Premier League

လီဗာပူးလ်က လှပပြီး နူးကမ့်မှာ နာကျင်ခဲ့ရတဲ့ ဇာတ်လမ်းလေးကို ပြောပြလာတဲ့ ကော်တင်ညို

ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ဟာ အသင်းသစ် အက်စတန် ဗီလာအတွက် ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် ပေါ်ထွက်လာဖို့အတွက် ခက်ခဲတဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ရသူဖြစ်ပါတယ်။

အက်စတန် ဗီလာကွင်းလယ်ကြယ်ပွင့် ကော်တင်ညိုဟာ လီဗာပူးလ်အသင်းမှာ ကြုံတွေ့ခဲ့ရတဲ့ လှပတဲ့ ဇာတ်လမ်းကို ဖွင့်ဟပြောဆိုခဲ့ပြီး ဘာစီလိုနာအသင်းမှာတုန်းက နာကျင်ရတဲ့အချိန်ကာလအကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ဟာ ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဘရာဇီးလ်လက်ရွေးစင်အသင်းထဲမှာ နေရာပြန်လည်ရရှိဖို့အတွက် ဝေဖန်မှုတွေကို ဖီဆန်ပြီး အသင်းဖော်ဟောင်း စတီဗင် ဂျရတ်လက်အောက် အက်စတန် ဗီလာအသင်းမှာ ပုံမှန်ကလပ်အသင်းခြေစွမ်းကို ရှာဖွေနေခဲ့တာဖြစ်ပါတယ်။

ကော်တင်ညိုက လက်ရှိမှာတော့ အန်းဖီးကနေ ဗီလာပါ့ခ်အထိ ခရီးလမ်းကြောင်းတလျှောက်က ၎င်းရဲ့ သာမန်မဟုတ်တဲ့ ကစားသမားဘဝအကြောင်းကို ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။ “ကျွန်တော် လီဗာပူးလ်မှာတုန်းက လှပတဲ့ ဇာတ်လမ်းလေးပိုင်ဆိုင်ခဲ့တယ်။ ကျွန်တော် အဲဒီမှာ ပျော်ရွှင်ခဲ့ပါတယ်။ အခု ကျွန်တော် အက်စတန် ဗီလာမှာ ဇာတ်လမ်းလေးတစ်ပုဒ် စပြီး ရေးနေပါတယ်။ ကျွန်တော် နောက်ထပ်တစ်ကြိမ် အင်္ဂလန်မှာ ကောင်းကောင်း ကစားနိုင်တဲ့အတွက် ပျော်ရွှင်မိပြီး ကျွန်တော် အီတလီ၊ စပိန်နဲ့ ဂျာမနီတို့မှာလည်း ကစားခဲ့ပါတယ်”

“ဘာဆာမှာ ဘာက အလုပ်မဖြစ်ခဲ့ဘူးလဲဆိုတာကို ပြောဖို့တော့ ခက်ပါတယ်။ ကျွန်တော် အဲဒီမှာ ကောင်းမွန်တဲ့အချိန်တွေ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် အစီအစဉ်နဲ့ လုပ်ဆောင်မှုပုံစံတွေက ကွဲပြားခြားနားမှု ဖြစ်ခဲ့ရတဲ့ အကြောင်းအချက်တွေ ဖြစ်ခဲ့ပါတယ်။ ရှေ့ဆက်သွားရမယ့်အချိန်ဖြစ်ခဲ့ပါတယ်။

အမြဲတမ်း ကြီးမားတဲ့ လေးစားမှု၊ ပရော်ဖက်ရှင်နယ်ပီသမှုနဲ့ပါ။ ကျွန်တော့်အလုပ်ကို ယုံကြည်မှုရှိတဲ့အတွက် ဘာစီလိုနာကို ကျွန်တော် ကျေးဇူးတင်ပြီး သမိုင်းကြောင်းအများကြီးနဲ့ ကလပ်အသင်းကို ကာကွယ်ပေးရတဲ့အတွက် ကျွန်တော် ကျေးဇူးတင်မိပါတယ်”

နူးကမ့်မှာတုန်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့အပေါ်မှာ ကော်တင်ညိုက “လူတွေက အဲဒါ ဘယ်လောက်အထိ နာကျင်ရလဲဆိုတာ၊ ခင်ဗျား ပြန်လည်သက်သာလာဖို့အတွက် ဘယ်လောက် အာရုံစိုက်ရလဲဆိုတာ မသိကြပါဘူး။ ကျွန်တော် မနက်ပိုင်း၊ ညနေပိုင်းနဲ့ ညဘက်တွေမှာတောင်မှ ကုသမှု ခံယူခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ကော်တင်ညိုဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားဝင်ခွင့်အဆင့်မှာ ရှုံးပွဲမရှိစံချိန်နဲ့ ပြီးဆုံးနိုင်ဖို့ ကြိုးပမ်းနေတဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့ ပြန်လည်ပူးပေါင်းခွင့် ရရှိခဲ့တာကြောင့် စိတ်လှုပ်ရှားနေပါတယ်။

“ဒီနေ့ ကျွန်တော် ပျော်ရွှင်စွာနဲ့ ပြောနိုင်တာက ဒီ ခက်ခဲတဲ့အချိန်တွေက နောက်မှာ ကျန်ခဲ့ပါပြီ။ နည်းပြရဲ့ ကော်မတီက အရမ်းကို ပရော်ဖက်ရှင်နယ်ဆန်ပြီး အရည်အချင်းပြည့်မီပါတယ်။ အမြဲတမ်း အသင်းထဲက အားလုံးနဲ့ မျှမျှတတဖြစ်အောင် ကြိုးပမ်းနေပြီး အသင်းအဖွဲ့ထဲမှာလည်း လေးစားမှုကို ကျွန်တော် ခံစားရပါတယ်။

ဒီလုပ်ငန်းစဉ်ထဲမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့ဝင်အားလုံးက ကျွန်တော့်ရဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာမှုကို အရမ်းဂရုတစိုက်ရှိကြပြီး ပရော်ဖက်ရှင်နယ် ပီသကြပါတယ်။ ဘရာဇီးလ်လက်ရွေးစင်အသင်းထဲမှာ ကျွန်တော် အမြဲတမ်း သက်တောင့်သက်သာရှိတယ်လို့ ခံစားခဲ့ရပြီး သူတို့ရဲ့ ကျွန်တော့်အပေါ် အာရုံစိုက်မှုတွေက ဒီရှပ်နဲ့အတူ အောင်မြင်မှုအသစ်တွေကို ပိုလို့တောင် ရယူချင်လာအောင် စိတ်ခွန်အားပေးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္ဟာ အသင္းသစ္ အက္စတန္ ဗီလာအတြက္ ၾကယ္ပြင့္ကစားသမားတစ္ဦးအျဖစ္ ေပၚထြက္လာဖို႔အတြက္ ခက္ခဲတဲ့ အခ်ိန္ကာလေတြကို ျဖတ္သန္းခဲ့ရသူျဖစ္ပါတယ္။

အက္စတန္ ဗီလာကြင္းလယ္ၾကယ္ပြင့္ ေကာ္တင္ညိဳဟာ လီဗာပူးလ္အသင္းမွာ ၾကဳံေတြ႕ခဲ့ရတဲ့ လွပတဲ့ ဇာတ္လမ္းကို ဖြင့္ဟေျပာဆိုခဲ့ၿပီး ဘာစီလိုနာအသင္းမွာတုန္းက နာက်င္ရတဲ့အခ်ိန္ကာလအေၾကာင္းကို ေဆြးေႏြးခဲ့ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္ဖန္တီးရွင္ဟာ ကာတာမွာ က်င္းပမယ့္ ၂၀၂၂ ကမၻာ့ဖလားၿပိဳင္ပြဲမတိုင္ခင္ ဘရာဇီးလ္လက္ေရြးစင္အသင္းထဲမွာ ေနရာျပန္လည္ရရွိဖို႔အတြက္ ေဝဖန္မႈေတြကို ဖီဆန္ၿပီး အသင္းေဖာ္ေဟာင္း စတီဗင္ ဂ်ရတ္လက္ေအာက္ အက္စတန္ ဗီလာအသင္းမွာ ပုံမွန္ကလပ္အသင္းေျခစြမ္းကို ရွာေဖြေနခဲ့တာျဖစ္ပါတယ္။

ေကာ္တင္ညိဳက လက္ရွိမွာေတာ့ အန္းဖီးကေန ဗီလာပါ့ခ္အထိ ခရီးလမ္းေၾကာင္းတေလၽွာက္က ၎ရဲ့ သာမန္မဟုတ္တဲ့ ကစားသမားဘဝအေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္လိုက္ၿပီ ျဖစ္ပါတယ္။ “ကၽြန္ေတာ္ လီဗာပူးလ္မွာတုန္းက လွပတဲ့ ဇာတ္လမ္းေလးပိုင္ဆိုင္ခဲ့တယ္။ ကၽြန္ေတာ္ အဲဒီမွာ ေပ်ာ္ရႊင္ခဲ့ပါတယ္။ အခု ကၽြန္ေတာ္ အက္စတန္ ဗီလာမွာ ဇာတ္လမ္းေလးတစ္ပုဒ္ စၿပီး ေရးေနပါတယ္။ ကၽြန္ေတာ္ ေနာက္ထပ္တစ္ႀကိမ္ အဂၤလန္မွာ ေကာင္းေကာင္း ကစားနိုင္တဲ့အတြက္ ေပ်ာ္ရႊင္မိၿပီး ကၽြန္ေတာ္ အီတလီ၊ စပိန္နဲ႔ ဂ်ာမနီတို႔မွာလည္း ကစားခဲ့ပါတယ္”

“ဘာဆာမွာ ဘာက အလုပ္မျဖစ္ခဲ့ဘူးလဲဆိုတာကို ေျပာဖို႔ေတာ့ ခက္ပါတယ္။ ကၽြန္ေတာ္ အဲဒီမွာ ေကာင္းမြန္တဲ့အခ်ိန္ေတြ ပိုင္ဆိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အစီအစဥ္နဲ႔ လုပ္ေဆာင္မႈပုံစံေတြက ကြဲျပားျခားနားမႈ ျဖစ္ခဲ့ရတဲ့ အေၾကာင္းအခ်က္ေတြ ျဖစ္ခဲ့ပါတယ္။ ေရွ႕ဆက္သြားရမယ့္အခ်ိန္ျဖစ္ခဲ့ပါတယ္။ အျမဲတမ္း ႀကီးမားတဲ့ ေလးစားမႈ၊ ပေရာ္ဖက္ရွင္နယ္ပီသမႈနဲ႔ပါ။ ကၽြန္ေတာ့္အလုပ္ကို ယုံၾကည္မႈရွိတဲ့အတြက္ ဘာစီလိုနာကို ကၽြန္ေတာ္ ေက်းဇူးတင္ၿပီး သမိုင္းေၾကာင္းအမ်ားႀကီးနဲ႔ ကလပ္အသင္းကို ကာကြယ္ေပးရတဲ့အတြက္ ကၽြန္ေတာ္ ေက်းဇူးတင္မိပါတယ္”

ႏူးကမ့္မွာတုန္းက ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရတဲ့အေပၚမွာ ေကာ္တင္ညိဳက “လူေတြက အဲဒါ ဘယ္ေလာက္အထိ နာက်င္ရလဲဆိုတာ၊ ခင္ဗ်ား ျပန္လည္သက္သာလာဖို႔အတြက္ ဘယ္ေလာက္ အာ႐ုံစိုက္ရလဲဆိုတာ မသိၾကပါဘူး။ ကၽြန္ေတာ္ မနက္ပိုင္း၊ ညေနပိုင္းနဲ႔ ညဘက္ေတြမွာေတာင္မွ ကုသမႈ ခံယူခဲ့ရပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ေကာ္တင္ညိဳဟာ ေတာင္အေမရိကဇုန္ ကမၻာ့ဖလားဝင္ခြင့္အဆင့္မွာ ရႈံးပြဲမရွိစံခ်ိန္နဲ႔ ၿပီးဆုံးနိုင္ဖို႔ ႀကိဳးပမ္းေနတဲ့ ဘရာဇီးလ္လက္ေရြးစင္အသင္းနဲ႔ ျပန္လည္ပူးေပါင္းခြင့္ ရရွိခဲ့တာေၾကာင့္ စိတ္လႈပ္ရွားေနပါတယ္။

“ဒီေန႔ ကၽြန္ေတာ္ ေပ်ာ္ရႊင္စြာနဲ႔ ေျပာနိုင္တာက ဒီ ခက္ခဲတဲ့အခ်ိန္ေတြက ေနာက္မွာ က်န္ခဲ့ပါၿပီ။ နည္းျပရဲ့ ေကာ္မတီက အရမ္းကို ပေရာ္ဖက္ရွင္နယ္ဆန္ၿပီး အရည္အခ်င္းျပည့္မီပါတယ္။ အျမဲတမ္း အသင္းထဲက အားလုံးနဲ႔ မၽွမၽွတတျဖစ္ေအာင္ ႀကိဳးပမ္းေနၿပီး အသင္းအဖြဲ႕ထဲမွာလည္း ေလးစားမႈကို ကၽြန္ေတာ္ ခံစားရပါတယ္။ ဒီလုပ္ငန္းစဥ္ထဲမွာ ပါဝင္ပတ္သက္ေနတဲ့ အဖြဲ႕ဝင္အားလုံးက ကၽြန္ေတာ့္ရဲ့ ဒဏ္ရာကေန ျပန္လည္သက္သာလာမႈကို အရမ္းဂ႐ုတစိုက္ရွိၾကၿပီး ပေရာ္ဖက္ရွင္နယ္ ပီသၾကပါတယ္။ ဘရာဇီးလ္လက္ေရြးစင္အသင္းထဲမွာ ကၽြန္ေတာ္ အျမဲတမ္း သက္ေတာင့္သက္သာရွိတယ္လို႔ ခံစားခဲ့ရၿပီး သူတို႔ရဲ့ ကၽြန္ေတာ့္အေပၚ အာ႐ုံစိုက္မႈေတြက ဒီရွပ္နဲ႔အတူ ေအာင္ျမင္မႈအသစ္ေတြကို ပိုလို႔ေတာင္ ရယူခ်င္လာေအာင္ စိတ္ခြန္အားေပးပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.