International Match Report

CR7 ဂိုးမသွင်းပေမယ့် Play-Off Final အတွက် တူရကီကို ကျော်ဖြတ်ခဲ့တဲ့ ပေါ်တူဂီ

ပေါ်တူဂီအသင်းကို ဒီနေ့မှာလည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုပဲ ဦးဆောင်ခဲ့ပြီး တိုက်စစ်မှာ ဂျိုတာ၊ အော့တာဗျိုတို့နဲ့ တွဲကစားခဲ့သလို ကွင်းလယ်မှာတော့ ဘရူနို ဖာနန်ဒက်စ်၊ ဘာနာဒို ဆေးလ်ဗား၊ ဂျာအို မော်တင်ညိုတို့ကို အထိုင်ချခဲ့ချိန်မှာ ခံစစ်မှာတော့ ရူအီ ဖွန်တီ၊ ဒါနီလို ပါရဲရား၊ ဒါလော့၊ ရာဖေးလ် ဂွါရဲရိုးနဲ့ ပေါ်တိုဂိုးသမား ဒီယိုဂို ကော်စတာတို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

တူရကီကတော့ ခံစစ်မှာ ဂိုးသမား ဆာကီယာ၊ ဆိုယွန်ကျူ၊ ဒီမီရယ်လ်၊ အိုဇန် ကာဘက်တို့နဲ့ ၃-၄-၃ ကစားခဲ့သလို ကွင်းလယ်မှာတော့ ဇီကီ ချယ်လိခ်၊ ကွတ်တလူး၊ ကော့ချူး၊ ချယ်လ်ဟာနိုးလူးတို့နဲ့ အထိုင်ချခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဘူးရက် ယီလ်မက်ဇ်၊ ချန်ဂီ အွန်ဒါနဲ့ အက်ခ်တာကိုးလူးလို့ ကစားလာခဲ့ကြပါတယ်။

အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပေါ်တူဂီတို့ တူရကီတို့ကို တိုက်စစ်ဆင်ဖိကစားခဲ့ကြပြီး ပွဲချိန် ၁၁ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ညာခြမ်း ဖရီးကစ်ကနေ တင်ပေးတာကို ဂျိုတာရဲ့ အဖွင့်ဂိုးဖြစ်သွားနိုင်တဲ့ လူကြားထဲက အနီးကပ် ပိတ်သွင်းမှု လွဲချော်သွားခဲ့သလို ရော်နယ်လ်ဒိုရဲ့ ဧရိယာထိပ် ကန်ချက်ကို ဂိုးသမား မိသွားခဲ့တာကြောင့် စိတ်ပျက်ခဲ့ရပေမယ့် သူတို့တွေ ဂိုးရဖို့တော့ သိပ်ကြာကြာ မစောင့်လိုက်ရတာပါ။

ပွဲချိန် ၁၅ မိနစ်မှာတော့ ပေါ်တူဂီတို့ပဲ ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ဂျိုတာ နောက်ပြန်ချပေးတာကို ဘာနာဒို ဆေးလ်ဗားရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့ပေမယ့် အော့တာဗျိုက ပြေးလိုက်ပြီး ပိတ်သွင်းခဲ့ရာမှာ ဂိုးသမားကိုယ်လုံးနဲ့ထိပြီးမှ ဂိုးထဲ ဝင်သွားခဲ့လို့ အိမ်ရှင်တို့ ပျော်ရွှင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ အက်ခ်တာကိုးလူး တင်ပေးတာကို ဘယ်ခြမ်းက ကွတ်တလူး ခေါင်းတိုက်ချက်က တိုင်ဘေးက ထွက်သွားခဲ့တာကတော့ ပွဲက ပေါ်တူဂီတို့အတွက် ဖြစ်သွားသလိုရှိခဲ့ပြီး ပွဲချိန် ၂၇ မိနစ်မှာလည်း ကော့ချူးရဲ့ ကန်ချက်ကို ဂိုးသမား ဒီယိုဂို ကော့စတာ ပုတ်ထုတ်သွားနိုင်ခဲ့တာပါ။

ရော်နယ်လ်ဒိုနဲ့ ဖာနန်ဒက်စ်တို့ကတော့ မန်ချက်စတာယူနိုက်တက်မှာတင် မဟုတ်ဘဲ ပေါ်တူဂီလက်ရွေးစင်အသင်းမှာပါ အတွဲအဖက်မိဖို့ ရုန်းကန်နေခဲ့ရပြီး ကစားကွက်မှာ သူတို့နှစ်ယောက်ထက် ဘာနာဒို ဆေးလ်ဗား၊ ဂျိုတာနဲ့ အော့တာဗျိုတို့ရဲ့ ယက်ကန်းရက်သလို လွန်းထိုးနေမှုတွေကသာ အသင်းရဲ့ အဓိက အင်အားဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာတော့ ပေါ်တူဂီတို့ ဒုတိယဦးဆောင်ဂိုးထပ်ရခဲ့ပြီး ကွင်းလယ်လူတွေအနေနဲ့ ညာခြမ်းမှာ နှစ်ယောက်ပူးနေတဲ့ ယူနိုက်တက် တိုက်စစ်သမားနှစ်ယောက်ဆီ ပေးဖို့ ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ချိန်မှာ ညာခြမ်းက အော့တာဗျို အသာလေး မ,တင်ပေးခဲ့တာကို ဂျိုတာက ဘယ်ခြမ်း အနီးတိုင်ခြေကို ခေါင်းတိုက်ပြီး ရယူသွားနိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိ ရလဒ်ထွက်ပေါ်နေခဲ့တာပါ။

ဒုတိယပိုင်းပြန်အစပြီး ဂျိုတာ အခွင့်အရေးနှစ်ကြိမ်လောက် ထပ်ရခဲ့ပေမယ့် လွဲချော်နေခဲ့သလို ရှေ့ထွက်လာတဲ့ ဂိုးသမားကို လိမ်ပြီး အလွတ်ကန်ခွင့်မှာ ဂိုးပေါက်မတည့်တာကတော့ ဆိုးခဲ့ပြီး သူနဲ့ အော့တာဗျိုတို့ရဲ့ ကြိုးစားမှုတွေကိုတော့ တူရကီနောက်တန်းနဲ့ ဂိုးသမား ဆာကီယာတို့ စုစည်း ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ တူရကီတို့အတွက် မျှော်လင့်ချက်တွေ ရှင်သန်လာစေမယ့် ချေပဂိုးကို ရရှိခဲ့ပြီး လိုင်လီအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးနဲ့ ဧည့်သည်အသင်းကပ္ပတိန် ဘူးရက် ယီလ်မက်ဇ်က ဘယ်ခြမ်းကနေ အတွင်းကို ဆွဲဝင်ပြီးမှ ချန်ဂီ အွန်ဒါနဲ့ ဝမ်းတူးရိုက်ထွက်ပြီး ဂိုးသမား ဒီယိုဂို ကော့စတာနဲ့အတွေ့မှာ အပိုင်ကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ဒီနောက်ပိုင်းမှာ ပေါ်တူဂီတို့ ခံစစ်ဖြစ်သွားခဲ့ချိန်မှာ တူရကီတို့ ဖိကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်များနေခဲ့လို့ ဂိုးထပ်မရခဲ့သလို ဂျိုတာအစား ဂျာအို ဖဲလစ္စ ဝင်လာခဲ့ပေမယ့် တစ်ဖက်နောက်တန်းကို မကျော်နိုင်ဘဲဖြစ်ခဲ့ပြီး ပွဲချိန် ၈၅ မိနစ်မှာတော့ အူနယ်လ်ကို ဘောလုံးမထိဘဲကန်မိတဲ့ ရူအီ ဖွန်တီကြောင့် VAR နဲ့ ပင်နယ်တီ ပေးခဲ့ရပေမယ့် ကပ္ပတိန် ယီလ်မက်ဇ်က ဘားပေါ်ထောင်ကန်ခဲ့ပြီး အားလုံးကို ဖြုန်းတီးပစ်ခဲ့ပါတယ်။

တူရကီတို့ လိုအပ်နေတဲ့ တစ်ဂိုးအထိ ဆက်ပြီး ဖိကစားခဲ့တာက နာကျင်အချိန်ပို ၄ မိနစ်မှာတော့ Back Fire ဖြစ်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ လူစားဝင်ကစားသမား ရာဖေးလ် လီယာအိုက ဘယ်ခြမ်းကနေ ကွင်းလယ်ထဲ ဆွဲဝင်ပြီးမှ ဂိုးရှေ့ချပေးတာကို နောက်ထပ်လူစားဝင်သူပဲဖြစ်တဲ့ မက်သီးယပ်စ် နူးနက်စ်က ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ကန်သွင်းနိုင်ခဲ့လို့ တတိယဂိုးနဲ့ ထိုးနှက်နိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာ သုံးဂိုး-တစ်ဂိုးနဲ့ ပေါ်တူဂီတို့ အောင်ပွဲခံခဲ့ကြသလို ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off Path C ရဲ့ Final အဆင့်ကို တက်ရောက်သွားခဲ့ပြီး တစ်ဖက်က အီတလီကို နာကျင်အချိန်ပိုမှာ နောက်ကောက်ချပြီး တက်လာခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားနဲ့ ပေါ်တိုကွင်းမှာပဲ အိမ်ရှင်အဖြစ် လက်ခံကစားဖို့နဲ့ ကာတာသွားလက်မှတ်တစ်စောင်ကို ရယူနိုင်ဖို့ ရေပန်းစားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီအသင္းကို ဒီေန႔မွာလည္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုပဲ ဦးေဆာင္ခဲ့ၿပီး တိုက္စစ္မွာ ဂ်ိဳတာ၊ ေအာ့တာဗ်ိဳတို႔နဲ႔ တြဲကစားခဲ့သလို ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္၊ ဘာနာဒို ေဆးလ္ဗား၊ ဂ်ာအို ေမာ္တင္ညိဳတို႔ကို အထိုင္ခ်ခဲ့ခ်ိန္မွာ ခံစစ္မွာေတာ့ ႐ူအီ ဖြန္တီ၊ ဒါနီလို ပါရဲရား၊ ဒါေလာ့၊ ရာေဖးလ္ ဂြါရဲ႐ိုးနဲ႔ ေပၚတိုဂိုးသမား ဒီယိုဂို ေကာ္စတာတို႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။

တူရကီကေတာ့ ခံစစ္မွာ ဂိုးသမား ဆာကီယာ၊ ဆိုယြန္က်ဴ၊ ဒီမီရယ္လ္၊ အိုဇန္ ကာဘက္တို႔နဲ႔ ၃-၄-၃ ကစားခဲ့သလို ကြင္းလယ္မွာေတာ့ ဇီကီ ခ်ယ္လိခ္၊ ကြတ္တလူး၊ ေကာ့ခ်ဴး၊ ခ်ယ္လ္ဟာႏိုးလူးတို႔နဲ႔ အထိုင္ခ်ခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ဘူးရက္ ယီလ္မက္ဇ္၊ ခ်န္ဂီ အြန္ဒါနဲ႔ အက္ခ္တာကိုးလူးလို႔ ကစားလာခဲ့ၾကပါတယ္။

အိမ္ကြင္းမွာ ကစားခဲ့ရတဲ့ ေပၚတူဂီတို႔ တူရကီတို႔ကို တိုက္စစ္ဆင္ဖိကစားခဲ့ၾကၿပီး ပြဲခ်ိန္ ၁၁ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ညာျခမ္း ဖရီးကစ္ကေန တင္ေပးတာကို ဂ်ိဳတာရဲ႕ အဖြင့္ဂိုးျဖစ္သြားႏိုင္တဲ့ လူၾကားထဲက အနီးကပ္ ပိတ္သြင္းမႈ လြဲေခ်ာ္သြားခဲ့သလို ေရာ္နယ္လ္ဒိုရဲ႕ ဧရိယာထိပ္ ကန္ခ်က္ကို ဂိုးသမား မိသြားခဲ့တာေၾကာင့္ စိတ္ပ်က္ခဲ့ရေပမယ့္ သူတို႔ေတြ ဂိုးရဖို႔ေတာ့ သိပ္ၾကာၾကာ မေစာင့္လိုက္ရတာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ေပၚတူဂီတို႔ပဲ ဦးေဆာင္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန ဂ်ိဳတာ ေနာက္ျပန္ခ်ေပးတာကို ဘာနာဒို ေဆးလ္ဗားရဲ႕ ကန္ခ်က္က တိုင္ထိထြက္ခဲ့ေပမယ့္ ေအာ့တာဗ်ိဳက ေျပးလိုက္ၿပီး ပိတ္သြင္းခဲ့ရာမွာ ဂိုးသမားကိုယ္လုံးနဲ႔ထိၿပီးမွ ဂိုးထဲ ဝင္သြားခဲ့လို႔ အိမ္ရွင္တို႔ ေပ်ာ္႐ႊင္ႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန အက္ခ္တာကိုးလူး တင္ေပးတာကို ဘယ္ျခမ္းက ကြတ္တလူး ေခါင္းတိုက္ခ်က္က တိုင္ေဘးက ထြက္သြားခဲ့တာကေတာ့ ပြဲက ေပၚတူဂီတို႔အတြက္ ျဖစ္သြားသလိုရွိခဲ့ၿပီး ပြဲခ်ိန္ ၂၇ မိနစ္မွာလည္း ေကာ့ခ်ဴးရဲ႕ ကန္ခ်က္ကို ဂိုးသမား ဒီယိုဂို ေကာ့စတာ ပုတ္ထုတ္သြားႏိုင္ခဲ့တာပါ။

ေရာ္နယ္လ္ဒိုနဲ႔ ဖာနန္ဒက္စ္တို႔ကေတာ့ မန္ခ်က္စတာယူႏိုက္တက္မွာတင္ မဟုတ္ဘဲ ေပၚတူဂီလက္ေ႐ြးစင္အသင္းမွာပါ အတြဲအဖက္မိဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး ကစားကြက္မွာ သူတို႔ႏွစ္ေယာက္ထက္ ဘာနာဒို ေဆးလ္ဗား၊ ဂ်ိဳတာနဲ႔ ေအာ့တာဗ်ိဳတို႔ရဲ႕ ယက္ကန္းရက္သလို လြန္းထိုးေနမႈေတြကသာ အသင္းရဲ႕ အဓိက အင္အားျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ေပၚတူဂီတို႔ ဒုတိယဦးေဆာင္ဂိုးထပ္ရခဲ့ၿပီး ကြင္းလယ္လူေတြအေနနဲ႔ ညာျခမ္းမွာ ႏွစ္ေယာက္ပူးေနတဲ့ ယူႏိုက္တက္ တိုက္စစ္သမားႏွစ္ေယာက္ဆီ ေပးဖို႔ ႀကိဳးစားခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့ခ်ိန္မွာ ညာျခမ္းက ေအာ့တာဗ်ိဳ အသာေလး မ,တင္ေပးခဲ့တာကို ဂ်ိဳတာက ဘယ္ျခမ္း အနီးတိုင္ေျခကို ေခါင္းတိုက္ၿပီး ရယူသြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိ ရလဒ္ထြက္ေပၚေနခဲ့တာပါ။

ဒုတိယပိုင္းျပန္အစၿပီး ဂ်ိဳတာ အခြင့္အေရးႏွစ္ႀကိမ္ေလာက္ ထပ္ရခဲ့ေပမယ့္ လြဲေခ်ာ္ေနခဲ့သလို ေရွ႕ထြက္လာတဲ့ ဂိုးသမားကို လိမ္ၿပီး အလြတ္ကန္ခြင့္မွာ ဂိုးေပါက္မတည့္တာကေတာ့ ဆိုးခဲ့ၿပီး သူနဲ႔ ေအာ့တာဗ်ိဳတို႔ရဲ႕ ႀကိဳးစားမႈေတြကိုေတာ့ တူရကီေနာက္တန္းနဲ႔ ဂိုးသမား ဆာကီယာတို႔ စုစည္း ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ တူရကီတို႔အတြက္ ေမွ်ာ္လင့္ခ်က္ေတြ ရွင္သန္လာေစမယ့္ ေခ်ပဂိုးကို ရရွိခဲ့ၿပီး လိုင္လီအသင္းရဲ႕ ဝါရင့္တိုက္စစ္မႉးနဲ႔ ဧည့္သည္အသင္းကပၸတိန္ ဘူးရက္ ယီလ္မက္ဇ္က ဘယ္ျခမ္းကေန အတြင္းကို ဆြဲဝင္ၿပီးမွ ခ်န္ဂီ အြန္ဒါနဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီး ဂိုးသမား ဒီယိုဂို ေကာ့စတာနဲ႔အေတြ႕မွာ အပိုင္ကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ ေပၚတူဂီတို႔ ခံစစ္ျဖစ္သြားခဲ့ခ်ိန္မွာ တူရကီတို႔ ဖိကစားခဲ့ေပမယ့္ အဆုံးသတ္ပိုင္းမွာ လိုအပ္ခ်က္မ်ားေနခဲ့လို႔ ဂိုးထပ္မရခဲ့သလို ဂ်ိဳတာအစား ဂ်ာအို ဖဲလစၥ ဝင္လာခဲ့ေပမယ့္ တစ္ဖက္ေနာက္တန္းကို မေက်ာ္ႏိုင္ဘဲျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ အူနယ္လ္ကို ေဘာလုံးမထိဘဲကန္မိတဲ့ ႐ူအီ ဖြန္တီေၾကာင့္ VAR နဲ႔ ပင္နယ္တီ ေပးခဲ့ရေပမယ့္ ကပၸတိန္ ယီလ္မက္ဇ္က ဘားေပၚေထာင္ကန္ခဲ့ၿပီး အားလုံးကို ျဖဳန္းတီးပစ္ခဲ့ပါတယ္။

တူရကီတို႔ လိုအပ္ေနတဲ့ တစ္ဂိုးအထိ ဆက္ၿပီး ဖိကစားခဲ့တာက နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ Back Fire ျဖစ္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန လူစားဝင္ကစားသမား ရာေဖးလ္ လီယာအိုက ဘယ္ျခမ္းကေန ကြင္းလယ္ထဲ ဆြဲဝင္ၿပီးမွ ဂိုးေရွ႕ခ်ေပးတာကို ေနာက္ထပ္လူစားဝင္သူပဲျဖစ္တဲ့ မက္သီးယပ္စ္ ႏူးနက္စ္က ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ကန္သြင္းႏိုင္ခဲ့လို႔ တတိယဂိုးနဲ႔ ထိုးႏွက္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာ သုံးဂိုး-တစ္ဂိုးနဲ႔ ေပၚတူဂီတို႔ ေအာင္ပြဲခံခဲ့ၾကသလို ဥေရာပဇုန္ ကမာၻ႔ဖလားေျခစစ္ပြဲ Play-off Path C ရဲ႕ Final အဆင့္ကို တက္ေရာက္သြားခဲ့ၿပီး တစ္ဖက္က အီတလီကို နာက်င္အခ်ိန္ပိုမွာ ေနာက္ေကာက္ခ်ၿပီး တက္လာခဲ့တဲ့ ေျမာက္မက္ဆီဒိုးနီးယားနဲ႔ ေပၚတိုကြင္းမွာပဲ အိမ္ရွင္အျဖစ္ လက္ခံကစားဖို႔နဲ႔ ကာတာသြားလက္မွတ္တစ္ေစာင္ကို ရယူႏိုင္ဖို႔ ေရပန္းစားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.