Formula1

ရုရှားမှာ ကျင်းပမယ့် ဆိုချီ ဂရန်းပရစ်ပြိုင်ပွဲကို ပေါင်သန်း ၄၀ အနစ်နာခံပြီး ဖျက်သိမ်းခဲ့တဲ့ ဖော်မြူလာဝမ်း

ဖော်မြူလာဝမ်း ကားမောင်းနှင်သူတွေနဲ့ ပြိုင်ပွဲကျင်းပသူတွေဟာ ယခုနှစ် ရုရှား ဂရန်းပရစ်ပြိုင်ပွဲကို ဖျက်သိမ်းဖို့ သဘောတူညီခဲ့တာကြောင့် ဘတ်ဂျက်ထဲက ပေါင်သန်း ၄၀ အထိ နစ်နာခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့ ဆိုချီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲဟာ ပြိုင်ပွဲ ပြက္ခဒိန်ထဲကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပြီး အစားထိုးကျင်းပမယ့် နေရာကို ရှာဖွေနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ပြိုင်ပွဲလက်ခံကျင်းပခဲ့ပြီး လာမယ့် ၂၀၂၃ ခုနှစ်မှာ ပြန်လည်ကျင်းပဖို့ စီစဉ်ထားတဲ့ ကာတာမြို့တော် ဒိုဟာဟာ ပြိုင်ပွဲကျင်းပနိုင်ခြေရှိတဲ့နေရာထဲမှာ ထိပ်ဆုံးကနေ ရပ်တည်နေတယ်လို့ ယုံကြည်ရပါတယ်။

အခြားရွေးချယ်စရာအဖြစ် ဘာရိန်းနိုင်ငံက ပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် လက်ခံကျင်းပကောင်း ကျင်းပနိုင်ပြီး ငွေကြေးအင်အားတောင့်တင်းတဲ့ အရှေ့အလယ်ပိုင်း နေရာတွေဟာ ၂၃ ကြိမ်မြောက် ကျင်းပမယ့်ပွဲစဉ်မှာ ဘဏ္ဍာရေးအရ ကွာဟချက်တွေကို ထိန်းညှိဖို့အတွက် ထိပ်ဆုံးကနေ ရေပန်းစားနေမှာ ကျိန်းသေပါတယ်။

ဖော်မြူလာဝမ်းဥက္ကဌ စတီဖာနို ဒိုမီနီကာလီနဲ့ နိုင်ငံတကာကားမောင်းအဖွဲ့ချုပ်တို့ဟာ ကြာသပတေးနေ့ညမှာ ၂၀၁၄ ခုနှစ်တုန်းက ပထမဆုံးအကြိမ် ပြိုင်ပွဲလက်ခံကျင်းပခဲ့ဖူးတဲ့ ရုရှားနိုင်ငံမှာ ကျင်းပမယ့် ပြိုင်ပွဲကို ဖျက်သိမ်းဖို့ လျင်လျင်မြန်မြန်ပဲ အဆုံးအဖြတ်မဲပေးခဲ့ကြတယ်လို့ Sportsmail က ဖော်ပြခဲ့ပါတယ်။

ထုတ်ပြန်ကြေညာချက်ထဲမှာ “FIA ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲဟာ လူတွေကို စည်းလုံးဖို့၊ နိုင်ငံအားလုံး တစုတဝေးတည်း ပေါင်းစည်းဖို့ ကောင်းမွန်တဲ့အမြင်နဲ့ ကမ္ဘာတလွှားမှာ ကျင်းပနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ယူကရိန်းက အခြေအနေတွေကို ဝမ်းနည်းမှု၊ အံ့သြတုန်လှုပ်မှု၊ အပြောင်းအလဲအတွက် မျှော်လင့်ချက်၊ လက်ရှိအခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့ တိုးတက်မှုတွေကို စောင့်ကြည့်နေခဲ့ပါတယ်။ သက်ဆိုင်သူအားလုံးရဲ့ အမြင်တွေအပါအဝင် နိဂုံးချုပ်အနေနဲ့ လက်ရှိအခြေအနေမှာ ရုရှား ဂရန်းပရစ်ပြိုင်ပွဲကို ကျင်းပဖို့ မဖြစ်နိုင်တော့ပါဘူး”လို့ ဖော်ပြထားပါတယ်။

ရုရှားကကျောထောက်နောက်ခံပေးထားတဲ့ အမေရိကန်ပိုင် Haas F1 အသင်းရဲ့အနာဂတ်ကလည်း မရေမရာဖြစ်နေပြီး ဒီအဖွဲ့ကို ပြိုင်ကားမောင်းနှင်သူ နီကီတာ မဇီပင်ရဲ့ ဖခင်ဖြစ်သူ ဒီမီထရီ မဇီပင်က ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Uralkali ကုမ္ပဏီက စပွန်ဆာ ပေးထားတာဖြစ်ပါတယ်။

မဇီပင် စီနီယာဟာ ကြာသပတေးနေ့က ပူတင်က ခေါ်ယူခဲ့တဲ့ ကရင်မလင် အစည်းအဝေးကို တက်ရောက်ခဲ့တာဖြစ်ပြီး Haas က ၎င်းတို့ရဲ့ကားပေါ်က Uralkali ရဲ့အမှတ်တံဆိပ်နဲ့ ရုရှားအလံ အရောင်ကို ဖယ်ရှားခဲ့ပြီး သောကြာနေ့က ဘာစီလိုနာမှာ ရာသီကြို အစမ်းမောင်းနှင်မှုအတွင်း တစ်စီးလုံး အဖြူရောင်နဲ့ မောင်းနှင်ခဲ့တာဖြစ်ပါတယ်။

အသင်းအုပ်ချုပ်သူ ဂွန်တက်ရှ် စတိုင်နာက ၎င်းတို့အနေနဲ့ မဇီပင် ဂျူနီယာကို ထိန်းသိမ်းထား၊ မထားကို ထည့်မတွက်ရင်တောင် ရုရှားနဲ့ ပတ်သက်ဆက်နွယ်မှုမရှိကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“အဲဒါက ခေါင်းကိုက်စရာပါ။ ဒါပေမယ့် အဲဒါက အသင်းကို အနှောက်အယှက်ပေးနိုင်တဲ့အရာတော့ မဟုတ်ပါဘူး။ ဘဏ္ဍာရေးပိုင်းအရ ကျွန်တော်တို့ အဆင်ပြေပါတယ်။ ဒီရာသီမှာ စီစဉ်ထားတဲ့ပုံစံအရ အသင်းအတွက် ဘာမှ သက်ရောက်မှု မရှိနိုင်ပါဘူး။ ရန်ပုံငွေရဖို့ နောက်ထပ်နည်းလမ်းတွေ ရှိနေပါသေးတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ ပြဿနာမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

နီကီတာ မဇီပင်က “ကျွန်တော့်ရဲ့ ပရိသတ်တွေကို ပြောချင်တာက အရမ်းခက်ခဲတဲ့အချိန်ဖြစ်ပြီး အများကြီး ပြောခဲ့၊ ဖြစ်ခဲ့ပြီးတဲ့အရာတွေအပေါ်မှာ ကျွန်တော် ထိန်းချုပ်လို့မရပါဘူး။ ကျွန်တော်ထိန်းချုပ်လို့ရတဲ့ အလုပ်လုပ်တာနဲ့ ကျွန်တော့်ရဲ့ Haas အသင်းအတွက် အကောင်းဆုံးလုပ်တာအပေါ် အာရုံစိုက်ဖို့ပဲ ကျွန်တော် ရွေးချယ်ထားပါတယ်။ ခင်ဗျားတို့ရဲ့ နားလည်ပေးမှုနဲ့ အားပေးထောက်ခံမှုအတွက် နက်နက်ရှိုင်းရှိုင်းကျေးဇူးတင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဖာ္ျမဴလာဝမ္း ကားေမာင္းႏွင္သူေတြနဲ႔ ၿပိဳင္ပြဲက်င္းပသူေတြဟာ ယခုႏွစ္ ႐ုရွား ဂရန္းပရစ္ၿပိဳင္ပြဲကို ဖ်က္သိမ္းဖို႔ သေဘာတူညီခဲ့တာေၾကာင့္ ဘတ္ဂ်က္ထဲက ေပါင္သန္း ၄၀ အထိ နစ္နာခဲ့တယ္လို႔ သိရပါတယ္။

စက္တင္ဘာ ၂၅ ရက္ေန႔ ဆိုခ်ီမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ေဖာ္ျမဴလာဝမ္းကားေမာင္းၿပိဳင္ပြဲဟာ ၿပိဳင္ပြဲ ျပကၡဒိန္ထဲကေန ဖယ္ရွားခံခဲ့ရတာျဖစ္ၿပီး အစားထိုးက်င္းပမယ့္ ေနရာကို ရွာေဖြေနၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္မွာ ၿပိဳင္ပြဲလက္ခံက်င္းပခဲ့ၿပီး လာမယ့္ ၂၀၂၃ ခုႏွစ္မွာ ျပန္လည္က်င္းပဖို႔ စီစဥ္ထားတဲ့ ကာတာၿမိဳ႕ေတာ္ ဒိုဟာဟာ ၿပိဳင္ပြဲက်င္းပနိုင္ေျခရွိတဲ့ေနရာထဲမွာ ထိပ္ဆုံးကေန ရပ္တည္ေနတယ္လို႔ ယုံၾကည္ရပါတယ္။

အျခားေရြးခ်ယ္စရာအျဖစ္ ဘာရိန္းနိုင္ငံက ၿပိဳင္ပြဲကို ဒုတိယအႀကိမ္ေျမာက္ လက္ခံက်င္းပေကာင္း က်င္းပနိုင္ၿပီး ေငြေၾကးအင္အားေတာင့္တင္းတဲ့ အေရွ႕အလယ္ပိုင္း ေနရာေတြဟာ ၂၃ ႀကိမ္ေျမာက္ က်င္းပမယ့္ပြဲစဥ္မွာ ဘ႑ာေရးအရ ကြာဟခ်က္ေတြကို ထိန္းညႇိဖို႔အတြက္ ထိပ္ဆုံးကေန ေရပန္းစားေနမွာ က်ိန္းေသပါတယ္။

ေဖာ္ျမဴလာဝမ္းဥကၠဌ စတီဖာနို ဒိုမီနီကာလီနဲ႔ နိုင္ငံတကာကားေမာင္းအဖြဲ႕ခ်ဳပ္တို႔ဟာ ၾကာသပေတးေန႔ညမွာ ၂၀၁၄ ခုႏွစ္တုန္းက ပထမဆုံးအႀကိမ္ ၿပိဳင္ပြဲလက္ခံက်င္းပခဲ့ဖူးတဲ့ ႐ုရွားနိုင္ငံမွာ က်င္းပမယ့္ ၿပိဳင္ပြဲကို ဖ်က္သိမ္းဖို႔ လ်င္လ်င္ျမန္ျမန္ပဲ အဆုံးအျဖတ္မဲေပးခဲ့ၾကတယ္လို႔ Sportsmail က ေဖာ္ျပခဲ့ပါတယ္။

ထုတ္ျပန္ေၾကညာခ်က္ထဲမွာ “FIA ေဖာ္ျမဴလာဝမ္းကမၻာ့ခ်န္ပီယံရွစ္ၿပိဳင္ပြဲဟာ လူေတြကို စည္းလုံးဖို႔၊ နိုင္ငံအားလုံး တစုတေဝးတည္း ေပါင္းစည္းဖို႔ ေကာင္းမြန္တဲ့အျမင္နဲ႔ ကမၻာတလႊားမွာ က်င္းပေနတာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ အေနနဲ႔ ယူကရိန္းက အေျခအေနေတြကို ဝမ္းနည္းမႈ၊ အံ့ၾသတုန္လႈပ္မႈ၊ အေျပာင္းအလဲအတြက္ ေမၽွာ္လင့္ခ်က္၊ လက္ရွိအေျခအေနကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အေျဖရွာဖို႔ တိုးတက္မႈေတြကို ေစာင့္ၾကည့္ေနခဲ့ပါတယ္။ သက္ဆိုင္သူအားလုံးရဲ့ အျမင္ေတြအပါအဝင္ နိဂုံးခ်ဳပ္အေနနဲ႔ လက္ရွိအေျခအေနမွာ ႐ုရွား ဂရန္းပရစ္ၿပိဳင္ပြဲကို က်င္းပဖို႔ မျဖစ္နိုင္ေတာ့ပါဘူး”လို႔ ေဖာ္ျပထားပါတယ္။

႐ုရွားကေက်ာေထာက္ေနာက္ခံေပးထားတဲ့ အေမရိကန္ပိုင္ Haas F1 အသင္းရဲ့အနာဂတ္ကလည္း မေရမရာျဖစ္ေနၿပီး ဒီအဖြဲ႕ကို ၿပိဳင္ကားေမာင္းႏွင္သူ နီကီတာ မဇီပင္ရဲ့ ဖခင္ျဖစ္သူ ဒီမီထရီ မဇီပင္က ဒုဥကၠဌအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ Uralkali ကုမၸဏီက စပြန္ဆာ ေပးထားတာျဖစ္ပါတယ္။

မဇီပင္ စီနီယာဟာ ၾကာသပေတးေန႔က ပူတင္က ေခၚယူခဲ့တဲ့ ကရင္မလင္ အစည္းအေဝးကို တက္ေရာက္ခဲ့တာျဖစ္ၿပီး Haas က ၎တို႔ရဲ့ကားေပၚက Uralkali ရဲ့အမွတ္တံဆိပ္နဲ႔ ႐ုရွားအလံ အေရာင္ကို ဖယ္ရွားခဲ့ၿပီး ေသာၾကာေန႔က ဘာစီလိုနာမွာ ရာသီႀကိဳ အစမ္းေမာင္းႏွင္မႈအတြင္း တစ္စီးလုံး အျဖဴေရာင္နဲ႔ ေမာင္းႏွင္ခဲ့တာျဖစ္ပါတယ္။

အသင္းအုပ္ခ်ဳပ္သူ ဂြန္တက္ရွ္ စတိုင္နာက ၎တို႔အေနနဲ႔ မဇီပင္ ဂ်ဴနီယာကို ထိန္းသိမ္းထား၊ မထားကို ထည့္မတြက္ရင္ေတာင္ ႐ုရွားနဲ႔ ပတ္သက္ဆက္ႏြယ္မႈမရွိေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အဲဒါက ေခါင္းကိုက္စရာပါ။ ဒါေပမယ့္ အဲဒါက အသင္းကို အေႏွာက္အယွက္ေပးနိုင္တဲ့အရာေတာ့ မဟုတ္ပါဘူး။ ဘ႑ာေရးပိုင္းအရ ကၽြန္ေတာ္တို႔ အဆင္ေျပပါတယ္။ ဒီရာသီမွာ စီစဥ္ထားတဲ့ပုံစံအရ အသင္းအတြက္ ဘာမွ သက္ေရာက္မႈ မရွိနိုင္ပါဘူး။ ရန္ပုံေငြရဖို႔ ေနာက္ထပ္နည္းလမ္းေတြ ရွိေနပါေသးတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔မွာ ျပႆနာမရွိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

နီကီတာ မဇီပင္က “ကၽြန္ေတာ့္ရဲ့ ပရိသတ္ေတြကို ေျပာခ်င္တာက အရမ္းခက္ခဲတဲ့အခ်ိန္ျဖစ္ၿပီး အမ်ားႀကီး ေျပာခဲ့၊ ျဖစ္ခဲ့ၿပီးတဲ့အရာေတြအေပၚမွာ ကၽြန္ေတာ္ ထိန္းခ်ဳပ္လို႔မရပါဘူး။ ကၽြန္ေတာ္ထိန္းခ်ဳပ္လို႔ရတဲ့ အလုပ္လုပ္တာနဲ႔ ကၽြန္ေတာ့္ရဲ့ Haas အသင္းအတြက္ အေကာင္းဆုံးလုပ္တာအေပၚ အာ႐ုံစိုက္ဖို႔ပဲ ကၽြန္ေတာ္ ေရြးခ်ယ္ထားပါတယ္။ ခင္ဗ်ားတို႔ရဲ့ နားလည္ေပးမႈနဲ႔ အားေပးေထာက္ခံမႈအတြက္ နက္နက္ရွိုင္းရွိုင္းေက်းဇူးတင္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.