပဲဖြစ်တဲ့ လူးဝစ် ဟာမီလ်တန်နဲ့ ဗော့လ်ထရီ ဘော့တတ်စ်တို့ပဲ ဖြစ်ကြပါတယ်။

တခြားကုမ္ပဏီအသင်းတစ်သင်းဖြစ်တဲ့ ဖာရာရီအသင်းတော့ ဒီနေ့ ဥရောပစံတော်ချိန်ညနေပိုင်းမှာ ကားသစ်မိတ်ဆက်ဖို့ရှိနေပြီး မိတ်ဆက်မှုနဲ့ အတူ ကားရဲ့နာမည်ကိုလည်း ထုတ်ဖော်မှာဖြစ်တယ်လို့ သိရပြီး ကားမောင်းသမားတွေကတော့ အပြောင်းအလဲမရှိဘဲ ဆီဘက်စတီယန် ဖက်တဲလ်နဲ့ ရှားလ် လေကလဲတို့ပဲ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ကျန်တဲ့ ပြိုင်ပွဲဝင်အသင်းတွေဖြစ်ကြတဲ့ အယ်လ်ဖာရိုမီယို၊ အယ်လ်ဖာတော်ရီ၊ မက္ကလာရင်၊ ရေးစင်းပွိုင့်၊ ရက်ဒ်ဘူးလ်၊ ရေးနော့နဲ့ ဝီလီယမ်စ်တို့ကတော့ ၁၂ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်း ၂၀၂၀ ကားသစ်တွေကို ထုတ်ဖော်ပြသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

REF: FORMULA 1
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.