International Premier League

မာတီနယ်လီသည်လည်း ဒင်ဟိုတစ်ပါးပဲလို့ ချီးကျူးနေကြတဲ့ အာဆင်နယ်ပရိသတ်များ

အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီဟာ ဘိုလစ်ဗီးယားနဲ့ ကစားခဲ့တဲ့ ဘရာဇီးလ်အသင်းရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့ချိန်မှာ အထင်ကြီးဖွယ်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘိုလစ်ဗီးယားရဲ့ ပင်လယ်ရေအမြင့်ပေမှာ ကစားနေရပေမယ့်လည်း မာတီနယ်လီက ကောင်းကောင်း ကစားပြနိုင်ခဲ့ပြီး ကွင်းထဲမှာ ရှိခဲ့တဲ့ ၃၆ မိနစ်စလုံး ဘိုလစ်ဗီးယားနောက်ခံကစားသမားတွေကို လှည့်ပတ် ကစားပြခဲ့တာဖြစ်ပါတယ်။

အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ အမျိုးမျိုးသော အလိမ်အခေါက်အကွက်တွေ ပြသနိုင်ခဲ့ပြီး ပရိသတ်တွေဆီကနေ ချီးကျူး လက်ခုပ်သံတွေကို အရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မာတီနယ်လီဟာ ဘောလုံးကို ရယူပြီး ဘိုလစ်ဗီးယားနောက်ခံကစားသမားရဲ့ ဖျက်ထုတ်မှုကို မားဆေးလ် လှည့်ကွက်နဲ့ ကျော်ဖြတ်သွားခဲ့ပြီး ရှေ့တက်လာတဲ့ဂိုးသမားကို ကျော်သွင်းခဲ့ရာမှာ ဘောလုံးက အနည်းငယ် ဝိုက်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီသွင်းဂိုးသာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် တော်တော်လေး ထူးခြားတဲ့ သွင်းဂိုးဖြစ်လာမှာဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေက ၎င်းတို့ရဲ့ တိုက်စစ်မှူး စွမ်းဆောင်ရည်အပေါ် လူမှုကွန်ရက်မှာ ချီးကျူးထောပနာပြုခဲ့ကြပါတယ်။

“ဂါဘရီယယ်လ် မာတီနယ်လီက ဒီကမ္ဘာက မဟုတ်ဘူး။ ဘိုလစ်ဗီးယားရဲ့ အမြင့်ပေမှာ ဘာမှမဖြစ်သလိုကို ပြေးလွှားနေတာ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “ဂါဘရီယယ်လ် မာတီနယ်လီက သူ့ရဲ့ အတွင်းစိတ်ထဲက ရော်နယ်လ်ဒင်ညိုကို လွှတ်ထုတ်လိုက်ပြီ။ ဒီလိုမျိုး စကေးအချို့လုပ်နိုင်တယ်လား ကိုယ့်လူ”လို့ နောက်ထပ် ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေအနေနဲ့ မာတီနယ်လီအနေနဲ့ အာဆင်နယ်အသင်းရဲ့ ထိပ်ဆုံး ၄ နေရာ ခရီးကြမ်းကို ဆက်လက်လျှောက်လှမ်းဖို့ ပရီးမီးယားလိဂ်ကို ပြန်လာတဲ့အချိန်ကျရင် ဒီပုံစံအတိုင်း ဆက်လက်စွမ်းဆောင်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်ကို အစောဆုံးရရှိခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက ကာတာ ကမ္ဘာ့ဖလားအတွက် တစ်နေရာ ရရှိခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်နည်းပြ တီတီဟာ ဘိုလစ်ဗီးယားနဲ့ပွဲမှာ ၎င်းရဲ့ အရန်ခုံက အင်အားကို စမ်းသပ်ဖို့ အခွင့်အရေးကို အပိုင်အနိုင် အသုံးချခဲ့ပြီး မာတီနယ်လီဟာ အာဆင်နယ်နဲ့ ကောင်းမွန်တဲ့ ခြေစွမ်းပြသနေမှုကြောင့် မတ်လမှာ လက်ရွေးစင်အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၀ အရွယ်တိုက်စစ်မှူးဟာ ယခုရာသီ အာဆင်နယ်အတွက် အထင်ကြီးဖွယ် ခြေစွမ်းပြသနေခဲ့တာဖြစ်ပြီး ချီလီနဲ့ပွဲမှာ နောက်ဆုံး ၁၆ မိနစ်ကို လူစားဝင်ကစားပေးခဲ့ပြီးနောက် ဘိုလစ်ဗီးယားကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲကစားချိန် ပိုမို ပေးအပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

လူးကပ်စ် ပကတ်တာ၊ ဘရူနို ဂီမာရေးစ်၊ ရစ်ချာလီဆန်တို့ရဲ့ သွင်းဂိုးတွေဟာ ဘရာဇီးလ်အသင်းဟာ ဖီဖာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပြီး မာတီနယ်လီအနေနဲ့ လက်ရှိ တိုက်စစ်မှာ အရည်အသွေးမြင့်ကစားသမားတွေ စုပြုံနေတာကြောင့် ဘရာဇီးလ်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ရွေးချယ်ခြင်းမခံရဖို့ ပိုများနေပါတယ်။

ကမ္ဘာ့ချန်ပီယံ ၅ ကြိမ်ဖြစ်ဖူးတဲ့ ဘရာဇီးလ်အသင်းရဲ့ ကာတာကိုသွားမယ့် လေယာဉ်ပေါ်မှာ နေရာအနည်းငယ်အတွက် ကမ္ဘာ့ထိပ်တန်းကစားသမားတွေက နေရာလုနေကြတာဖြစ်ပြီး နေမာဟာ ဘရာဇီးလ်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းအတွက် တိုက်စစ်မှာ ရွေးချယ်ခံရဖို့ အာမခံချက်ရှိနေတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပါတယ်။

ရစ်ချာလီဆန်နဲ့ ဖာမီနိုတို့ဟာ နည်းပြ တီတီလက်အောက်မှာ ပုံမှန်ရွေးချယ်ခြင်းခံခဲ့ရသူတွေဖြစ်ပြီး ဗင်နစ်ရှပ် ဂျူနီယာကလည်း ရီးရဲလ်မက်ဒရစ်နဲ့အတူ ထိပ်တန်းခြေစွမ်းပြသနေတာကြောင့် ကမ္ဘာ့ဖလား လူစာရင်းမှာ ရွေးချယ်ခံရဖွယ် ရှိနေတာဖြစ်ပါတယ်။

ကွန်ညာ၊ အန်တိုနီ၊ ဂါဘရီယယ်လ် ဘာဘိုဆာ၊ ရိုဒရီဂို၊ ဂါဘရီယယ်လ် ဂျေဆူးလ်၊ ကော်တင်ညို၊ ရာဖင်ညာ၊ အဲဗာတန် ရီဘဲရိုးနဲ့ အာသာ ကာဘရယ်တို့လို ကစားသမားတွေကလည်း ဘရာဇီးလ်လူစာရင်းမှာ ပါဝင်ဖို့ အသည်းအသန် ကြိုးစားပြနေပြီး ဒီအခြေအနေက နည်းပြ တီတီကို လူရွေးချယ်ရာမှာ ခေါင်းကိုက်စေတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် မာတီနယ်လီဟာ လာမယ့် နိုဝင်ဘာလအထိ ပွဲထွက်လူစာရင်းမှာ နေရာ ရှေ့ရောက်လာအောင် လုပ်ပြဖို့အတွက် အချိန် လုံလုံလောက်လောက် ကျန်ရှိနေသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီဟာ ဘိုလစ္ဗီးယားနဲ႔ ကစားခဲ့တဲ့ ဘရာဇီးလ္အသင္းရဲ့ ၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲအတြက္ အရန္ခုံကေန လူစားဝင္ကစားေပးခဲ့ခ်ိန္မွာ အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္ကို ျပသနိုင္ခဲ့ပါတယ္။

နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ ဘိုလစ္ဗီးယားရဲ့ ပင္လယ္ေရအျမင့္ေပမွာ ကစားေနရေပမယ့္လည္း မာတီနယ္လီက ေကာင္းေကာင္း ကစားျပနိုင္ခဲ့ၿပီး ကြင္းထဲမွာ ရွိခဲ့တဲ့ ၃၆ မိနစ္စလုံး ဘိုလစ္ဗီးယားေနာက္ခံကစားသမားေတြကို လွည့္ပတ္ ကစားျပခဲ့တာျဖစ္ပါတယ္။

အသက္ ၂၀ အရြယ္ တိုက္စစ္မႉးဟာ အမ်ိဳးမ်ိဳးေသာ အလိမ္အေခါက္အကြက္ေတြ ျပသနိုင္ခဲ့ၿပီး ပရိသတ္ေတြဆီကေန ခ်ီးက်ဴး လက္ခုပ္သံေတြကို အရယူနိုင္ခဲ့တာျဖစ္ပါတယ္။ မာတီနယ္လီဟာ ေဘာလုံးကို ရယူၿပီး ဘိုလစ္ဗီးယားေနာက္ခံကစားသမားရဲ့ ဖ်က္ထုတ္မႈကို မားေဆးလ္ လွည့္ကြက္နဲ႔ ေက်ာ္ျဖတ္သြားခဲ့ၿပီး ေရွ႕တက္လာတဲ့ဂိုးသမားကို ေက်ာ္သြင္းခဲ့ရာမွာ ေဘာလုံးက အနည္းငယ္ ဝိုက္သြားခဲ့တာျဖစ္ပါတယ္။

အဲဒီသြင္းဂိုးသာ ဂိုးအျဖစ္ ေျပာင္းလဲနိုင္ခဲ့မယ္ဆိုရင္ ေတာ္ေတာ္ေလး ထူးျခားတဲ့ သြင္းဂိုးျဖစ္လာမွာျဖစ္ၿပီး အာဆင္နယ္ပရိသတ္ေတြက ၎တို႔ရဲ့ တိုက္စစ္မႉး စြမ္းေဆာင္ရည္အေပၚ လူမႈကြန္ရက္မွာ ခ်ီးက်ဴးေထာပနာျပဳခဲ့ၾကပါတယ္။

“ဂါဘရီယယ္လ္ မာတီနယ္လီက ဒီကမၻာက မဟုတ္ဘူး။ ဘိုလစ္ဗီးယားရဲ့ အျမင့္ေပမွာ ဘာမွမျဖစ္သလိုကို ေျပးလႊားေနတာ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး “ဂါဘရီယယ္လ္ မာတီနယ္လီက သူ႔ရဲ့ အတြင္းစိတ္ထဲက ေရာ္နယ္လ္ဒင္ညိဳကို လႊတ္ထုတ္လိုက္ၿပီ။ ဒီလိုမ်ိဳး စေကးအခ်ိဳ႕လုပ္နိုင္တယ္လား ကိုယ့္လူ”လို႔ ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ မာတီနယ္လီအေနနဲ႔ အာဆင္နယ္အသင္းရဲ့ ထိပ္ဆုံး ၄ ေနရာ ခရီးၾကမ္းကို ဆက္လက္ေလၽွာက္လွမ္းဖို႔ ပရီးမီးယားလိဂ္ကို ျပန္လာတဲ့အခ်ိန္က်ရင္ ဒီပုံစံအတိုင္း ဆက္လက္စြမ္းေဆာင္ျပနိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းဟာ ၂၀၂၂ ကမၻာ့ဖလားဝင္ခြင့္ကို အေစာဆုံးရရွိခဲ့တဲ့ နိုင္ငံေတြထဲမွာ ပါဝင္ခဲ့ၿပီး ၂၀၂၁ ခုႏွစ္ နိုဝင္ဘာလကတည္းက ကာတာ ကမၻာ့ဖလားအတြက္ တစ္ေနရာ ရရွိခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္နည္းၿပ တီတီဟာ ဘိုလစ္ဗီးယားနဲ႔ပြဲမွာ ၎ရဲ့ အရန္ခုံက အင္အားကို စမ္းသပ္ဖို႔ အခြင့္အေရးကို အပိုင္အနိုင္ အသုံးခ်ခဲ့ၿပီး မာတီနယ္လီဟာ အာဆင္နယ္နဲ႔ ေကာင္းမြန္တဲ့ ေျခစြမ္းျပသေနမႈေၾကာင့္ မတ္လမွာ လက္ေရြးစင္အသင္းရဲ့ ေခၚယူျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

အသက္ ၂၀ အရြယ္တိုက္စစ္မႉးဟာ ယခုရာသီ အာဆင္နယ္အတြက္ အထင္ႀကီးဖြယ္ ေျခစြမ္းျပသေနခဲ့တာျဖစ္ၿပီး ခ်ီလီနဲ႔ပြဲမွာ ေနာက္ဆုံး ၁၆ မိနစ္ကို လူစားဝင္ကစားေပးခဲ့ၿပီးေနာက္ ဘိုလစ္ဗီးယားကို ၄-၀ နဲ႔ အနိုင္ရခဲ့တဲ့ပြဲမွာ ပြဲကစားခ်ိန္ ပိုမို ေပးအပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

လူးကပ္စ္ ပကတ္တာ၊ ဘ႐ူနို ဂီမာေရးစ္၊ ရစ္ခ်ာလီဆန္တို႔ရဲ့ သြင္းဂိုးေတြဟာ ဘရာဇီးလ္အသင္းဟာ ဖီဖာ ကမၻာ့ဖလားေျခစစ္ပြဲမွာ ရႈံးပြဲမရွိစံခ်ိန္ကို ဆက္လက္ထိန္းသိမ္းနိုင္ခဲ့တာျဖစ္ၿပီး မာတီနယ္လီအေနနဲ႔ လက္ရွိ တိုက္စစ္မွာ အရည္အေသြးျမင့္ကစားသမားေတြ စုျပဳံေနတာေၾကာင့္ ဘရာဇီးလ္ရဲ့ ကမၻာ့ဖလားလူစာရင္းမွာ ေရြးခ်ယ္ျခင္းမခံရဖို႔ ပိုမ်ားေနပါတယ္။

ကမၻာ့ခ်န္ပီယံ ၅ ႀကိမ္ျဖစ္ဖူးတဲ့ ဘရာဇီးလ္အသင္းရဲ့ ကာတာကိုသြားမယ့္ ေလယာဥ္ေပၚမွာ ေနရာအနည္းငယ္အတြက္ ကမၻာ့ထိပ္တန္းကစားသမားေတြက ေနရာလုေနၾကတာျဖစ္ၿပီး ေနမာဟာ ဘရာဇီးလ္ရဲ့ ကမၻာ့ဖလားလူစာရင္းအတြက္ တိုက္စစ္မွာ ေရြးခ်ယ္ခံရဖို႔ အာမခံခ်က္ရွိေနတဲ့ တစ္ဦးတည္းေသာ ကစားသမားျဖစ္ပါတယ္။

ရစ္ခ်ာလီဆန္နဲ႔ ဖာမီနိုတို႔ဟာ နည္းၿပ တီတီလက္ေအာက္မွာ ပုံမွန္ေရြးခ်ယ္ျခင္းခံခဲ့ရသူေတြျဖစ္ၿပီး ဗင္နစ္ရွပ္ ဂ်ဴနီယာကလည္း ရီးရဲလ္မက္ဒရစ္နဲ႔အတူ ထိပ္တန္းေျခစြမ္းျပသေနတာေၾကာင့္ ကမၻာ့ဖလား လူစာရင္းမွာ ေရြးခ်ယ္ခံရဖြယ္ ရွိေနတာျဖစ္ပါတယ္။

ကြန္ညာ၊ အန္တိုနီ၊ ဂါဘရီယယ္လ္ ဘာဘိုဆာ၊ ရိုဒရီဂို၊ ဂါဘရီယယ္လ္ ေဂ်ဆူးလ္၊ ေကာ္တင္ညိဳ၊ ရာဖင္ညာ၊ အဲဗာတန္ ရီဘဲရိုးနဲ႔ အာသာ ကာဘရယ္တို႔လို ကစားသမားေတြကလည္း ဘရာဇီးလ္လူစာရင္းမွာ ပါဝင္ဖို႔ အသည္းအသန္ ႀကိဳးစားျပေနၿပီး ဒီအေျခအေနက နည္းၿပ တီတီကို လူေရြးခ်ယ္ရာမွာ ေခါင္းကိုက္ေစေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ မာတီနယ္လီဟာ လာမယ့္ နိုဝင္ဘာလအထိ ပြဲထြက္လူစာရင္းမွာ ေနရာ ေရွ႕ေရာက္လာေအာင္ လုပ္ျပဖို႔အတြက္ အခ်ိန္ လုံလုံေလာက္ေလာက္ က်န္ရွိေနေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.