Formula1

ၾသစႀတီးယားဂရင္းပရီလက္ရည္စစ္ပြဲမွာ မာေဆးဒီးစ္ ဝမ္းတူးဝင္ခဲ့ၿပီး ဖာရာရီအေျခမလွျဖစ္ခဲ့

ၾသစႀတီးယားႏုိင္ငံ Red Bull Ring မွာ က်င္းပမယ့္ ေဖာ္ျမဴလာဝမ္း ဂရင္းပရီၿပဳိင္ပြဲရဲ႕ ပထမေန႔ လက္ရည္စစ္ပြဲမွာ မာေဆးဒီးစ္ကားေတြ အေကာင္းဆုံး စြမ္းေဆာင္ရည္ကို ျပသခဲ့ၿပီး ၿပဳိင္ပြဲကို လႊမ္းမိုးသြားခဲ့သလို ၿပဳိင္ဘက္အသင္းေတြအေပၚမွာလည္း ျပတ္ျပတ္သားသား အသာရခဲ့တဲ့ နည္းပညာသစ္ Dual Axis Steering System (DAS)ရဲ႕ ထိေရာက္မွဳကလည္း ျမင္သာခဲ့ပါတယ္။

လက္ရည္စစ္ပြဲကို အဆင့္သုံးဆင့္နဲ႔ ယွဥ္ၿပဳိင္ရာမွာ ၁၅ ေယာက္ Cut လုပ္တဲ့ ပထမပိုင္းဆက္ရွင္ကိုေတာ့ ရက္ဒ္ဘူးလ္ရဲ႕ ဗားစတက္ပင္က ၁ မိနစ္ ၄.၀၂၄ စကၠန္႔နဲ႔ ထိပ္ဆုံးက ရပ္တည္ႏုိင္ခဲ့ၿပီး ေဆာ္ဘာ ဒ႐ိုင္ဘာႏွစ္ေယာက္စလုံး၊ ဝီလီယမ္စ္ ဒ႐ိုင္ဘာႏွစ္ေယာက္စလုံးနဲ႔ ဟတ္စ္ရဲ႕ မဂၢနပ္ဆန္တုိ႔ကေတာ့ ဒီအဆင့္မွာ ျပဳတ္သြားခဲ့ပါတယ္။

ဒုတိယအဆင့္ ထိပ္ဆုံး ၁၀ ေယာက္ကို ေရြးခ်ယ္ရာမွာေတာ့ မာေဆးဒီးစ္တုိ႔ အေကာင္းဆုံးေမာင္းႏွင္ႏုိင္ခဲ့ၿပီး ေဘာ့တတ္စ္က ၁ မိနစ္ ၃.၀၁၅ စကၠန္႔၊ ဟာမီလ္တန္က ၁ မိနစ္ ၃.၀၉၆ စကၠန္႔နဲ႔ ပထမနဲ႔ ဒုတိယေနရာေတြမွာ ရပ္တည္ႏုိင္ခဲ့သလို ဖာရာရီရဲ႕ ဗက္တဲလ္ကေတာ့ အဆင့္ ၁၁ ေနရာကေန စိတ္ပ်က္စရာစြမ္းေဆာင္ရည္နဲ႔ ထြက္ခြာခဲ့ရသလို ေလကလဲကလည္း အဆင့္ ၁၀ ကို ကပ္ဝင္ႏုိင္ခဲ့တာျဖစ္ပါတယ္။

ေနာက္ဆုံးအဆင့္ လက္ရည္စစ္ပြဲမွာေတာ့ မာေဆးဒီးစ္ရဲ႕ ေဘာ့တတ္စ္က ၁ မိနစ္ ၂.၉၃၉ စကၠန္႔နဲ႔ ဒီကြင္းရဲ႕ တစ္ပတ္ေမာင္းႏွင္မွဳစံခ်ိန္ကို ခ်ဳိးဖ်က္ခဲ့ၿပီး ဟာမီလ္တန္က သူ႕ေနာက္ ၀.၀၁၂ စကၠန္႔နဲ႔ ဒုတိယေနရာမွာ ရပ္တည္ႏုိင္ခဲ့ၿပီး ဒီကြင္းရဲ႕ အိမ္ရွင္ျဖစ္တဲ့ ရက္ဒ္ဘူးလ္ ဒ႐ုိင္ဘာ ဗားစတက္ပင္ကေတာ့ ၁ မိနစ္ ၃.၄၇၇ စကၠန္႔နဲ႔ တတိယေနရာက ရပ္တည္သြားႏုိင္ခဲ့ပါတယ္။

လက္က်န္ဒ႐ိုင္ဘာေတြရဲ႕ ရပ္တည္မွဳကေတာ့ ၄။ ေနာရစ္(မကၠလာရင္) ၅။ အယ္လ္ဘြန္(ရက္ဒ္ဘူးလ္) ၆။ ပီရက္ဇ္(ေရးဆင္းပြဳိင့္) ၇။ ေလကလဲ(ဖာရာရီ) ၈။ ဆိုင့္ဇ္(မကၠလာရင္) ၉။ စထ႐ိုးလ္(ေရးဆင္းပြဳိင့္) ၁၀။ ရစ္ကာဒို(ေရးႏိုး)တုိ႔ ျဖစ္ၾကၿပီး ဒီတစ္ပတ္မွာေတာ့ နာမည္ႀကီးအသင္းျဖစ္ေပမယ့္ ေလာက္ေလာက္လားလား တီထြင္ျပင္ဆင္မွဳေတြ လုပ္မထားႏုိင္တဲ့ အီတလီအေျခစိုက္ ဖာရာရီအသင္းကေတာ့ ေကာင္းေကာင္းအရွက္ရခဲ့တဲ့ ရက္သတၱပတ္ကို မနက္ျဖန္ ၿပဳိင္ပြဲေန႔မွာ ျမင္ရဖို႔ နီးစပ္ေနၿပီျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: FORMULA 1 TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: သြစတြီးယားနိုင်ငံ Red Bull Ring မှာ ကျင်းပမယ့် ဖော်မြူလာဝမ်း ဂရင်းပရီပြိုင်ပွဲရဲ့ ပထမနေ့ လက်ရည်စစ်ပွဲမှာ မာဆေးဒီးစ်ကားတွေ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ပြိုင်ပွဲကို လွှမ်းမိုးသွားခဲ့သလို ပြိုင်ဘက်အသင်းတွေအပေါ်မှာလည်း ပြတ်ပြတ်သားသား အသာရခဲ့တဲ့ နည်းပညာသစ် Dual Axis Steering System (DAS)ရဲ့ ထိရောက်မှုကလည်း မြင်သာခဲ့ပါတယ်။

လက်ရည်စစ်ပွဲကို အဆင့်သုံးဆင့်နဲ့ ယှဉ်ပြိုင်ရာမှာ ၁၅ ယောက် Cut လုပ်တဲ့ ပထမပိုင်းဆက်ရှင်ကိုတော့ ရက်ဒ်ဘူးလ်ရဲ့ ဗားစတက်ပင်က ၁ မိနစ် ၄.၀၂၄ စက္ကန့်နဲ့ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပြီး ဆော်ဘာ ဒရိုင်ဘာနှစ်ယောက်စလုံး၊ ဝီလီယမ်စ် ဒရိုင်ဘာနှစ်ယောက်စလုံးနဲ့ ဟတ်စ်ရဲ့ မဂ္ဂနပ်ဆန်တို့ကတော့ ဒီအဆင့်မှာ ပြုတ်သွားခဲ့ပါတယ်။

ဒုတိယအဆင့် ထိပ်ဆုံး ၁၀ ယောက်ကို ရွေးချယ်ရာမှာတော့ မာဆေးဒီးစ်တို့ အကောင်းဆုံးမောင်းနှင်နိုင်ခဲ့ပြီး ဘော့တတ်စ်က ၁ မိနစ် ၃.၀၁၅ စက္ကန့်၊ ဟာမီလ်တန်က ၁ မိနစ် ၃.၀၉၆ စက္ကန့်နဲ့ ပထမနဲ့ ဒုတိယနေရာတွေမှာ ရပ်တည်နိုင်ခဲ့သလို ဖာရာရီရဲ့ ဗက်တဲလ်ကတော့ အဆင့် ၁၁ နေရာကနေ စိတ်ပျက်စရာစွမ်းဆောင်ရည်နဲ့ ထွက်ခွာခဲ့ရသလို လေကလဲကလည်း အဆင့် ၁၀ ကို ကပ်ဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးအဆင့် လက်ရည်စစ်ပွဲမှာတော့ မာဆေးဒီးစ်ရဲ့ ဘော့တတ်စ်က ၁ မိနစ် ၂.၉၃၉ စက္ကန့်နဲ့ ဒီကွင်းရဲ့ တစ်ပတ်မောင်းနှင်မှုစံချိန်ကို ချိုးဖျက်ခဲ့ပြီး ဟာမီလ်တန်က သူ့နောက် ဝ.၀၁၂ စက္ကန့်နဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ဒီကွင်းရဲ့ အိမ်ရှင်ဖြစ်တဲ့ ရက်ဒ်ဘူးလ် ဒရိုင်ဘာ ဗားစတက်ပင်ကတော့ ၁ မိနစ် ၃.၄၇၇ စက္ကန့်နဲ့ တတိယနေရာက ရပ်တည်သွားနိုင်ခဲ့ပါတယ်။

လက်ကျန်ဒရိုင်ဘာတွေရဲ့ ရပ်တည်မှုကတော့ ၄။ နောရစ်(မက္ကလာရင်) ၅။ အယ်လ်ဘွန်(ရက်ဒ်ဘူးလ်) ၆။ ပီရက်ဇ်(ရေးဆင်းပွိုင့်) ၇။ လေကလဲ(ဖာရာရီ) ၈။ ဆိုင့်ဇ်(မက္ကလာရင်) ၉။ စထရိုးလ်(ရေးဆင်းပွိုင့်) ၁၀။ ရစ်ကာဒို(ရေးနိုး)တို့ ဖြစ်ကြပြီး ဒီတစ်ပတ်မှာတော့ နာမည်ကြီးအသင်းဖြစ်ပေမယ့် လောက်လောက်လားလား တီထွင်ပြင်ဆင်မှုတွေ လုပ်မထားနိုင်တဲ့ အီတလီအခြေစိုက် ဖာရာရီအသင်းကတော့ ကောင်းကောင်းအရှက်ရခဲ့တဲ့ ရက်သတ္တပတ်ကို မနက်ဖြန် ပြိုင်ပွဲနေ့မှာ မြင်ရဖို့ နီးစပ်နေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: FORMULA 1 TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.