Premier League

အာဆင်နယ်ကို အသင်းကြီးအဖြစ် လူငယ်သုံးဦးက ပို့ဆောင်ပေးမယ်လို့ဆိုလိုက်တဲ့ ပီတစ်

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်တဲ့ အီမန်ညူယယ်လ် ပီတစ်က အစဉ်အလာဆိုတာ ဘယ်တော့မှ မတိမ်ကောကြောင်းနဲ့ ဂန်းနားတွေကို သူတို့တွေရဲ့ နေရာမှန်ဖြစ်တဲ့ အသင်းကြီးတစ်သင်းဘဝကို အသင်းရဲ့ လူငယ်သုံးဦးကို အခြေခံတဲ့အဖွဲ့က နည်းပြ မီခယ်လ် အာတီတာရဲ့ လမ်းညွှန်မှုနဲ့အတူ ပြန်လည်ပို့ဆောင်ပေးလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

ဘူကာယို ဆာကာ၊ အီမီးလ် စမစ်ရိုးနဲ့ ဂါဘရီယယ်လ် မာတီနယ်လီတို့ဟာ ပရီးမီးယားလိဂ်ရဲ့ အသက် ၂၁ နှစ်အောက် ကစားသမားတွေထဲမှာ ခြေစွမ်းအပြနိုင်ဆုံးသူတွေလည်းဖြစ်ပြီး ဂန်းနားတွေအတွက် နိုင်ပွဲတွေမှာ သူတို့ရဲ့ အကျိုးပြုမှုနဲ့ မကင်းသလို မန်ချက်စတာစီးတီးရဲ့ ဖီးလ် ဖိုဒန်ကိုတောင် မှေးမှိန်အောင် လုပ်ပြနိုင်ခဲ့ကြတာပါ။

ပီတစ်ကတော့ ဒီလူငယ်သုံးဦးဟာ အသင်းရဲ့ အမာခံ ကျောရိုးတွေဖြစ်ကြပြီး မူလနေရာမှန်ကို ပြန်ရောက်ဖို့ အာဆင်နယ်တို့ ပထမဆုံး လုပ်ရမယ့် အလုပ်က သူတို့တွေ အသင်းမှာ မြဲနေအောင် စာချုပ်သစ်တွေနဲ့ စည်းရုံးပြီး အနာဂတ်အတွက် အာမခံချက်ပေးနိုင်ဖို့ဖြစ်ကြောင်း ထောက်ပြလိုက်သလို ဒါက အာတီတာအတွက် အင်အားပဲလို့လည်း ဆိုလိုက်ပါတယ်။

ရာသီအစမှာ ရုပ်ပျက်ဆင်းပျက် ရှုံးပွဲသုံးပွဲနဲ့ တန်းဆင်းဇုန်ကို ရောက်သွားခဲ့ရပေမယ့် လူငယ်နည်းပြနဲ့ လူငယ်ကစားသမားတွေအပေါ်မှာ ယုံကြည်မှုပေးပြီး လက်ရှိ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းနေနိုင်တာကို အာဆင်နယ်မှာ အာဆင်ဝင်းဂါးနဲ့ ၁၉၉၇ ကနေ ၂၀၀၀ ခုနှစ်အထိ လက်တွဲခဲ့ဖူးတဲ့ ပြင်သစ်သားကြီးက ခုလိုပြောပါတယ်။

“သူတို့တွေ အတော်လဲ ပြောင်းလဲသွားနိုင်ခဲ့တယ်ဗျ။ ပြီးခဲ့တဲ့ ၆ လအတွင်းမှာ ကစားသမားသစ်တွေရဲ့ အကျိုးပြုလာခဲ့တာအတွက်လည်း ကျွန်တော် ကြည့်နေရတာ တော်တော်လေး ပျော်ပါတယ်”လို့ ပီတစ်က ဆိုလိုက်ပြီး အသင်းကြီးတွေနဲ့ ပခုံးချင်း ယှဉ်လာနိုင်တဲ့ နည်းပြသစ်ရဲ့ ဗျူဟာနဲ့ ကစားကွက်တွေကိုလည်း ချီးကျူးသွားခဲ့တာပါ။

“အသင်းက တော်တော်လေး ပြိုင်နိုင်ဆိုင်နိုင်တဲ့ အနေအထားကို ရောက်လာပြီ။ မန်စီးတီးနဲ့ပွဲက ပုံစံကို ကြည့်ရင် သူတို့တွေ နိုင်တောင် နိုင်ခဲ့သင့်တာ။ ရှုံးခဲ့တာက ပရိသတ်တွေနဲ့ ကစားသမားတွေအတွက်တော့ ခံစားရခက်စေတာပေါ့ဗျာ… ဒါပေမယ့် သူတို့က ကွင်းထဲမှာ အကောင်းဆုံးဖြစ်ပြီး အရင်နှစ်က မန်စီးတီးရှေ့မှာ ပြိုလဲခဲ့ရတာနဲ့ ယှဉ်ရင် ကွာဟချက်က သိပ်မရှိတော့ဘူး။ တစ်ဆင့်ချင်း တက်လာနိုင်ခဲ့တာပါ”

“အသင်းကြီးတွေဆိုတာ ပျောက်ဆုံးပျက်စီးသွားတာမျိုး မဖြစ်နိုင်ပါဘူး။ အခု လူငယ်မျိုးဆက်သစ်တွေကို ကျွန်တော်ယုံတယ်။ မာတီနယ်လီ၊ စမစ်ရိုးနဲ့ ဆာကာတို့ဟာ အသင်းရဲ့ အနာဂတ်ကို ပုံဖော်ပေးကြမယ့်သူတွေပါပဲ… ဒါကြောင့် သူတို့တွေ ဒီမှာ ဆက်ရှိနေဖို့တော့ လိုပါတယ်”လို့ ပီတစ်က လက်ရှိ အာဆင်နယ်အသင်းရဲ့ အနေအထားကို သုံးသပ်သွားခဲ့ပါတယ်။

မြောက်လန်ဒန်သား ဂန်းနားတွေအနေနဲ့ လက်ရှိမှာ အဆင့် ၄ ဝင်ခွင့်အတွက် အခြေအနေကောင်းဆုံး အနေအထားကို ရောက်ရှိနေပြီး အမှားမလုပ်ခဲ့ရင်နဲ့ အသင်းကြီးချင်း တွေ့တဲ့ လက်ကျန်ပွဲတွေမှာ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ စပါးစ်တို့ဆီက သရေရလဒ်နဲ့အထက် ရယူနိုင်ခဲ့ရင် လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ကစားဖို့ အသင့်ဖြစ်နိုင်မှာပါ။

ဒီရာသီမှာတင်ကို လူငယ်ကစားသမား ရဲသုံးဖော်ဖြစ်တဲ့ မာတီနယ်လီ၊ ဆာကာနဲ့ စမစ်ရိုးတို့ရဲ့ စွမ်းဆောင်ရည်တွေက အရေးပါနေခဲ့ပြီး ကွင်းလယ်က မော်ဒန်ပလေးမိတ်ကာ မာတင် အော်ဒီဂွါဒ်ရဲ့ ဖန်တီးမှုတွေနဲ့အတူ နည်းပြ အာတီတာရဲ့ အထင်သေးမှုအားလုံးကို ပြောင်းပြန်လှန်နိုင်ခဲ့တဲ့ ကိုင်တွယ်မှုက အာဆင်နယ်တို့ကို ရင်ခုန်စရာကောင်းစေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူေဟာင္းတစ္ဦးျဖစ္တဲ့ အီမန္ညဴယယ္လ္ ပီတစ္က အစဥ္အလာဆိုတာ ဘယ္ေတာ့မွ မတိမ္ေကာေၾကာင္းနဲ႔ ဂန္းနားေတြကို သူတို႔ေတြရဲ႕ ေနရာမွန္ျဖစ္တဲ့ အသင္းႀကီးတစ္သင္းဘဝကို အသင္းရဲ႕ လူငယ္သုံးဦးကို အေျခခံတဲ့အဖြဲ႕က နည္းျပ မီခယ္လ္ အာတီတာရဲ႕ လမ္းၫႊန္မႈနဲ႔အတူ ျပန္လည္ပို႔ေဆာင္ေပးလိမ့္မယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ဘူကာယို ဆာကာ၊ အီမီးလ္ စမစ္႐ိုးနဲ႔ ဂါဘရီယယ္လ္ မာတီနယ္လီတို႔ဟာ ပရီးမီးယားလိဂ္ရဲ႕ အသက္ ၂၁ ႏွစ္ေအာက္ ကစားသမားေတြထဲမွာ ေျခစြမ္းအျပႏိုင္ဆုံးသူေတြလည္းျဖစ္ၿပီး ဂန္းနားေတြအတြက္ ႏိုင္ပြဲေတြမွာ သူတို႔ရဲ႕ အက်ိဳးျပဳမႈနဲ႔ မကင္းသလို မန္ခ်က္စတာစီးတီးရဲ႕ ဖီးလ္ ဖိုဒန္ကိုေတာင္ ေမွးမွိန္ေအာင္ လုပ္ျပႏိုင္ခဲ့ၾကတာပါ။

ပီတစ္ကေတာ့ ဒီလူငယ္သုံးဦးဟာ အသင္းရဲ႕ အမာခံ ေက်ာ႐ိုးေတြျဖစ္ၾကၿပီး မူလေနရာမွန္ကို ျပန္ေရာက္ဖို႔ အာဆင္နယ္တို႔ ပထမဆုံး လုပ္ရမယ့္ အလုပ္က သူတို႔ေတြ အသင္းမွာ ၿမဲေနေအာင္ စာခ်ဳပ္သစ္ေတြနဲ႔ စည္း႐ုံးၿပီး အနာဂတ္အတြက္ အာမခံခ်က္ေပးႏိုင္ဖို႔ျဖစ္ေၾကာင္း ေထာက္ျပလိုက္သလို ဒါက အာတီတာအတြက္ အင္အားပဲလို႔လည္း ဆိုလိုက္ပါတယ္။

ရာသီအစမွာ ႐ုပ္ပ်က္ဆင္းပ်က္ ရႈံးပြဲသုံးပြဲနဲ႔ တန္းဆင္းဇုန္ကို ေရာက္သြားခဲ့ရေပမယ့္ လူငယ္နည္းျပနဲ႔ လူငယ္ကစားသမားေတြအေပၚမွာ ယုံၾကည္မႈေပးၿပီး လက္ရွိ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေျခအေနေကာင္းေနႏိုင္တာကို အာဆင္နယ္မွာ အာဆင္ဝင္းဂါးနဲ႔ ၁၉၉၇ ကေန ၂၀၀၀ ခုႏွစ္အထိ လက္တြဲခဲ့ဖူးတဲ့ ျပင္သစ္သားႀကီးက ခုလိုေျပာပါတယ္။

“သူတို႔ေတြ အေတာ္လဲ ေျပာင္းလဲသြားႏိုင္ခဲ့တယ္ဗ်။ ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ ကစားသမားသစ္ေတြရဲ႕ အက်ိဳးျပဳလာခဲ့တာအတြက္လည္း ကြၽန္ေတာ္ ၾကည့္ေနရတာ ေတာ္ေတာ္ေလး ေပ်ာ္ပါတယ္”လို႔ ပီတစ္က ဆိုလိုက္ၿပီး အသင္းႀကီးေတြနဲ႔ ပခုံးခ်င္း ယွဥ္လာႏိုင္တဲ့ နည္းျပသစ္ရဲ႕ ဗ်ဴဟာနဲ႔ ကစားကြက္ေတြကိုလည္း ခ်ီးက်ဴးသြားခဲ့တာပါ။

“အသင္းက ေတာ္ေတာ္ေလး ၿပိဳင္ႏိုင္ဆိုင္ႏိုင္တဲ့ အေနအထားကို ေရာက္လာၿပီ။ မန္စီးတီးနဲ႔ပြဲက ပုံစံကို ၾကည့္ရင္ သူတို႔ေတြ ႏိုင္ေတာင္ ႏိုင္ခဲ့သင့္တာ။ ရႈံးခဲ့တာက ပရိသတ္ေတြနဲ႔ ကစားသမားေတြအတြက္ေတာ့ ခံစားရခက္ေစတာေပါ့ဗ်ာ… ဒါေပမယ့္ သူတို႔က ကြင္းထဲမွာ အေကာင္းဆုံးျဖစ္ၿပီး အရင္ႏွစ္က မန္စီးတီးေရွ႕မွာ ၿပိဳလဲခဲ့ရတာနဲ႔ ယွဥ္ရင္ ကြာဟခ်က္က သိပ္မရွိေတာ့ဘူး။ တစ္ဆင့္ခ်င္း တက္လာႏိုင္ခဲ့တာပါ”

“အသင္းႀကီးေတြဆိုတာ ေပ်ာက္ဆုံးပ်က္စီးသြားတာမ်ိဳး မျဖစ္ႏိုင္ပါဘူး။ အခု လူငယ္မ်ိဳးဆက္သစ္ေတြကို ကြၽန္ေတာ္ယုံတယ္။ မာတီနယ္လီ၊ စမစ္႐ိုးနဲ႔ ဆာကာတို႔ဟာ အသင္းရဲ႕ အနာဂတ္ကို ပုံေဖာ္ေပးၾကမယ့္သူေတြပါပဲ… ဒါေၾကာင့္ သူတို႔ေတြ ဒီမွာ ဆက္ရွိေနဖို႔ေတာ့ လိုပါတယ္”လို႔ ပီတစ္က လက္ရွိ အာဆင္နယ္အသင္းရဲ႕ အေနအထားကို သုံးသပ္သြားခဲ့ပါတယ္။

ေျမာက္လန္ဒန္သား ဂန္းနားေတြအေနနဲ႔ လက္ရွိမွာ အဆင့္ ၄ ဝင္ခြင့္အတြက္ အေျခအေနေကာင္းဆုံး အေနအထားကို ေရာက္ရွိေနၿပီး အမွားမလုပ္ခဲ့ရင္နဲ႔ အသင္းႀကီးခ်င္း ေတြ႕တဲ့ လက္က်န္ပြဲေတြမွာ မန္ခ်က္စတာယူႏိုက္တက္၊ ခ်ဲလ္ဆီးနဲ႔ စပါးစ္တို႔ဆီက သေရရလဒ္နဲ႔အထက္ ရယူႏိုင္ခဲ့ရင္ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ကစားဖို႔ အသင့္ျဖစ္ႏိုင္မွာပါ။

ဒီရာသီမွာတင္ကို လူငယ္ကစားသမား ရဲသုံးေဖာ္ျဖစ္တဲ့ မာတီနယ္လီ၊ ဆာကာနဲ႔ စမစ္႐ိုးတို႔ရဲ႕ စြမ္းေဆာင္ရည္ေတြက အေရးပါေနခဲ့ၿပီး ကြင္းလယ္က ေမာ္ဒန္ပေလးမိတ္ကာ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ဖန္တီးမႈေတြနဲ႔အတူ နည္းျပ အာတီတာရဲ႕ အထင္ေသးမႈအားလုံးကို ေျပာင္းျပန္လွန္ႏိုင္ခဲ့တဲ့ ကိုင္တြယ္မႈက အာဆင္နယ္တို႔ကို ရင္ခုန္စရာေကာင္းေစေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.