Premier League

၂၀၂၂ အတွက် ဝိန်းနဲ့ဗီယာရာတို့ကို စတင်ရွေးချယ်လိုက်တဲ့ ပရီးမီးယားလိဂ် Hall of Fame ဆိုတာ ဘာလဲ

၂၀၂၂ အတွက် ပရီးမီးယားလိဂ် Hall of Fame ၈ ဦးရွေးချယ်မှုထဲမှ ဝိန်း ရူနီနဲ့ ဗီယာရာတို့ နှစ်ဦးကိုပထမဆုံး ရွေးချယ်ခြင်းခံရတယ်လို့ ကြေညာခဲ့ပြီးဖြစ်တာနဲ့အညီ ပရိသတ်တွေအနေနဲ့ ပရီးမီးယားလိဂ် ဝဘ်ဆိုဒ်မှာ တင်ထားမယ့် ဆန်ခါတင်စာရင်းထဲက အခြားပရီးမီးယားလိဂ်ဂန္တဝင်တွေထဲက ကစားသမားတွေကို ဧပြီလ ၃ ရက်နေ့ထိမဲပေးနိုင်မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ၎င်းတို့ရဲ့ Hall of Fame အသစ်ကို တရားဝင် ထုတ်ဖော်ကြေညာလိုက်ပြီး ပရိသတ်တွေအနေနဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ဆုအတွက် ၎င်းတို့ အနှစ်သက်ဆုံးကစားသမားတွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးပြိုင်ပွဲမှာ ပါဝင်နိုင်တဲ့ အထင်ကရ ကစားသမားတွေအများအပြားရှိခဲ့ပြီး ဆယ်စုနှစ် ၃ ခုအကြာမှာ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေဟာ အငြင်းပွားစရာမရှိတဲ့ ကြယ်ပွင့်ကစားသမားစာရင်းကို အတိအကျ သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် Hall of Fame နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အရာတွေအားလုံးနဲ့အတူ Hall of Fame ထဲ ထည့်သွင်းခံရသူတွေ၊ ၂၀၂၂ အတွက် မဲပေးရွေးချယ်မှုနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် Hall of Fame ဆိုတာဘာလဲ

ပရီးမီးယားလိဂ် Hall of Fame ဟာ အင်္ဂလိပ်ထိပ်တန်းပြိုင်ပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့တဲ့ ကစားသမားတွေကို ဂုဏ်ပြုတဲ့ဆုတစ်ဆုဖြစ်ပြီး တစ်ဦးချင်းစီဟာ အင်္ဂလိပ်ထိပ်တန်းပြိုင်ပွဲရဲ့ စစ်မှန်တဲ့ ဂန္တဝင်ကစားသမားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အတွက်မှာတော့ သြဂုတ်လ ၁ ရက်နေ့ ၂၀၂၀ ခုနှစ်မတိုင်ခင် အနားယူခဲ့ပြီးဖြစ်တဲ့ ကစားသမားတွေသာလျှင် ပရီးမီးယားလိဂ် Hall of Fame မှာ အကျုံးဝင်ခဲ့ပြီး ၎င်းတို့ရဲ့ ပရီးမီးယားလိဂ်ကစားသမားဘဝကိုသာ ရွေးချယ်ခြင်းလုပ်ငန်းစဉ်အတွင်းမှာ ထည့်သွင်းစဉ်းစားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် အတွက်မှာတော့ ဇန်နဝါရီလ ၁ ရက်နေ့ ၂၀၂၂ ခုနှစ်မတိုင်ခင် အနားယူခဲ့ပြီးဖြစ်တဲ့ ကစားသမားတွေသာလျှင် ပရီးမီးယားလိဂ် Hall of Fame ရွေးချယ်မှုမှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။ Hall of Fame မှာ ထည့်သွင်းခံရတဲ့ ကစားသမားတစ်ဦးချင်းစီဟာ ၎င်းတို့ ထည့်သွင်းရွေးချယ်ခံရတဲ့နှစ်ကို ထွင်းထားတဲ့ တစ်ဦးချင်းဆုတံဆိပ်ကို ရရှိမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွက်တော့ ပရီးမီးယားလိဂ် Hall of Fame ထဲကို ပထမဆုံး ကစားသမား ၂ ဦး ဖြစ်တဲ့ ဝိန်း ရူနီနဲ့ ဗီယာရာကို ထည့်သွင်းခဲ့ကြောင်း ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့တာဖြစ်ပါတယ်။

မဲပေးခြင်းလုပ်ငန်းစဉ်က လက်ရှိမှာတော့ မဖွင့်သေးပဲ မဲပေးရွေးချယ်ရမယ့် ဆန်ခါတင်စာရင်းကို ပရီးမီးယားလိဂ် တရားဝင်ဝက်ဘ်ဆိုက်မှာ မကြာခင်ကြေငြာပြီးနောက်မှာတော့ ပရိသတ်တွေအနေနဲ့ ကိုယ်ကြိုက်နှစ်သက်ရာ ကစားသမားကို ပရီးမီးယားလိဂ် Hall of Fame အတွက် မဲပေးနိုင်မှာ ဖြစ်ပါတယ်။ ၂၃ ဦး ဆန်ခါတင်စာရင်းထဲကနေ စုစုပေါင်း ထည့်သွင်းခံရနိုင်တဲ့ ကစားသမား ၆ ဦးကို မဲပေးရွေးချယ်မှု ပိတ်ပြီးနောက် မဲအများဆုံးရတဲ့ ၆ ဦးကို ပရီးမီးယားလိဂ် Hall of Fame အဖြစ်ထည့်သွင်းကြောင်း ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။ မဲပေးခြင်းကို ဧပြီလ ၃ ရက်နေ့ ည ၉ နာရီ အင်္ဂလန်စံတော်ချိန် အထိသာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် Hall of Fame ထဲမှာ ဘယ်ကစားသမားတွေ ပါဝင်ပြီးပြီလဲ

အလန် ရှီးယားရား- ဘလက်ဘန်း၊ နယူးကာဆယ်(ကစားသည့်ခုနှစ် ၁၉၉၂-၂၀၀၆)၊ ထည့်သွင်းခံရသည့်ခုနှစ်-၂၀၂၁

သီယာရီ အွန်နရီ- အာဆင်နယ်(ကစားသည့်ခုနှစ် ၁၉၉၉-၂၀၀၇၊ ၂၀၁၂)၊ ထည့်သွင်းခံရသည့်ခုနှစ်-၂၀၂၁

အဲရစ် ကန်တိုနာ- လိဒ်စ်၊ မန်ယူနိုက်တက်(ကစားသည့်ခုနှစ် ၁၉၉၂-၁၉၉၇)၊ ထည့်သွင်းခံရသည့်ခုနှစ်-၂၀၂၁

ရွိုင် ကီးန်- နော်တင်ဟမ်ဖောရက်စ်၊ မန်ယူနိုက်တက်(ကစားသည့်ခုနှစ် ၁၉၉၂-၂၀၀၆)၊ ထည့်သွင်းခံရသည့်ခုနှစ်-၂၀၂၁

ဖရန့်ခ် လမ်းပတ်- ဝက်စ်ဟမ်း၊ ချဲလ်ဆီး၊ မန်စီးတီး(ကစားသည့်ခုနှစ် ၁၉၉၅-၂၀၁၅)၊ ထည့်သွင်းခံရသည့်ခုနှစ်-၂၀၂၁

ဒန်းနစ် ဘားကမ့်- အာဆင်နယ်(ကစားသည့်ခုနှစ် ၁၉၉၅-၂၀၀၆)၊ ထည့်သွင်းခံရသည့်နှစ်-၂၀၂၁

ဒေးဗစ် ဘက်ခမ်း- မန်ယူနိုက်တက်(ကစားသည့်ခုနှစ် ၁၉၉၂-၂၀၀၃)၊ ထည့်သွင်းခံရသည့်နှစ်-၂၀၂၁

စတီဗင် ဂျရတ်- လီဗာပူးလ်(ကစားသည့်ခုနှစ် ၁၉၉၈-၂၀၁၅)၊ ထည့်သွင်းခံရသည့်နှစ်-၂၀၂၁

ဝိန်း ရူနီ- အဲဗာတန်၊ မန်ချက်စတာယူနိုက်တက်(ကစားသည့်ခုနှစ် ၂၀၀၂-၂၀၁၈)၊ ထည့်သွင်းခံရသည့်နှစ်-၂၀၂၂

ပက်ထရစ် ဗီယာရာ- အာဆင်နယ်၊ မန်ချက်စတာစီးတီး(ကစားသည့်ခုနှစ် ၁၉၉၆-၂၀၀၅၊ ၂၀၁၀-၂၀၁၁)၊ ထည့်သွင်းခံရသည့်နှစ်-၂၀၂၂

အလန် ရှီးယားရားနဲ့ သီယာရီ အွန်နရီတို့ဟာ ၂၀၂၁ ခုနှစ် ဧပြီလမှာ ပထမဆုံး ပရီးမီးယားလိဂ် Hall of Fame ထဲထည့်သွင်းခံသူ ၂ ဦးအဖြစ် ကြေညာခြင်းခံခဲ့ရတာဖြစ်ပြီး အဲဒီနောက် မေလမှာ ကန်တိုနာ၊ ရွိုင် ကီးန်၊လမ်းပတ်၊ ဘားကမ့်တို့ကို စာရင်းထဲ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်းနဲ့ စတီဗင် ဂျရတ်တို့လည်း မေလမှာပဲ ၂၃ ဦး ဆန်ခါတင်စာရင်းကနေ ၂၀၂၁ ခုနှစ် စာရင်းထဲ ထည့်သွင်းခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ပထမဆုံး ထည့်သွင်းခံရသူ ၂ ဦးကို မတ်လ ၂၃ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပြီး အဲဒီကစားသမား ၂ ဦးကတော့ မန်ယူနိုက်တက် တသက်တာထိပ်တန်းဂိုးသွင်းရှင် ဝိန်း ရူနီနဲ့ အာဆင်နယ်ဂန္တဝင် ပက်ထရစ် ဗီယာရာတို့ပဲဖြစ်ပြီး မဲပေးရွေးချယ်ရမယ့် ဆန်ခါတင်စာရင်းကို ပရီးမီးယားလိဂ် ဝဘ်ဆိုဒ်မှာ မကြာခင်ကြေငြာသွားမယ်လို့ သိရှိရပါတယ်။

ပရီးမီးယားလိဂ် Hall of Fame ထဲ ထည့်သွင်းခံရမယ့်သူတွေအတွက် ဘယ်လိုမဲပေးရမလဲ

မဲပေးခြင်းလုပ်ငန်းစဉ်က လက်ရှိမှာတော့ ပိတ်ထားလိုက်ပြီဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ပရီးမီးယားလိဂ် Hall of Fame ဆန်ခါတင်တွေအတွက် မဲပေးနိုင်ပါတယ်။ ၂၃ ဦး ဆန်ခါတင်စာရင်းထဲကနေ စုစုပေါင်း ထည့်သွင်းခံရနိုင်တဲ့ ကစားသမားအလောင်းအလျာ ၆ ဦးအထိ မဲပေးခွင့်ရှီမှာဖြစ်ပါတယ်။ မဲပေးခြင်းကို မေလ ၉ ရက်နေ့ နေ့လယ်အထိသာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၂၀၂၂ အတြက္ ပရီးမီးယားလိဂ္ Hall of Fame ၈ ဦးေရြးခ်ယ္မႈထဲမွ ၀ိန္း ႐ူနီနဲ႔ ဗီယာရာတို႔ ႏွစ္ဦးကိုပထမဆုံး ေ႐ြးခ်ယ္ျခင္းခံရတယ္လို႔ ေၾကညာခဲ့ၿပီးျဖစ္တာနဲ႔အညီ ပရိသတ္ေတြအေနနဲ႔ ပ၇ီးမီးယားလိဂ္ ၀ဘ္ဆိုဒ္မွာ တင္ထားမယ့္ ဆန္ခါတင္စာရင္းထဲက အျခားပရီးမီးယားလိဂ္ဂႏၲဝင္ေတြထဲက ကစားသမားေတြကို ဧၿပီလ ၃ ရက္ေန႔ထိမဲေပးႏိုင္မွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဟာ ၎တို႔ရဲ႕ Hall of Fame အသစ္ကို တရားဝင္ ထုတ္ေဖာ္ေၾကညာလိုက္ၿပီး ပရိသတ္ေတြအေနနဲ႔ ဂုဏ္သိကၡာႀကီးမားတဲ့ဆုအတြက္ ၎တို႔ အႏွစ္သက္ဆုံးကစားသမားေတြကို ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။ အဂၤလန္ရဲ႕ ဂုဏ္သိကၡာအႀကီးမားဆုံးၿပိဳင္ပြဲမွာ ပါဝင္ႏိုင္တဲ့ အထင္ကရ ကစားသမားေတြအမ်ားအျပားရွိခဲ့ၿပီး ဆယ္စုႏွစ္ ၃ ခုအၾကာမွာ ပရီးမီးယားလိဂ္တာဝန္ရွိသူေတြဟာ အျငင္းပြားစရာမရွိတဲ့ ၾကယ္ပြင့္ကစားသမားစာရင္းကို အတိအက် သတ္မွတ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ Hall of Fame နဲ႔ပတ္သက္ၿပီး သိထားသင့္တဲ့အရာေတြအားလုံးနဲ႔အတူ Hall of Fame ထဲ ထည့္သြင္းခံရသူေတြ၊ ၂၀၂၂ အတြက္ မဲေပးေ႐ြးခ်ယ္မႈနဲ႔ ပတ္သတ္တဲ့ သတင္းအခ်က္အလက္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ပရီးမီးယားလိဂ္ Hall of Fame ဆိုတာဘာလဲ

ပရီးမီးယားလိဂ္ Hall of Fame ဟာ အဂၤလိပ္ထိပ္တန္းၿပိဳင္ပြဲမွာ အေကာင္းဆုံးကစားႏိုင္ခဲ့တဲ့ ကစားသမားေတြကို ဂုဏ္ျပဳတဲ့ဆုတစ္ဆုျဖစ္ၿပီး တစ္ဦးခ်င္းစီဟာ အဂၤလိပ္ထိပ္တန္းၿပိဳင္ပြဲရဲ႕ စစ္မွန္တဲ့ ဂႏၲဝင္ကစားသမားအျဖစ္ အသိအမွတ္ျပဳခံထားရတဲ့ အဖြဲ႕ဝင္အျဖစ္ သတ္မွတ္ခံရမွာျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္ အတြက္မွာေတာ့ ၾသဂုတ္လ ၁ ရက္ေန႔ ၂၀၂၀ ခုႏွစ္မတိုင္ခင္ အနားယူခဲ့ၿပီးျဖစ္တဲ့ ကစားသမားေတြသာလွ်င္ ပရီးမီးယားလိဂ္ Hall of Fame မွာ အက်ဳံးဝင္ခဲ့ၿပီး ၎တို႔ရဲ႕ ပရီးမီးယားလိဂ္ကစားသမားဘဝကိုသာ ေ႐ြးခ်ယ္ျခင္းလုပ္ငန္းစဥ္အတြင္းမွာ ထည့္သြင္းစဥ္းစားခဲ့တာ ျဖစ္ပါတယ္။

၂၀၂၂ ခုႏွစ္ အတြက္မွာေတာ့ ဇန္နဝါရီလ ၁ ရက္ေန႔ ၂၀၂၂ ခုႏွစ္မတိုင္ခင္ အနားယူခဲ့ၿပီးျဖစ္တဲ့ ကစားသမားေတြသာလွ်င္ ပရီးမီးယားလိဂ္ Hall of Fame ေ႐ြးခ်ယ္မႈမွာ အက်ဳံးဝင္မွာ ျဖစ္ပါတယ္။ Hall of Fame မွာ ထည့္သြင္းခံရတဲ့ ကစားသမားတစ္ဦးခ်င္းစီဟာ ၎တို႔ ထည့္သြင္းေ႐ြးခ်ယ္ခံရတဲ့ႏွစ္ကို ထြင္းထားတဲ့ တစ္ဦးခ်င္းဆုတံဆိပ္ကို ရရွိမွာျဖစ္ၿပီး ၂၀၂၂ ခုႏွစ္အတြက္ေတာ့ ပရီးမီးယားလိဂ္ Hall of Fame ထဲကို ပထမဆုံး ကစားသမား ၂ ဦး ျဖစ္တဲ့ ဝိန္း ႐ူနီနဲ႔ ဗီယာရာကို ထည့္သြင္းခဲ့ေၾကာင္း ပရီးမီးယားလိဂ္ ေဘာလုံးအဖြဲ႕ခ်ဳပ္က ေၾကညာခဲ့တာျဖစ္ပါတယ္။

မဲေပးျခင္းလုပ္ငန္းစဥ္က လက္ရွိမွာေတာ့ မဖြင့္ေသးပဲ မဲေပးေ႐ြးခ်ယ္ရမယ့္ ဆန္ခါတင္စာရင္းကို ပရီးမီးယားလိဂ္ တရားဝင္ဝက္ဘ္ဆိုက္မွာ မၾကာခင္ေၾကျငာၿပီးေနာက္မွာေတာ့ ပရိသတ္ေတြအေနနဲ႔ ကိုယ္ႀကိဳက္ႏွစ္သက္ရာ ကစားသမားကို ပရီးမီးယားလိဂ္ Hall of Fame အတြက္ မဲေပးႏိုင္မွာ ျဖစ္ပါတယ္။ ၂၃ ဦး ဆန္ခါတင္စာရင္းထဲကေန စုစုေပါင္း ထည့္သြင္းခံရႏိုင္တဲ့ ကစားသမား ၆ ဦးကို မဲေပးေ႐ြးခ်ယ္မႈ ပိတ္ၿပီးေနာက္ မဲအမ်ားဆုံးရတဲ့ ၆ ဦးကို ပရီးမီးယားလိဂ္ Hall of Fame အျဖစ္ထည့္သြင္းေၾကာင္း ေၾကျငာေပးသြားမွာ ျဖစ္ပါတယ္။ မဲေပးျခင္းကို ဧၿပီလ ၃ ရက္ေန႔ ည ၉ နာရီ အဂၤလန္စံေတာ္ခ်ိန္ အထိသာ ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ Hall of Fame ထဲမွာ ဘယ္ကစားသမားေတြ ပါဝင္ၿပီးၿပီလဲ

အလန္ ရွီးယားရား- ဘလက္ဘန္း၊ နယူးကာဆယ္(ကစားသည့္ခုႏွစ္ ၁၉၉၂-၂၀၀၆)၊ ထည့္သြင္းခံရသည့္ခုႏွစ္-၂၀၂၁

သီယာရီ အြန္နရီ- အာဆင္နယ္(ကစားသည့္ခုႏွစ္ ၁၉၉၉-၂၀၀၇၊ ၂၀၁၂)၊ ထည့္သြင္းခံရသည့္ခုႏွစ္-၂၀၂၁

အဲရစ္ ကန္တိုနာ- လိဒ္စ္၊ မန္ယူႏိုက္တက္(ကစားသည့္ခုႏွစ္ ၁၉၉၂-၁၉၉၇)၊ ထည့္သြင္းခံရသည့္ခုႏွစ္-၂၀၂၁

႐ြိဳင္ ကီးန္- ေနာ္တင္ဟမ္ေဖာရက္စ္၊ မန္ယူႏိုက္တက္(ကစားသည့္ခုႏွစ္ ၁၉၉၂-၂၀၀၆)၊ ထည့္သြင္းခံရသည့္ခုႏွစ္-၂၀၂၁

ဖရန႔္ခ္ လမ္းပတ္- ဝက္စ္ဟမ္း၊ ခ်ဲလ္ဆီး၊ မန္စီးတီး(ကစားသည့္ခုႏွစ္ ၁၉၉၅-၂၀၁၅)၊ ထည့္သြင္းခံရသည့္ခုႏွစ္-၂၀၂၁

ဒန္းနစ္ ဘားကမ့္- အာဆင္နယ္(ကစားသည့္ခုႏွစ္ ၁၉၉၅-၂၀၀၆)၊ ထည့္သြင္းခံရသည့္ႏွစ္-၂၀၂၁

ေဒးဗစ္ ဘက္ခမ္း- မန္ယူႏိုက္တက္(ကစားသည့္ခုႏွစ္ ၁၉၉၂-၂၀၀၃)၊ ထည့္သြင္းခံရသည့္ႏွစ္-၂၀၂၁

စတီဗင္ ဂ်ရတ္- လီဗာပူးလ္(ကစားသည့္ခုႏွစ္ ၁၉၉၈-၂၀၁၅)၊ ထည့္သြင္းခံရသည့္ႏွစ္-၂၀၂၁

ဝိန္း ႐ူနီ- အဲဗာတန္၊ မန္ခ်က္စတာယူႏိုက္တက္(ကစားသည့္ခုႏွစ္ ၂၀၀၂-၂၀၁၈)၊ ထည့္သြင္းခံရသည့္ႏွစ္-၂၀၂၂

ပက္ထရစ္ ဗီယာရာ- အာဆင္နယ္၊ မန္ခ်က္စတာစီးတီး(ကစားသည့္ခုႏွစ္ ၁၉၉၆-၂၀၀၅၊ ၂၀၁၀-၂၀၁၁)၊ ထည့္သြင္းခံရသည့္ႏွစ္-၂၀၂၂

အလန္ ရွီးယားရားနဲ႔ သီယာရီ အြန္နရီတို႔ဟာ ၂၀၂၁ ခုႏွစ္ ဧၿပီလမွာ ပထမဆုံး ပရီးမီးယားလိဂ္ Hall of Fame ထဲထည့္သြင္းခံသူ ၂ ဦးအျဖစ္ ေၾကညာျခင္းခံခဲ့ရတာျဖစ္ၿပီး အဲဒီေနာက္ ေမလမွာ ကန္တိုနာ၊ ႐ြိဳင္ ကီးန္၊လမ္းပတ္၊ ဘားကမ့္တို႔ကို စာရင္းထဲ ထည့္သြင္းခဲ့တာျဖစ္ပါတယ္။ ေဒးဗစ္ဘက္ခမ္းနဲ႔ စတီဗင္ ဂ်ရတ္တို႔လည္း ေမလမွာပဲ ၂၃ ဦး ဆန္ခါတင္စာရင္းကေန ၂၀၂၁ ခုႏွစ္ စာရင္းထဲ ထည့္သြင္းခံခဲ့ရတာျဖစ္ပါတယ္။ ၂၀၂၂ ခုႏွစ္အတြက္ ပထမဆုံး ထည့္သြင္းခံရသူ ၂ ဦးကို မတ္လ ၂၃ ရက္ေန႔မွာ ေၾကညာခဲ့တာျဖစ္ၿပီး အဲဒီကစားသမား ၂ ဦးကေတာ့ မန္ယူႏိုက္တက္ တသက္တာထိပ္တန္းဂိုးသြင္းရွင္ ဝိန္း ႐ူနီနဲ႔ အာဆင္နယ္ဂႏၲဝင္ ပက္ထရစ္ ဗီယာရာတို႔ပဲျဖစ္ၿပီး မဲေပးေ႐ြးခ်ယ္ရမယ့္ ဆန္ခါတင္စာရင္းကို ပရီးမီးယားလိဂ္ ဝဘ္ဆိုဒ္မွာ မၾကာခင္ေၾကျငာသြားမယ္လို႔ သိရွိရပါတယ္။

ပရီးမီးယားလိဂ္ Hall of Fame ထဲ ထည့္သြင္းခံရမယ့္သူေတြအတြက္ ဘယ္လိုမဲေပးရမလဲ

မဲေပးျခင္းလုပ္ငန္းစဥ္က လက္ရွိမွာေတာ့ ပိတ္ထားလိုက္ၿပီျဖစ္ၿပီး ပရိသတ္ေတြအေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္မွာ ပရီးမီးယားလိဂ္ Hall of Fame ဆန္ခါတင္ေတြအတြက္ မဲေပးႏိုင္ပါတယ္။ ၂၃ ဦး ဆန္ခါတင္စာရင္းထဲကေန စုစုေပါင္း ထည့္သြင္းခံရႏိုင္တဲ့ ကစားသမားအေလာင္းအလ်ာ ၆ ဦးအထိ မဲေပးခြင့္ရွီမွာျဖစ္ပါတယ္။ မဲေပးျခင္းကို ေမလ ၉ ရက္ေန႔ ေန႔လယ္အထိသာ ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.