Formula1 Premier League Transfer News

13 Dec နောက်ဆုံးရ အာဆင်နယ်နှင့် အူဘာမီယန်းသတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်း ပွဲကြိုထရိန်နင်ကို အချိန်မီ ပြန်မရောက်ခဲ့မှုအပြီးမှာ ရှေ့ဆက်သွားဖို့ အဖြေရှာနေခဲ့ရပြီဖြစ်ပြီး နောက်ခံလူဟောင်း မာတင် ကီးယွန်းကတော့ နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူ့ကို ဖြုတ်ချလိမ့်မယ်လို့ ခန့်မှန်းလိုက်သလို ဒါက အသင်းအတွက် ပိုကောင်းတဲ့ လမ်းလို့ ပြောကြားသွားခဲ့။

– နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ ဇန်နဝါရီမှာ လုပ်ဆောင်သင့်တာက အားကိုးလို့ မရတော့တဲ့ အူဘာမီယန်းနဲ့ ဂိုးသွင်းနှုန်း မကောင်းတဲ့ လာကာဇက်တို့နေရာမှာ အဲဗာတန်တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်-လူဝင်နဲ့ အစားထိုးဖို့ဖြစ်ပြီး ဒါမှလည်း လာမယ့်နှစ်မှာ ဥရောပဝင်ခွင့် ရယူနိုင်မှာဖြစ်တယ်လို့ အာဆင်နယ်ရဲ့ ရှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရသင့်တယ်လို့ အပြောခံခဲ့ရတဲ့ စိန့်နဲ့ပွဲအပြီးမှာ ပေါလ် မာဆန်တိုက်တွန်း။

– အက်စတန်ဗီလာတိုက်စစ်မှူးဟောင်းနဲ့ Talk Sport ရဲ့ ပင်တိုင်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ဂါဘရီယယ်လ် အဘွန်လဟော်က အာဆင်နယ် အသင်းအနေနဲ့ ဂရာနစ် ချာကာလို လူဟောင်းတွေကို အူဘာမီယန်းရဲ့ လက်ပတ်ကို ပြန်မပေးသင့်ဘဲ ကီရန် တီယာနီက အသင့်တော်ဆုံးဖြစ်သလို အရန်အနေနဲ့ ဘူကာယို ဆာကာကို ထားရှိဖို့ အကြံပေးသွားခဲ့။

– အာဆင်နယ်ပရိသတ် ဝက်ဘ်ဆိုက်တစ်ခုကတော့ အူဘာမီယန်းရဲ့ လက်ပတ်ကို ဖြုတ်ချခြင်းက သူ့ကို ကူညီရာရောက်လိမ့်မယ်လို့ ရေးသားလိုက်ပြီး စည်းကမ်းကို ခုမှ ဖောက်ဖျက်ဖူးတာ မဟုတ်ဘဲ ရာဇဝင်ရှိခဲ့တဲ့ ဂါဘွန်သားဟာ ဘယ်သူ့အတွက်မှ စံပြမဖြစ်နိုင်သလို အသင်းရဲ့ အရင်ခေါင်းဆောင်တွေရဲ့ အရည်အသွေးကို နည်းနည်းမှ မမီဘူးလို့ ဝေဖန်သွားခဲ့။

– ပြိုင်ဘက် ပရီးမီးယားလိဂ်အသင်းတွေမှာ ကစားခဲ့ပေမယ့် အာဆင်နယ်ပရိသတ်စစ်စစ်ကြီးဖြစ်နေတဲ့ တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က အာဆင်နယ်အသင်းအနေနဲ့ အူဘာမီယန်းရဲ့ လက်ပတ်ကို လွှဲပြောင်းပေးခဲ့မယ်ဆိုရင် ဘူကာယို ဆာကာအတွက် စောလွန်းသေးပြီး လက်ရှိအခြေအနေနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေအရ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်တစ်ဦးတည်းသာ ထိုက်တန်ကြောင်းဆို။

– နောက်ပိုင်းပွဲတွေမှာ နေရပြန်ရနေခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ရဲ့ အေးဂျင့်တွေအနေနဲ့ စီးရီးအေကလပ် အေစီမီလန်အသင်းနဲ့ ဆက်သွယ်စကားပြောနေခဲ့ပြီး နွေရာသီမှာ ထွက်ခွာဖို့ ရှိနေသလို အသင်းမှာ ကစားခွင့် မရတော့တဲ့ ခဏတာသုံး အပယ်ခံ နောက်တန်းလူ ပါဘလို မာရီကတော့ ဇန်နဝါရီမှာ အမ်းမရိတ်က ထွက်ခွာဖို့ ကြိုးစားနေ။

– အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာက သူတို့နည်းပြအဖွဲ့အနေနဲ့ သုံးပွဲဆက်တိုက် ဂိုးသွင်းယူထားတဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကို ဂိုးတွေ ပိုမိုသွင်းယူပေးနိုင်ဖို့အတွက် ပင်နယ်တီဧရိယာထဲကို ပိုမိုဝင်ရောက်ကစားဖို့ တိုက်တွန်းထားပြီး ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ နော်ဝေသားဟာ အဲဗာတန်နဲ့ပွဲမှာဆို ဟက်ထရစ်တောင် ရနိုင်ခဲ့တယ်လို့ ဂိုးတွေကို တောင်းဆိုသွားခဲ့။

– အာဆင်နယ်အသင်းက စိတ်ဝင်စားနေခဲ့တဲ့ ကွင်းလယ်နဲ့ တိုက်စစ်မှာ စွယ်စုံသုံးကစားသမား ဒီယန် ကူလူရှက်ဗ်စကီးအတွက် သူ့ရဲ့ အေးဂျင့်သစ်ဖြစ်သူ အလက်ဆန်ဒရို လူချီနဲ့ ဂျူဗင်တပ်စ်အသင်းတို့ လာမယ့်အပတ်ထဲမှာ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေပြီး သင့်တော်တဲ့ ကမ်းလှမ်းမှုရှိရင် တူရင်က ထွက်ခွာခွင့်ရဖို့ တွန်းအားပေးသွားမယ်လို့ သတင်းထွက်လာ။

– အာဆင်နယ်ကွင်းလယ်လူ သောမတ်စ် ပါတေးရဲ့ အဆုံးသတ်ညံ့ဖျင်းမှုအတွက် စကိုင်းစပို့စ်ရဲ့ လှောင်ပြောင်ခဲ့မှုအပေါ် ပရိသတ်တွေက သဘောတူညီခဲ့ပြီး “ပွဲချိန် ၈၄ မိနစ်မှာ ပါတေးရဲ့ ကန်ချက်က ဂိုးဘားပေါ် ကျော်သွားခဲ့ပါတယ်။ ရေက စိုတတ်တယ်၊ မြက်က စိမ်းတယ်၊ ကျန်တာတွေလည်း…”လို့ ဖြစ်နေကျ အကြောင်းတွေကို ရေးသားခဲ့မှုအပြီးမှာ ဂါနာသားအနေနဲ့ ထရိန်နင်မှာ ဒီထက်ပို လေ့ကျင့်သင့်တယ်လို့ ရေးသားခဲ့ကြ။

– ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက အဘူဒါဘီ ဂရင်းပရီမှာ အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ ရက်ဒ်ဘူးလ် ကားမောင်းသမား မက်စ် ဗားစတက်ပင်ရဲ့ နိုင်ပွဲကို ပွဲတင်ဆက်သူတွေက အာဆင်နယ်ရဲ့ ၁၉၈၉ ခုနှစ်က လီဗာပူးလ်ကို အန်းဖီးလ်မှာ အနိုင်ယူပြီး အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့ပုံနဲ့ နှိုင်းယှဉ်ပြောကြားသွားခဲ့ကြ။

REF: INTERNETS SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္း ပြဲႀကိဳထရိန္နင္ကို အခ်ိန္မီ ျပန္မေရာက္ခဲ့မႈအၿပီးမွာ ေရွ႕ဆက္သြားဖို႔ အေျဖရွာေနခဲ့ရၿပီျဖစ္ၿပီး ေနာက္ခံလူေဟာင္း မာတင္ ကီးယြန္းကေတာ့ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူ႔ကို ျဖဳတ္ခ်လိမ့္မယ္လို႔ ခန႔္မွန္းလိုက္သလို ဒါက အသင္းအတြက္ ပိုေကာင္းတဲ့ လမ္းလို႔ ေျပာၾကားသြားခဲ့။

– နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ဇန္နဝါရီမွာ လုပ္ေဆာင္သင့္တာက အားကိုးလို႔ မရေတာ့တဲ့ အူဘာမီယန္းနဲ႔ ဂိုးသြင္းႏႈန္း မေကာင္းတဲ့ လာကာဇက္တို႔ေနရာမွာ အဲဗာတန္တိုက္စစ္မႉး ေဒါမနစ္ ကဲလ္ဗတ္-လူဝင္နဲ႔ အစားထိုးဖို႔ျဖစ္ၿပီး ဒါမွလည္း လာမယ့္ႏွစ္မွာ ဥေရာပဝင္ခြင့္ ရယူႏိုင္မွာျဖစ္တယ္လို႔ အာဆင္နယ္ရဲ႕ ရွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရသင့္တယ္လို႔ အေျပာခံခဲ့ရတဲ့ စိန႔္နဲ႔ပြဲအၿပီးမွာ ေပါလ္ မာဆန္တိုက္တြန္း။

– အက္စတန္ဗီလာတိုက္စစ္မႉးေဟာင္းနဲ႔ Talk Sport ရဲ႕ ပင္တိုင္တင္ဆက္သူတစ္ဦးျဖစ္တဲ့ ဂါဘရီယယ္လ္ အဘြန္လေဟာ္က အာဆင္နယ္ အသင္းအေနနဲ႔ ဂရာနစ္ ခ်ာကာလို လူေဟာင္းေတြကို အူဘာမီယန္းရဲ႕ လက္ပတ္ကို ျပန္မေပးသင့္ဘဲ ကီရန္ တီယာနီက အသင့္ေတာ္ဆုံးျဖစ္သလို အရန္အေနနဲ႔ ဘူကာယို ဆာကာကို ထားရွိဖို႔ အႀကံေပးသြားခဲ့။

– အာဆင္နယ္ပရိသတ္ ဝက္ဘ္ဆိုက္တစ္ခုကေတာ့ အူဘာမီယန္းရဲ႕ လက္ပတ္ကို ျဖဳတ္ခ်ျခင္းက သူ႔ကို ကူညီရာေရာက္လိမ့္မယ္လို႔ ေရးသားလိုက္ၿပီး စည္းကမ္းကို ခုမွ ေဖာက္ဖ်က္ဖူးတာ မဟုတ္ဘဲ ရာဇဝင္ရွိခဲ့တဲ့ ဂါဘြန္သားဟာ ဘယ္သူ႔အတြက္မွ စံျပမျဖစ္ႏိုင္သလို အသင္းရဲ႕ အရင္ေခါင္းေဆာင္ေတြရဲ႕ အရည္အေသြးကို နည္းနည္းမွ မမီဘူးလို႔ ေဝဖန္သြားခဲ့။

– ၿပိဳင္ဘက္ ပရီးမီးယားလိဂ္အသင္းေတြမွာ ကစားခဲ့ေပမယ့္ အာဆင္နယ္ပရိသတ္စစ္စစ္ႀကီးျဖစ္ေနတဲ့ တိုက္စစ္မႉးေဟာင္း ဒါရင္းဘန႔္က အာဆင္နယ္အသင္းအေနနဲ႔ အူဘာမီယန္းရဲ႕ လက္ပတ္ကို လႊဲေျပာင္းေပးခဲ့မယ္ဆိုရင္ ဘူကာယို ဆာကာအတြက္ ေစာလြန္းေသးၿပီး လက္ရွိအေျခအေနနဲ႔ စိတ္ဓာတ္ႀကံ့ခိုင္မႈေတြအရ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္တစ္ဦးတည္းသာ ထိုက္တန္ေၾကာင္းဆို။

– ေနာက္ပိုင္းပြဲေတြမွာ ေနရျပန္ရေနခဲ့တဲ့ အာဆင္နယ္တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ရဲ႕ ေအးဂ်င့္ေတြအေနနဲ႔ စီးရီးေအကလပ္ ေအစီမီလန္အသင္းနဲ႔ ဆက္သြယ္စကားေျပာေနခဲ့ၿပီး ေႏြရာသီမွာ ထြက္ခြာဖို႔ ရွိေနသလို အသင္းမွာ ကစားခြင့္ မရေတာ့တဲ့ ခဏတာသုံး အပယ္ခံ ေနာက္တန္းလူ ပါဘလို မာရီကေတာ့ ဇန္နဝါရီမွာ အမ္းမရိတ္က ထြက္ခြာဖို႔ ႀကိဳးစားေန။

– အာဆင္နယ္အသင္းရဲ႕ နည္းျပ အာတီတာက သူတို႔နည္းျပအဖြဲ႕အေနနဲ႔ သုံးပြဲဆက္တိုက္ ဂိုးသြင္းယူထားတဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ကို ဂိုးေတြ ပိုမိုသြင္းယူေပးႏိုင္ဖို႔အတြက္ ပင္နယ္တီဧရိယာထဲကို ပိုမိုဝင္ေရာက္ကစားဖို႔ တိုက္တြန္းထားၿပီး ပြဲအေျဖကို ေျပာင္းလဲႏိုင္တဲ့ ေနာ္ေဝသားဟာ အဲဗာတန္နဲ႔ပြဲမွာဆို ဟက္ထရစ္ေတာင္ ရႏိုင္ခဲ့တယ္လို႔ ဂိုးေတြကို ေတာင္းဆိုသြားခဲ့။

– အာဆင္နယ္အသင္းက စိတ္ဝင္စားေနခဲ့တဲ့ ကြင္းလယ္နဲ႔ တိုက္စစ္မွာ စြယ္စုံသုံးကစားသမား ဒီယန္ ကူလူရွက္ဗ္စကီးအတြက္ သူ႔ရဲ႕ ေအးဂ်င့္သစ္ျဖစ္သူ အလက္ဆန္ဒ႐ို လူခ်ီနဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔ လာမယ့္အပတ္ထဲမွာ ေတြ႕ဆုံေဆြးေႏြးသြားဖို႔ ရွိေနၿပီး သင့္ေတာ္တဲ့ ကမ္းလွမ္းမႈရွိရင္ တူရင္က ထြက္ခြာခြင့္ရဖို႔ တြန္းအားေပးသြားမယ္လို႔ သတင္းထြက္လာ။

– အာဆင္နယ္ကြင္းလယ္လူ ေသာမတ္စ္ ပါေတးရဲ႕ အဆုံးသတ္ညံ့ဖ်င္းမႈအတြက္ စကိုင္းစပို႔စ္ရဲ႕ ေလွာင္ေျပာင္ခဲ့မႈအေပၚ ပရိသတ္ေတြက သေဘာတူညီခဲ့ၿပီး “ပြဲခ်ိန္ ၈၄ မိနစ္မွာ ပါေတးရဲ႕ ကန္ခ်က္က ဂိုးဘားေပၚ ေက်ာ္သြားခဲ့ပါတယ္။ ေရက စိုတတ္တယ္၊ ျမက္က စိမ္းတယ္၊ က်န္တာေတြလည္း…”လို႔ ျဖစ္ေနက် အေၾကာင္းေတြကို ေရးသားခဲ့မႈအၿပီးမွာ ဂါနာသားအေနနဲ႔ ထရိန္နင္မွာ ဒီထက္ပို ေလ့က်င့္သင့္တယ္လို႔ ေရးသားခဲ့ၾက။

– ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ညက အဘူဒါဘီ ဂရင္းပရီမွာ အႏိုင္ရရွိခဲ့ၿပီး ကမာၻ႔ခ်န္ပီယံျဖစ္ခဲ့တဲ့ ရက္ဒ္ဘူးလ္ ကားေမာင္းသမား မက္စ္ ဗားစတက္ပင္ရဲ႕ ႏိုင္ပြဲကို ပြဲတင္ဆက္သူေတြက အာဆင္နယ္ရဲ႕ ၁၉၈၉ ခုႏွစ္က လီဗာပူးလ္ကို အန္းဖီးလ္မွာ အႏိုင္ယူၿပီး အမွတ္ေပးခ်န္ပီယံ ျဖစ္ခဲ့ပုံနဲ႔ ႏႈိင္းယွဥ္ေျပာၾကားသြားခဲ့ၾက။

REF: INTERNETS SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.