International

အိမ်ကွင်းမှာ အသည်းကွဲတဲ့ အီတလီကို အင်္ဂလန်ပရိသတ်တွေ လှောင်ပြောင်

အိမ်ကွင်းမှာ မြောက်မက်ဆီဒိုးနီးယားရဲ့ နာကျင်အချိန်ပိုသွင်းဂိုးနဲ့ ငုတ်တုတ်မေ့ခဲ့ရတဲ့ နာမည်ကြီးထမင်းငတ် အီတလီရဲ့ ကမ္ဘာ့ဖလားပြုတ် ရှုံးပွဲအပေါ် ယူရိုဗိုလ်လုပွဲက ကျောင်းတော်ရန်စတွေနဲ့ အင်္ဂလန်ပရိသတ်တွေက လှောင်ပြောင်နေခဲ့ကြပြီး ဘယ်တုန်းကမှ ဒီအသင်းက ချန်ပီယံဖြစ်ဖို့ မထိုက်တန်ဘူးလို့ တူးဆွနေခဲ့ကြပြီလည်းဖြစ်ပါတယ်။

ပွဲချိန်အတွင်းမှာ ဂိုးပေါက်ကန်ခွင့် ၃၂ ကြိမ် ရရှိခဲ့ရာမှာ ၅ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး တစ်ဂိုးမှ မသွင်းနိုင်ခဲ့တဲ့ အီတလီဟာ နာကျင်အချိန်ပိုမှာ လေးလံတဲ့ ခံစစ်ကြားကနေ မြောက်မက်ဆီဒိုးနီးယားတိုက်စစ်မှူး ထရိုင်ကော့ဗ်စကီးရဲ့ မြေရှပ်ဘောကန်ချက်က အဝေးတိုင်ထောင့်ကို တည့်တည့်မတ်မတ် ဝင်သွားခဲ့ပြီး ပီအက်စ်ဂျီမှာ အလှောင်ခံနေရသူတစ်ဦးဖြစ်တဲ့ ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကိုလည်း အရှက်ကွဲစေခဲ့တာဖြစ်ပါတယ်။

အီတလီလက်ရွေးစင်အသင်းအနေနဲ့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားကို လွဲချော်ခဲ့အပြီးမှာ ၂၀၂၂ ကမ္ဘာ့ဖလားကိုပါ နှစ်ကြိမ်ဆက်တိုက် လွဲချော်ခဲ့တာဖြစ်ပြီး ယူရိုမှာ သူတို့ကို ပင်နယ်တီမှာ ရှုံးနိမ့်ထားခဲ့တဲ့ အင်္ဂလန်ကတော့ လူငယ်တောင်ပံသမား ဘူကာယို ဆာကာကို နောက်ခံလူ ဂျော်ဂျို ခေးလီနီက ဆွဲထားတဲ့ ပုံကို တင်ပြီး လှောင်ပြောင်သွားခဲ့တာပါ။

“It’s Coming Rome ဆို… မဟုတ်ပါလား”လို့ ပရိသတ်တစ်ဦးက လှောင်ပြောင်ခဲ့သလို တစ်ဦးကတော့ အီတလီတို့ ကမ္ဘာ့ဖလားနောက်ဆုံး ကစားခဲ့တုန်းက ရစ်ကီ လမ်းဘတ်(ဆောက်သမ်တန်နှင့် လီဗာပူးလ်တိုက်စစ်မှူးဟောင်း)တောင် အဲ့ဒီမှာ ကစားခဲ့သေးတယ်လို့ ခနဲ့သွားခဲ့ချိန်မှာ အသင်းငယ်လေးကို လျှော့တွက်မိလို့ ခံလိုက်ရပြီလို့ ဝိုင်းဝန်းထိုးနှက်ခဲ့ကြတာဖြစ်ပါတယ်။

မြောက်မက်ဆီဒိုးနီးယားက မင်းတို့ကို ကမ္ဘာ့ဖလားသွားမရအောင် ဆွဲထားခဲ့တာ ဝဋ်လည်ပြီ မဟုတ်လားလို့ ဆာကာကို ခေးလီနီက သိသာစွာ အင်္ကျီဆွဲခဲ့တာကို လျစ်လျူရှုခံခဲ့ရတဲ့ ယူရို ၂၀၂၀ ဖိုင်နယ်ပုံနဲ့ Troll တွေက လူမှုမီဒီယာတွေမှာ ပျံ့လွင့်နေပြီး ဒီအသင်းနဲ့ ဒီအသင်းတောင်မှ ကျော်ဖြတ်ဖို့ မလုပ်နိုင်ခဲ့တာကိုလည်း ဝေဖန်ခံခဲ့ရတာပါ။

အီတလီကွင်းလယ်လူ ဂျော်ဂျင်ညိုရဲ့ ဆွစ်ဇာလန်နဲ့ နှစ်ကျော့စလုံးမှာ ပင်နယ်တီ မဝင်ခဲ့တာကတော့ လူပြောများခဲ့ပြီး အထူးသဖြင့် အိမ်ကွင်းမှာ တိုက်ရိုက်ခြေစစ်ပွဲအောင်သွားခဲ့တဲ့ အုပ်စုဗိုလ်ကို နှာနုဖြတ်ရိုက်နိုင်ခဲ့ရမယ့် နောက်ဆုံးမိနစ် ပင်နယ်တီကို လွဲခဲ့တဲ့အတွက် ဘဝမှာ ခြောက်လှန့်နေတော့မှာ ဖြစ်ကြောင်း ချဲလ်ဆီးကွင်းလယ်လူကလည်း ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အနိုင်ရသွားခဲ့တဲ့ နိုင်ငံငယ်လေး မြောက်မက်ဆီဒိုးနီးယားကတော့ Play-off Path C ရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ ပေါ်တူဂီအသင်းနဲ့ အဝေးကွင်းမှာပဲ ထပ်မံကစားရဦးမှာဖြစ်ပြီး သူတို့အတွက် သမိုင်းဝင် စိန်ခေါ်မှု ပြုလုပ်ဖို့ ရှိနေခဲ့သလို သူ့ရဲ့နောက်ဆုံး ကမ္ဘာ့ဖလားအတွက် ကြိုးစားနေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အသင်းနဲ့ ပေါ်တိုမှာ အသည်းချင်းပေါက်ရဦးမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အိမ္ကြင္းမွာ ေျမာက္မက္ဆီဒိုးနီးယားရဲ႕ နာက်င္အခ်ိန္ပိုသြင္းဂိုးနဲ႔ ငုတ္တုတ္ေမ့ခဲ့ရတဲ့ နာမည္ႀကီးထမင္းငတ္ အီတလီရဲ႕ ကမာၻ႔ဖလားျပဳတ္ ရႈံးပြဲအေပၚ ယူ႐ိုဗိုလ္လုပြဲက ေက်ာင္းေတာ္ရန္စေတြနဲ႔ အဂၤလန္ပရိသတ္ေတြက ေလွာင္ေျပာင္ေနခဲ့ၾကၿပီး ဘယ္တုန္းကမွ ဒီအသင္းက ခ်န္ပီယံျဖစ္ဖို႔ မထိုက္တန္ဘူးလို႔ တူးဆြေနခဲ့ၾကၿပီလည္းျဖစ္ပါတယ္။

ပြဲခ်ိန္အတြင္းမွာ ဂိုးေပါက္ကန္ခြင့္ ၃၂ ႀကိမ္ ရရွိခဲ့ရာမွာ ၅ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး တစ္ဂိုးမွ မသြင္းႏိုင္ခဲ့တဲ့ အီတလီဟာ နာက်င္အခ်ိန္ပိုမွာ ေလးလံတဲ့ ခံစစ္ၾကားကေန ေျမာက္မက္ဆီဒိုးနီးယားတိုက္စစ္မႉး ထ႐ိုင္ေကာ့ဗ္စကီးရဲ႕ ေျမရွပ္ေဘာကန္ခ်က္က အေဝးတိုင္ေထာင့္ကို တည့္တည့္မတ္မတ္ ဝင္သြားခဲ့ၿပီး ပီအက္စ္ဂ်ီမွာ အေလွာင္ခံေနရသူတစ္ဦးျဖစ္တဲ့ ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာကိုလည္း အရွက္ကြဲေစခဲ့တာျဖစ္ပါတယ္။

အီတလီလက္ေ႐ြးစင္အသင္းအေနနဲ႔ ၂၀၁၈ ႐ုရွားကမာၻ႔ဖလားကို လြဲေခ်ာ္ခဲ့အၿပီးမွာ ၂၀၂၂ ကမာၻ႔ဖလားကိုပါ ႏွစ္ႀကိမ္ဆက္တိုက္ လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး ယူ႐ိုမွာ သူတို႔ကို ပင္နယ္တီမွာ ရႈံးနိမ့္ထားခဲ့တဲ့ အဂၤလန္ကေတာ့ လူငယ္ေတာင္ပံသမား ဘူကာယို ဆာကာကို ေနာက္ခံလူ ေဂ်ာ္ဂ်ိဳ ေခးလီနီက ဆြဲထားတဲ့ ပုံကို တင္ၿပီး ေလွာင္ေျပာင္သြားခဲ့တာပါ။

“It’s Coming Rome ဆို… မဟုတ္ပါလား”လို႔ ပရိသတ္တစ္ဦးက ေလွာင္ေျပာင္ခဲ့သလို တစ္ဦးကေတာ့ အီတလီတို႔ ကမာၻ႔ဖလားေနာက္ဆုံး ကစားခဲ့တုန္းက ရစ္ကီ လမ္းဘတ္(ေဆာက္သမ္တန္ႏွင့္ လီဗာပူးလ္တိုက္စစ္မႉးေဟာင္း)ေတာင္ အဲ့ဒီမွာ ကစားခဲ့ေသးတယ္လို႔ ခနဲ႔သြားခဲ့ခ်ိန္မွာ အသင္းငယ္ေလးကို ေလွ်ာ့တြက္မိလို႔ ခံလိုက္ရၿပီလို႔ ဝိုင္းဝန္းထိုးႏွက္ခဲ့ၾကတာျဖစ္ပါတယ္။

ေျမာက္မက္ဆီဒိုးနီးယားက မင္းတို႔ကို ကမာၻ႔ဖလားသြားမရေအာင္ ဆြဲထားခဲ့တာ ဝဋ္လည္ၿပီ မဟုတ္လားလို႔ ဆာကာကို ေခးလီနီက သိသာစြာ အက်ႌဆြဲခဲ့တာကို လ်စ္လ်ဴရႈခံခဲ့ရတဲ့ ယူ႐ို ၂၀၂၀ ဖိုင္နယ္ပုံနဲ႔ Troll ေတြက လူမႈမီဒီယာေတြမွာ ပ်ံ႕လြင့္ေနၿပီး ဒီအသင္းနဲ႔ ဒီအသင္းေတာင္မွ ေက်ာ္ျဖတ္ဖို႔ မလုပ္ႏိုင္ခဲ့တာကိုလည္း ေဝဖန္ခံခဲ့ရတာပါ။

အီတလီကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳရဲ႕ ဆြစ္ဇာလန္နဲ႔ ႏွစ္ေက်ာ့စလုံးမွာ ပင္နယ္တီ မဝင္ခဲ့တာကေတာ့ လူေျပာမ်ားခဲ့ၿပီး အထူးသျဖင့္ အိမ္ကြင္းမွာ တိုက္႐ိုက္ေျခစစ္ပြဲေအာင္သြားခဲ့တဲ့ အုပ္စုဗိုလ္ကို ႏွာႏုျဖတ္႐ိုက္ႏိုင္ခဲ့ရမယ့္ ေနာက္ဆုံးမိနစ္ ပင္နယ္တီကို လြဲခဲ့တဲ့အတြက္ ဘဝမွာ ေျခာက္လွန႔္ေနေတာ့မွာ ျဖစ္ေၾကာင္း ခ်ဲလ္ဆီးကြင္းလယ္လူကလည္း ပြဲအၿပီးမွာ ဝန္ခံသြားခဲ့ပါတယ္။

ဒီေန႔ပြဲမွာ အႏိုင္ရသြားခဲ့တဲ့ ႏိုင္ငံငယ္ေလး ေျမာက္မက္ဆီဒိုးနီးယားကေတာ့ Play-off Path C ရဲ႕ ေနာက္ဆုံးဗိုလ္လုပြဲမွာ ေပၚတူဂီအသင္းနဲ႔ အေဝးကြင္းမွာပဲ ထပ္မံကစားရဦးမွာျဖစ္ၿပီး သူတို႔အတြက္ သမိုင္းဝင္ စိန္ေခၚမႈ ျပဳလုပ္ဖို႔ ရွိေနခဲ့သလို သူ႔ရဲ႕ေနာက္ဆုံး ကမာၻ႔ဖလားအတြက္ ႀကိဳးစားေနတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အသင္းနဲ႔ ေပၚတိုမွာ အသည္းခ်င္းေပါက္ရဦးမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.